တနင်္သာရီတိုင်း၊ ကော့သောင်းမြို့တွင် ရှိသည့် ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံ၊ ရနောင်းမြို့သို့ ရေထွက်ပစ္စည်းများကို Free on Board (FOB) စနစ်ဖြင့် အဓိက တင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခု ဖြစ်သည်။
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အဓိကအားဖြင့် ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (အစို/ အခြောက်)၊ ခရုနှင့် ငါးမှုန့် စသည့် ရေထွက်ပစ္စည်းများနှင့် သီဟိုဠ်စေ့၊ ဆီအုန်း စသည်တို့ကို တင်ပို့ ရောင်းချလျက် ရှိသည်။
ယခု ၂၀၂၃ ခုနှစ်၊ မတ်လ (၁) ရက်နေ့မှ (၂၁) ရက်နေ့အထိ…
မတ်လအတွင်း ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့နိုင်ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငါးမျိုးစုံနှင့် ကင်းမွန်၊ ဆီအုန်း၊ ဓနိအုန်း၊ ဓနိဖက်တို့ ဖြစ်သည်။
Advertisement
အများဆုံး တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ပီလောပီနံမှုန့်၊ ကြွေပြား၊ ဆား၊ ကုန်စုံ၊ စတီးဝါယာကြိုး၊ ဒီဇယ်၊ ဓာတ်ဆီ၊ ဆီလီကွန်၊ ဆာလဖာ၊ ကျောက်ချဉ်၊ မီးသွေးမှုန့်၊ ရေသန့်စင်စက်၊ ရေကူးကန်သုံးအပိုပစ္စည်း၊ နိုင်လွန်ကြိုး၊ ငါးဖမ်းပိုက်ကွန်၊ ဌက်သိုက်၊ သင်္ဘောအပိုပစ္စည်း၊ ငါးထည့်သည့်ခြင်း၊ ရေခဲပုံး၊ ဖိနပ်ကုန်ကြမ်းတို့ ဖြစ်ကြောင်း သိရသည်။
၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်၊ ပြီးခဲ့သည့် ဇန်နဝါရီလအထိ ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၁၆၅.၄၈၈) သန်း ရရှိခဲ့ပြီး သွင်းကုန်တန်ဖိုး (၁၉.၇၁၄) သန်း ရရှိခဲ့ကာ ကုန်သွယ်မှု တန်ဖိုးပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ (၁၈၅.၂၀၂) သန်း ဖြစ်သည်။
နယ်စပ်စခန်းအလိုက် ကုန်သွယ်မှု အခြေအနေများ
ဘဏ္ဍာနှစ်အလိုက် ကုန်သွယ်မှု အခြေအနေများ
မြန်မာနိုင်ငံ၏ ကုန်သွယ်မှု အချိုးအရ တစ်နိုင်ငံလုံး၏ ကုန်သွယ်မှု (၇၅) ရာခိုင်နှုန်းခန့်သည် ပယ်လယ်ရေကြောင်း ကုန်သွယ်မှုဖြစ်ပြီး ကျန်သည့် (၂၅) ရာခိုင်နှုန်းခန့်သည် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများမှ ရရှိခြင်း ဖြစ်သည်။
တစ်နိုင်ငံလုံးတွင် နယ်စပ်ကုန်သွယ်ရေးစခန်းပေါင်း အခု (၂၀) ရှိပြီး မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိသော အိမ်နီးချင်း နိုင်ငံ (၄) နိုင်ငံနှင့် အဓိက ကုန်သွယ်မှု ပြုလုပ်လျက် ရှိသည်။
ကုန်သွယ်မှုစခန်းများအကြောင်း ဖတ်ရန်
ရွှေမြန်မာ လေကြောင်းလိုင်းက ရင်းနှီးမြှုပ်နှံရန် နောက်ဆုတ်သွားခဲ့သည့် ကော့သောင်းလေဆိပ် အဆင့်မြှင့်တင်ခြင်းစီမံကိန်းကို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု မရှိပါက နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောင်ရွက်ရန် စီစဉ်နေကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိခဲ့ရပါတယ်။
ရန်ကုန် - မြိတ်- ကော့သောင်း ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကျပ်သန်းပေါင်း ခြောက်ထောင်ကျော် ကုန်ကျမည့် တနင်္သာရီ မြစ်ကူးတံတားကြီးတစင်း ဆောက်လုပ်လျက်ရှိပြီး ၂၀၂၀ တွင်အပြီး ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရှိခဲ့ရပါသည်။