Knowledge

သွင်းကုန် HS line ပေါင်း ၁၉၆ လိုင်းထပ်မံတိုးမြှင့်ထုတ်ပေးသွားမည်

Published in Export & Import

ပို့ကုန်ကြေညာလွှာတင်သွင်းသူများသိရှိနိုင်ပါရန်

Published in Export & Import

COVID-19 အရေးပေါ်ကာလအတွင်း ပို့ကုန်သွင်းကုန်လိုင်စင်များကို (၁-၄-၂၀၂၀) ရက်မှစတင်၍ ရုံးဌာနသို့ လာရောက်ရန်မလိုဘဲ Online စနစ်ဖြင့် ထုတ်ပေးသွားမည်

Published in Export & Import

ဂိုဒေါင်ချိပ် စည်းပယ်ဖျက်ခွင့် လျှောက်ထားခြင်းမရှိဘဲ မိမိသဘောအလျှောက် ချိပ်စည်းပယ်ဖျက်ထားသည်ကို စစ်ဆေးတွေ့ရှိပါက အကောက်ခွန်ဥပဒေအရ ထိထိရောက်ရောက်အရေးယူမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်။

Published in Export & Import

၂၀၁၉ ခုနှစ် နိုဝင်ဘာလ တတိယပတ်အတွင်း အိန္ဒိယနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အကြား အဆင့်မြင့်အရာရှိများအဆင့် ကုန်သွယ်ရေးစေ့စပ်ညှိနှိုင်း ဆွေးနွေးမှုများပြုလုပ်ခဲ့ရာတွင် အိန္ဒိယဘက်မှ အကောက်ခွန်လျော့ချ သက်သာခွင့်ပြုရန် ထည့်သွင်းစဉ်းစားမည့် ကုန်စည် အမယ်ပေါင်း ၄၀ ခန့်ကို သတ်မှတ်နိုင်ခဲ့ပါတယ်။

Published in Export & Import

မန္တလေး- မူဆယ် ပြည်ထောင်စုလမ်းပိုင်း တည်ငြိမ်မှုအားနည်းသော်လည်း မြန်မာ--တရုတ် နယ်စပ်ကုန်သွယ်ရေး၊ မူဆယ် ၁၀၅ မိုင်ကုန် သွယ်ရေးဇုန်တွင်ယခုလပိုင်း၌ တရုတ်ပစ္စည်း များ ပြည်တွင်းတင်သွင်းမှု သွင်းကုန်ပိုများခြင်း မရှိဘဲ နေ့စဉ် ပို့ကုန်၊ သွင်းကုန်ပမာဏနှိုင်းယှဉ် ပါက ပုံမှန်အတိုင်းရှိကြောင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဦးစံဖြိုးဝေက ပြောသည်။


ပွင့်လင်းရာသီတွင် ပြန်လည်စတင်သော ရှမ်းမြောက်တိုက်ပွဲများကြောင့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး တုံ့ဆိုင်းမည်ကို မူဆယ်မြို့ရှိ ကုန် သည်အချို့က စိုးရိမ်နေခဲ့ပါတယ်။တစ်ရက်လျှင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၃သန်းခွဲကျော်ရှိသော မူဆယ်-ရွှေလီနယ်စပ် ကုန်သွယ်ရေးလုပ် ငန်းများသည် နိုဝင်ဘာ ၁၃ ရက် က စတင်ခဲ့သည့် တိုက်ပွဲအချို့ ကြောင့်အခက်အခဲများ ကြုံလာသည်ဟု ၎င်းတို့ကပြောခဲ့ပါတယ်။

ထုတ်ပြန်ခဲ့သည့် မူဝါဒများအရ ညာမောင်းကားများကို ပြန်လည်တင်သွင်းခွင့်ပေးမည် မဟုတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုခဲ့ပါတယ်။

အမေရိကန် - တရုတ် ကုန်သွယ်ရေးစစ်ပွဲ၏ အကျိုးဆက်အဖြစ် ယွမ်ငွေတန်ဖိုးကျဆင်းလာမှုကြောင့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး စခန်း လေးခုမှတစ်ဆင့် ကုန်ပစ္စည်းတင်ပို့နေသည့် မြန်မာ့ပို့ကုန်လုပ်ငန်းရှင်များ အကျပ်အ တည်းကြုံနေသည်ဟု ကာယကံ ရှင်အချို့က ပြောခဲ့ပါတယ်။

Page 1 of 4