မန္တလေး- မူဆယ် ပြည်ထောင်စုလမ်းပိုင်း တည်ငြိမ်မှုအားနည်းသော်လည်း မြန်မာ--တရုတ် နယ်စပ်ကုန်သွယ်ရေး၊ မူဆယ် ၁၀၅ မိုင်ကုန် သွယ်ရေးဇုန်တွင်ယခုလပိုင်း၌ တရုတ်ပစ္စည်း များ ပြည်တွင်းတင်သွင်းမှု သွင်းကုန်ပိုများခြင်း မရှိဘဲ နေ့စဉ် ပို့ကုန်၊ သွင်းကုန်ပမာဏနှိုင်းယှဉ် ပါက ပုံမှန်အတိုင်းရှိကြောင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဦးစံဖြိုးဝေက ပြောသည်။
မြန်မာ - တရုတ် နယ်စပ်စီးပွားရေးပူး ပေါင်းဆောင်ရွက်မှုဇုန် BECZ မြန်မာဘက်ခြမ်း တည်ထောင် အကောင်အထည်ဖော်ရာတွင် အရေးကြီးသည့် အချက်များဖြစ်သည့် နှစ်နိုင်ငံညှိနှိုင်းခြင်း၊ နှစ်နိုင်ငံနယ်စပ် နယ်နိမိတ်မျဉ်း အတည်ပြုသတ်မှတ်ပြီးဖြစ်ခြင်း၊ မြေအသုံးချခွင့် ညှိနှိုင်းဆောင်ရွက်ခြင်းတို့အား ညှိနှိုင်းဖြေရှင်းပြီးမှသာ E.O.I ခေါ်ယူခြင်း၊ စိစစ်ရွေးချယ်ခြင်းလုပ်ငန်းများ အပ်နှံအကောင်အထည်ဖော်ခြင်းတို့အား ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မြန်မာ - တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားခဲ့ပါတယ်။
မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်ရေးတွင် အဓိကကျ သော မူဆယ်၊ ရွှေလီ နယ်စပ်ကုန် သွယ်ရေးလမ်းကြောင်း၌ အပြန် အလှန်ကုန်သွယ်ရေးဂိတ်နှစ်ခု ထပ်မံဖွင့်လှစ်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်ကပြောသည်။
မြန်မာ-တရုတ် နယ်စပ်တွင် ကုန်စည်ချင်း ဖလှယ်သည့်စနစ် (ဘာတာစနစ်)ကို အကောင်အထည်ဖော်ရန် ယူနန်ပြည်နယ် အစိုးရနှင့် ကုန်သွယ်ရေးဦးစီးဌာန တို့ ဧပြီ ၂၁ ရက်တွင် နားလည်မှု စာချွန်လွှာ (MoU)လက်မှတ်ရေး ထိုးခဲ့သည်။
မူဆယ်တွင် ဒီဇင်ဘာလလယ်၌ ကျင်းပမည့် တရုတ်-မြန်မာ ကုန်စည်ပြပွဲတွင် မူဆယ်နယ်စပ်ကုန်သွယ်ရေး၌ ဆန်၊သကြားနှင့် အခြားလယ်ယာထွက်ပစ္စည်းများ ဖမ်းဆီးခံနေရမှုများကို ညှိနှိုင်းဆွေးနွေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်းက ပြောကြားချက်အရ သိရပါတယ်“ပြည်ထောင်စုဝန်ကြီးအနေနဲ့လည်း တရုတ်သံရုံးတို့ တရုတ်နိုင်ငံဘက်က တာဝန်ရှိ အဖွဲ့အစည်းတွေနဲ့ တောက်လျှောက်ဆွေးနွေးနေပါတယ်။တရုတ်-မြန်မာ ကုန်စည်ပြပွဲမှာလည်း ဒီကိစ္စတွေကို အဓိကထားပြီး ဆွေးနွေးသွားဖို့ ရှိပါတယ်”ဟု ၎င်းကဆိုခဲ့ပါတယ်။
လက်ရှိတွင် မူဆယ်နယ်စပ်၌ အဖမ်းအဆီးများသောကြောင့် မြန်မာ့ထွက်ကုန်များကို ချင်းရွှေဟော်၊ လွယ်ဂျယ် အစရှိသည့် ကုန်သွယ်ရေးစခန်းများမှ တရုတ်နိုင်ငံသို့ တင်ပို့နေကြောင်း ၎င်းက ရှင်းပြသည်။အောက်တိုဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ မူဆယ်နယ်စပ်၏ ပို့ကုန်ပမာဏမှာ အမေရိကန် ဒေါ်လာ သန်း ၄၀၀ ရှိပြီး ယခင်နှစ် ကာလတူ ပို့ကုန်ပမာဏ အခြေအနေကမူ အမေရိကန်ဒေါ်လာ ၇၁၄ သန်းရှိသောကြောင့် ယခုနှစ်တွင် ပို့ကုန်ပမာဏ အမေရိကန် ဒေါ်လာ သန်း ၃၀၀ ကျော် လျော့နည်းသွားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရပါတယ်။
ယခုအချိန်သည် ဆန်သစ်များ ထွက်သည့်အချိန်ဖြစ်ပြီး တရုတ်ဘက်ကလည်း အဝယ်ရပ်ထားသည့်အတွက် ပြည်တွင်းတွင် စပါးဈေးနှင့် ဆန်ဈေးများ ကျဆင်းလျက်ရှိကြေင်း မူဆယ်ဒေသခံ ကုန်သည်ဦးလှမောင်က ပြောကြားသည်။“အခုဆို အရောင်းအဝယ်ရပ်နေတာ နှစ်လကျော်သွားပြီ အသီးအနှံတွေပဲ ရောင်းရတယ်။ ကျန်တာတွေ ရပ်နေတယ်”ဟု ၎င်းကဆိုခဲ့ကြပါတယ်။
တရုတ်နှင့် မြန်မာ၏ နယ်စပ်ကုန်သွယ်ရေးသည် မြန်မာဘက်က တရားဝင်ဟုသတ်မှတ်ထားသော်လည်း တရုတ်နိုင်ငံက တရားဝင်ဟုသတ်မှတ်ထားခြင်းဖြစ်ပါတယ်။တရားဝယ်ကုန်သွယ်ရေးဖြစ်စေရန် နှစ်ဖက်အစိုးရများ ညှိနှိုင်းနေသော်လည်း အကောင်အထည်ဖော်နိုင်ခြင်းမရှိကြောင်း ကုန်သည်များက ဝေဖန်ခဲ့ကြပါတယ်။
Source : The Voice
COVID -19 ဗိုင်းရပ်စ်ကြောင့် မြန်မာ - တရုတ် ချိတ်ဆက်ပျံသန်းနေသော လေကြောင်းလိုင်း ၁၉လိုင်းကို ရပ်နားခဲ့ကြောင်း ရန်ကုန်နှင့် မန္တလေး လေဆိပ်တာဝန်ခံများထံ သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ နယ်စပ်ဒေသ၊ မြန်မာ-တရုတ် နှစ်နိုင်ငံအဝင်/အထွက်ဂိတ် (နန်းတော်ဂိတ်)မှ မြန်မာနိုင်ငံ၊ သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော တရုတ်နိုင်ငံသားများကို (၂၀၂၀)ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှ စတင်ပြီး တရားဝင် အဝင်/အထွက် ခွင့်ပြုပြီဖြစ်ကြောင်း မူဆယ်မြို့၊ လူဝင်မှုကြီးကြပ်ရေးဦးစီဌာနမှ သိရသည်။
မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်များကို မူဆယ်၊ ချင်းရွှေဟော်နှင့် ကန်ပိုက်တီးတို့တွင် တည်ဆောက်ပြီး Core Zone၊ ပို့ကုန်သွင်းကုန် ပစ္စည်းများသိုလှောင်ရန် ကုန်လှောင်ရုံ ဧရိယာများအဖြစ် ဖွဲ့စည်းတည်ထောင်သွားရန် လျာထားကြောင်း မြန်မာ-တရုတ် နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင် အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားခဲ့ပါတယ်။
မြန်မာ-တရုတ်နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်များတည်ဆောက်ရန် မြန်မာ-တရုတ်နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပြီး စိတ်ပါဝင်စားသည့် ပြည်တွင်းလုပ်ငန်းရှင်များ ဝင်ရောက်လုပ်ကိုင်ရန် ခေါ်ယူမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က မီဒီယာများ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ပြောကြားခဲ့သည်။
ယခင်ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက် မှ သြဂုတ်လကုန်အထိ မြန်မာ-တရုတ်နယ် စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ နယ်စပ်ကုန် သွယ်မှုပမာဏ ဒေါ်လာသန်း ၆၄၇၀ ကျော် ရရှိခဲ့သော်လည်း ယခုနှစ်အတွင်း ဒေါ်လာ သန်း ၅၄၅၀ ကျော်သာရရှိပြီး အထူးသဖြင့် မူဆယ်နှင့် လွယ်ဂျယ်နယ်စပ်တွင် ဒေါ်လာ သန်း ၁၂၇၀ ကျော် လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။