ရန်ကုန် ဆိပ်ကမ်းအတွင်း ကားထုတ်ယူရာတွင် အခက်အခဲများ ဖြစ်နေပြီး လတ်တလောတွင် ကားထုတ်ယူ၍ မရ ဖြစ်နေကြောင်း ယနေ့ မနက်တွင် ကျင်းပသည့် မြန်မာနိုင်ငံ မော်တော်ယာဉ် တင်သွင်းထုတ်
အိန္ဒိယနိုင်ငံက မြန်မာ နိုင်ငံတွင် LNG (သဘာဝဓာတ် ငွေ့ရည်) တင်သွင်းမည့် ဆိပ်ကမ်းတစ်ခုတည်ဆောက်ရန် စီစဉ်နေကြောင်း
ယင်းစီမံကိန်းကို ရန်ကုန်မြစ်ဝမှ ပင်လယ်ဘက်သို့ ရေမိုင် ၂ဝအကွာ တွင် အကောင်အထည်ဖော်နေခြင်းဖြစ်ပြီး သုံးထပ်သံကူကွန်ကရစ်အဆောက်အအုံတစ်လုံးအပါအဝင် ဆိပ်ခံတံတားတစ်စင်း၊ရေကြောင်းပြဆိုင်ရာပစ္စည်းကိရိယာများ၊Pilot Boat တို့လည်းပါဝင်မည်ဖြစ်သည်။ရေကြောင်းပြသုံးထပ်သံကူကွန်ကရစ်အဆောက်အအုံသည်အလျား ၃၃.၂ မီတာ၊အနံ ၃ဝ.၄ မီတာရှိပြီး ယင်းအဆောက်အအုံအတွင်းမီးစက်၊ရေသန့်စင်စက်၊ရေဆိုးသန့်စင်စက်၊ရေကြောင်းဆက်သွယ်ရေးကိရိယာ၊ရေဒါစက်နှင့် Pilot Boat သုံးစင်းပါဝင်မည်ဖြစ်သည်။
ယင်းစီမံကိန်းတွင် ပါဝင်မည့် ဆိပ်ခံတံတားမှာ GRT 1500 အရွယ် ရေယာဉ်များဆိုက်ကပ်နိုင်မည်ဖြစ်ပြီး ကန်ဒေါ်လာ ၂ဝ.၉သန်းအကုန်အကျခံဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ရန်ကုန်မြစ်ထဲကို ပင်လယ်ကူးသင်္ဘောကြီးများ အဝင်အထွက်လုပ်နေသောကြောင့် ဒီစီမံကိန်းသည်အများကြီးအထောက်အကူပြုမည်ဖြစ်သည်။အကျိုးရှိစေသော စီမံခန့်ခွဲမှုများ လုပ်ဆောင်နိုင်မည်ဟု သိရသည်။
ထို့ပြင်အပျော်စီးသင်္ဘောများ အများအပြားဝင်ရောက်လေ့ရှိသဖြင့် ရေကြောင်းအန္တရာယ်ကင်းဝေးစေရန်နှင့် ယင်းစီမံကိန်းက အထောက်အကူကောင်းများ ဖြစ်စေမည်ဖြစ်ကြောင်းသိရသည်။လက်ရှိတွင်ရေကြောင်းပြအဆောက်အအုံ (Offshore Fixed Pilot Station)စီမံကိန်းသည် ၆ဝရာခိုင်နှုန်းပြီးစီးနေပြီး မိုးတွင်းကာလတွင်လုပ်ငန်းများ ခေတ္တရပ်နားထားကာ ပွင့်လင်းရာသီရောက်မှ သာဆက်လက်လုပ်ကိုင်မည်ဖြစ်ကြောင်း ယင်းတည်ဆောက်ရေးလုပ်ငန်းများအတွက် ပြည်တွင်းပြည်ပ တည်ဆောက်ရေးလုပ်ငန်းရှင်များကို နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် တင်ဒါခေါ်ယူခဲ့ရာ ကမ်းဝေးပိုင်းပင်လယ်ဆောက်လုပ်ရေးလုပ်ငန်းများတွင် အတွေ့အကြုံများသည့် China Harbour Engineering မှ တင်ဒါအောင်မြင်ကာ လုပ်ငန်းများဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူပြုရန် ရန်ကုန်မြစ်ဝပင်လယ်ဘက်ရေမိုင် ၂၀ အကွာတွင် ရေကြောင်းပြ အဆောက်အအုံ တည်ဆောက်နေကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင် မြို့ပြအင်ဂျင်နီယာဌာန မြို့ပြ လုပ်ငန်း ဒုအင်ဂျင်နီယာချုပ်ဦးနေမျိုးညွန့်က အောက်တိုဘာ ၉ ရက်၌ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံး၌ပြုလုပ်သည့် ရှင်းလင်းပွဲ၌ ပြောဆိုသည်။
အထောက်အကူပြု
============
"ဒီအဆောက်အအုံပြီးရင် ဆိပ်ကမ်းကို ဝင်ထွက်ဆိုက်ကပ်တဲ့ ရေယာဉ်ကြီးများ အချိန် အခါ ရာသီမရွေးမောင်းနှင်ပေးနိုင်ပြီး နိုင်ငံရဲ့ သွင်းကုန်ပို့ကုန်ကို ပိုမိုကိုင်တွယ်နိုင်ကာ ကျွန် တော်တို့နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကို အထောက် အကူပြုစေမှာပါ"ဟု ၎င်းက ပြောဆိုသည်။ ရေကြောင်းပြ အဆောက်အအုံ တည် ဆောက်ပြီးစီးပါက ရာသီဥတုဆိုးရွားသော် လည်း ရေကြောင်းပြမှူးကြီးများနှင့် တာဝန် ထမ်းဆောင်သူများအား အခြားနေရာသို့ ရွှေ့ ပြောင်းရန်မလိုခြင်း၊ ပြုပြင်ထိန်းသိမ်းစရိတ် လျှော့ချနိုင်ခြင်း၊ ဘေးအန္တရာယ်လုံခြုံ စိတ်ချ ရခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ယင်းသို့ တည်ဆောက်ရန် ပြီးခဲ့သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပြည်တွင်းတင်ဒါခေါ်ယူခဲ့ရာ ကမ်းဝေးပင်လယ်ပြင်တည် ဆောက်ခြင်းလုပ်ငန်း အတွေ့အကြုံရှိသည့် China Harbour Engineering Co.,Ltd က တင်ဒါအောင်မြင်ခဲ့ကြောင်း၊ အဆိုပါ စီမံကိန်း၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၉ သန်းဖြစ်ပြီး လက်ရှိတည်ဆောက် ရေးလုပ်ငန်း ၆၅ ရာခိုင်နှုန်းကျော် ပြီးစီးနေကြောင်း သိရသည်။
Source : Myanmar Time/Myawaddy
ရန်ကုန်တိုင်းရှိ မြစ်ကြောင်းများကို အသုံးပြုကာ အနာဂတ်တွင် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း ပိုမို ကျယ်ပြန့်လာ အောင်လုပ်ဆောင်ရန် လှိုင်သာယာ၌ ကုန်းတွင်းဆိပ်ကမ်းတစ်ခုကိုလည်း တည်ဆောက်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှု နှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး မှ ပြောကြားခဲ့ပါတယ်။
ထိုစီမံကိန်းကို Ngwe Pin Le Integrated Logistics Zone နှင့် IWT Jetty link Dry Port ဟု အမည်ပေးခဲ့ပြီး လှိုင်သာယာ မြို့နယ် ငွေပင်လယ်စက်မှုဇုန် နှင့် အလယ်ရွာ အနီးတည်ရှိမည် ဖြစ်ပါတယ်။
ထိုလုပ်ငန်းအတွက် ဧပြီ ၄ ရက်တွင် တင်ဒါလုပ်ငန်းစဉ်ကို တိုင်းအစိုးရက လုပ်ငန်းရှင်များထံက ရှင်းပြခဲ့ကြောင်းကိုလည်း ရန်ကုန်တိုင်း အစိုးရအဖွဲ့က သတင်းထုတ်ပြန်ချက်အရ သိခဲ့ရပါတယ်။ ကုန်စည်ပို့ဆောင်ရေးသည် တကယ်တမ်း ဈေးသက်သာဆုံး ပြောရရင် ရေလမ်းခရီးပို့ဆောင် ရေးကအဓိက နေရာတွင်လည်း ပါဝင်ခဲ့ပါတယ်။
ယခုအခါတွင် ဈေှးနှုန်း မြင့်မားနေခဲ့သော ကားလမ်းကို အဓိကထား သုံးနေခဲ့ရသောကြောင့် ထိုရေလမ်းနဲ့ ကုန်စည်ပို့ဆောင်ရေးကို အမြန်ဆုံးအကောင် အထည်ဖော်ဖို့ Dry Port နဲ့ ပတ်သက်ပြီးတော့လည်း စတင်ဆောင်ရွက်ခဲ့ပါတယ် ဟု ဆက်သွယ်ရေး ဝန်ကြီးမှ ဆက်လက်ပြောဆိုခဲ့ပါတယ်။
လက်ရှိဆိပ်ကမ်းများသည် မြို့အရှေ့ဘက်တွင်ရှိပြီး အမှန်တကယ်ထွန်းကားနေခဲ့သော စက် မှုဇုန်များ နှင့် ကုန်စည်ဒိုင်များသည် မြို့အနောက်ဘက်တွင် တည်ရှိကာ ကုန်တင်ယာဉ်များ မြို့တွင်းကို ဖြတ်သန်း၍ သွားလာခဲ့ရပါတယ်။ ရန်ကုန်မြို့၌ မြို့ရှောင်လမ်းမ ရှိသောကြောင့် ယာဉ်ကြောကျပ် တည်းမှု ဖြစ်ပေါ်နေကြောင်း ပြောဆိုခဲ့ပါတယ်။
ရန်ကုန်မြို့တွင် ရန်ကုန်မြစ်၊ လှိုင်မြစ်၊ ပုဇွန်တောင်ချောင်း၊ ငမိုးရိပ်ချောင်း နှင့် ပဲခူးမြစ်ရှိပြီး ရန်ကုန် တိုင်းနှင့်ဧရာဝတီတိုင်းကြား၌ တိုးမြစ်ရှိပြီး ယင်းတို့သည်လည်း သယ်ယူပို့ဆောင်ရေးအတွက်အဖိုးတန် နေရာတွင် ရှိနေခဲ့ပါတယ်လို့ လည်းထပ်မံ၍ ပြောဆိုခဲ့ပါတယ်။
ထိုရေလမ်းခရီးကို တွင် ကျယ်စွာ အသုံးချနိုင်ရေးသည် နိုင်ငံတော် အကြီးအကဲ ခေါင်း ဆောင်၏ လမ်းညွှန်မှုဖြစ်ကြောင်း လည်း ၎င်းက ပြောသည်။
ထိုရေလမ်းခရီး သယ်ယူပို့ဆောင်ရေး၊ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းကို ပိုမိုကျယ်ပြန့်စွာ အသုံးပြု နိုင်ရေးသည် နိုင်ငံတော်အကြီးအကဲများ လမ်းညွှန်မှု့ ဖြစ်ကြောင်းကိုလည်း ဆက်လက်ပြောခဲ့ပါတယ်။
ယခု တည်ဆောက်မည့်နေရာသည် ဧရာဝတီတိုင်းဘက်ရှိ လမ်းများ နှင့် ဆက်စပ်မှုရှိခဲ့ပြီး နောက်ပိုင်းတွင်လည်း မြို့ရှောင်လမ်း နှင့် တစ်ဆက်တည်းဖြစ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
Source ; 7 Day Daily
Readmore ရန်ကုန်မြို့ကို အမှန်တကယ်ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်မည်
http://www.logisticsguide.com.mm/en/what-new/latest-updates/638-run-at-the-actual-development.html
မြန်မာ့ကမ်းရိုးတန်းသည် မြောက်ဖက်အစွန်ဆုံး ( ဘင်္ဂလားဒေ့ချ်နိုင်ငံနယ်စပ် ) နတ်မြစ်ဝမှ တောင်ဖက် အစွန်ဆုံး ( ထိုင်းနိုင်ငံနယ်စပ် ) ဘုရင့်နောင်အငူအထိ တည်ရှိပြီး ရခိုင်ကမ်းရိုးတန်း ၇၁၃ ကီလိုမီတာ၊ မြစ်ဝကျွန်းပေါ် ၄၃၇ ကီလိုမီတာနှင့် တနင်္သာရီကမ်းရိုးတန်း ၁,၀၇၈ ကီလိုမီတာ ဖြစ်ကာ စုစုပေါင်း ကမ်းရိုးတန်းအလျား အရှည်မှာ (၂,၂၂၈) ကီလိုမီတာ ( ရေမိုင်အားဖြင့် ၁,၂၆၀ ကီလိုမီတာ ) ရှည်လျားသည်။
ယင်းကမ်းရိုးတန်းတစ်လျှောက်တွင် ကုန်သွယ်မှုဆိပ်ကမ်း (၁၀) ခု ( ရန်ကုန်ဆိပ်ကမ်း ဧရိယာတွင် အတွင်းဆိပ်ကမ်းအဖြစ် ရန်ကုန်ဆိပ်ကမ်းနှင့် အပြင်ဆိပ်ကမ်းအဖြစ် သီလဝါဆိပ်ကမ်း ဟူ၍ နှစ်ခု ရှိသည်။ ) ရှိပြီး တစ်နိုင်ငံလုံး၏ ကုန်သွယ်မှု (၇၅) ရာခိုင်နှုန်းခန့်သည် အဆိုပါ ရေကြောင်းကုန်သွယ်မှုလုပ်ငန်းများမှ ရရှိခြင်း ဖြစ်သည်။
သို့ရာတွင် တစ်နိုင်ငံလုံး၌ ရန်ကုန်ဆိပ်ကမ်း ( သီလဝါဆိပ်ကမ်းအပါအဝင် ) တစ်ခုသာ နိုင်ငံတကာ ကုန်သွယ်ရေးသင်္ဘောကြီးများ ဆိုက်ကပ်နိုင်ပြီး ကျန်မြို့ (၈) မြို့ရှိ ဆိပ်ကမ်းများသည် ပင်လယ်ရေကြောင်းလမ်းဖြင့် ကုန်သွယ်မှု ဆောင်ရွက်နေသော်လည်း ပြည်တွင်းဆိပ်ကမ်း အဆင့်သာ ရှိသည်ဟု သိရသည်။
ရေကြောင်းကုန်သွယ်မှုလုပ်ငန်း အားလုံး၏ အသက်သွေးကြောဖြစ်သော ဆိပ်ကမ်းတစ်ခုချင်းစီ အကြောင်းကို အောက်တွင် ဆက်လက် ဖတ်ရှုနိုင်သည်။
ကုန်သွယ်မှုဆိပ်ကမ်းများ
Advertisement
Click Here > Myan Express Logistics
အလောင်းမင်းဘုရားလက်ထက် ၁၇၅၅ ခုနှစ်မှ စတင်၍ ရန်ကုန်ကို ပင်မဆိပ်ကမ်းအဖြစ် လုပ်ငန်းလည်ပတ်ခဲ့သည်။ ရန်ကုန်ဆိပ်ကမ်းသည် အဓိက နိုင်ငံတကာ ဆိပ်ကမ်းတစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံ ရေကြောင်းဖြင့် ကုန်သွယ်မှုပမာဏ၏ (၉၀) ရာခိုင်နှုန်းကျော်အား ကိုင်တွယ် ဆောင်ရွက်ပေးလျက် ရှိသည်။
ဆူးလေ၊ ဗိုလ်အောင်ကျော်၊ ထီးတန်း၊ အလုံ၊ ယုဇန အစရှိသဖြင့် ဆိပ်ကမ်းနေရာနှင့် ဆိပ်ခံတံတား (၁၀) ခုရှိပြီး ယင်းဆိပ်ကမ်းအားလုံးကို ရန်ကုန်ဆိပ်ကမ်းအဖြစ် သတ်မှတ်ထားသည်။ ဆိပ်ကမ်းအတွင်းဧရိယာတွင် အလျား ၁၆၇ မီတာ၊ ရေစူး ၉ မီတာနှင့် တန်ချိန် ၁၅၀ဝ၀ (DWT) ရှိ သင်္ဘောကြီး များ ဝင်ထွက် ဆိုက်ကပ် နိုင်သည်။
ရန်ကုန်ဆိပ်ကမ်းတွင် ကုန်သေတ္တာများ ကိုင်တွယ်ဆောင်ရွက်မှုကို ယခင်က မြန်မာ့ဆိပ်ကမ်းအာဏာပိုင် တစ်ခုတည်းကသာ ဆောင်ရွက်နေခဲ့သော်လည်း ယခုအခါ ပုဂ္ဂလိကကုမ္ပဏီများကပါ ကုန်သေတ္တာ ကိုင်တွယ် ဖြေရှင်းရေးလုပ်ငန်းကို ဝင်ရောက် လုပ်ကိုင်ခွင့်ပြုထားသည်။
၁၉၉၈ ခုနှစ်တွင် လုပ်ငန်းစတင် လည်ပတ်ခဲ့သော မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း (သီလဝါ) သည် ကျောက်တန်းမြို့နယ်တွင် တည်ရှိပြီး အပြည်ပြည်ဆိုင်ရာ ကွန်တိန်နာများ သယ်ယူ ပို့ဆောင်ပေးနေသည့် အကြီးဆုံးသော ရေနက်ဆိပ်ကမ်း ဖြစ်သည်။
ရန်ကုန်မြို့၏ တောင်ဘက် ၂၅ ကီလိုမီတာ (၁၈ မိုင်) အကွာတွင် တည်ရှိပြီး တစ်နေ့လျှင် ၂၄ နာရီ၊ တစ်ပတ် ခုနှစ်ရက်ပတ်လုံး လုပ်ငန်းဆောင်ရွက်လျက် ရှိသည်။ သီလဝါဧရိယာတွင် အလျား ၂၀ဝ မီတာ၊ ရေစူး ၉ မီတာနှင့် တန်ချိန် ၂၀,ဝ၀ဝ ရှိ သင်္ဘောကြီးများ ဝင်ထွက် ဆိုက်ကပ်နိုင်သည်။
ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန် အတွင်းဆိပ်ကမ်း ဧရိယာတွင် အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတံတား (၂၇) စင်းနှင့် သီလဝါ အပြင်ဆိပ်ကမ်းဧရိယာတွင် ဆိပ်ကမ်းတံတား (၁၉) စင်း၊ စုစုပေါင်း တံတား (၄၆) စင်းကို တစ်ပြိုင်နက်တည်း ဝန်ဆောင်မှုပေးလျက် ရှိသည်။
စစ်တွေဆိပ်ကမ်းကို ၂၀၀၈ ခုနှစ်တွင် အိန္ဒိယအစိုးရ၏ ဒေါ်လာသန်း (၅၀၀) မတည်ငွေဖြင့် စတင် တည်ဆောက်ခဲ့ပြီး ရေလမ်းကြောင်းမှ ရေစူး ၂၂ ပေအထိ သင်္ဘောကြီးများ ဝင်ထွက်နိုင်ပြီး ပေ ၄၅၀ နှင့် တန်ချိန် ၁၀,၀၀၀ ရှိသော ရေယာဉ်များ ဆိုက်ကပ်နိုင်သည်။
အဓိက ဆိပ်ကမ်းဧရိယာ (၂) ခု ခွဲခြားထားပြီး အကြီးဆုံးမှာ စစ်တွေမြို့လယ်ရှိ ကြယ်ငါးပွင့်ဂိတ် ဖြစ်ကာ ဒုတိယမှာ စစ်တွေမြို့ တောင်ပိုင်းရှိ မင်းဂံဆိပ်ကမ်း ဖြစ်သည်။ နှစ်ခုစလုံးသည် ၂၃၅ မီတာ ကျယ်ဝန်းသော ကွန်ကရစ် ဆိပ်ခံတံတားများ ဖြစ်သည်။
ကျောက်ဖြူဆိပ်ကမ်းကို အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအတွင်း ဗြိတိသျှအစိုးရက ၁၈၃၇ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ ရခိုင်ပြည်နယ်ထဲတွင် တည်ရှိပြီး ပေ ၁,၀၀၀ အထက် ကုန်တင် သင်္ဘောကြီးများ ဝင်ထွက် သွားလာနိုင်သော ကုန်စည်တင်ပို့ရာ ရေနက်ဆိပ်ကမ်း အမျိုးအစား ဖြစ်သည်။
အဆိုပါ ရေနက်ဆိပ်ကမ်းသည် စီမံကိန်းတစ်ခုအဖြစ် တည်ရှိကာ ရေနက်ဆိပ်ခံတံတား အမှတ် (၁) နှင့် အမှတ် (၂) တို့တွင် ဒေသတွင်းသင်္ဘောများသာ ဆိုက်ကပ်နိုင်သေးသဖြင့် ရေနက်ဆိပ်ကမ်း အထောက်အကူပြုနိုင်သည့် ဆိပ်ခံတံတားများကို ထပ်မံ တည်ဆောက်နေသည့်အတွက် နောင်တွင် တံတား (၄) စင်းအထိ ရှိလာမည် ဖြစ်သည်။
သဗြုချိုင်ဗောတံတား၊ လုံးသာချိုင့်အနီး ကျောက်ချစခန်းနှင့် သဗြုချိုင်အနီး ကျောက်ချစခန်းများ ရှိကာ ပေ ၂၀၀ မှ ၂၄၀ အလျားရှိပြီး ကုန်ပစ္စည်း တန်ချိန် ၁,၅၀၀ မှ ၃,၀၀၀ တန်ထိ တင်ဆောင်ထားသည့် ရေယာဉ်များ ဆိပ်ကမ်းသို့ ဆိုက်ကပ်နိုင်သည်။
သံတွဲဆိပ်ကမ်းသည် အဓိကအားဖြင့် သင်္ဘောကြီးများ ဝင်ထွက်မှုအတွက် ရေကြောင်းပြလုပ်ငန်း၊ သင်္ဘောကိုယ်စားလှယ်လုပ်ငန်းနှင့် ကုန်တင်ကုန်ချ လုပ်ငန်းများကို ဆောင်ရွက်ပေးသည်။
အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအတွင်း ၁၈၂၆ ခုနှစ်တွင် ပုသိမ်ဆိပ်ကမ်းကို တည်ဆောက်ခဲ့သည်။ ပုသိမ်ဆိပ်ကမ်းသည် ဧရာဝတီတိုင်းဒေသကြီးအတွက် ပို့ကုန်၊ သွင်းကုန်များ မှာယူ တင်ပို့ရာတွင် အရေးပါသော ဆိပ်ကမ်း ဖြစ်ပြီး ဆိပ်ခံတံတား (၁၀) ခု ရှိကာ ဝဲကြီးထောင့်တံတားသည် အကြီးဆုံး ဖြစ်သည်။
ပုသိမ်ဆိပ်ကမ်းသည် ပုသိမ်မြို့အပါအဝင် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များကို ကုန်သွယ်ရန်သာ အဆင့်ပြည့်မီသေးပြီး အလျား ၁၄၀ မီတာ၊ ရေစူး ၆.၅ မီတာနှင့် တန်ချိန် ၁၅,ဝ၀ဝ ရှိ သင်္ဘောများ ဝင်ထွက် ဆိုက်ကပ်နိုင်သည်။
ကိုလိုနီခေတ် ၁၈၂၆ ခုနှစ်နှင့် ၁၈၆၂ ခုနှစ်ကြားတွင် မော်လမြိုင်ဆိပ်ကမ်းကို တည်ဆောက်ခဲ့ပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ၁၉၁၅ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့သည်။
မော်လမြိုင်ဆိပ်ကမ်းတွင် ဈေးကြီးတံတား၊ မြိတ်တံတား၊ ရွှေမြိုင်တံတား၊ ဆိပ်ကမ်းသာတံတား၊ ထားဝယ်တံတား၊ သံလွင်တံတားနှင့် ကျောက်မီးသွေးတံတား စသဖြင့် ဝန်ဆောင်မှုပေးနေသည့် ဆိပ်ခံတံတား (၇) ခု ရှိပြီး ဝန်ထမ်းစုစုပေါင်း (၅၀) ရှိသည်။
ထားဝယ်ဆိပ်ကမ်းသည် ရေနက်ဆိပ်ကမ်း အမျိုးအစား ဖြစ်ပြီး ဆိပ်ကမ်းသာတံတား၊ ရေဝန်တံတား၊ ဆင်ဖြူပြင်တံတားများ ရှိပြီး ထားဝယ်မြစ်ရေလမ်းကြောင်းသည် အကွေ့အကောက်များပြီး သဲသောင်ခုံများ ရှိသဖြင့် နှစ်ပိုင်းခွဲ၍ ဝင်ရောက်နိုင်သည်။
ထားဝယ်မြို့ ဆင်ဖြူပြင်ဆိပ်ကမ်းသို့ အလျား ၂၄၀ ပေ၊ ရေစူး ၁၃ ပေရှိသော ရေယာဉ်များ ဝင်ရောက်နိုင်ပြီး ဆိပ်ခံတံတားများကိုမူ အလျား ၁၀၀ ပေ၊ ရေစူး ၁၃ ပေထက် မကိုသော ကမ်းရိုးတန်းသွား ကုန်တင်စက်လှေများ ဝင်ရောက်နိုင်သည်။
၂၀၀၅ ခုနှစ်တွင် ထိုင်းနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များက ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကို အကောင်အထည်ဖော်နိုင်ရန် ကနဦးလေ့လာမှု ပြုလုပ်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ထိုင်းနိုင်ငံ Italian-Thai Development ကုမ္ပဏီနှင့် မြန်မာအစိုးရတို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။
မြိတ်ဆိပ်ကမ်းတွင် ဆိပ်ငယ်တံတား၊ နောက်လယ်တံတားနှင့် မြို့သစ်ယောကြီးဝတံတားများ ရှိပြီး မြို့သစ်ယောကြီးဝတံတား တစ်ခုထဲသာ ခရီးသည်နှင့် ကုန်တင်ရေယာဉ်များ (၂၄) နာရီပတ်လုံး ဆိုက်ကပ် ဝင်ရောက်နိုင်သည်။
ဆိပ်ကမ်းအတွင်းသို့ အလျား (၂၄၀) ပေ၊ ရေစူး (၁၃) ပေရှိသော သင်္ဘောကြီးများ ဝင်ရောက်နိုင်ပြီး ကျောက်ချစခန်းတွင် ကျောက်ချ ရပ်နားနိုင်သည်။
ကော့သောင်းမြို့ကို မြောက်ဖက်အဝင် ရေလမ်းကြောင်းနှင့် အနောက်ဘက်အဝင် ရေလမ်းကြောင်း (၂) ခုမှ ဝင်ရောက်နိုင်ပြီး ရေလမ်းကြောင်း ကျဉ်းမြောင်းသဖြင့် ရေယာဉ်အလျား ၁၁၅ ပေနှင့် ၂၅၀ ပေ၊ ရေစူး ၂ မီတာထက် ပိုသော ရေယာဉ်များ ဝင်ထွက်ရန် မသင့်ပါ။
အပြင်ကျောက်ချစခန်း တစ်ခုနှင့် အတွင်းကျောက်ချစခန်း နှစ်ခု ရှိပြီး ကော့သောင်းဆိပ်ကမ်းအတွင်းသို့ အလျား ၂၅၀ ပေ၊ ရေစူး ၁၃ ပေ ရှိသော ရေယာယ်များ ရေစောင့်ရန် မလိုဘဲ ဝင်ရောက် ဆိုက်ကပ်နိုင်ပြီး တော်ဝင်တံတား၊ မြို့မတံတားနှင့် ဘုရင့်နောင်တံတား ဟူ၍ ဆိပ်ခံတံတား (၃) ခု ရှိသည်။
အထက်ပါ ဖော်ပြခဲ့သော ရေကြောင်းကုန်သွယ်မှု ဆိပ်ကမ်းများတွင် လက်ရှိ မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ်လျက်ရှိသော ပြည်တွင်းပြည်ပ ဆိပ်ကမ်းများ ဖြစ်ပြီး ကုလားဂုတ် ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် ဧရာဝတီတိုင်းဒေသကြီး Western Port ရေနက်ဆိပ်ကမ်းစီမံကိန်း (ငရုတ်အော်) (၂) ခုကိုလည်း ထပ်မံ တည်ဆောက်နိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။
ကုလားဂုတ် ရေနက်ဆိပ်ကမ်းစီမံကိန်း
မွန်ပြည်နယ်ရှိ ကုလားဂုတ်ဒေသတွင် ကုလားဂုတ် ရေနက်ဆိပ်ကမ်းစီမံကိန်းကို ဖော်ဆောင်မည် ဖြစ်ပြီး GMS နှင့် အာဆီယံဒေသအကြားရှိ အရှေ့-အနောက် စီးပွားရေးစင်္ကြန်လမ်းနှင့် တရုတ်- အာဆီယံဒေသအကြားရှိ တောင်-မြောက် စီးပွားရေးစင်္ကြန်လမ်းတို့နှင့် ဆက်သွယ်ထားသည်။
ငရုတ်အော် ရေနက်ဆိပ်ကမ်းစီမံကိန်း
ပုသိမ်မြို့၏ အနောက်တောင်ဘက် (၁၀၀) မိုင်ခန့် အကွာတွင် ဒေသတွင်းနှင့် နိုင်ငံတကာသို့ ရေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်စေရန် ငရုတ်အော် ရေနက်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်သည်။
မြန်မာတစ်နိုင်ငံလုံးရှိ ဆိပ်ကမ်းများနှင့် ဆိပ်ခံတံတားများ အားလုံး၏ အသေးစိတ် အချက်အလက်များကို အောက်ပါလင့်ခ်တွင် ပြည့်ပြည့်စုံစုံ ဝင်ရောက် လေ့လာ ကြည့်ရှုနိုင်သည်။
> http://www.mpa.gov.mm/my/yagon-ports-2
> http://www.mpa.gov.mm/yangon-ports/
Su Mon Oo
Ref : MPA, Google Sources
Photos go to owners/ original uploaders
အေးရှားဝေါဆိပ်ကမ်း၌ ကုန်သေတ္တာများအား ကိုင်တွယ်အသုံးပြုရာတွင် လွယ်ကူလျင်မြန်ပြီး အဆင် ပြေချောမွေ့စေ ရန် ခြောက်လုံးဆင့်