မွန်ပြည်နယ်အတွင်း ကျပ်သန်း (၆၀၀၀) နီးပါး ရင်းနှီးမြှုပ်နှံကာ စွန့်ပစ်အမှိုက်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရပါတယ်။
သီလဝါအထူးစီးပွားရေးဇုန်တွင် စင်ကာပူကုမ္ပဏီနှင့် ဂျပန်-မြန်မာ ဖက်စပ်ကုမ္ပဏီတို့ အပါအဝင် ကုမ္ပဏီးသုံးခုသည် ရင်းနှီးမြှုပ်နှံမှု ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဒေါက်တာရွှေဟိန်းက ပြောသည်။
၂၀၁၇ ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ အီလက်ထရောနစ် မှတ်ပုံတင်စနစ် MyCO တွင် ၁.၈..၂၀၁၈ မှ ၁၅.၁..၂၀၂၀ ရက်နေ့ထိ မှတ်ပုံတင်ခဲ့သည့် ကုမ္ပဏီ စုစုပေါင်း ၆၇,၃၆၇ တွင် ကုမ္ပဏီ ၇,၆၃၇ သည် ဆိုင်းငံ့ (Suspended) အခြေအနေတွင် ရောက်ရှိနေခဲ့ပါတယ်။
ကမ္ဘာစီးပွားရေးအခြေအနေမှာမသေချာမရေရာမှုများဖြစ်ပေါ်လျက်ရှိသော်လည်းစင်ကာပူသည် 2019 ခုနှစ်တွင်ပုံသေပိုင်ပစ္စည်းရင်းနှီးမြှုပ်နှံမှုပမာဏ (Fixed Asset ရင်းနှီးမြှုပ်နှံမှု-FAI) စင်ကာပူဒေါ်လာ 15.2 ဘီလီယံအထိဆွဲဆောင်နိုင်ခဲ့သည့်အတွက်စင်ကာပူကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနအောက်ရှိစင်ကာပူစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဘုတ်အဖွဲ့ (စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဘုတ်အဖွဲ့ - EDB) ၏ကာလလတ်နှင့်ကာလရှည်လျာထားချက် (စင ်ကာပူဒေါ်လာ 8 ဘီလီယံမှ 10 ဘီလီယံအကြားထက်) များစွာမြင့်တက်ခဲ့ကြောင်း, 2018 ခုနှစ်တွင်ရင်းနှီးမြှုပ်နှံခဲ့ကြသည့်စင်ကာပူဒေါ်လာ 10.9 ဘီလီယံထက်လည်းပိုမိုဆွဲဆောင်နိုင်ခဲ့ပြီး, 2012 ခုနှစ်နောက်ပိုင်းအများဆုံးရင်းနှီးမြှုပ်နှံမှုပမာဏအဖြစ်စာရင်းဝင်ခဲ့ကြောင်းသိရှိရပါသည်။
၁။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီများ၏ ခွင့်ပြုမိန့်/ အတည်ပြုမိန့်များဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ ခွင့်ပြုမိန့်ရရှိပြီးနောက်ပိုင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လွယ်ကူ ချောမွေ့စေရန် ရည်ရွယ်၍ ကော်မရှင်မှ သုံးလပတ်အစီရင်ခံစာ (ပုံစံ-၁၀)အား ကဏ္ဍများအလိုက် ခွဲခြားခြင်းမရှိဘဲ ပုံစံတစ်မျိုးတည်းဖြင့် ပြောင်းလဲပြင်ဆင်၍ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ စမ်းသပ်ကာလ ၃လ အဖြစ် စမ်းသပ်အသုံးပြုမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံ ရင်နှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးအမှတ်စဉ် (၂၀ / ၂၀၁၉ ) အား ၂၀၁၉ ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့၊သစွာလမ်းရှိ ရင်နှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးရုံးတွင် ပြုလုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က လျှပ်စစ်ကဏ္ဍအပါအဝင် အမေရိကန်ဒေါ်လာ သန်း (၅၀) ကျော် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၂၀/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးမှာ ခွင့်ပြုခဲ့ကြောင်း သိရပါတယ်။
ယခုဘဏ္ဍာနှစ်အတွင်း မွန်ပြည်နယ်တွင် စင်ကာပူလုပ်ငန်းများ ထပ်မံတိုးလာရန် စင်ကာပူရင်းနှီးမြှုပ်နှံမှုပြပွဲကို ဆောင် ရွက်မည်ဟု ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးသန့်စင်လွင်က ပြောခဲ့ပါတယ်။စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ် နှံမှုသည် မြန်မာနိုင်ငံတွင် လက်ရှိအထိ အများဆုံးဖြစ်ပြီး ဒေါ်လာ ၂၂ ဘီလီယံကျော်ဖြင့် လုပ်ငန်း ၃၁၀ ကျော် လုပ်ကိုင်နေပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အမေရိကန်ဒေါ်လာ ခုနစ်သန်းကျော် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းခုနစ်ခုကို နိုဝင်ဘာ ၁၃ ရက်ကပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးက ခွင့်ပြုခဲ့ကြောင်း သိခဲ့ရပါတယ်။
မြန်မာနိုင်ငံအပေါ် နိုင်ငံ ရေးအမြင်မကြည်မှုများကြောင့် ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အဝင်နည်းသော်လည်း ယခုဘဏ္ဍာနှစ်၌ စံချိန်တင်ဝင်လာမည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌဦးသောင်းထွန်းက ပြောပြခဲ့ပါတယ်။