ရွှေမြန်မာ လေကြောင်းလိုင်းက ရင်းနှီးမြှုပ်နှံရန် နောက်ဆုတ်သွားခဲ့သည့် ကော့သောင်းလေဆိပ် အဆင့်မြှင့်တင်ခြင်းစီမံကိန်းကို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု မရှိပါက နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောင်ရွက်ရန် စီစဉ်နေကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိခဲ့ရပါတယ်။
ဟဲဟိုးလေဆိပ် အဆင့်မြှင့်တင်ခြင်းစီမံကိန်းကိုKBZ Groupကုမ္ပဏီ၊ ကော့သောင်းလေဆိပ်စီမံကိန်းကို Golden Myanmar Airline Public Co.,Ltd ကုမ္ပဏီနှင့် မော်လမြိုင်လေဆိပ်စီမံကိန်းကိုHinthar Group Holding Co.,Ltd ကုမ္ပဏီတို့က တင်ဒါအောင်မြင်ခဲ့သည်။