Knowledge

          ကုန်သွယ်ရေးဦးစီးဌာနရုံးများသို့ လာရောက်ရန်မလိုဘဲ မိမိတို့၏ ရုံးခန်းမှ အလွယ်တကူအွန်လိုင်းဖြင့်

Published in Export & Import

ပြည်တွင်း၌ ကားမူဝါဒပိုင်းဆိုင်ရာ အပြောင်းအလဲများကြောင့် သွင်းကုန်ကဏ္ဍ လျော့ကျလာပြီး ယခင်ဘဏ္ဍာနှစ်နှင့်ယှဉ်လျှင် ယခုဘဏ္ဍာနှစ်၌ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ၂ ဘီလီယံခန့် လျော့ကျလာကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန (စီးပွား/ကူးသန်း) လက်ထောက် အမြဲတမ်း အတွင်းဝန် ဦးခင်မောင်လွင်မှ ပြောခဲ့ပါတယ်။

Published in Export & Import

အောက်ဖော်ပြပါပစ္စည်းများအပေါ်တွင် သွင်းကုန်လိုင်စင်ကြေး ကင်းလွတ်ခွင့်ပြုထားပါသည်။

Published in Export & Import

         အမေရိကန်ဒေါ်လာ တန်ဖိုးမြင့်တက်နေမှုကို တစ်ဖက်တစ်လမ်းကဖြေရှင်းရန် သကြား နှင့် ဒီဇယ်တို့ကိုသွင်းကုန် ပြန်လည်တင်ပို

Published in Export & Import

၁။ ဤ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် ရရှိသည့် ကုမ္ပဏီ/ အဖွဲ့အစည်း/ လုပ်ငန်းရှင်များသည် ယင်း လိုင်စင်အား အခြားတစ်ဦးဦးသို့ ထပ်ဆင့် လွှဲပြောင်း လုပ်ကိုင်စေခြင်း မပြုရ။

Published in Port News

သိပ်မကြာခင်မှာပဲ ကားလောကအတွက်တစ်ချိန်က စိတ်လှုပ်ရှားခဲ့ရပေမယ့် လက်ရှိမှာစိတ်ဝင်စားမှုကင်းမဲ့ နေခဲ့ရတဲ့ ၂၀၂၀ကားမူဝါဒထွက်ပေါ်လာဖို့ရှိနေပါတယ်။ ဒါပေမယ့် ဒီမတိုင်ခင်မှာပဲ ကားလောကကို ဖောက်စွပ်/ဖြတ်ဆက်သတင်းနဲ့လှုပ်ရှားစေခဲ့ပါတယ်။

Published in Transportation

အသစ်ထုတ်ပေးတဲ့ ယာဉ်မောင်းလိုင်စင်တွေဟာ Smart Card အရောင်လေးတွေကစလို့ ပြောင်းသွားပါတယ်။

Published in Transportation

၁။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် မော်တော်ယာဉ်အမျိုးအစား ပြောင်းလဲခြင်းနှင့်စပ်လျဉ်း၍ ယာဉ်အန္တရာယ်ကင်းရှင်းရေးကို မထိခိုက်စေရန် ယာဉ်၏ အတိုင်းအတာ ပြောင်းလဲခြင်းနှင့် တင်အားတိုးမြှင့် ခြင်းမရှိသော ယာဉ်ကိုယ်ထည်အား အပြန်အလှန် ပြောင်းလဲခြင်း များကို ခွင့်ပြုပေးလျက်ရှိပါတယ်။

Published in Transportation

စတိနံပါတ် ရန်ကုန်လိုင်စင်ကားဈေးကွက်တွ အရောင်းအဝယ်ပိုအေး

Published in Transportation

          ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှူဦးစီးဌာနတွင် မော်တော်ယာဉ် နှင့်သက်ဆိုင်သောလုပ်ငန်းများ၊ ယာဉ်မောင်းလိုင်စင် ဖြေဆိုသည့်လုပ်ငန်းများ လာရောက်လုပ်ကိုင်ရာ၌ စာရွက်စာတမ်းငွေကြေးလိမ်လည်မှူများရှိနေ၍ ကာယကံရှင်က ကိုယ်တိုင်လာရောက်လုပ်ဆောင်ရန် အသိပေးကြေညာထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှူဦးစီးဌာနမှ နိုဝင်ဘာ ၁၂ ရက်တွင် သိရပါတယ်။

 

          ယာဉ်မှတ်ပုံတင်ခြင်း၊ ယာဉ်သက်တမ်းတိုးခြင်း၊ ယာဉ်စစ်ဆေးခြင်း၊ ယာဉ်မောင်းလိုင်စင်ပြုလုပ်ခြင်းနှင့် အခြားမော်တော်ယာဉ်ဆိုင်ရာလုပ်ငန်းများ လုပ်ဆောင်ရာတွင် အကျိုးဆောင်ပွဲစားများက လုပ်ငန်းများလုပ်ကိုင်ပေးမည်ဟု ဆိုကာ ငွေကြေးများ လိမ်လည်ခြင်းများ မကြာခဏဆိုသလို ဖြစ်ပေါ်နေသည့်အတွက် ကညန ရုံးအတွင်း ကြေညာချက်များကပ်၊ လက်ကမ်းစာဆောင်များဝေဌ၍ အော်လံများဖြင့် အသိပေးကြေညာလျက်ရှိပါတယ်။

 

          " ယာဉ်နဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေ လုပ်ပေးမယ်ဆိုပြီး ငွေကြေးတွေကို ပွဲစားတွေက လိမ်လည်မှူတွေ လုပ်လာတယ်ဆိုပြီး တိုင်တန်းမှူတွေအရမ်းများလာတယ်။ ရုံးတိုင်းမှာလည်း ပွဲစားနဲ့မလုပ်ဖို့ ကာယကံရှင် ကိုယ်တိုင်လာလုပ်ပါက လုပ်ငန်း မြန်ဆန်တယ်ဆိုတာ အသိပေးဆိုင်းဘုတ်တွေ ထောင်ထားတယ်။

 

          အော်လံနဲ့လည်း အသိပေးနေတယ်။အကျိုးဆောင်က မှန်မှန်ကန်ကန်လုပ်ပေးရင် ပြဿနာမရှိဘူး။ ပိုက်ဆံတွေ လိမ်သွားတာတို့ လုပ်ပေးမယ်ဆိုပြီး စာရွက်စာတမ်းတွေပါ လိမ်လာကြတယ်။ ဒါကြောင့် ကာယကံရှင် ကိုယ်တိုင်လာလုပ်ဖို့ အသိပေးတာပါ။ "ဟု ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှူဦးစီးဌာန အကြီးတန်းအရာရှိတစ်ဦးက နိုဝင်ဘာ ၁၂ ရက်တွင် မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောကြားခဲ့ပါတယ်။

 

          ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှူဦးစီးဌာန မြင်သာရုံးတွင် မော်တော်ယာဉ်ပိုင်ရှင်များထံမှ ငွေကြေးလိမ်လည်ရယူခဲ့သည့် ပွဲစားများကို ယခုနှစ်အတွင်း ၁၅ ဦးအထိ ဖမ်းဆီးခဲ့ပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့စခန်းတွင် အမှူဖွင့်အရေးယူထားခဲ့ပါတယ်။

 

Source: Myanmar Time

Published in Transportation
Page 1 of 3