လက်ရှိဘဏ္ဍာနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုပမာဏအများဆုံးအဖြစ် စင်္ကာပူ နိုင်ငံမှ ၀င်ရောက်ရင်းနှီး မြှုပ်နှံခဲ့ကြောင်းရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဦးက ပြောခဲ့ပါတယ်။
လက်ရှိ မန္တလေးတိုင်းတွင် အိန္ဒိယရင်းနှီးမြှပ်နှံမှုမှာ တရုတ်၊ ထိုင်းနိုင်ငံတို့နှင့် ယှဉ်ပါက နည်းနေသည့်အတွက် အိန္ဒိယနိုင်ငံမှ ရင်းနှီးမြှပ်နှံမှုများ ပိုမိုပြုလုပ်ရန် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဖိတ် ခေါ်သည်။“တရုတ်တို့ ထိုင်းနိုင်ငံတို့က မန္တလေးမှာ ရင်းနှီးမြုပ်နှံတာများပြီး အိန္ဒိယကတော့ ရင်းနှီးမြုတ်နှံတာ နည်းနေသေးတယ်၊ အိန္ဒိယအနေနဲ့ မန္တလေးမှာ ပိုပြီးရင်းနှီးမြုတ်နှံဖို့ တိုက်တွန်းပါတယ်၊ အစိုးရအနေနဲ့လဲ လိုအပ်တာတွေ ကူညီမှာပါ”ဟု ၄င်းက ပြောသည်။
ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်ရေးစီမံကိန်းအတွက် ရထားသံလမ်းများတင်ဆောင်လာသည့် MV.HORIZON 9 သင်္ဘောသည်ဂျပန်နိုင်ငံမှ ဆူးလေဆိပ်ကမ်းသို့ ယနေ့ နေ့လည်ပိုင်းကရောက်ရှိခဲ့ပြီး ရထားသံလမ်းတန်ချိန် ၂၉၉၃.၂၉၉ တန်သယ်ဆောင်လာခဲ့ပါတယ်။
မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းပိုင်း၌ ဖြစ်ပေါ်လျက်ရှိသော တိုက်ပွဲအခြေအနေများကြောင့် ယခုရက်ပိုင်းတွင် တရုတ်နိုင်ငံသို့ အဓိကတင်ပို့သည့် ပဲတီစိမ်းနှင့်နှမ်းမျိုးစုံဈေးနှုန်းများ မန္တလေးကုန်စည်ဈေးကွက်၌ကျဆင်းမှုရှိလာပြီး ယခင်လများကထက် အရောင်းအဝယ်အေးသွားကြောင်း ပဲကုန်သည်များနှင့်စက်ပိုင်များထံမှသိရပါတယ်။
မန္တလေးမြို့သည် ကုန်သွယ်မှုနှင့် သယ်ယူပို့ဆောင်ရေးတွင် အချက်အချာကျသည့်မြို့ဖြစ်သည့်အလျောက် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်း National Workshop by MKCF 3rd Bath Myanmar Team ဥက္ကဌ ဦးနေလင်းက ပြောသည်။
ယခုနှစ် အောက်တိုဘာလတွင် စတင်တည်ဆောက်မည်ဖြစ်ပြီး ၂ဝ၂၁ ခုနှစ် ကုန်ပိုင်းတွင် ပြီးစီးရန် မျှော်မှန်းထားသည်။
ရန်ကုန်မြို့တောင်ဘက်ပိုင်းရှိ ရန်ကုန်ဆိပ်ကမ်း၊ သီလ၀ါ အထူးစီးပွားရေးဇုန်နှင့် မြောက်ပိုင်းရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ရန်ကုန်စက်မှုဥယျာဉ်နှင့် ရန်ကုန်- မန္တလေး အမြန်လမ်းတို့ကို ချိတ်ဆက်မည့် ၂၀ ဒသမ ၅ ကီလိုမီတာအရှည်ရှိ ရန်ကုန်အဆင့်မြင့် မိုးပျံအမြန်လမ်းမကြီး စီမံကိန်း တည်ဆောက်ရန် ဒေါ်လာ သန်း ၄၀၀ ၀န်းကျင် သုံးစွဲသွားမည်ဖြစ်သည်။
သင်္ကြန်ကာလအတွင်း မြစ်ကြီးနား-မန္တလေး ရထားလမ်းပိုင်းရှိ ရထားအချို့ ပြေးဆွဲမှုကို ယာယီ ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း သိရသည်။
အင်းဝတံတား(စစ်ကိုင်း)ပေါ်တွင် ယနေ့ဖေဖော်ဝါရီ(၁၄)ရက် ညနေ(၆)နာရီခွဲကျော်အချိန့်ခန့်က မန္တလေး-မြစ်ကြီးနား လူစီးစာပို့ရထားတွင်ပါဝင်သောဘရိတ်တွဲမှာ အပူလွန်ကဲရာမှမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းမြို့မစခန်းမှသိရသည်။