Knowledge

Friday, 31 January 2020 07:44

Supply Chain Management Procurement

Supply Chain Management တွင် Procurement ကဏ္ဍသည် အရေးကြီးသော အစိတ်အပိုင်းအဖြစ်ပါဝင်နေပါသည်။ အဖွဲ့အစည်း (or) ကုမ္ပဏီတစ်ခုတွင်လည်း Procurement ဌာန၏ လုပ်ဆောင်ချက်များသည် အဆိုပါ အဖွဲ့အစည်း (or) ကုမ္ပဏီ၏ Profit များခြင်း/နည်းခြင်းနှင့် တိုက်ရိုက်သက်ဆိုင်နေပါသည်။ ထိုကြောင့် Procurementကောင်းတစ်ယောက်ဖြစ်ရန်လိုအပ်သည်များကို မျှဝေပေးချင်ပါသည်။ အရင်ဆုံး တစ်ချို့တွေရောထွေးလေ့ရှိတဲ့ Purchasing နဲ့ Procurement ဘယ်လိုကွာလည်းပြောပါမည်။

Published in Local Industry



ထောက်ပံ့ဖြည့်ဆည်းကွင်းဆက်စီမံခန့်ခွဲမှုသည် ထောက်ပံ့ပို့ဆောင်စီမံခန့်ခွဲမှုကို ပိုမိုအဆင့်မြင့် နက်နဲသည့် ပုံစံဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ထောက်ပံ့ဖြည့်ဆည်းကွင်းဆက်ကို စီမံခန့်ခွဲရန် ရည်ရွယ်သည်။ ထိုအယူအဆ၏ ကျိုးကြောင်းဖော်ပြချက်မှာ ဖောက်သည်(စားသုံးသူ) ကိုပေးသည့် ဝန်ဆောင်မှုကို ပိုမိုကောင်းမွန်ရန်နှင့် ကုန်ကျစရိတ်သက်သာစေရန်အတွက် အခွင့်အလမ်း (အခြားနည်းလမ်း) များရရှိနိုင်ရေးဖြစ်သည်။ အရေးပါသည့် ရည်ရွယ်ချက်တစ်ရပ်မှာ လျင်မြန်စွာပြောင်းလဲနေသော စားသုံးသူလိုအပ်ချက်များနှင့် ပြင်းထန်သော ပြိုင်ဆိုင်မှုများ ရှိနေစေကာမူ ကမ္ဘာတစ်ဝှမ်းရှိဈေးကွက်များတွင် ကုမ္ပဏီတစ်ခု၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်နိုင်ရန်ဖြစ်သည်။


          ၁၉၆၀ နှစ်များမှာ ပုံ (၄) တွင် ဖော်ပြထားတဲ့ အတိုင်း မတူညီသော လုပ်ငန်းများ သီးခြားတစ်ခုစီ ကွဲပြားလျှက် ဆောင်ရွက်ကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲလို သီးခြားစီ ဆောင်ရွက် နေကြရာကနေ ၁၉၈၀ နှစ်များ နောက်ပိုင်းမှာတော့ ဆက်စပ် ပတ်သက်တဲ့ လုပ်ငန်းများ အလိုက် စုစည်း ချိတ်ဆက် ဆောင်ရွက်လာကြတဲ့ အလေ့အထများကို တွေ့လာရပါတယ်။ အဲလို ဆောင်ရွက် လာရာမှာ ကုန်ကြမ်း မှသည် ကုန်ချော ပစ္စည်းများ ထုတ်လုပ်ခြင်းအထိ သက်ဆိုင်တဲ့ လုပ်ငန်းစဉ်များကို Materid Management အဖြစ် လည်းကောင်း၊ ကုန်ချော ပစ္စည်းများ ဖြန့်ဖြူးခြင်းနဲ့ဆိုင်တဲ့ လုပ်ငန်းစဉ်များကို Physical Distribution အဖြစ် လည်းကောင်း ဆက်စပ်တဲ့ လုပ်ငန်းစဉ်များကို ပေါင်းစုဆောင်ရွက်ခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ စီမံခန့်ခွဲမှု အခြေအနေများကို ရရှိခဲ့ကြပါတယ်။

 

          ၁၉၉၀ နောက်ပိုင်း နှစ်များမှာတော့ လုပ်ငန်းကဏ္ဍ အတွင်း ဆက်စပ် ပါဝင် ဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်များကို သီးခြားစီ ဆောင်ရွက်ခြင်းမျိုး မဟုတ်တော့ပဲ ချိတ်ဆက် ဆက်စပ် ပူးပေါင်း စီမံခန့်ခွဲ ဆောက်ရွက်ခြင်းအားဖြင့် ကုန်ကျစရိတ်သက်သာခြင်း၊ စားသုံးသူ လိုအပ်ချက်နှင့် ကိုက်ညီအောင် ဆောင်ရွက်နိုင်ခြင်း၊ အလေအလွင့် အဆုံးအရှုံး နည်းပါခြင်း စတဲ့ ကောင်းကျိုးများ ရရှိနိုင်ကြောင်း သိရှိလာကြပါတယ်။ အဲသည်လို ဆက်စပ် ပူးပေါင်း စီမံဆောင်ရွက်ခြင်းများ၊ ပံ့ပိုး ဖြည့်ဆည်း ဆောင်ရွက်ခြင်းများကို Logistics ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆောင်ရွက်ကြတဲ့ အလေ့အထကို စတင် ကျင့်သုံးလာခဲ့ကြပြီး၊ Logistics ဆိုတဲ့ စကားရပ်ကိုလည်း လုပ်ငန်း နယ်ပယ် အနှံ့အပြားမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာတာကို တွေ့ရပါတယ်။

 

          နည်းပညာ မြင့်မားလာခြင်း၊ သတင်းအချက်အလက်ဆိုင်ရာ နည်းစနစ်များ ခေတ်မီတိုးတက် ပြောင်းလဲလာခြင်း၊ ပြိုင်ဆိုင်မှုပြင်းထန်လာခြင်းစတဲ့ ပြောင်းလဲမှုများနဲ့ အတူကုန်ပစ္စည်း ထုတ်လုပ်ခြင်းမှစပြီး ကုန်ပစ္စည်း ဖြန့်ဖြူးခြင်းအထိသာ မကပဲ၊ သတင်းအချက်အလက် နှင့် နည်းပညာများကို အသုံးပြုပြီးတော့ လုပ်ငန်းစဉ် ဆက်စပ်မှုများအတွက် လွယ်ကူထိရောက်မယ့် စနစ်များတီထွင် အသုံးပြုလာကြတာတွေ၊ ဈေးကွက် ပြိုင်ဆိုင်မှုများ ပိုမိုဆောင်ရွက်လာကြတာတွေ၊ ဗျူဟာကျကျ စီမံခန့်ခွဲခြင်းများ နှင့် ငွေရေးကြေးရေး စီမံခန့်ခွဲမှု ကိစ္စရပ်များပါ ပေါင်းစပ်စဉ်စား ဆောင်ရွက်လာကြပြီးတော့ ထောက်ပံ့ ဖြည့်ဆည်းမှု ကွင်းဆက် တစ်ခုလုံးကို ခြုံငုံ စီမံခန့်ခွဲခြင်းဆောင်ရွက်လာကြတဲ့အတွက် မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေ၊ အပို ကုန်ကျ စရိတ်တွေကို လျော့ချနိုင်ကြတဲ့ အကျိုးကျေးဇူးများ ပိုပြီး ရရှိ လာကြပါတယ်။ ထိုသို့ဖြင့် သက္ကရာဇ် ၂၀၀၀ နောက်ပိုင်း ကာလများမှာတော့ လုပ်ငန်း ကဏ္ဍ အသီးသီးမှာ ကုန်ကြမ်း အဆင့် ကနေပြီးတော့ ကုန်ချောထုတ်လုပ်ပြီး စားသုံးသူ လက်ထဲ ရောက်တဲ့အထိ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေသာမကပဲ၊ အဲဒီ လုပ်ငန်းစဉ်တွေကို ထောက်ပံ့ ဖြည့်ဆည်းပေးရတဲ့ ကွင်းဆက် လုပ်ငန်းတွေကိုပါ ထည့်သွင်း စဉ်းစား ဆောင်ရွက်လာကြတဲ့ အလေ့အကျင့်များ ဖြစ်ထွန်း ပေါ်ပေါက် လာခဲ့ပါတယ်။

 

          မြန်မာနိုင်ငံမှာ ကုန်ပစ္စည်းဈေးနှုန်းများ ကြီးမားရခြင်း၊ မြို့ပြ နှင့် ကျေးလက် ကုန်ပစ္စည်းဈေးနှုန်း ကွာခြားမှု ကြီးမားရခြင်း၊ နိုင်ငံမှထွက်ကုန်သီးနှံများ နိုင်ငံရပ်ခြားဈေးကွက်တွင် ဈေးနှုန်းယှဉ်ပြိုင်နိုင်မှု အခြေအနေနည်းပါးရခြင်းတို့ အပါအဝင် နိုင်ငံတစ်ကာနဲ့ နှိုင်းဆပါက အားနည်းချက်များ အများအပြား ဖြစ်ပေါ်နေတာကို တွေ့နေရပါတယ်။ အားနည်းချက်များ ဖြစ်ပေါ်ရတဲ့ အကြောင်းတရားတွေများစွာ ရှိနိုင်သော်လည်း လုပ်ငန်းကဏ္ဍ အသီးသီးမှာ Logistics လုပ်ငန်းများ ကွန်ရက်သဖွယ် ဆက်စပ်ဆောင်ရွက်နိုင်မှု အားနည်းလျှက်ရှိနေတာဟာ ( အရေးပါတဲ့ အကြောင်းရင်းခံ တစ်ရပ်ပဲ ဖြစ်ပါတယ်။

 

          အဲဒါကြောင့် နိုင်ငံရဲ့ စီးပွားရေး ကောင်းမွန်လာဖို့၊ ကုန်သွယ်မှု တိုးတက်လာစေဖို့၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံတဲ့သူတွေ စိတ်ဝင်တစား လာရောက် ရင်းနှီးမြှုပ်နှံ လာကြဖို့၊ နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်လာစေဖို့ စတာတွေ အပါအဝင် ကောင်းမွန်တဲ့ | အနာဂါတ်နိုင်ငံတော် တည်ဆောက်တဲ့အချိန်မှာ ထောက်ပံ့ ဖြည့်ဆည်းမှု စီမံဆောင်ရွက်မှု ကဏ္ဍ ဖွံ့ဖြိုး တိုးတက် ကောင်းမွန်ဖို့ မဖြစ်မနေလိုအပ်မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လုပ်ငန်းနယ်ပယ် အသီးသီးမှာ ပါဝင်လျှက်ရှိတဲ့ ထောက်ပံ့ဖြည့်ဆည်း စီမံဆောင်ရွက်မှု (Logistics) လုပ်ငန်းစဉ် တွေကို ထောက်ပံ့ ဖြည့်ဆည်းမှု ကွင်းဆက် (Supply Chain) စီမံခန့်ခွဲမှု အမြင်နဲ့ ချဉ်းကပ် လေ့လာ နားလည်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

 

Source : dr myo


Supply Chain ရဲ့နားလည်ဖို့လိုအပ်တဲ့ မွေးရာပါစီးဆင်းမှုလေးခုဟာ

Published in Rules & Regulations

သုံးစွဲသူဗဟိုပြု Supply chain တစ်ခု ဖန်တီးတည်ဆောက်ရာတွင် အထူး သတိပြုဆောင်ရွက်သင့်သည့် အဓိက အချက်များပဲ ဖြစ်ပါတယ်။


ထောက်ပံ့ဖြည့်ဆည်းကွင်းဆက်(Supply Chain) ကိုလည်း အမျိုးမျိုး အဓိပ္ပါယ်ဖွင့်ဆိုကြပါသည်။ ထိုသို့ အဓိပ္ပါယ်ဖွင့်ဆိုမှုများအနက် ထင်ရှားသော အဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ခုမှာ အောက်ပါအတိုင်းဖြစ်ပါတယ်-
