Knowledge

အခုတစ်ပတ်အတွင်း  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု  အဆိုပြုလုပ်ငန်း တစ်ခု၊ အတည်ပြုလုပ်ငန်းနှစ်ခု ခွင့်ပြုခဲ့ရာမှာ အမေရိကန်ဒေါ်လာ သန်း၂၉၀ ကျော် ရင်းနှီးမြှုပ်နှံမယ့်  အိန္ဒိယကုမ္ဗဏီလည်း ပါဝင်ခဲ့တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ဗဏီများ ညွှန်ကြားမှုဦးစီးဌာနက သိရတယ်။

Published in Investment

မြန်မာနိုင်ငံ၏ ကုန်သွယ်မှု အချိုးအရ တစ်နိုင်ငံလုံး၏ ကုန်သွယ်မှု (၇၅) ရာခိုင်နှုန်းခန့်သည် ပယ်လယ်ရေကြောင်း ကုန်သွယ်မှုဖြစ်ပြီး ကျန်သည့် (၂၅) ရာခိုင်နှုန်းခန့်သည် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများမှ ရရှိခြင်း ဖြစ်သည်။

 

တစ်နိုင်ငံလုံးတွင် နယ်စပ်ကုန်သွယ်ရေးစခန်းပေါင်း အခု (၂၀) ရှိပြီး မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိသော အိမ်နီးချင်း နိုင်ငံ (၄) နိုင်ငံနှင့် အဓိက ကုန်သွယ်မှု ပြုလုပ်လျက် ရှိသည်။ နယ်စပ်ကုန်သွယ်မှုများ အဆင်ပြေ၊ လွယ်ကူစွာ ပြုလုပ်နိုင်ရန် ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် နှစ်နိုင်ငံ ကုန်သွယ်ရေး စာချုပ်များကိုလည်း ချုပ်ဆိုထားပြီး ဖြစ်သည်။

 

မြန်မာ- ထိုင်းနယ်စပ်တွင် ကုန်သွယ်ရေးစခန်း (၉) ခု၊ မြန်မာ- တရုတ်နယ်စပ်တွင် ကုန်သွယ်ရေးစခန်း (၅) ခု၊ မြန်မာ- အိန္ဒိယနယ်စပ်တွင် ကုန်သွယ်ရေးစခန်း (၃) ခု၊ မြန်မာ- ဘင်္ဂလားဒေ့ချ်နယ်စပ်တွင် ကုန်သွယ်ရေးစခန်း (၂) ခုနှင့် မြန်မာ-လာအိုနယ်စပ်တွင် ကုန်သွယ်ရေးစခန်း (၁) ခု စုစုပေါင်း (၂၀) ရှိသည်။ 

 

ပြည်နယ်နှင့် တိုင်းအနေဖြင့် ရှမ်းပြည်နယ်တွင် (၆) ခု၊ တနင်္သာရီတိုင်းတွင် (၄) ခု၊ ကချင်ပြည်နယ်တွင် (၂) ခု၊ ကရင်ပြည်နယ်တွင် (၂) ခု၊ ချင်းပြည်နယ်တွင် (၂) ခု၊ ရခိုင်ပြည်နယ်တွင် (၂) ခု၊  ကယားပြည်နယ်တွင် (၁) ခု၊ စစ်ကိုင်းတိုင်းတွင် (၁) ခု ဖွင့်လှစ်ထားသည်။

 

အဓိကထား ကုန်သွယ်မှုပြုနေသော နယ်စပ်စခန်းများမှာ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ၊ မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်၊ တမူး၊ စစ်တွေနှင့် မောင်တောမြို့မှ ကုန်သွယ်စခန်းများ ဖြစ်သည်။

 

ပို့ကုန်များအနေဖြင့် လယ်ယာထွက်ကုန်နှင့် စိုက်ပျိုးရေးထုတ်ကုန်များကို အဓိက တင်ပို့ပြီး သွင်းကုန်များအနေဖြင့် စားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း စသည့် ကုန်စည်များကို ပြန်လည် တင်သွင်းသည်။

 

Advertisement

Click Here > Baho Pipe

 

မြန်မာ - ထိုင်း နယ်စပ်စခန်းများ

 

မြန်မာနှင့် ထိုင်းနိုင်ငံ နယ်စပ်တွင် မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်း၊ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်း၊ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်း၊ မြိတ် နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ထီးခီး နယ်စပ်ကုန်သွယ်ရေးစခန်း၊ မောတောင် နယ်စပ်ကုန်သွယ်ရေးစခန်း၊ မယ်စဲ့ နယ်စပ်ကုန်သွယ်ရေးစခန်း၊ ဘုရားသုံးဆူ နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ပုံပါကျင်ဆူ နယ်စပ်ကုန်သွယ်ရေးစခန်း ဟူ၍ စခန်း (၉) ခု ရှိသည်။ စခန်းတစ်ခုချင်းစီ၏ အချက်အလက်များနှင့် သွင်းကုန်၊ ပို့ကုန်များကို အောက်တွင် ဖော်ပြထားသည်။

 

၁။ မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်း ( စက်တင်ဘာ ၁၆၊ ၁၉၉၈ )

 

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ရှိသည့် မြဝတီကုန်သွယ်ရေးစခန်းသည် မြန်မာ-ထိုင်းနယ်စပ် စခန်းများထဲတွင် အကြီးဆုံးဖြစ်ပြီး ကုန်သွယ်မှု အများဆုံး လုပ်ဆောင်ရသော စခန်းတစ်ခု ဖြစ်သည်။ ထိုင်းနိုင်ငံသို့ ရေထွက်ကုန်ပစ္စည်းများနှင့် ကုန်စိမ်းများဖြစ်သည့် ကြက်သွန်နီ၊ ငရုတ်၊ ဂေါ်ဖီထုပ်တို့ကို အများဆုံး တင်ပို့သည်။

 

ချည်ထည်နှင့် အထည်အလိပ်၊ စားသောက်ကုန်၊ စက်ရုံသုံးပစ္စည်း၊ စက်မှုကုန်ကြမ်းပစ္စည်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း၊ အိမ်သုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဖိနပ်ကုန်ကြမ်းပစ္စည်း၊ အလှကုန်၊ ဆေး၊ တိရစ္ဆာန်အစာ၊ သစ်သီး၊ စက်ဘီး၊ ဆိုင်ကယ်၊ ကားအပိုပစ္စည်း၊ ဓာတ်မြေဩဇာနှင့် လယ်ယာသုံး၊ စိုက်ပျိုးရေးသုံး ပစ္စည်းများကို အဓိက တင်သွင်းလျက် ရှိသည်။

 

အသေးစိတ်ဖတ်ရှုရန်

 

၂။ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်း ( မတ် ၁၆၊ ၁၉၉၆ )

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ ကျိုင်းတုံ- တာချီလိတ် ပြည်ထောင်စုလမ်းမကြီးဘေးတွင် တည်ရှိပြီး တာချီလိတ် ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံသို့ ပြောင်းဖူးစေ့၊ ဆန်၊ ဆန်ကွဲ၊ ရော်ဘာ၊ လက်ဖက်ခြောက်၊ ပုစွန်ဖွဲနု၊ သတ္တူတွင်းထွက်ပစ္စည်း၊ ကတ်ထူစက္ကူအဟောင်း၊ ပလပ်စတစ်ဘူးခွံအဟောင်း၊ ပုလင်းခွံအဟောင်းနှင့် ဘယဆေးကုန်ကြမ်းတို့ တင်ပို့လျက် ရှိသည်။

 

ပုံမှန်တင်သွင်းနေသည့် ပစ္စည်းများမှာ စက်သုံးဆီ၊ ဘိလပ်မြေ၊ ဆောက်လုပ်ရေးပစ္စည်း၊ ကားတာယာနှင့် ကျွတ်၊ ဓါတုဗေဒပစ္စည်း၊ သံနှင့် သံမဏိပစ္စည်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်း၊ မီးဖိုချောင်သုံးပစ္စည်း၊ အားကစားပစ္စည်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ ဖြစ်သည်။

 

အသေးစိတ်ဖတ်ရှုရန်

 

၃။ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်း ( ဇွန် ၁၊ ၁၉၉၆ )

 

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့တွင် ရှိသည့် ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံ၊ ရနောင်းမြို့နှင့် အဓိက ကုန်သွယ်မှု ပြုလုပ်ပြီး ရေထွက်ပစ္စည်းမျိုးစုံနှင့် ဆီအုန်းကြိတ်ဖတ်များကို တင်ပို့ကာ ဘိလပ်မြေ၊ ဓါတ်မြေသြဇာ၊ ဓါတ်ဆီ၊ ဒီဇယ်ဆီနှင့် စက်မှုကုန်ကြမ်းပစ္စည်းများကို တင်သွင်းလျက် ရှိသည်။

 

အသေးစိတ်ဖတ်ရှုရန်

 

၄။ မြိတ် နယ်စပ်ကုန်သွယ်ရေးစခန်း ( ဇူလိုင် ၁၊ ၁၉၉၉ )

 

မြိတ်ကုန်သွယ်ရေးစခန်းသည် တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် တည်ရှိပြီး ထိုင်းနိုင်ငံ၊ ရနောင်းမြို့နှင့် ကုန်သွယ်မှုများ ဆောင်ရွက်ကာ ရေလမ်းကြောင်းမှတဆင့် ရနောင်းသို့ ( ယခင်က ငါးမုန့်တစ်မျိုးတည်းသာ တင်ပို့ခဲ့သော်လည်း ) ယခုအခါ ကြက်သွန်နီ၊ ငါးအသားလွှာနှင့် မုတ်ခွံတို့ကို တင်ပို့လျက် ရှိသည်။

 

လေးရှားဆိပ်ကမ်းမှတစ်ဆင့် တရုတ်နိုင်ငံသို့လည်း ရော်ဘာကို တင်ပို့လျက် ရှိသည်။ ပြည်တွင်းသို့ အများဆုံး တင်သွင်းသည့် ကုန်ပစ္စည်းများမှာ ဘိလပ်မြေ၊ ဟင်းချက်ဆီ၊ ဒီဇယ်ဆီ၊ ဓာတ်ဆီ၊ အင်ဂျင်ဝိုင်၊ ဓာတ်မြေဩဇာနှင့် စက်အပိုပစ္စည်းများ ဖြစ်သည်။ အသေးစိတ်ဖတ်ရှုရန်

 

Advertisement

Click Here > Central Ko Soe Myint

 

၅။ ထီးခီး နယ်စပ်ကုန်သွယ်ရေးစခန်း ( မေ ၁၁၊ ၂၀၁၃ )

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်တွင် တည်ရှိသော ထီးခီးကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံ၊ ဖူနန်ပရွမ်ရွာနှင့် နယ်နိမိတ် ထိစပ်လျက် ရှိပြီး ထီးခီးကုန်သွယ်ရေးစခန်းမှတဆင့် ကြက်သွန်နီ၊ ရေထွက်ပစ္စည်း၊ ငှက်ပျော၊ ပြောင်း၊ နနွင်းတက်၊ ဆန်မှုန့်တို့ကို တင်ပို့ကာ သစ်သီးမျိုးစုံ၊ ဒီဇယ်၊ လူသုံးကုန်ပစ္စည်းများကို ပုံမှန် တင်သွင်းလျက် ရှိသည်။ အသေးစိတ်ဖတ်ရှုရန်

 

၆။ မောတောင် နယ်စပ်ကုန်သွယ်ရေးစခန်း ( မေ ၈၊ ၂၀၁၃ )

 

မောတောင်ကုန်သွယ်ရေးစခန်းကို ကျေးရွာအဆင့်ကတည်းက ယာယီ နယ်စပ်ကုန်သွယ်ရေးစခန်းအဖြစ် ထူထောင်ခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ မောတောင်မြို့တွင် ရှိသည်။ ထိုင်းနိုင်ငံ၊ ပရာကျွတ်ကရီခမ်ခရိုင်၊ ဒန်ဆင်ခွန်းနှင့် ထိစပ်နေသည်။

 

မောတောင် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကင်းမွန်၊ ငါးမျိုးစုံ၊ ကဏန်း၊ သဲကဏန်း၊ ကနုကမာ၊ ငါးမှုန့်နှင့် တံမြက် စည်းများကို အများဆုံး တင်ပို့ပြီး ပလတ်စတစ်ပစ္စည်း၊ ပေါင်းသတ်ဆေး၊ မော်တော်ဆိုင်ကယ်နှင့် အသီးအနှံများကို အဓိက တင်သွင်းလျက် ရှိသည်။

 

အသေးစိတ်ဖတ်ရှုရန်

 

၇။ မယ်စဲ့ နယ်စပ်ကုန်သွယ်ရေးစခန်း ( အောက်တိုဘာ ၂၇၊ ၂၀၁၆ )

 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၊ လွိုင်ကော်-ဖားဆောင်း-မယ်စဲ့ လမ်းမကြီး၏ အနောက်ဖက်တွင် ရှိသည့် မယ်စဲ့ကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့နယ်နှင့် ကုန်သွယ်မှု ပြုလုပ်ကာ ပြောင်းဆန်နှင့် ငရုတ်သီးခြောက်ကို တင်ပို့ရောင်းချလျက် ရှိသည်။

 

 

၈။ ဘုရားသုံးဆူ နယ်စပ်ကုန်သွယ်ရေးစခန်း ( ၁၉၉၃ )

 

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့အနီးတွင် ရှိသော ဘုရားသုံးဆူ ကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံ၊ ကမ်ချနဘူရီမှ အစားအသောက်နှင့် လူသုံးကုန်ပစ္စည်းများ အဓိက တင်သွင်းသည့် နယ်စပ်ဂိတ်တစ်ခု ဖြစ်သည်။ ၂၀၀၇ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ (၁၀) နှစ်ကြာ ယာယီ ပိတ်ခဲ့ပြီး နောက်ပိုင်းမှ ပြန်လည် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ပြည်ပသို့ တင်ပို့မှု မရှိသေးပေ။

 

၉။ ပုံပါကျင်ဆူ နယ်စပ်ကုန်သွယ်ရေးစခန်း ( လျာထား )

 

ပုံပါကျင်ဆူ ကုန်သွယ်ရေးစခန်းသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်ဆူမြို့တွင် ရှိပြီး ယင်းစခန်းနှင့် ပတ်သတ်၍ ဝန်ကြီးဌာနအပါအဝင် မည်သည့် သတင်းဌာနတွင်မှ တိတိကျကျ ဖော်ပြ ထုတ်ပြန်ထားသည်များ မတွေ့ရှိပေ။ ပြည်ပတင်ပို့မှု မရှိသေးခြင်း ဖြစ်နိုင်သည်။

 

Advertisement

Click Here > Central Ko Soe Myint

 

မယ်စဲ့၊ ဘုရားသုံးဆူနှင့် ပုံပါကျင်ဆူ စခန်းများမှ လွဲ၍ အထက်ပါ နယ်စပ်စခန်း (၆) ခုမှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်၊ ပြီးခဲ့သည့် နိုဝင်ဘာလအထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၂.၄) သန်းကျော် ရရှိခဲ့ပြီး သွင်းကုန်တန်ဖိုး (၁.၁) သန်းကျော် ရရှိခဲ့ကာ စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ (၃.၅) သန်းကျော် ဖြစ်သည်။

 

မြန်မာ - တရုတ် နယ်စပ်စခန်းများ

 

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ နယ်စပ်တွင် မူဆယ် (၁၀၅) မိုင် နယ်စပ်ကုန်သွယ်ရေးစခန်း၊ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်း၊ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်း၊ ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မိုင်းလား နယ်စပ်ကုန်သွယ်ရေးစခန်း ဟူ၍ စခန်း (၅) ခု ရှိသည်။ စခန်းတစ်ခုချင်းစီ၏ အချက်အလက်များနှင့် သွင်းကုန်၊ ပို့ကုန်များကို အောက်တွင် ဖော်ပြထားသည်။

 

၁၀။ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးစခန်း ( ဇန်နဝါရီ ၁၂၊ ၁၉၉၈ )

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် တည်ရှိသည့် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးစခန်းသည် မြန်မာနိုင်ငံ၏ အကြီးဆုံးစခန်း ဖြစ်ပြီး တရုတ်နိုင်ငံ ရွှေလီမြို့နှင့် နယ်စပ်ကုန်သွယ်မှု ပြုလုပ်ကာ လုပ်ငန်းအားလုံး၏ (၆၀) ရာခိုင်နှုန်းကျော်ကို နှစ်စဉ် ပုံမှန် ဆောင်ရွက်ပေးလျက် ရှိသည်။ 

 

မူဆယ်အပါအဝင် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်များမှတဆင့် တရုတ်သို့ ရေထွက်ကုန်၊ ကုန်ခြောက်၊ သစ်သီးဝလံနှင့် စိုက်ပျိုးရေးပစ္စည်းများအား အဓိက တင်ပို့ပြီး တရုတ်ဘက်မှ လယ်ယာသုံး စက်ကိရိယာ၊ ဓာတ်မြေဩဇာ၊ လျှပ်စစ်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်း၊ ဆေးအမျိုးမျိုး စသည့်တို့ကို ပြန်လည် တင်သွင်းသည်။

 

အသေးစိတ်ဖတ်ရှုရန်

 

၁၁။ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်း ( သြဂုတ် ၂၃၊ ၁၉၉၈ )

 

လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းသည် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့ရှိ လွယ်ဂျယ်-မိုးမောက်-ဗန်းမော် ကားလမ်းပေါ်တွင် တည်ရှိသည်။

 

အများဆုံး ပို့ကုန်မှာ ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ တစ်ရှူး၊ ငှက်ပျော၊ ဖရဲသီး၊ ရော်ဘာ ဖြစ်ကာ အများဆုံး သွင်းကုန်မှာ မြေဆီ၊ ဘိလပ်မြေ၊ ချည်ထည်၊ လယ်ယာသုံးပစ္စည်းနှင့် မော်တော်ဆိုင်ကယ်တို့ ဖြစ်သည်။ ကျပ်၊ ယွမ်၊ ဒေါ်လာတို့ဖြင့် အဓိက ကုန်သွယ်မှု ပြုလုပ်သည်။

 

အသေးစိတ်ဖတ်ရှုရန်

 

၁၂။ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်း ( အောက်တိုဘာ ၁၉၊ ၂၀၀၃ )

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် ရှိသည့် ချင်းရွှေဟော် ကုန်သွယ်ရေး လမ်းကြောင်းသည် မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်ပြီး မြန်မာ-တရုတ်နယ်စပ်တွင် ဒုတိယအကြီးဆုံး နယ်စပ်ကုန်သွယ်ရေးစခန်း ဖြစ်သည်။ 

 

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ ဝဥအစို၊ ဝဥအခြောက်၊ ရော်ဘာကြမ်း၊ ပန်းသီး၊ လိမ္မော်သီး၊ သစ်တော်သီး၊ ပန်းသစ်တော်သီး၊ စပျစ်သီး၊ တည်သီးအစို၊ တည်သီးအခြောက်၊ သလဲသီး စသည်တို့ကို အဓိကထား တင်ပို့လျက် ရှိသည်။

 

အသေးစိတ်ဖတ်ရှုရန်

 

၁၃။ ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်း (  သြဂုတ် ၁၊ ၂၀၀၉ )

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ ကန်ပိုက်တီမြို့တွင် ရှိသည့် ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းသည် တရုတ်နိုင်ငံဘက်မှ နယ်စပ်မြို့ဖြစ်သော ထိန်ခြုံးမြို့နှင့် (၇၁) မိုင်ခန့် ကွာဝေးသည်။

 

ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တစ်သျှူး၊ ငှက်ပျော၊ ပြောင်း၊ ဖရဲသီး၊ ရာဘာတို့ကို အဓိက တင်ပို့ပြီး ဘိလပ်မြေ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးစ္စည်း၊ လျှပ်စစ်ပစ္စည်းနှင့် လူသုံး အိမ်သုံးပစ္စည်းများကို ပြန်လည် တင်သွင်းသည်။

 

အသေးစိတ်ဖတ်ရှုရန်

 

၁၄။ မိုင်းလား နယ်စပ်ကုန်သွယ်ရေးစခန်း  ( ဒီဇင်ဘာ ၁၂၊ ၂၀၁၅ )

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းလားမြို့နယ်တွင် တည်ရှိသည့် မိုင်းလား နယ်စပ်ကုန်သွယ်ရေးစခန်းသည် တရုတ်နိုင်ငံနှင့် နယ်နမိတ် ထိစပ်လျက် တည်ရှိပြီး တာချီလိတ်မှ ထွက်ရှိသော ဆန်နှင့် စပါးအပြင် ရာဘာကိုလည်း တင်ပို့လျက် ရှိသည်။

 

Advertisement

Click Here > Big M Enterprise Ltd

 

အထက်ပါ နယ်စပ်စခန်းများမှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်၊ ပြီးခဲ့သည့် နိုဝင်ဘာလအထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၁.၅) သန်းကျော် ရရှိခဲ့ပြီး သွင်းကုန်တန်ဖိုး (၀.၃) သန်းကျော် ရရှိခဲ့ကာ စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ (၁.၈) သန်းကျော် ဖြစ်သည်။

 

မြန်မာ - အိန္ဒိယ နယ်စပ်စခန်းများ

 

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ နယ်စပ်တွင် တမူး နယ်စပ်ကုန်သွယ်ရေးစခန်း၊ ရိဒ် နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ထန်တလန် နယ်စပ်ကုန်သွယ်ရေးစခန်း ဟူ၍ စခန်း (၃) ခု ရှိသည်။ စခန်းတစ်ခုချင်းစီ၏ အချက်အလက်များနှင့် သွင်းကုန်၊ ပို့ကုန်များကို အောက်တွင် ဖော်ပြထားသည်။

 

၁၅။ တမူး နယ်စပ်ကုန်သွယ်ရေးစခန်း ( ဧပြီ ၁၂၊ ၁၉၉၅ )

 

တမူးကုန်သွယ်ရေးစခန်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူး- ကလေးဝ ပြည်ထောင်စု ကားလမ်းမဘေး၊ အိန္ဒိယနိုင်ငံမှ အာဆီယံနိုင်ငံများသို့ ဆက်သွယ်ရာ အဓိကကျသည့် အာရှလမ်းမကြီးပေါ်တွင် တည်ရှိသည်။ 

 

မြန်မာ- အိန္ဒိယ နယ်စပ်စခန်းများထဲတွင် အကြီးဆုံးဖြစ်ပြီး မြန်မာမှ အိန္ဒိယသို့ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ ကွမ်းသီး၊ အုန်းသီးနှင့် ပဲမျိုးစုံကို တင်ပို့ပြီး ဝါဂွမ်း၊ ဂျုံ၊ မော်တော်ဆိုင်ကယ်၊ ပလတ်စတစ်ကုန်ကြမ်း၊ ဓါတ်မြေဩဇာနှင့် ဆံပင်တို့ကို ပြန်လည် တင်သွင်းလျက် ရှိသည်။ 

အသေးစိတ်ဖတ်ရှုရန်

 

၁၆။ ရိဒ် နယ်စပ်ကုန်သွယ်ရေးစခန်း  ( ဒီဇင်ဘာ ၁၀၊  ၂၀၀၃ )

 

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ကျန်ဖိုင်- ရိဒ်ခေါ်ဒါရ်တွင် တည်ရှိသည့် နယ်စပ်ကုန်သွယ်ရေးစခန်းသည် ဒုတိယမြောက် အကြီးဆုံးဖြစ်ပြီး အိန္ဒိယနိုင်ငံသို့ ကွမ်းသီးကို အဓိက တင်ပို့ကာ နိုင်လွန်းချည်ကို အများဆုံး တင်သွင်းသည်။

 

၁၇။ ထန်တလန် နယ်စပ်ကုန်သွယ်ရေးစခန်း ( ဧပြီ ၁၊ ၂၀၁၄ )

 

ထန်တလန်ကုန်သွယ်ရေးစခန်း (ယာယီ) သည် ချင်းပြည်နယ်၊ ဟားခါးခရိုင်တွင်းရှိ ဟားခါး- ထန်တလန်မှ တီအိုချောင်းကို ဖြတ်ပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇော်လ်မြို့သို့ ဝင်သွားသည့် လမ်းကြောင်း ဖြစ်သည်။ ပို့ကုန်သွင်းကုန်လုပ်ငန်း ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။ 

 

Advertisement

Click Here > Central Ko Soe Myint

 

မြန်မာ- အိန္ဒိယနယ်စပ် စခန်းများအနက် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင် တမူးစခန်း တစ်ခုထဲသာ ကုန်သွယ်မှု ပြုလုပ်ပြီး ပြီးခဲ့သည့် နိုဝင်ဘာလအထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၆,၆၅၁) ရရှိခဲ့ပြီး သွင်းကုန်တန်ဖိုး (၄,၄၅၅) ရရှိခဲ့ကာ စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ (၁၁,၁၀၆) သာ ရှိသည်။

 

မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်စခန်းများ

 

မြန်မာနှင့် ဘင်္ဂလားဒေ့ချ်နိုင်ငံ နယ်စပ်တွင် စစ်တွေနှင့် မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်း (၂) ခု ရှိသည်။ စခန်းတစ်ခုချင်းစီ၏ အချက်အလက်များနှင့် သွင်းကုန်၊ ပို့ကုန်များကို အောက်တွင် ဖော်ပြထားသည်။

 

၁၈။ စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်း  ( ဒီဇင်ဘာ ၁၁၊ ၁၉၉၈ )

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်တွေကုန်သွယ်ရေးစခန်း ( ရွှေမင်းဂံဆိပ်ကမ်း ) သည် ဘင်္ဂလားဒေ့ချ် တက္ကနဗ်မြို့နှင့် အဓိက ကုန်သွယ်မှု ပြုလုပ်သည်။ မန်ကျည်းစေ့၊ ဆီးဖတ်၊ အုန်းသီး၊ အုန်းသီးခြောက်၊ ချင်း (အစို)၊ စစ်တုံဥ၊ ဆီးယိုထုပ်၊ ဆီးသီးခြောက်၊ ထန်းလျက် စသည့် လယ်ယာထွက်ကုန်များ၊ ငါးခရု စသည့် ရေထွက်ကုန်များ၊ သစ်တောထွက်ပစ္စည်းများနှင့် စက်မှုကုန်ချော ပစ္စည်းများကို တင်ပို့သည်။

 

အသေးစိတ်ဖတ်ရှုရန်

 

၁၉။ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်း  ( စက်တင်ဘာ ၅၊ ၁၉၉၅ )

 

မောင်တောကုန်သွယ်ရေးစခန်း ( ကညင်ချောင်း ) သည်လည်း ရခိုင်ပြည်နယ်တွင် ရှိပြီး ရေထွက်ပစ္စည်းများ၊ ဇီးယိုထုတ်၊ ဂျင်း (အစို)၊ ကြက်သွန်၊ ကုလားပဲ၊ ဇီးသီးခြောက်၊ မကျည်းစေ့၊ ဖိနပ်၊ ချည်လုံချည်၊ သနပ်ခါးခဲ၊ ကော်ဖီမစ်၊ နေကြာစေ့နှင့် ခေါက်ဆွဲခြောက်တို့ကို အဓိကထား တင်ပို့သည်။

 

စစ်တွေနှင့် မောင်တော ကုန်သွယ်ရေးစခန်း နှစ်ခုစလုံး ဆံပင်၊ ပလတ်စတစ် ရေတိုင်ကီ၊ တီရှပ်နှင့် ဒီဇယ် အနည်းငယ်ကိုသာ ပြည်တွင်းသို့ ပြန်လည် တင်သွင်းသည်။

 

အထက်ပါ နယ်စပ်စခန်း (၂) ခုမှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်၊ ပြီးခဲ့သည့် နိုဝင်ဘာလအထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၇) သောင်းကျော် ရရှိခဲ့ပြီး သွင်းကုန်တန်ဖိုး (၆) သောင်းကျော် ရရှိခဲ့ကာ စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ (၁) သိန်းကျော် ဖြစ်သည်။

 

Advertisement

Click Here > DM Trading

 

မြန်မာ- လာအို နယ်စပ်စခန်း

 

မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံ နယ်စပ်တွင်မူ ကျိုင်းလပ် နယ်စပ်ကုန်သွယ်ရေးစခန်း တစ်ခုသာ ရှိသည်။ နိုင်ငံအတွင်းရှိ တာချီလိတ်မြို့၊ ကျိုင်းတုံမြို့၊ တောင်ကြီးမြို့တို့နှင့် အဓိက ကုန်သွယ်မှု ဆောင်ရွက်လျက်ရှိပြီး ကျိုင်းလပ်ကုန်သွယ်ရေးစခန်းမှ ပြည်ပသို့ ကုန်သွယ်မှု ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။

 

၂၀။ ကျိုင်းလပ် နယ်စပ်ကုန်သွယ်ရေးစခန်း ( မတ် ၁၅၊ ၂၀၁၅ )

 

လာအိုနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သော ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရီုင်၊ တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့၊ မြန်မာ- လာအို နှစ်နိုင်ငံ ချစ်ကြည်ရေး မဲခေါင်မြစ်တံတားမှ (၁.၃) မိုင်ခန့် အကွာတွင် ကျိုင်းလပ်ကုန်သွယ်ရေးစခန်း တည်ရှိသည်။

 

အသေးစိတ်ဖတ်ရှုရန်

 

၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်၊ ပြီးခဲ့သည့် နိုဝင်ဘာလအထိ အထက်ပါ နယ်စပ်စခန်းများမှ ပို့ကုန်တန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ (၄) သန်းကျော် ရရှိခဲ့ပြီး သွင်းကုန်တန်ဖိုး စုစုပေါင်း (၁.၄) သန်းကျော် ရရှိခဲ့ကာ ကုန်သွယ်မှုပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ (၅.၅) သန်းခန့် ဖြစ်သည်။

 

ဘဏ္ဍာနှစ်အလိုက် ကုန်သွယ်မှု အခြေအနေများ

နယ်စပ်စခန်းအလိုက် ကုန်သွယ်မှု အခြေအနေများ

 

Su Mon Oo

Ref : MOC & Media & Press

Photo credit goes to the owners.

Published in Export & Import

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ နယ်စပ်တွင် တမူး နယ်စပ်ကုန်သွယ်ရေးစခန်း၊ ရိဒ် နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ထန်တလန် နယ်စပ်ကုန်သွယ်ရေးစခန်း ဟူ၍ စခန်း (၃) ခု ရှိသည်။ စခန်းတစ်ခုချင်းစီ၏ အချက်အလက်များနှင့် သွင်းကုန်၊ ပို့ကုန်များကို အောက်တွင် ဖော်ပြထားသည်။

 

၁၅။ တမူး နယ်စပ်ကုန်သွယ်ရေးစခန်း ( ဧပြီ ၁၂၊ ၁၉၉၅ )

 

တမူးကုန်သွယ်ရေးစခန်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူး- ကလေးဝ ပြည်ထောင်စု ကားလမ်းမဘေး၊ အိန္ဒိယနိုင်ငံမှ အာဆီယံနိုင်ငံများသို့ ဆက်သွယ်ရာ အဓိကကျသည့် အာရှလမ်းမကြီးပေါ်တွင် တည်ရှိသည်။ 

 

မြန်မာ- အိန္ဒိယ နယ်စပ်စခန်းများထဲတွင် အကြီးဆုံးဖြစ်ပြီး မြန်မာမှ အိန္ဒိယသို့ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ ကွမ်းသီး၊ အုန်းသီးနှင့် ပဲမျိုးစုံကို တင်ပို့ပြီး ဝါဂွမ်း၊ ဂျုံ၊ မော်တော်ဆိုင်ကယ်၊ ပလတ်စတစ်ကုန်ကြမ်း၊ ဓါတ်မြေဩဇာနှင့် ဆံပင်တို့ကို ပြန်လည် တင်သွင်းလျက် ရှိသည်။ 

 

အသေးစိတ်ဖတ်ရှုရန်

 

၁၆။ ရိဒ် နယ်စပ်ကုန်သွယ်ရေးစခန်း  ( ဒီဇင်ဘာ ၁၀၊  ၂၀၀၃ )

 

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ကျန်ဖိုင်- ရိဒ်ခေါ်ဒါရ်တွင် တည်ရှိသည့် နယ်စပ်ကုန်သွယ်ရေးစခန်းသည် ဒုတိယမြောက် အကြီးဆုံးဖြစ်ပြီး အိန္ဒိယနိုင်ငံသို့ ကွမ်းသီးကို အဓိက တင်ပို့ကာ နိုင်လွန်းချည်ကို အများဆုံး တင်သွင်းသည်။

 

၁၇။ ထန်တလန် နယ်စပ်ကုန်သွယ်ရေးစခန်း ( ဧပြီ ၁၊ ၂၀၁၄ )

 

ထန်တလန်ကုန်သွယ်ရေးစခန်း (ယာယီ) သည် ချင်းပြည်နယ်၊ ဟားခါးခရိုင်တွင်းရှိ ဟားခါး- ထန်တလန်မှ တီအိုချောင်းကို ဖြတ်ပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇော်လ်မြို့သို့ ဝင်သွားသည့် လမ်းကြောင်း ဖြစ်သည်။ ပို့ကုန်သွင်းကုန်လုပ်ငန်း ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။ 

 

Advertisement

Click Here > Central Ko Soe Myint

 

မြန်မာ- အိန္ဒိယနယ်စပ် စခန်းများအနက် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင် တမူးစခန်း တစ်ခုထဲသာ ကုန်သွယ်မှု ပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့် နိုဝင်ဘာလအထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၆,၆၅၁) ရရှိခဲ့ပြီး သွင်းကုန်တန်ဖိုး (၄,၄၅၅) ရရှိခဲ့ကာ စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ (၁၁,၁၀၆) သာ ရှိသည်။

 

Su Mon Oo

Ref : MOC & Media & Press

Photo credit goes to the owners.

Published in Export & Import

၂၀၁၉ ခုနှစ် နိုဝင်ဘာလ တတိယပတ်အတွင်း အိန္ဒိယနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အကြား အဆင့်မြင့်အရာရှိများအဆင့် ကုန်သွယ်ရေးစေ့စပ်ညှိနှိုင်း ဆွေးနွေးမှုများပြုလုပ်ခဲ့ရာတွင် အိန္ဒိယဘက်မှ အကောက်ခွန်လျော့ချ သက်သာခွင့်ပြုရန် ထည့်သွင်းစဉ်းစားမည့် ကုန်စည် အမယ်ပေါင်း ၄၀ ခန့်ကို သတ်မှတ်နိုင်ခဲ့ပါတယ်။

Published in Export & Import

မြန်မာ -– အိန္ဒိယနယ်စပ်ကုန်စည်ရောင်းဝယ်ရေးနယ်စပ်ဂိတ်နှစ်ခုဖြစ်သည့် စစ်ကိုင်းတိုင်း ဒေသကြီး တမူးနယ်စပ်ရောင်းဝယ်ရေးနှင့် ချင်းပြည်နယ် ရိဒ်နယ်စပ်ရောင်းဝယ်ရေးဂိတ် နှစ်ခုမှာ ပြီးခဲ့သည့်ဇူလိုင်လအတွင်းက တစ်ဖက်နိုင်ငံအဖွဲ့အစည်းများက အရောင်းအဝယ် ပိတ်ထားခဲ့သည့်အတွက် နယ်စပ်ကုန်စည်အရောင်းအဝယ်များ ရပ်ဆိုင်းသွားခဲ့သော်လည်း ယခုသြဂုတ်လဆန်းမှစတင်၍ နေ့စဉ်အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး တမူးမြို့နယ်စပ် နန်းဖာလုံဈေးကော်မတီဥက္ကဋ္ဌက ပြောဆိုခဲ့ပါတယ်။


အင်ဒိုနီးရှားနှင့် ကုန်သွယ်မှုလိုငွေ တိုးလာနေသည့်အပေါ် အိန္ဒိယ၏ စိုးရိမ်ပူပန်မှု မြင့်တက်နေကြောင်းနှင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏ စဉ်ဆက်မပြတ် တိုးတက်စေရန်အတွက် ပို့ကုန်အမယ် တိုးမြှင့်ရေးဆောင်ရွက်ရန် အိန္ဒိယကူးသန်းရောင်းဝယ်ရေးဝန်ကြီး Shri Piyush Goyal က အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံစဉ်အတွင်း တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရှိပါတယ်။


မြန်မာ- အိန္ဒိယနယ်စပ်၊ ချင်းပြည် နယ်၊ ရိခေါဒါရ်မြို့နှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာအကြားနှစ်နိုင်ငံ နယ်စပ်ကုန်စည် စီးဆင်းမှုကို အိန္ဒိယနိုင်ငံဘက်ခြမ်းရှိ အရပ်ဘက်အဖွဲ့အစည်းများက ပိတ်ထားသည့်အတွက် နယ်စပ်ကုန်စည် စီးဆင်းမှု ရပ်ဆိုင်းနေကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။


အိန္ဒိယနိုင်ငံ စီးပွားကူးသန်း နှင့် စက်မှုဝန်ကြီး နီမာလာ ဆင်သာယာမန်က နှစ်နိုင်ငံကြား ကုန်သွယ်ရေးမှာ ပိုမိုကြီးမားသောအလား အလာများစွာ ရှိကြောင်း ပြောကြားခဲ့သည်။ ဝန်ကြီး၏ ပြောကြားချက်ကို ကိုးကားပြီး


ရခိုင်ပြည်နယ်ရှိ ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းတွင် ပါဝင်သည့် စစ်တွေဆိပ်ကမ်းကို မြန်မာ့ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့်  အိန္ဒိယ ဆိပ်ကမ်းများ၊ ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် ရေကြောင်းပို့ဆောင်ရေး ဝန်ကြီးဌာနတို့မှ ပူးတွဲ၍ မေလ (၉) ရက်နေ့တွင် ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

 

အဆိုပါ စီမံကိန်းကို ၂၀၀၈ ခုနှစ်တွင် ပထမဆုံး အတည်ပြုခဲ့ပြီးနောက် လုပ်ငန်းဆောင်ရွက်ခဲ့သည်မှာ (၁၅) နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်ကာ ယခုမှသာ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်း သယ်ယူပို့ဆောင်ရေး စီမံကိန်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သော ရေလမ်းကြောင်းကို စတင် ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။

 

ယင်း ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်း သယ်ယူပို့ဆောင်ရေး စီမံကိန်းသည် အိန္ဒိယ- မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ကူးသန်းရောင်းဝယ်ရေးကို မြှင့်တင်ရန်အတွက်သာမကပဲ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ ပေါ်ပေါက်လာကာ အခြားသော အရှေ့တောင်အာရှနိုင်ငံများနှင့်ပါ တိုက်ရိုက် ကုန်သွယ်နိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

 

ဆိပ်ကမ်းဖွင့်ပွဲ အခမ်းအနားတွင် ရခိုင် ကုန်သည်/ စက်မှုအသင်း RSCCI မှ

  • နှစ်နိုင်ငံအကြား ကုန်သွယ်မှုအတွက် ငွေကြေးပေးချေမှုများနှင့် နိုင်ငံခြားငွေသုံးစွဲမှု အဆင်ပြေစေရေး 
  • စစ်တွေဆိပ်ကမ်းကို အခြေပြုတင်ပို့သော မြန်မာ့ပို့ကုန်များအတွက် အခွန်အကောက် လျှော့ပေါ့ သက်သာခွင့် ရရှိရေး
  • စစ်တွေ-ကလကတ္တား ပုံမှန်ပြေးဆွဲပေးနိုင်မည့် သင်္ဘောလိုင်း သတ်မှတ်ထားရှိပေးရေး ကိစ္စတို့ကို တင်ပြ ဆွေးနွေးခဲ့ပြီး

 

ရခိုင်ပြည်နယ် ကမ်းရိုးတမ်းသင်္ဘောပိုင်ရှင်များ အသင်းမှ 

  • စစ်တွေ ဆိပ်ကမ်းသစ်၌ ဆိပ်ကမ်းအသုံးပြုခများကို မြန်မာကျပ်ငွေစနစ်ဖြင့် ဆောင်ရွက်ခွင့် ရရှိရေး 
  • ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ( စစ်တွေ- ပလက်ဝမြစ်ကြောင်း သယ်ယူပို့ဆောင်ရေးနှင့် စစ်တွေ-ရန်ကုန် ကမ်းရိုးတမ်းသွား ပို့ဆောင်ရေး ) တွင် ပါဝင်ခွင့်ရရှိရေး
  • ဒေသခံ လုပ်ငန်းရှင်များ၏ သင်္ဘောများ ပါဝင်ပြေးဆွဲခွင့် ဖော်ဆောင်ရေးတို့အတွက် တင်ပြ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ပထမဆုံးအနေဖြင့် အိန္ဒိယနိုင်ငံရှိ ကာလကတ္တားမှ မြန်မာနိုင်ငံရှိ စစ်တွေဆိပ်ကမ်းသို့ ကုန်စည်ပို့ဆောင်မှုဖြင့် ကုန်သွယ်မှု စတင် လည်ပတ်မည် ဖြစ်ပြီး ပြီးခဲ့သည့်လက ဆန်တင်သင်္ဘောတစ်စင်းကို စစ်တွေဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စမ်းသပ် မောင်းနှင်စေခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

 

Advertisement

Click Here > Hmwe

 

စစ်တွေဆိပ်ကမ်းကို ၂၀၁၈ ခုနှစ်တွင် တည်ဆောက် ပြီးစီးခဲ့သော်လည်း မြန်မာနိုင်ငံတွင်း လှုပ်ခတ်နေသည့် နိုင်ငံရေးအခြေအနေများ အထူးသဖြင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ပဍိပက္ခ အခြေအနေများကြောင့် စီမံကိန်းလုပ်ငန်း လည်ပတ်ရန်အတွက် လိုအပ်သော လိုင်စင်နှင့် ခွင့်ပြုချက်များ ရရှိမှု ကြန့်ကြာခဲ့သည်ဟု ဆိုသည်။

 

စစ်တွေရေနက်ဆိပ်ကမ်းကို ဘိလပ်မြေ၊ ပဲမျိုးစုံနှင့် အစားအစာ၊ အစေ့အဆန်များ ကဲ့သို့သော ကုန်စည်များအား ကုန်သွယ်ရန်အတွက် အဓိကထား အသုံးပြုမည် ဖြစ်ပြီး နောက်ထပ် ဆိပ်ကမ်းတစ်ခုဖြစ်သည့် ပလက်ဝဆိပ်ကမ်းအားလည်း တည်ဆောက်ပြီးပြီ ဖြစ်ကြောင်း Inland Waterways Authority of India ( IWAI ) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ကုလားတန်မြစ်သည် အိန္ဒိယနိုင်ငံနှင့် ချင်းပြည်နယ် တောင်တန်းများမှတစ်ဆင့် ရခိုင်ပြည်နယ်သို့ ဖြတ်သန်း စီးဆင်းနေသည့် မြစ်တစ်စင်းဖြစ်ပြီး ကုလားတန်မြစ်ဆိုသည့် အခေါ်မှာ ဒေသအသုံးအနှုန်း ဖြစ်ကာ စာပေတွင် ကစ္ဆပနဒီမြစ်ဟု ခေါ်ဆိုကြသည်။

 

ယခုအခါ စီမံကိန်းနှင့် ပတ်သက်၍ ရုံးအဆောက်အအုံများ၊ စက်ယန္တရားများနှင့် မြစ်တွင်းသွား သယ်ယူပို့ဆောင်ရေးယာဉ်များ ရှိနေပြီ ဖြစ်သည့်အပြင် ပလက်ဝပြည်တွင်းရေကြောင်း ဆိပ်ကမ်းတို့ကို တည်ဆောက်ထားပြီး အပြည်ပြည်ဆိုင်ရာ အကောက်ခွန်ဆိပ်ကမ်း အဖြစ်လည်း သတ်မှတ် ဆောင်ရွက်မည်ဟု သိရသည်။

 

ပလက်ဝမြို့မှ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်တွင် ရှိသည့် မီဇိုရမ်ပြည်နယ် ဇိုရင်ပူမြို့သို့ ဆက်သွယ်မည့် အဝေးပြေးကားလမ်းကိုလည်း ဖောက်လုပ်ရန် ဆောင်ရွက်လျက် ရှိပြီး  အဆိုပါ အဝေးပြေးကားလမ်းသည် ကီလိုမီတာ ၁၁၀ ရှည်လျားသည်။

 

ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်း သယ်ယူပို့ဆောင်ရေး စီမံကိန်းတစ်ခုလုံး ပြီးစီးပါက မြန်မာနိုင်ငံသာမက အိန္ဒိယနိုင်ငံ၏ ပြည်နယ်ဖွံ့ဖြိုးရေးနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် များစွာ အထောက်အကူပြုနိုင်မည် ဖြစ်သည်။

Published in Port News

မြန်မာနိုင်ငံတွင် စီးပွားရေး ပိတ်ဆို့မှုဒဏ် ခံနေရသော ၎င်းတို့၏ လုပ်လက်စ ဆိပ်ကမ်းစီမံကိန်းကို မြန်မာပိုင် Solar Energy ကုမ္ပဏီသို့ အမေရိကန်‌ဒေါ်လာ သန်း (၃၀) ဖြင့် အရှုံးခံ၍ ရောင်းချလိုက်ပြီ ဖြစ်ကြောင်း India's Adani Ports and Special Economic Zone (  APSEZ ) က ပြောသည်။

 

Adani Group ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတကာနှင့် အမေရိကန်၏ ပိတ်ဆို့ အရေးယူမှုများကြောင့် ယင်းစီမံကိန်းကို ၂၀၂၂ ခုနှစ် မေလကထဲက ရောင်းချကြောင်း ကြေညာခဲ့သော်လည်း လုပ်ငန်းပြီးစီးမှု အပါအဝင် အချို့သော အခြေအနေများကြောင့် ရောင်းဝယ်ရေး သဘောတူညီချက် နှောင့်နှေးခဲ့ရကြောင်း သိရသည်။

 

Adani Ports သည် ၂၀၂၂ ခုနှစ် မတ်လမှ ဇွန်လအတွင်း စီမံကိန်းကို အပြီးသတ် ရောင်းချနိုင်ရန် ရည်ရွယ်ထားသော်လည်း အကြောင်းအမျိုးမျိုးသော နှောင့်နှေးမှုများကြောင့် ကုမ္ပဏီသည် ဝယ်ယူသူ Solar Energy နှင့် ရောင်းချသည့် စျေးနှုန်းကို ဒေါ်လာသန်း (၃၀) သို့ ပြန်လည် ညှိနှိုင်းရခဲ့သည်ဟု ကုမ္ပဏီက ဆိုသည်။

 

United

Advertisement

Click Here >>> United

 

လူနည်းစု အစုရှယ်ယာရှင်များထံမှ သွင်းအားစုများသည် ကုမ္ပဏီ၏ စီမံကိန်းမှထွက်ရန် ဆုံးဖြတ်ရာတွင် အဓိက မောင်းနှင်အားဖြစ်ကြောင်း Adani Ports က ယခင်က ပြောကြားခဲ့ပြီး ၎င်းသည် ဒဏ်ခတ်ပိတ်ဆို့ထားသော အဖွဲ့အစည်းနှင့် ချိတ်ဆက်မည် မဟုတ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလမှ စာရွက်စာတမ်းများအရ မြေငှားရမ်းခအတွက် ဒေါ်လာသန်း (၉၀) ကြိုတင်ပေးချေမှု အပါအဝင် စီမံကိန်းအတွက် ကုမ္ပဏီမှ ဒေါ်လာ (၁၂၇) သန်း ရင်းနှီးမြှုပ်နှံခဲ့ကြောင်း Adani Group က ထုတ်ဖော် ပြသခဲ့သည်။ 

 

သို့ရာတွင် အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးကမူ Adani Ports သည် ယင်း၏ လုပ်ငန်းလည်ပတ်မှု မရှိသေးသည့် Greenfield စီမံကိန်းတွင် ဒေါ်လာ (၁၉၅) သန်းထိ ရင်းနှီးမြှုပ်နှံထားခဲ့သည်ဟု မှတ်ချက်ပြုသည်။

 

ယခုကဲ့သို့ ဆိပ်ကမ်းစီမံကိန်းကို ရောင်းချပြီးကြောင်း ကြေညာပြီးသည့်နောက်တွင်  Adani Group ၏ ရှယ်ယာသည် ၁.၂ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

Published in Port News
Page 1 of 3