၁။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ စက်ကိရိယာ တန်ဆာပလာများဝယ်ယူခြင်းနှင့်တပ်ဆင်ခြင်းလုပ်ငန်းတွင် အသုံးပြုရန်လိုအပ်သော 10 Ton Forklift(Japan)(၂)စီးကို အိတ်ဖွင့်တင်ဒါခေါ်ယူ၍ (၄.၁၁.၂၀၁၉)ရက်နေ့၌ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး(ရုံးချုပ်) အစည်းအဝေးခန်းမတွင် တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီဝင်များ မှ တင်ဒါဈေးနှုန်းအဆိုပြုလွှာများကို လက်ခံစိစစ်ခဲ့ရာ Winning Way Co.,Ltd ထံမှ ဈေးနှုန်း အနည်းဆုံးဖြင့်စိစစ်ရရှိခဲ့ပါတယ်။
ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အောက်ရှိ နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်။