Knowledge

ခရီးစဉ်​ဖြင့်​ သ​င်္ဘောငှါးစာချုပ်​ အရ၊ သ​င်္ဘောပိုင်​ရှင်​ (သို့) သယ်​​ဆောင်​သူသည်​ကုန်​စည်​သယ်​​ဆောင်​​ပေးရန်​တာဝန်​ကို ထိုက်​သင့်​​သော အချိန်​အတွင်းပြီးစီး​အောင်​​ ဆောင်​ရွက်​​ပးရပါမည်​။ စာချုပ်​တွင်​အချိန်​ကာလက်ု သတ်​မှတ်​ ​ဖော်​ပြထားခြင်း မရှိလည်း ၊ ထိုက်​သင့်​​သော အချိန်​အတွင်း သ​င်္ဘောသည်​ ကုန်​တင်​ခြင်း၊ သယ်​ယူပို့​ဆောင်​​ပေးခြင်း၊ ကုန်​ချခြင်းတို့ကို ပြီးစီး​အောင်​​ဆောင်​ရွက်​​ပေးရန်​ သွယ်​ဝိုက်​တာဝန်​ (implied undertaking) ရှိပါသည်​။

Additional Info

  • TopAds s1
  • BottomAds s2
Published in Port News

ရန်ကုန်မက်ထရိုပိုလီတန်ဖွံ့ဖြိုးရေး အများပိုင်ကုမ္ပဏီ (Yangon Metropolitan Development Public Company YMD) သည်

Published in Port News

● တည်ဆောက်ရေးကုန်ကျစရိတ်

Published in Port News

ဆိပ်ကမ်းများ၌ကောက်ခံသည့် ကွန်တိန်နာ (ကုန်သေတ္တာ) ဝန်ဆောင်ခများကို ယခင်က အလုံးလိုက် ကောက်ခံရာ

Published in Port News

ရန်ကုန်ဆိပ်ကမ်းသည် မြန်မာနိုင်ငံ၏အဓိကဆိပ်ကမ်းဖြစ်ပြီး သွင်းကုန်၊ ပို့ကုန် အားလုံး၏ ၉၀ ရာခိုင်နှုန်း အား ကိုင်တွယ်ဆောင်ရွက်ပေးနေသော ဆိပ်ကမ်းဖြစ်ပါသည်။

Published in Port News

          သီလဝါအထူးစီးပွားရေးဇုန်၏ ကုန်သွယ်မှုအတွက်အရေးပါသည့် သီလဝါဆိပ်ကမ်းကို လာမည့်နှစ် ၂၀၁၉ခုနှစ်အစပိုင်းတွင် လုပ်ငန်းစတင်လည်ပတ်နိုင်မည်ဖြစ်ကြောင်း ယင်းစီမံကိန်းကို ကူညီထောက်ပံ့ပေးထားသောဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ထံမှ သိရပါတယ်။

Published in Port News

          ရန်ကုန်ဆိပ်ကမ်းတွင် အသုံးပြုမည့် ဆိပ်ကမ်းသုံးတွန်း/ဆွဲရေယာဉ် မာန်အောင် ၄ ကို အစိုးရနှင့်ရေယာဉ်တည်ဆောက်ရေး ပူးပေါင်းလုပ်ကိုင်နေသည့် Myanma Shipyards – AMECC JV Co., Ltd. က မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ နိုဝင်ဘာလ ၆ ရက်က လွှဲပြောင်းပေးခဲ့ပါတယ်။


          အလျား ၃၂ မီတာ၊ မြင်းကောင်ရေ ၃၀၀၀ ကျော်ရှိ ဆိပ်ကမ်းသုံး တွန်း/ဆွဲ ရေယာဉ်မာန်အောင် ၄ ကို အဆိုပါကုမ္ပဏီ က ဆင်မလိုက်သင်္ဘောကျင်းတွင် ၂ နှစ် ကျော်ကြာတည်ဆောက်ခဲ့ပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ သိမ်ဖြူသင်္ဘောကျင်းဝင်း၌ လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။


          “ယနေ့လွှဲပြောင်းပေးခဲ့တဲ့ မြစ်တွင်းသွား တွန်း/ဆွဲရေယာဉ်က လက်ရှိ ရန်ကုန်ဆိပ်ကမ်းမှာ အသုံးပြုနေတဲ့ တွန်းဆွဲရေယာဉ်တွေမှာ စွမ်းအားအကြီးဆုံးတွန်းဆွဲ ရေယာဉ်အနေနဲ့ ပါဝင်ပါတယ်” ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောခဲ့ပါတယ်။


          အဆိုပါရေယာဉ်သည် အလျား ၃၂ မီတာ၊ အနံ ၁၁ မီတာ၊ စောက် ၅ မီတာရှိ ပြီး တစ်နာရီ ရေမိုင်နှုန်း ၁၂ မိုင် မောင်းနှင်နိုင်သောကြောင့် စွမ်းအားကြီးမားသည့် တွန်းဆွဲရေယာဉ်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံမှ သိရပါတယ်။


          ယခုလက်ရှိ ရန်ကုန်အတွင်းဆိပ်ကမ်းတွင် နိုင်ငံတကာသင်္ဘောကြီးများ ရပ်နားနိုင်သည့် ဆိပ်ခံတံတား ၂၆ စင်းရှိပြီးသီလဝါဆိပ်ကမ်းဒေသတွင် ၁၂ စင်း ရှိပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တွင် လက်ရှိ တွန်း/ဆွဲရေယာဉ်များ ဖြစ်သည့်၁၀၀၀ 1000 BHP Tug ၃ စီး၊ ၁၅၀၀ 1500 BHP Tug ၁ စီး၊ 3000 BHP Tug ၁ စီးဖြင့် လှည့်ပတ်သုံးစွဲခဲ့ရကြောင်းမြန်မာ့ဆိပ်ကမ်း အာဏာပိုင်ထံမှ သိခဲ့ရခြင်း ဖြစ်ပါတယ်။

 

Source : the voice

Published in Port News

          ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလျံရှိမည်ဟု ခန့်မှန်းထားသော ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းတည်ဆောက်ရန် မြန်မာအစိုးရနှင့် တရုတ်နိုင်ငံ CITIC Group တို့အကြား မူဘောင်သဘောတူညီချက်ကို လာမည့်နိုဝင်ဘာ ၈ ရက်တွင် လက်မှတ်ရေးထိုးသွားမည်ဟု စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောခဲ့ပါတယ်။

 

          ''ပထမအဆင့်မှာ ရေနက်ဆိပ်ကမ်းကို ၁ ဒသမ ၃ ဘီလျံလောက် (ကန်ဒေါ်လာ)နဲ့ စပြီးတော့ အကောင်အထည်ဖော်မယ်ဆိုပြီး သဘောတူညီချက်ရခဲ့ပါတယ်။ ရလို့ နိုဝင်ဘာ ၈ ရက်မှာ CITIC နဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီတို့အကြား မူဘောင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးသွားဖို့ ရှိပါတယ်''ဟု နေပြည်တော်တွင် အောက်တိုဘာ ၃ဝ ရက်က ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

 

          CITIC Group သည် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာ ခုနစ်ဘီလျံခန့်ရှိသော ကျောက်ဖြူအထူးစီးပွားရေးဇုန်တစ်ခုလုံးကို တည်ဆောက်ရန်အတွက် ၂ဝ၁၅ ခုနှစ်၊ ဒီဇင်ဘာလကတည်းက တင်ဒါအောင်မြင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် လုပ်ငန်းများ စတင်အကောင်အထည်ဖော်ရန်အတွက် မူဘောင်သဘောတူညီချက် တစ်ရပ်လက်မှတ်ရေးထိုးရန် ညှိနှိုင်းရာတွင် မြန်မာဘက်က ပြင်ဆင်ချက်နှစ်ခုကို ထည့်သွင်းညှိနှိုင်းခဲ့ရာ အချိန်တစ်ခုကြာပြီးနောက် ယခုကဲ့သို့ သဘောတူညီခဲ့ခြင်းဖြစ်ပါတယ်။

 

          CITIC Group နှင့် မြန်မာအစိုးရတို့အကြား ပြန်လည်ညှိနှိုင်းပြီး သဘောတူညီမှုရရှိခဲ့သည့် အချက်နှစ်ချက်မှာ မူလသဘောတူညီထားသော ပိုင်ဆိုင်မှုအချိုး ၁၅း၈၅ အစား၊ ၃ဝး၇ဝ အချိုးသို့ တိုးမြှင့်ရန်နှင့် စီမံကိန်းကို အဆင့်လေးဆင့်ဖြင့် အကောင်အထည်ဖော်သွားရန်ဖြစ်ပါတယ်။အဆင့်လေးဆင့်တွင် ပထမအဆင့်ဖြစ်သော ရေနက်ဆိပ်ကမ်းကို အကောင်အထည်ဖော်ရန်အတွက် မူဘောင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးတော့မည်ဖြစ်ပါတယ်။

 

          ''၁ ဒသမ ၃ ဘီလျံနဲ့ စလုပ်ပါမယ်။ လုပ်တဲ့အခါမှာ မြန်မာဘက်ကလည်း အချိုးကျထည့်ဝင်ရမှာ ဖြစ်ပါတယ်''ဟု ဝန်ကြီးဦးအောင်ထူးက ပြောခဲ့ပါတယ်။စီမံကိန်းပိုင်ဆိုင်မှုအချိုး နှင့် ပတ်သက်ပြီးညှိနှိုင်းသဘောညီချက်အရ မြန်မာဘက်က ၁၅ ရာခိုင်နှုန်းမှ ၃ဝ ရာခိုင်နှုန်းသို့ တိုးမြင့်ရရှိမည်ဖြစ်သော်လည်း လုပ်ငန်းကုန်ကျစရိတ်များကိုပါ မြန်မာဘက်ကအချိုးကျထည့်ဝင်ရတော့မည်လဲ ဖြစ်ပါတယ်။

 

          ''မူလက ၁၅ ရာခိုင်နှုန်းမှာ မြန်မာဘက်က ငွေကြေးထည့်ဝင်ဖို့ မရှိပါဘူး။ တရုတ်ဘက်ကနေ အလွတ်ပေးတယ်ဆိုတဲ့ သဘောမျိုးပေါ့။ အခု ၃ဝ ရာခိုင်နှုန်းဆိုတော့ မြန်မာဘက်ကအချိုးကျထည့်ဝင်သွားရမယ့်သဘောဖြစ်ပါတယ်''ဟု မြန်မာတိုင်း(မ်)သို့ ပြောပြချက်အရ သိခဲ့ရပါတယ်။ ထိုကဲ့သို့ အချိုးကျ ထည့်ဝင်ရမည်ဖြစ်သောကြောင့်လည်း ရင်းနှီးမြှုပ်နှံမှုကြီးမားလွန်းသော ထိုစီမံကိန်းကို အဆင့်လေးဆင့်ဖြင့်ခွဲပြီး အကောင်အထည် ဖော်သွားမည်ဖြစ်ပါတယ်။''အဲဒီလိုထည့်ဝင်ရမှာမို့လို့ မြန်မာဘက်က ရင်းနှီးမြှုပ်နှံမှုကလည်း ကြီးမားပါတယ်။ ဒါကြောင့် ခွဲပြီးလုပ်ဖို့ပေါ့။ အောင်မြင်တဲ့ အခါကျမှ ဆက်ပြီးလုပ်မယ်''ဟု ပြောကြားချက်အရ သိခဲ့ရပါတယ်။

 

Source : myanmar time

Published in Port News

          ရန်ကုန်မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့ တော်အပြင်ပတ်လမ်းစီမံကိန်းနှင့်အတူ ပင်လယ်ကူးသင်္ဘောဆိပ်ကမ်းများ၊ Dry Ports အခြေပြုမြို့သစ်များနှင့် နိုင်ငံ၏ စီးပွားရေး စကြံလမ်းမကြီးတစ်ခုပေါ်ထွက်လာစေရန် ရည်ရွယ်ထားကြောင်း ဆောက်လုပ်ရေးဝန် ကြီးဌာနမှ သိရသည်။

 

          ရန်ကုန်မိုးပျံအမြန်လမ်းနှင့်ရန်ကုန် မြို့တော်အပြင်ပတ်လမ်း စီမံကိန်းဦးဆောင် ကော်မတီ၏ ပထမအကြိမ်အစည်းအဝေး ကို အောက်တိုဘာ ၁၇ ရက်က နေပြည်တော်ရှိရန်ကုန်မိုးပျံအမြန် လမ်းမကြီး PPP စီမံ ကိန်းအတွက်တင်ဒါနောက်ဆုံးနေ့အား နိုဝင် ဘာ ၁၃ ရက်သို့ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

          ထုတ်ပြန်ချက်တွင် ရန်ကုန်မိုးပျံအမြန်လမ်းမကြီး စီမံကိန်းအပိုင်း ၁အတွက် စိတ်ဝင်စားသူများကို အရည်အသွေးပြည့်မီမှု တောင်းဆိုချက်တင်သွင်းရန် စက်တင်ဘာ ၇ ရက် တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ စိတ်ဝင်စားသူများအနေဖြင့် ဆန်ခါတင်အရည်အသွေးပြည့်မီမှု လျှောက်လွှာများကို အောက် တိုဘာ ၃ဝ မွန်းလွဲ ၂ နာရီနောက်ဆုံးထားပြီး တင်သွင်းရန် နိုင်ငံပိုင်သတင်းစာ နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ website တွင် ထုတ်ပန်ကြေညာခဲ့ကြောင်း၊ ယခုအခါ လျှောက်လွှာတင်သွင်းမည့် ကုမ္ပဏီများ၏ တောင်းဆိုချက်အရအဆိုပါ ဆန်ခါတင်အရည်အသွေး ပြည့်မီမှုလျှောက်လွှာတင်သွင်းရန်နောက်ဆုံး ရက်ကို အောက်တိုဘာ ၃ဝ ရက်အစား နိုဝင်ဘာ ၁၃ ရက်မွန်းလွဲ ၂နာရီသို့ ပြောင်းလဲသတ် မှတ်ခဲ့ကြောင်း သိရသည်။

 

          ရန်ကုန်မိုးပျံအမြန်လမ်းမကြီးသည် ရန်ကုန်မြို့တွင်း၊ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မင်္ဂလာဒုံ စက်မှုဇုန်နှင့် ရန်ကုန်-မန္တလေးအမြန်လမ်းများ သို့ ပိုမိုလွယ်ကူစွာသွားလာနိုင်ရန် မျှော်မှန်းထားကြောင်း၊ အဆိုပါရည်ရွယ်ချက်အတွက်ဆောက်လုပ်ရေးဝန်ကြီးဌာနသည် Request For Qualifications( RFQ) နှင့် စီမံကိန်းနှင့် ပတ်သက်သော နောက်ခံသတင်းအချက်အလက်များပါဝင်သော Preliminary Information Memorandum (PIM) တို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ အမေရိကန် ဒေါ်လာ ၁၅ဝဝ အား Non-refundable fee အနေဖြင့်ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်း ဦးစီးဌာန၊ ငွေစာရင်းဌာနခွဲသို့ ပေးသွင်းပြီး ရုံးချိန်အတွင်း ဝယ်ယူနိုင်သည်။

 

          ပြည်တွင်း သို့မဟုတ် ပြည်ပမှ စိတ်ဝင်စားမှုရှိသော လုပ်ငန်းရှင်များအနေ ဖြင့် RFO တွင်ပါဝင်သော စံချိန်စံညွှန်းများအတိုင်း ပါဝင်နိုင်ကြောင်း၊ ပူးပေါင်းဖွဲ့စည်းထားသော လုပ်ငန်းရှင်များအနေဖြင့် RFQတွင် ညွှန်ပြထားသည့်အတိုင်း ဖွဲ့စည်းနိုင်သည်။အရည်အချင်းပြည့်မီသော တင်ဒါအောင်မြင်သူများကိုသာ နောက်တစ်ဆင့်ဖြစ်သည့် စီမံကိန်းအဆိုပြုလွှာကို တင်သွင်းခွင့် ပြုမည်ဖြစ်ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီး ဌာနသည် RFQ တွင် ပါဝင်သော အချက်အလက်များကို မည်သည့်အချိန်တွင်မဆို သို့မဟုတ် မည်သည့်အကြောင်းပြချက်ဖြင့်မဆို ပြင်ဆင်မွမ်းမံနိုင်မည်ဖြစ်ပြီး မည်သည့် သို့မ ဟုတ် အားလုံးသော ကြိုတင်အရည်အချင်း စစ်လျှောက်လွှာများကို ငြင်းပယ်ပိုင်ခွင့်ရှိမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

 

Source:Daily Eleven

Published in Port News

          မြန်မာ-အိန္ဒိယ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်လျက်ရှိသော ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်းအတွက် ဆိပ်ကမ်းအော်ပရေတာ (Private Port Operator) ရွေးချယ်ခန့်အပ်မည်ဖြစ်ကြောင်းပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနထံမှ သိရပါတယ်။

 

          အဆိုပါရွေးချယ်ခန့်အပ်မည့် ဆိပ်ကမ်းအော်ပရေတာသည် ကုလားတန်မြစ်ကြောင်း စီမံကိန်းတွင်ပါဝင်သော စစ်တွေဆိပ်ကမ်း၊ ပလက်ဝဆိပ်ကမ်း နှင့် ဆက်စပ်ပစ္စည်းများ၊ အဆောက်အအုံများ စီမံခန့်ခွဲခြင်း နှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများကို လုပ်ကိုင်ရမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှသိခဲ့ရပါတယ်။

 

          ထိုဆိပ်ကမ်းအော်ပရေတာကို ရွေးချယ်ခန့်ထားနိုင်ရန်အတွက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာကို အောက်တိုဘာလ ၂၂ ရက်နေ့၌ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

 

          ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်းသည် စစ်တွေဆိပ်ကမ်းတွင် တန်ချိန်နှစ်သောင်း ရေယာဉ်များ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတားတည်ဆောက်ခြင်း၊ စစ်တွေဆိပ်ကမ်းသို့ တန်ချိန် ၆၀၀၀ရှိ ရေယာဉ်များ ဝင်ထွက်နိုင်ရန်အတွက် လုံလောက်သော ရေအနက်ရှိစေရန်သောင်တူးခြင်း၊ ပလက်ဝမှ မြန်မာ-အိန္ဒိယနယ်စပ်အဝေးပြေးကားလမ်း ဖောက်လုပ်ခြင်းတို့ အပါအဝင် တန်ချိန် ၃၀၀ ရှိ ရေယာဉ်များတည်ဆောက်ခြင်း စီမံကိန်း နှင့် အခြားပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးဆိုင်ရာ စီမံကိန်းများပါဝင်သည့် စီမံကိန်းတစ်ခုလဲ ဖြစ်ပါတယ်။

 

          ယင်းကုလားတန်မြစ်ကြောင်း စီမံကိန်းကို အမေရိကန်ဒေါ်လာ ၄၈၄ သန်းခန့် ရင်းနှီးမြှုပ်နှံကာ အကောင်အထည်ဖော်မည်ဖြစ်ပြီး အဆိုပါစီမံကိန်းကို အိန္ဒိယနိုင်ငံ၏ အထောက်အပံ့များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာနထံမှ သိရပါတယ်။

 

Source : The Voice

Published in Port News