Knowledge

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပြောင်းဆန်များကို ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့လျက်ရှိပြီး ယခုအခါ တရုတ် နိုင်ငံသို့ပါ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှတစ်ဆင့် တင်ပို့ရန် တရုတ်ကုန်သည်များနှင့် မြန်မာကုန်သည်များ ဈေးနှုန်း ညှိနှိုင်းဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ သိရသည်။

 

ထိုင်းနိုင်ငံသို့ ယခု ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်မှ စတင်၍ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းဆန်တင်ခဲ့ပြီး သြဂုတ် (၃၁) ရက်အထိ လုပ်ဆောင်သွားမည် ဖြစ်ကာ ယင်းကာလ ကုန်ဆုံးချိန်တွင် တရုတ်သို့ ဆက်လက် တင်ပို့နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောင်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက သြဂုတ် (၁၀) ရက်တွင် ပြောသည်။ 

 

" ဒီလကုန်ပြီးရင်တော့ ထိုင်းဘက်က အခွန်ကင်းလွတ်ခွင့်ပေးထားတဲ့အချိန် ပြီးသွားပြီပေါ့နော်။ ဒါပေမဲ့လည်း  ပင်လယ်ရေကြောင်းကနေ သွားတာရှိမယ်။ ပြည်တွင်းအစာစက်တွေ ရှိမယ်။ တခြားနေရာတွေမှာ သုံးဖို့အတွက်ပေါ့၊ ဥပမာ- တရုတ်နယ်စပ်မှာ   ဘိန်းအစားထိုးတို့ ဘာတို့ပေါ့နော်။ ဒေသဖွံ့ဖြိုးရေးအတွက် အဲဒီလို ခွင့်ပြုတာရှိတယ်။ အဲဒီဟာတွေ ဆက်သွားကြမှာပေါ့။ " ဟု ၎င်းက ပြောသည်။ 

 

ထို့ပြင် ယခုလအတွင်း  တရုတ်နိုင်ငံတွင် ကျင်းပမည့် ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ ဌာနဆိုင်ရာများနှင့် ကုန်သည် များကို ဖိတ်ခေါ်ထားသည့်အတွက် ယင်းပြပွဲတွင် မြန်မာ့ ပြောင်းတင်ပို့ခွင့်ရရှိရန် အခွင့်အလမ်းများ ရရှိနိုင်သည်ဟု ဆိုသည်။ 

 

     Advertisement

Click Here > Myanmar Inspection Technology

 

၎င်းက “ အခု တရုတ်ပြည်မှာလည်း ဒီလထဲမှာတင်ပဲ ကုန်စည်ပြပွဲတစ်ခုကို မြန်မာပြည်က ကုန်သည်တွေနဲ့ တိုင်းရင်းသား ပြည်နယ်ငါးခုက ဌာနဆိုင်ရာတွေနဲ့ ကုန်သည်တွေကို ဖိတ်ကြားထားတာ ရှိတယ်။ အဲဒီမှာလည်း တကယ်လို့ ပြောင်းနဲ့ ပတ်သက်တဲ့ အခန်းကဏ္ဍတွေ ပါလာလို့၊ ဈေးနှုန်းကိုက်ညီလို့ ရောင်းလို့ ရတယ်ဆိုရင်တော့လည်း    တရုတ်နဲ့က  အရောင်း အဝယ်မလုပ်တာ နည်းနည်းလေးကြာတော့ ပြန်ပြီး အရောင်း အဝယ် ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့ “ ဟု  ဆက်လက် ပြောကြားသည်။

 

တရုတ်နိုင်ငံသို့ မြန်မာ့ပြောင်းတင်ပို့မှုသည်  တရုတ်- မြန်မာနယ်စပ်ဒေသတွင်  ဘိန်းအစားထိုးသီးနှံအဖြစ် စိုက်ပျိုးထားသည့် ပြောင်းများကိုသာ တင်ပို့မှု ရှိနေခြင်းဖြစ်ပြီး တခြားဒေသမှ ထွက်ရှိသည့် ပြောင်းများကို တင်ပို့မှုမရှိသည်မှာ ကြာမြင့်နေပြီဖြစ်ကာ ဘိန်းအစားထိုးသီးနှံအဖြစ်  တင်ပို့ခွင့်ရရှိသည့် ကာလသည်လည်း  သုံးလခန့်သာ ရှိသေးကြောင်း သိရသည်။

 

ပြည်တွင်းရှိ ပြောင်းကုန်သည်များအနေဖြင့် တရုတ်နိုင်ငံသို့ ပြောင်းတင်ပို့မှုများ ပြုလုပ်လိုသော်လည်း တရုတ် နိုင်ငံမှ ဝယ်ယူသည့် ဈေးနှုန်းနည်းပါးခြင်းနှင့် တင်ပို့ရာတွင် ကုန်ကျစရိတ်များ ကြီးမြင့်ခြင်းတို့ကြောင့် ပြောင်းတင်ပို့မှုများ ကို ရပ်နားလာကြသည်ဟု ဆိုသည်။

 

လက်ရှိတွင် ထိုင်းနိုင်ငံသို့ ပြောင်းကို အခွန်ကင်းလွတ်ခွင့် ကာလဖြင့် တင်ပို့မှု  ကုန်ဆုံးတော့မည် ဖြစ်သည့်အတွက် တရုတ်နိုင်ငံက မြန်မာ့ပြောင်းကို ဝယ်ယူပြီး ဈေးနှုန်းအဆင်ပြေမည်ဆိုပါက  ကုန်သည်များအနေဖြင့်  တရုတ်နိုင်ငံသို့ ပြန်လည် တင်ပို့ကြမည် ဖြစ်ကြောင်း သိရသည်။

Published in Export & Import

မြန်မာနိုင်ငံ၏ ကုန်သွယ်မှု အချိုးအရ တစ်နိုင်ငံလုံး၏ ကုန်သွယ်မှု (၇၅) ရာခိုင်နှုန်းခန့်သည် ပယ်လယ်ရေကြောင်း ကုန်သွယ်မှုဖြစ်ပြီး ကျန်သည့် (၂၅) ရာခိုင်နှုန်းခန့်သည် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများမှ ရရှိခြင်း ဖြစ်သည်။

 

တစ်နိုင်ငံလုံးတွင် နယ်စပ်ကုန်သွယ်ရေးစခန်းပေါင်း အခု (၂၀) ရှိပြီး မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိသော အိမ်နီးချင်း နိုင်ငံ (၄) နိုင်ငံနှင့် အဓိက ကုန်သွယ်မှု ပြုလုပ်လျက် ရှိသည်။ နယ်စပ်ကုန်သွယ်မှုများ အဆင်ပြေ၊ လွယ်ကူစွာ ပြုလုပ်နိုင်ရန် ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် နှစ်နိုင်ငံ ကုန်သွယ်ရေး စာချုပ်များကိုလည်း ချုပ်ဆိုထားပြီး ဖြစ်သည်။

 

မြန်မာ- ထိုင်းနယ်စပ်တွင် ကုန်သွယ်ရေးစခန်း (၉) ခု၊ မြန်မာ- တရုတ်နယ်စပ်တွင် ကုန်သွယ်ရေးစခန်း (၅) ခု၊ မြန်မာ- အိန္ဒိယနယ်စပ်တွင် ကုန်သွယ်ရေးစခန်း (၃) ခု၊ မြန်မာ- ဘင်္ဂလားဒေ့ချ်နယ်စပ်တွင် ကုန်သွယ်ရေးစခန်း (၂) ခုနှင့် မြန်မာ-လာအိုနယ်စပ်တွင် ကုန်သွယ်ရေးစခန်း (၁) ခု စုစုပေါင်း (၂၀) ရှိသည်။ 

 

ပြည်နယ်နှင့် တိုင်းအနေဖြင့် ရှမ်းပြည်နယ်တွင် (၆) ခု၊ တနင်္သာရီတိုင်းတွင် (၄) ခု၊ ကချင်ပြည်နယ်တွင် (၂) ခု၊ ကရင်ပြည်နယ်တွင် (၂) ခု၊ ချင်းပြည်နယ်တွင် (၂) ခု၊ ရခိုင်ပြည်နယ်တွင် (၂) ခု၊  ကယားပြည်နယ်တွင် (၁) ခု၊ စစ်ကိုင်းတိုင်းတွင် (၁) ခု ဖွင့်လှစ်ထားသည်။

 

အဓိကထား ကုန်သွယ်မှုပြုနေသော နယ်စပ်စခန်းများမှာ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ၊ မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်၊ တမူး၊ စစ်တွေနှင့် မောင်တောမြို့မှ ကုန်သွယ်စခန်းများ ဖြစ်သည်။

 

ပို့ကုန်များအနေဖြင့် လယ်ယာထွက်ကုန်နှင့် စိုက်ပျိုးရေးထုတ်ကုန်များကို အဓိက တင်ပို့ပြီး သွင်းကုန်များအနေဖြင့် စားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း စသည့် ကုန်စည်များကို ပြန်လည် တင်သွင်းသည်။

 

Advertisement

Click Here > Baho Pipe

 

မြန်မာ - ထိုင်း နယ်စပ်စခန်းများ

 

မြန်မာနှင့် ထိုင်းနိုင်ငံ နယ်စပ်တွင် မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်း၊ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်း၊ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်း၊ မြိတ် နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ထီးခီး နယ်စပ်ကုန်သွယ်ရေးစခန်း၊ မောတောင် နယ်စပ်ကုန်သွယ်ရေးစခန်း၊ မယ်စဲ့ နယ်စပ်ကုန်သွယ်ရေးစခန်း၊ ဘုရားသုံးဆူ နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ပုံပါကျင်ဆူ နယ်စပ်ကုန်သွယ်ရေးစခန်း ဟူ၍ စခန်း (၉) ခု ရှိသည်။ စခန်းတစ်ခုချင်းစီ၏ အချက်အလက်များနှင့် သွင်းကုန်၊ ပို့ကုန်များကို အောက်တွင် ဖော်ပြထားသည်။

 

၁။ မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်း ( စက်တင်ဘာ ၁၆၊ ၁၉၉၈ )

 

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ရှိသည့် မြဝတီကုန်သွယ်ရေးစခန်းသည် မြန်မာ-ထိုင်းနယ်စပ် စခန်းများထဲတွင် အကြီးဆုံးဖြစ်ပြီး ကုန်သွယ်မှု အများဆုံး လုပ်ဆောင်ရသော စခန်းတစ်ခု ဖြစ်သည်။ ထိုင်းနိုင်ငံသို့ ရေထွက်ကုန်ပစ္စည်းများနှင့် ကုန်စိမ်းများဖြစ်သည့် ကြက်သွန်နီ၊ ငရုတ်၊ ဂေါ်ဖီထုပ်တို့ကို အများဆုံး တင်ပို့သည်။

 

ချည်ထည်နှင့် အထည်အလိပ်၊ စားသောက်ကုန်၊ စက်ရုံသုံးပစ္စည်း၊ စက်မှုကုန်ကြမ်းပစ္စည်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း၊ အိမ်သုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဖိနပ်ကုန်ကြမ်းပစ္စည်း၊ အလှကုန်၊ ဆေး၊ တိရစ္ဆာန်အစာ၊ သစ်သီး၊ စက်ဘီး၊ ဆိုင်ကယ်၊ ကားအပိုပစ္စည်း၊ ဓာတ်မြေဩဇာနှင့် လယ်ယာသုံး၊ စိုက်ပျိုးရေးသုံး ပစ္စည်းများကို အဓိက တင်သွင်းလျက် ရှိသည်။

 

အသေးစိတ်ဖတ်ရှုရန်

 

၂။ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်း ( မတ် ၁၆၊ ၁၉၉၆ )

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ ကျိုင်းတုံ- တာချီလိတ် ပြည်ထောင်စုလမ်းမကြီးဘေးတွင် တည်ရှိပြီး တာချီလိတ် ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံသို့ ပြောင်းဖူးစေ့၊ ဆန်၊ ဆန်ကွဲ၊ ရော်ဘာ၊ လက်ဖက်ခြောက်၊ ပုစွန်ဖွဲနု၊ သတ္တူတွင်းထွက်ပစ္စည်း၊ ကတ်ထူစက္ကူအဟောင်း၊ ပလပ်စတစ်ဘူးခွံအဟောင်း၊ ပုလင်းခွံအဟောင်းနှင့် ဘယဆေးကုန်ကြမ်းတို့ တင်ပို့လျက် ရှိသည်။

 

ပုံမှန်တင်သွင်းနေသည့် ပစ္စည်းများမှာ စက်သုံးဆီ၊ ဘိလပ်မြေ၊ ဆောက်လုပ်ရေးပစ္စည်း၊ ကားတာယာနှင့် ကျွတ်၊ ဓါတုဗေဒပစ္စည်း၊ သံနှင့် သံမဏိပစ္စည်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်း၊ မီးဖိုချောင်သုံးပစ္စည်း၊ အားကစားပစ္စည်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ ဖြစ်သည်။

 

အသေးစိတ်ဖတ်ရှုရန်

 

၃။ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်း ( ဇွန် ၁၊ ၁၉၉၆ )

 

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့တွင် ရှိသည့် ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံ၊ ရနောင်းမြို့နှင့် အဓိက ကုန်သွယ်မှု ပြုလုပ်ပြီး ရေထွက်ပစ္စည်းမျိုးစုံနှင့် ဆီအုန်းကြိတ်ဖတ်များကို တင်ပို့ကာ ဘိလပ်မြေ၊ ဓါတ်မြေသြဇာ၊ ဓါတ်ဆီ၊ ဒီဇယ်ဆီနှင့် စက်မှုကုန်ကြမ်းပစ္စည်းများကို တင်သွင်းလျက် ရှိသည်။

 

အသေးစိတ်ဖတ်ရှုရန်

 

၄။ မြိတ် နယ်စပ်ကုန်သွယ်ရေးစခန်း ( ဇူလိုင် ၁၊ ၁၉၉၉ )

 

မြိတ်ကုန်သွယ်ရေးစခန်းသည် တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် တည်ရှိပြီး ထိုင်းနိုင်ငံ၊ ရနောင်းမြို့နှင့် ကုန်သွယ်မှုများ ဆောင်ရွက်ကာ ရေလမ်းကြောင်းမှတဆင့် ရနောင်းသို့ ( ယခင်က ငါးမုန့်တစ်မျိုးတည်းသာ တင်ပို့ခဲ့သော်လည်း ) ယခုအခါ ကြက်သွန်နီ၊ ငါးအသားလွှာနှင့် မုတ်ခွံတို့ကို တင်ပို့လျက် ရှိသည်။

 

လေးရှားဆိပ်ကမ်းမှတစ်ဆင့် တရုတ်နိုင်ငံသို့လည်း ရော်ဘာကို တင်ပို့လျက် ရှိသည်။ ပြည်တွင်းသို့ အများဆုံး တင်သွင်းသည့် ကုန်ပစ္စည်းများမှာ ဘိလပ်မြေ၊ ဟင်းချက်ဆီ၊ ဒီဇယ်ဆီ၊ ဓာတ်ဆီ၊ အင်ဂျင်ဝိုင်၊ ဓာတ်မြေဩဇာနှင့် စက်အပိုပစ္စည်းများ ဖြစ်သည်။ အသေးစိတ်ဖတ်ရှုရန်

 

Advertisement

Click Here > Central Ko Soe Myint

 

၅။ ထီးခီး နယ်စပ်ကုန်သွယ်ရေးစခန်း ( မေ ၁၁၊ ၂၀၁၃ )

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်တွင် တည်ရှိသော ထီးခီးကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံ၊ ဖူနန်ပရွမ်ရွာနှင့် နယ်နိမိတ် ထိစပ်လျက် ရှိပြီး ထီးခီးကုန်သွယ်ရေးစခန်းမှတဆင့် ကြက်သွန်နီ၊ ရေထွက်ပစ္စည်း၊ ငှက်ပျော၊ ပြောင်း၊ နနွင်းတက်၊ ဆန်မှုန့်တို့ကို တင်ပို့ကာ သစ်သီးမျိုးစုံ၊ ဒီဇယ်၊ လူသုံးကုန်ပစ္စည်းများကို ပုံမှန် တင်သွင်းလျက် ရှိသည်။ အသေးစိတ်ဖတ်ရှုရန်

 

၆။ မောတောင် နယ်စပ်ကုန်သွယ်ရေးစခန်း ( မေ ၈၊ ၂၀၁၃ )

 

မောတောင်ကုန်သွယ်ရေးစခန်းကို ကျေးရွာအဆင့်ကတည်းက ယာယီ နယ်စပ်ကုန်သွယ်ရေးစခန်းအဖြစ် ထူထောင်ခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ မောတောင်မြို့တွင် ရှိသည်။ ထိုင်းနိုင်ငံ၊ ပရာကျွတ်ကရီခမ်ခရိုင်၊ ဒန်ဆင်ခွန်းနှင့် ထိစပ်နေသည်။

 

မောတောင် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကင်းမွန်၊ ငါးမျိုးစုံ၊ ကဏန်း၊ သဲကဏန်း၊ ကနုကမာ၊ ငါးမှုန့်နှင့် တံမြက် စည်းများကို အများဆုံး တင်ပို့ပြီး ပလတ်စတစ်ပစ္စည်း၊ ပေါင်းသတ်ဆေး၊ မော်တော်ဆိုင်ကယ်နှင့် အသီးအနှံများကို အဓိက တင်သွင်းလျက် ရှိသည်။

 

အသေးစိတ်ဖတ်ရှုရန်

 

၇။ မယ်စဲ့ နယ်စပ်ကုန်သွယ်ရေးစခန်း ( အောက်တိုဘာ ၂၇၊ ၂၀၁၆ )

 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၊ လွိုင်ကော်-ဖားဆောင်း-မယ်စဲ့ လမ်းမကြီး၏ အနောက်ဖက်တွင် ရှိသည့် မယ်စဲ့ကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့နယ်နှင့် ကုန်သွယ်မှု ပြုလုပ်ကာ ပြောင်းဆန်နှင့် ငရုတ်သီးခြောက်ကို တင်ပို့ရောင်းချလျက် ရှိသည်။

 

 

၈။ ဘုရားသုံးဆူ နယ်စပ်ကုန်သွယ်ရေးစခန်း ( ၁၉၉၃ )

 

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့အနီးတွင် ရှိသော ဘုရားသုံးဆူ ကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံ၊ ကမ်ချနဘူရီမှ အစားအသောက်နှင့် လူသုံးကုန်ပစ္စည်းများ အဓိက တင်သွင်းသည့် နယ်စပ်ဂိတ်တစ်ခု ဖြစ်သည်။ ၂၀၀၇ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ (၁၀) နှစ်ကြာ ယာယီ ပိတ်ခဲ့ပြီး နောက်ပိုင်းမှ ပြန်လည် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ပြည်ပသို့ တင်ပို့မှု မရှိသေးပေ။

 

၉။ ပုံပါကျင်ဆူ နယ်စပ်ကုန်သွယ်ရေးစခန်း ( လျာထား )

 

ပုံပါကျင်ဆူ ကုန်သွယ်ရေးစခန်းသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်ဆူမြို့တွင် ရှိပြီး ယင်းစခန်းနှင့် ပတ်သတ်၍ ဝန်ကြီးဌာနအပါအဝင် မည်သည့် သတင်းဌာနတွင်မှ တိတိကျကျ ဖော်ပြ ထုတ်ပြန်ထားသည်များ မတွေ့ရှိပေ။ ပြည်ပတင်ပို့မှု မရှိသေးခြင်း ဖြစ်နိုင်သည်။

 

Advertisement

Click Here > Central Ko Soe Myint

 

မယ်စဲ့၊ ဘုရားသုံးဆူနှင့် ပုံပါကျင်ဆူ စခန်းများမှ လွဲ၍ အထက်ပါ နယ်စပ်စခန်း (၆) ခုမှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်၊ ပြီးခဲ့သည့် နိုဝင်ဘာလအထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၂.၄) သန်းကျော် ရရှိခဲ့ပြီး သွင်းကုန်တန်ဖိုး (၁.၁) သန်းကျော် ရရှိခဲ့ကာ စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ (၃.၅) သန်းကျော် ဖြစ်သည်။

 

မြန်မာ - တရုတ် နယ်စပ်စခန်းများ

 

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ နယ်စပ်တွင် မူဆယ် (၁၀၅) မိုင် နယ်စပ်ကုန်သွယ်ရေးစခန်း၊ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်း၊ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်း၊ ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မိုင်းလား နယ်စပ်ကုန်သွယ်ရေးစခန်း ဟူ၍ စခန်း (၅) ခု ရှိသည်။ စခန်းတစ်ခုချင်းစီ၏ အချက်အလက်များနှင့် သွင်းကုန်၊ ပို့ကုန်များကို အောက်တွင် ဖော်ပြထားသည်။

 

၁၀။ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးစခန်း ( ဇန်နဝါရီ ၁၂၊ ၁၉၉၈ )

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် တည်ရှိသည့် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးစခန်းသည် မြန်မာနိုင်ငံ၏ အကြီးဆုံးစခန်း ဖြစ်ပြီး တရုတ်နိုင်ငံ ရွှေလီမြို့နှင့် နယ်စပ်ကုန်သွယ်မှု ပြုလုပ်ကာ လုပ်ငန်းအားလုံး၏ (၆၀) ရာခိုင်နှုန်းကျော်ကို နှစ်စဉ် ပုံမှန် ဆောင်ရွက်ပေးလျက် ရှိသည်။ 

 

မူဆယ်အပါအဝင် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်များမှတဆင့် တရုတ်သို့ ရေထွက်ကုန်၊ ကုန်ခြောက်၊ သစ်သီးဝလံနှင့် စိုက်ပျိုးရေးပစ္စည်းများအား အဓိက တင်ပို့ပြီး တရုတ်ဘက်မှ လယ်ယာသုံး စက်ကိရိယာ၊ ဓာတ်မြေဩဇာ၊ လျှပ်စစ်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်း၊ ဆေးအမျိုးမျိုး စသည့်တို့ကို ပြန်လည် တင်သွင်းသည်။

 

အသေးစိတ်ဖတ်ရှုရန်

 

၁၁။ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်း ( သြဂုတ် ၂၃၊ ၁၉၉၈ )

 

လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းသည် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့ရှိ လွယ်ဂျယ်-မိုးမောက်-ဗန်းမော် ကားလမ်းပေါ်တွင် တည်ရှိသည်။

 

အများဆုံး ပို့ကုန်မှာ ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ တစ်ရှူး၊ ငှက်ပျော၊ ဖရဲသီး၊ ရော်ဘာ ဖြစ်ကာ အများဆုံး သွင်းကုန်မှာ မြေဆီ၊ ဘိလပ်မြေ၊ ချည်ထည်၊ လယ်ယာသုံးပစ္စည်းနှင့် မော်တော်ဆိုင်ကယ်တို့ ဖြစ်သည်။ ကျပ်၊ ယွမ်၊ ဒေါ်လာတို့ဖြင့် အဓိက ကုန်သွယ်မှု ပြုလုပ်သည်။

 

အသေးစိတ်ဖတ်ရှုရန်

 

၁၂။ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်း ( အောက်တိုဘာ ၁၉၊ ၂၀၀၃ )

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် ရှိသည့် ချင်းရွှေဟော် ကုန်သွယ်ရေး လမ်းကြောင်းသည် မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်ပြီး မြန်မာ-တရုတ်နယ်စပ်တွင် ဒုတိယအကြီးဆုံး နယ်စပ်ကုန်သွယ်ရေးစခန်း ဖြစ်သည်။ 

 

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ ဝဥအစို၊ ဝဥအခြောက်၊ ရော်ဘာကြမ်း၊ ပန်းသီး၊ လိမ္မော်သီး၊ သစ်တော်သီး၊ ပန်းသစ်တော်သီး၊ စပျစ်သီး၊ တည်သီးအစို၊ တည်သီးအခြောက်၊ သလဲသီး စသည်တို့ကို အဓိကထား တင်ပို့လျက် ရှိသည်။

 

အသေးစိတ်ဖတ်ရှုရန်

 

၁၃။ ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်း (  သြဂုတ် ၁၊ ၂၀၀၉ )

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ ကန်ပိုက်တီမြို့တွင် ရှိသည့် ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းသည် တရုတ်နိုင်ငံဘက်မှ နယ်စပ်မြို့ဖြစ်သော ထိန်ခြုံးမြို့နှင့် (၇၁) မိုင်ခန့် ကွာဝေးသည်။

 

ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တစ်သျှူး၊ ငှက်ပျော၊ ပြောင်း၊ ဖရဲသီး၊ ရာဘာတို့ကို အဓိက တင်ပို့ပြီး ဘိလပ်မြေ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးစ္စည်း၊ လျှပ်စစ်ပစ္စည်းနှင့် လူသုံး အိမ်သုံးပစ္စည်းများကို ပြန်လည် တင်သွင်းသည်။

 

အသေးစိတ်ဖတ်ရှုရန်

 

၁၄။ မိုင်းလား နယ်စပ်ကုန်သွယ်ရေးစခန်း  ( ဒီဇင်ဘာ ၁၂၊ ၂၀၁၅ )

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းလားမြို့နယ်တွင် တည်ရှိသည့် မိုင်းလား နယ်စပ်ကုန်သွယ်ရေးစခန်းသည် တရုတ်နိုင်ငံနှင့် နယ်နမိတ် ထိစပ်လျက် တည်ရှိပြီး တာချီလိတ်မှ ထွက်ရှိသော ဆန်နှင့် စပါးအပြင် ရာဘာကိုလည်း တင်ပို့လျက် ရှိသည်။

 

Advertisement

Click Here > Big M Enterprise Ltd

 

အထက်ပါ နယ်စပ်စခန်းများမှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်၊ ပြီးခဲ့သည့် နိုဝင်ဘာလအထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၁.၅) သန်းကျော် ရရှိခဲ့ပြီး သွင်းကုန်တန်ဖိုး (၀.၃) သန်းကျော် ရရှိခဲ့ကာ စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ (၁.၈) သန်းကျော် ဖြစ်သည်။

 

မြန်မာ - အိန္ဒိယ နယ်စပ်စခန်းများ

 

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ နယ်စပ်တွင် တမူး နယ်စပ်ကုန်သွယ်ရေးစခန်း၊ ရိဒ် နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ထန်တလန် နယ်စပ်ကုန်သွယ်ရေးစခန်း ဟူ၍ စခန်း (၃) ခု ရှိသည်။ စခန်းတစ်ခုချင်းစီ၏ အချက်အလက်များနှင့် သွင်းကုန်၊ ပို့ကုန်များကို အောက်တွင် ဖော်ပြထားသည်။

 

၁၅။ တမူး နယ်စပ်ကုန်သွယ်ရေးစခန်း ( ဧပြီ ၁၂၊ ၁၉၉၅ )

 

တမူးကုန်သွယ်ရေးစခန်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူး- ကလေးဝ ပြည်ထောင်စု ကားလမ်းမဘေး၊ အိန္ဒိယနိုင်ငံမှ အာဆီယံနိုင်ငံများသို့ ဆက်သွယ်ရာ အဓိကကျသည့် အာရှလမ်းမကြီးပေါ်တွင် တည်ရှိသည်။ 

 

မြန်မာ- အိန္ဒိယ နယ်စပ်စခန်းများထဲတွင် အကြီးဆုံးဖြစ်ပြီး မြန်မာမှ အိန္ဒိယသို့ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ ကွမ်းသီး၊ အုန်းသီးနှင့် ပဲမျိုးစုံကို တင်ပို့ပြီး ဝါဂွမ်း၊ ဂျုံ၊ မော်တော်ဆိုင်ကယ်၊ ပလတ်စတစ်ကုန်ကြမ်း၊ ဓါတ်မြေဩဇာနှင့် ဆံပင်တို့ကို ပြန်လည် တင်သွင်းလျက် ရှိသည်။ 

အသေးစိတ်ဖတ်ရှုရန်

 

၁၆။ ရိဒ် နယ်စပ်ကုန်သွယ်ရေးစခန်း  ( ဒီဇင်ဘာ ၁၀၊  ၂၀၀၃ )

 

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ကျန်ဖိုင်- ရိဒ်ခေါ်ဒါရ်တွင် တည်ရှိသည့် နယ်စပ်ကုန်သွယ်ရေးစခန်းသည် ဒုတိယမြောက် အကြီးဆုံးဖြစ်ပြီး အိန္ဒိယနိုင်ငံသို့ ကွမ်းသီးကို အဓိက တင်ပို့ကာ နိုင်လွန်းချည်ကို အများဆုံး တင်သွင်းသည်။

 

၁၇။ ထန်တလန် နယ်စပ်ကုန်သွယ်ရေးစခန်း ( ဧပြီ ၁၊ ၂၀၁၄ )

 

ထန်တလန်ကုန်သွယ်ရေးစခန်း (ယာယီ) သည် ချင်းပြည်နယ်၊ ဟားခါးခရိုင်တွင်းရှိ ဟားခါး- ထန်တလန်မှ တီအိုချောင်းကို ဖြတ်ပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇော်လ်မြို့သို့ ဝင်သွားသည့် လမ်းကြောင်း ဖြစ်သည်။ ပို့ကုန်သွင်းကုန်လုပ်ငန်း ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။ 

 

Advertisement

Click Here > Central Ko Soe Myint

 

မြန်မာ- အိန္ဒိယနယ်စပ် စခန်းများအနက် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင် တမူးစခန်း တစ်ခုထဲသာ ကုန်သွယ်မှု ပြုလုပ်ပြီး ပြီးခဲ့သည့် နိုဝင်ဘာလအထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၆,၆၅၁) ရရှိခဲ့ပြီး သွင်းကုန်တန်ဖိုး (၄,၄၅၅) ရရှိခဲ့ကာ စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ (၁၁,၁၀၆) သာ ရှိသည်။

 

မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်စခန်းများ

 

မြန်မာနှင့် ဘင်္ဂလားဒေ့ချ်နိုင်ငံ နယ်စပ်တွင် စစ်တွေနှင့် မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်း (၂) ခု ရှိသည်။ စခန်းတစ်ခုချင်းစီ၏ အချက်အလက်များနှင့် သွင်းကုန်၊ ပို့ကုန်များကို အောက်တွင် ဖော်ပြထားသည်။

 

၁၈။ စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်း  ( ဒီဇင်ဘာ ၁၁၊ ၁၉၉၈ )

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်တွေကုန်သွယ်ရေးစခန်း ( ရွှေမင်းဂံဆိပ်ကမ်း ) သည် ဘင်္ဂလားဒေ့ချ် တက္ကနဗ်မြို့နှင့် အဓိက ကုန်သွယ်မှု ပြုလုပ်သည်။ မန်ကျည်းစေ့၊ ဆီးဖတ်၊ အုန်းသီး၊ အုန်းသီးခြောက်၊ ချင်း (အစို)၊ စစ်တုံဥ၊ ဆီးယိုထုပ်၊ ဆီးသီးခြောက်၊ ထန်းလျက် စသည့် လယ်ယာထွက်ကုန်များ၊ ငါးခရု စသည့် ရေထွက်ကုန်များ၊ သစ်တောထွက်ပစ္စည်းများနှင့် စက်မှုကုန်ချော ပစ္စည်းများကို တင်ပို့သည်။

 

အသေးစိတ်ဖတ်ရှုရန်

 

၁၉။ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်း  ( စက်တင်ဘာ ၅၊ ၁၉၉၅ )

 

မောင်တောကုန်သွယ်ရေးစခန်း ( ကညင်ချောင်း ) သည်လည်း ရခိုင်ပြည်နယ်တွင် ရှိပြီး ရေထွက်ပစ္စည်းများ၊ ဇီးယိုထုတ်၊ ဂျင်း (အစို)၊ ကြက်သွန်၊ ကုလားပဲ၊ ဇီးသီးခြောက်၊ မကျည်းစေ့၊ ဖိနပ်၊ ချည်လုံချည်၊ သနပ်ခါးခဲ၊ ကော်ဖီမစ်၊ နေကြာစေ့နှင့် ခေါက်ဆွဲခြောက်တို့ကို အဓိကထား တင်ပို့သည်။

 

စစ်တွေနှင့် မောင်တော ကုန်သွယ်ရေးစခန်း နှစ်ခုစလုံး ဆံပင်၊ ပလတ်စတစ် ရေတိုင်ကီ၊ တီရှပ်နှင့် ဒီဇယ် အနည်းငယ်ကိုသာ ပြည်တွင်းသို့ ပြန်လည် တင်သွင်းသည်။

 

အထက်ပါ နယ်စပ်စခန်း (၂) ခုမှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်၊ ပြီးခဲ့သည့် နိုဝင်ဘာလအထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၇) သောင်းကျော် ရရှိခဲ့ပြီး သွင်းကုန်တန်ဖိုး (၆) သောင်းကျော် ရရှိခဲ့ကာ စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ (၁) သိန်းကျော် ဖြစ်သည်။

 

Advertisement

Click Here > DM Trading

 

မြန်မာ- လာအို နယ်စပ်စခန်း

 

မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံ နယ်စပ်တွင်မူ ကျိုင်းလပ် နယ်စပ်ကုန်သွယ်ရေးစခန်း တစ်ခုသာ ရှိသည်။ နိုင်ငံအတွင်းရှိ တာချီလိတ်မြို့၊ ကျိုင်းတုံမြို့၊ တောင်ကြီးမြို့တို့နှင့် အဓိက ကုန်သွယ်မှု ဆောင်ရွက်လျက်ရှိပြီး ကျိုင်းလပ်ကုန်သွယ်ရေးစခန်းမှ ပြည်ပသို့ ကုန်သွယ်မှု ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။

 

၂၀။ ကျိုင်းလပ် နယ်စပ်ကုန်သွယ်ရေးစခန်း ( မတ် ၁၅၊ ၂၀၁၅ )

 

လာအိုနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သော ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရီုင်၊ တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့၊ မြန်မာ- လာအို နှစ်နိုင်ငံ ချစ်ကြည်ရေး မဲခေါင်မြစ်တံတားမှ (၁.၃) မိုင်ခန့် အကွာတွင် ကျိုင်းလပ်ကုန်သွယ်ရေးစခန်း တည်ရှိသည်။

 

အသေးစိတ်ဖတ်ရှုရန်

 

၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်၊ ပြီးခဲ့သည့် နိုဝင်ဘာလအထိ အထက်ပါ နယ်စပ်စခန်းများမှ ပို့ကုန်တန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ (၄) သန်းကျော် ရရှိခဲ့ပြီး သွင်းကုန်တန်ဖိုး စုစုပေါင်း (၁.၄) သန်းကျော် ရရှိခဲ့ကာ ကုန်သွယ်မှုပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ (၅.၅) သန်းခန့် ဖြစ်သည်။

 

ဘဏ္ဍာနှစ်အလိုက် ကုန်သွယ်မှု အခြေအနေများ

နယ်စပ်စခန်းအလိုက် ကုန်သွယ်မှု အခြေအနေများ

 

Su Mon Oo

Ref : MOC & Media & Press

Photo credit goes to the owners.

Published in Export & Import

နယ်နိမိတ် ထိစပ်နေသော ထိုင်း- မြန်မာ နယ်စပ်တွင် မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်း၊ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်း၊ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်း၊ မြိတ် နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ထီးခီး နယ်စပ်ကုန်သွယ်ရေးစခန်း၊ မောတောင် နယ်စပ်ကုန်သွယ်ရေးစခန်း၊ မယ်စဲ့ နယ်စပ်ကုန်သွယ်ရေးစခန်း၊ ဘုရားသုံးဆူ နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ပုံပါကျင်ဆူ နယ်စပ်ကုန်သွယ်ရေးစခန်း ဟူ၍ စခန်း (၉) ခု ရှိသည်။ စခန်းတစ်ခုချင်းစီ၏ အချက်အလက်များနှင့် သွင်းကုန်၊ ပို့ကုန်များကို အောက်တွင် ဖော်ပြထားသည်။

 

၁။ မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်း ( စက်တင်ဘာ ၁၆၊ ၁၉၉၈ )

 

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ရှိသည့် မြဝတီကုန်သွယ်ရေးစခန်းသည် မြန်မာ-ထိုင်းနယ်စပ် စခန်းများထဲတွင် အကြီးဆုံးဖြစ်ပြီး ကုန်သွယ်မှု အများဆုံး လုပ်ဆောင်ရသော စခန်းတစ်ခု ဖြစ်သည်။ ထိုင်းနိုင်ငံသို့ ရေထွက်ကုန်ပစ္စည်းများနှင့် ကုန်စိမ်းများဖြစ်သည့် ကြက်သွန်နီ၊ ငရုတ်၊ ဂေါ်ဖီထုပ်တို့ကို အများဆုံး တင်ပို့သည်။

 

ချည်ထည်နှင့် အထည်အလိပ်၊ စားသောက်ကုန်၊ စက်ရုံသုံးပစ္စည်း၊ စက်မှုကုန်ကြမ်းပစ္စည်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း၊ အိမ်သုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဖိနပ်ကုန်ကြမ်းပစ္စည်း၊ အလှကုန်၊ ဆေး၊ တိရစ္ဆာန်အစာ၊ သစ်သီး၊ စက်ဘီး၊ ဆိုင်ကယ်၊ ကားအပိုပစ္စည်း၊ ဓာတ်မြေဩဇာနှင့် လယ်ယာသုံး၊ စိုက်ပျိုးရေးသုံး ပစ္စည်းများကို အဓိက တင်သွင်းလျက် ရှိသည်။

 

အသေးစိတ်ဖတ်ရှုရန်

 

၂။ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်း ( မတ် ၁၆၊ ၁၉၉၆ )

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ ကျိုင်းတုံ- တာချီလိတ် ပြည်ထောင်စုလမ်းမကြီးဘေးတွင် တည်ရှိပြီး တာချီလိတ် ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံသို့ ပြောင်းဖူးစေ့၊ ဆန်၊ ဆန်ကွဲ၊ ရော်ဘာ၊ လက်ဖက်ခြောက်၊ ပုစွန်ဖွဲနု၊ သတ္တူတွင်းထွက်ပစ္စည်း၊ ကတ်ထူစက္ကူအဟောင်း၊ ပလပ်စတစ်ဘူးခွံအဟောင်း၊ ပုလင်းခွံအဟောင်းနှင့် ဘယဆေးကုန်ကြမ်းတို့ တင်ပို့လျက် ရှိသည်။

 

ပုံမှန်တင်သွင်းနေသည့် ပစ္စည်းများမှာ စက်သုံးဆီ၊ ဘိလပ်မြေ၊ ဆောက်လုပ်ရေးပစ္စည်း၊ ကားတာယာနှင့် ကျွတ်၊ ဓါတုဗေဒပစ္စည်း၊ သံနှင့် သံမဏိပစ္စည်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်း၊ မီးဖိုချောင်သုံးပစ္စည်း၊ အားကစားပစ္စည်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ ဖြစ်သည်။

 

အသေးစိတ်ဖတ်ရှုရန်

 

၃။ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်း ( ဇွန် ၁၊ ၁၉၉၆ )

 

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့တွင် ရှိသည့် ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံ၊ ရနောင်းမြို့နှင့် အဓိက ကုန်သွယ်မှု ပြုလုပ်ပြီး ရေထွက်ပစ္စည်းမျိုးစုံနှင့် ဆီအုန်းကြိတ်ဖတ်များကို တင်ပို့ကာ ဘိလပ်မြေ၊ ဓါတ်မြေသြဇာ၊ ဓါတ်ဆီ၊ ဒီဇယ်ဆီနှင့် စက်မှုကုန်ကြမ်းပစ္စည်းများကို တင်သွင်းလျက် ရှိသည်။

 

အသေးစိတ်ဖတ်ရှုရန်

 

၄။ မြိတ် နယ်စပ်ကုန်သွယ်ရေးစခန်း ( ဇူလိုင် ၁၊ ၁၉၉၉ )

 

မြိတ်ကုန်သွယ်ရေးစခန်းသည် တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် တည်ရှိပြီး ထိုင်းနိုင်ငံ၊ ရနောင်းမြို့နှင့် ကုန်သွယ်မှုများ ဆောင်ရွက်ကာ ရေလမ်းကြောင်းမှတဆင့် ရနောင်းသို့ ( ယခင်က ငါးမုန့်တစ်မျိုးတည်းသာ တင်ပို့ခဲ့သော်လည်း ) ယခုအခါ ကြက်သွန်နီ၊ ငါးအသားလွှာနှင့် မုတ်ခွံတို့ကို တင်ပို့လျက် ရှိသည်။

 

လေးရှားဆိပ်ကမ်းမှတစ်ဆင့် တရုတ်နိုင်ငံသို့လည်း ရော်ဘာကို တင်ပို့လျက် ရှိသည်။ ပြည်တွင်းသို့ အများဆုံး တင်သွင်းသည့် ကုန်ပစ္စည်းများမှာ ဘိလပ်မြေ၊ ဟင်းချက်ဆီ၊ ဒီဇယ်ဆီ၊ ဓာတ်ဆီ၊ အင်ဂျင်ဝိုင်၊ ဓာတ်မြေဩဇာနှင့် စက်အပိုပစ္စည်းများ ဖြစ်သည်။ အသေးစိတ်ဖတ်ရှုရန်

 

Advertisement

Click Here > Central Ko Soe Myint

 

၅။ ထီးခီး နယ်စပ်ကုန်သွယ်ရေးစခန်း ( မေ ၁၁၊ ၂၀၁၃ )

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်တွင် တည်ရှိသော ထီးခီးကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံ၊ ဖူနန်ပရွမ်ရွာနှင့် နယ်နိမိတ် ထိစပ်လျက် ရှိပြီး ထီးခီးကုန်သွယ်ရေးစခန်းမှတဆင့် ကြက်သွန်နီ၊ ရေထွက်ပစ္စည်း၊ ငှက်ပျော၊ ပြောင်း၊ နနွင်းတက်၊ ဆန်မှုန့်တို့ကို တင်ပို့ကာ သစ်သီးမျိုးစုံ၊ ဒီဇယ်၊ လူသုံးကုန်ပစ္စည်းများကို ပုံမှန် တင်သွင်းလျက် ရှိသည်။ အသေးစိတ်ဖတ်ရှုရန်

 

၆။ မောတောင် နယ်စပ်ကုန်သွယ်ရေးစခန်း ( မေ ၈၊ ၂၀၁၃ )

 

မောတောင်ကုန်သွယ်ရေးစခန်းကို ကျေးရွာအဆင့်ကတည်းက ယာယီ နယ်စပ်ကုန်သွယ်ရေးစခန်းအဖြစ် ထူထောင်ခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ မောတောင်မြို့တွင် ရှိသည်။ ထိုင်းနိုင်ငံ၊ ပရာကျွတ်ကရီခမ်ခရိုင်၊ ဒန်ဆင်ခွန်းနှင့် ထိစပ်နေသည်။

 

မောတောင် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကင်းမွန်၊ ငါးမျိုးစုံ၊ ကဏန်း၊ သဲကဏန်း၊ ကနုကမာ၊ ငါးမှုန့်နှင့် တံမြက် စည်းများကို အများဆုံး တင်ပို့ပြီး ပလတ်စတစ်ပစ္စည်း၊ ပေါင်းသတ်ဆေး၊ မော်တော်ဆိုင်ကယ်နှင့် အသီးအနှံများကို အဓိက တင်သွင်းလျက် ရှိသည်။

 

အသေးစိတ်ဖတ်ရှုရန်

 

၇။ မယ်စဲ့ နယ်စပ်ကုန်သွယ်ရေးစခန်း ( အောက်တိုဘာ ၂၇၊ ၂၀၁၆ )

 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၊ လွိုင်ကော်-ဖားဆောင်း-မယ်စဲ့ လမ်းမကြီး၏ အနောက်ဖက်တွင် ရှိသည့် မယ်စဲ့ကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့နယ်နှင့် ကုန်သွယ်မှု ပြုလုပ်ကာ ပြောင်းဆန်နှင့် ငရုတ်သီးခြောက်ကို တင်ပို့ရောင်းချလျက် ရှိသည်။

 

 

၈။ ဘုရားသုံးဆူ နယ်စပ်ကုန်သွယ်ရေးစခန်း ( ၁၉၉၃ )

 

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့အနီးတွင် ရှိသော ဘုရားသုံးဆူ ကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံ၊ ကမ်ချနဘူရီမှ အစားအသောက်နှင့် လူသုံးကုန်ပစ္စည်းများ အဓိက တင်သွင်းသည့် နယ်စပ်ဂိတ်တစ်ခု ဖြစ်သည်။ ၂၀၀၇ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ (၁၀) နှစ်ကြာ ယာယီ ပိတ်ခဲ့ပြီး နောက်ပိုင်းမှ ပြန်လည် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ပြည်ပသို့ တင်ပို့မှု မရှိသေးပေ။

 

၉။ ပုံပါကျင်ဆူ နယ်စပ်ကုန်သွယ်ရေးစခန်း ( လျာထား )

 

ပုံပါကျင်ဆူ ကုန်သွယ်ရေးစခန်းသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်ဆူမြို့တွင် ရှိပြီး ယင်းစခန်းနှင့် ပတ်သတ်၍ ဝန်ကြီးဌာနအပါအဝင် မည်သည့် သတင်းဌာနတွင်မှ တိတိကျကျ ဖော်ပြ ထုတ်ပြန်ထားသည်များ မတွေ့ရှိပေ။ ပြည်ပတင်ပို့မှု မရှိသေးခြင်း ဖြစ်နိုင်သည်။

 

Advertisement

Click Here > Central Ko Soe Myint

 

မယ်စဲ့၊ ဘုရားသုံးဆူနှင့် ပုံပါကျင်ဆူ စခန်းများမှ လွဲ၍ အထက်ပါ နယ်စပ်စခန်း (၆) ခုမှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်၊ ပြီးခဲ့သည့် နိုဝင်ဘာလအထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၂.၄) သန်းကျော် ရရှိခဲ့ပြီး သွင်းကုန်တန်ဖိုး (၁.၁) သန်းကျော် ရရှိခဲ့ကာ စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ (၃.၅) သန်းကျော် ဖြစ်သည်။

 

Su Mon Oo

Ref : MOC & Media & Press

Photo credit goes to the owners.

Published in Export & Import

ထိုင်းနိုင်ငံက နိုင်ငံတကာနှင့် ကုန်သွယ်မှုများ ပြုလုပ်ရာတွင် တရုတ်ယွမ်ငွေနှင့် အခြား အာရှငွေကြေးများကို တိုးမြှင့် သုံးစွဲသွားမည် ဖြစ်ကြောင်း ထိုင်းဗဟိုဘဏ်က သြဂုတ်လ ပထမပတ်တွင် အသိပေး ထုတ်ပြန် ကြေညာခဲ့သည်။

 

လက်ရှိကာလတွင် အမေရိကန်ဒေါ်လာနှင့် ထိုင်းဘတ်ငွေအကြား လဲလှယ်မှုတန်ဖိုးမှာ ကွာဟချက် ကြီးမားလာနေသကဲ့သို့ အတက်အကျ အပြောင်းအလဲ ကြမ်းလွန်းသည့်အတွက်လည်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးများတွင် လက်ရှိ အသုံးများနေသည့် အမေရိကန်ဒေါ်လာအစား တရုတ် ယွမ်ငွေနှင့်  အခြားအာရှငွေကြေးများကို တိုးမြှင့် သုံးစွဲရန်   စီစဉ်နေကြောင်း  ထိုင်းဗဟိုဘဏ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ထိုင်းဘဏ် The Bank of Thailand-BOT သည် ငွေကြေးလဲလှယ်နှုန်း အန္တရာယ်ကို လျှော့ချရာတွင်  အထောက်အကူ ဖြစ်စေရေးအတွက် ဒေသတွင်း ငွေကြေးများကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရန်   မျှော်လင့်ထားသည်ဟု သိရသည်။

 

ထိုသို့ လုပ်ဆောင်ရခြင်းမှာ ဒေသတွင်းငွေကြေးများသည် ထိုင်းဘတ်နှင့် ငွေကြေးတန်ဖိုး ကွာဟမှု ကျဉ်းမြောင်းခြင်းကြောင့် ဖြစ်ကြောင်း ထိုင်းဗဟိုဘဏ်၏  ဒုတိယဥက္ကဋ္ဌဖြစ်သူက  ပြောဆိုထားသည်။ 

 

     Advertisement

Click Here >  United Pacific

  • ထိုင်းနိုင်ငံသည် အမေရိကန်ဒေါ်လာ သုံးစွဲမှုကို လျှော့ချပြီး အခြားငွေကြေးများကို တိုးမြှင့် သုံးစွဲရန်  ကြိုးပမ်းနေသည်မှာ ဆယ်စုနှစ်တစ်စု ရှိခဲ့ပြီ ဖြစ်ကြောင်း၊ 
  • ယခု ၂၀၂၃ ခုနှစ် ပထမနှစ်ဝက် ကုန်လွန်ပြီးမှသာ အရှိန်အဟုန်တစ်ခုကို ရလာပြီ ဖြစ်ကြောင်း၊
  • ဗဟိုဘဏ်အချင်းချင်း စီစဉ် ဆောင်ရွက်မှုများနှင့် ဘဏ္ဍာရေးအခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်မှုများကလည်း အဆင်သင့်ရှိနေပြီ ဖြစ်ကြောင်း ထိုင်းဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ထိုင်းဗဟိုဘဏ်အနေဖြင့် တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံတို့နှင့် ပြည်တွင်းငွေကြေး တိုးမြှင့် သုံးစွဲရေး  ပူးပေါင်း လုပ်ဆောင်လျက် ရှိနေပြီး ယခု ၂၀၂၃ ခုနှစ် ဒုတိယနှစ်ဝက်တွင်  သိသိသာသာ တိုးတက်လာတော့မည် ဖြစ်သည်ဟု ဆိုသည်။

 

တရုတ်နိုင်ငံ ယွမ်နှင့် ကုန်သွယ်ရေးအတွက် သဘောတူညီချက် အများအပြား ရရှိထားပြီ ဖြစ်သည့်အပြင် အိန္ဒိယနိုင်ငံကလည်း ရူပီးကို တိုးမြှင့် အသုံးပြုရေးအတွက် လုပ်ဆောင်နေသည်။ 

 

ထို့အတူ ဘရာဇီး၊ အာဂျင်တီးနား စသည့် တောင်အမေရိကနိုင်ငံများကလည်း အမေရိကန်ဒေါ်လာအစား အခြားငွေကြေးများကို အစားထိုး အသုံးပြုနိုင်ရေး နည်းလမ်း‌များ ရှာဖွေလျက် ရှိကြောင်း သိရသည်။ 

 

Source : Bangkok Post

Published in Trade Centre

COVID ကန့်သတ်ချက်များကို ရုတ်သိမ်းပြီးကတည်းက တိုးပွားလာနေသည့် ခရီးသွားကဏ္ဍမှ ၀ယ်လိုအား မြင့်တက်မှုများကြောင့် ထိုင်းလေကြောင်းလုပ်ငန်းတွင် လေကြောင်းလိုင်းအသစ် (၄) ခုထက်မနည်း ဝင်ရောက် ပျံသန်း ပြေးဆွဲရန် ပြင်ဆင်နေကြသည်။

Published in Airport Information

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့တွင် ရှိသည့် ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံ၊ ရနောင်းမြို့သို့ ရေထွက်ပစ္စည်းများကို Free on Board (FOB) စနစ်ဖြင့် အဓိက တင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခု ဖြစ်သည်။ 

 

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အဓိကအားဖြင့် ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (အစို/ အခြောက်)၊ ခရုနှင့် ငါးမှုန့် စသည့် ရေထွက်ပစ္စည်းများနှင့် သီဟိုဠ်စေ့၊ ဆီအုန်း စသည်တို့ကို တင်ပို့ ရောင်းချလျက် ရှိသည်။

 

ယခု ၂၀၂၃ ခုနှစ်၊ မတ်လ (၁) ရက်နေ့မှ (၂၁) ရက်နေ့အထိ…

  • ပို့ကုန်တန်ချိန် (၁၄,၆၁၉) တန်နှင့် တန်ဖိုး အမေရိကန် ဒေါ်လာ (၁၄.၃၁၈) သန်း
  • သွင်းကုန်တန်ချိန် (၁,၁၀၉) တန်၊ (၇၅၀) M2၊ (၈၁) U၊ (၁၀,၀၂၅) BBL နှင့် တန်ဖိုး အမေရိကန် ဒေါ်လာ (၂.၀၆၈) သန်း
  • စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၁၆.၃၈၆) သန်း ရရှိခဲ့ကြောင်း ကုန်သွယ်ရေး ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

 

မတ်လအတွင်း ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့နိုင်ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငါးမျိုးစုံနှင့် ကင်းမွန်၊ ဆီအုန်း၊ ဓနိအုန်း၊ ဓနိဖက်တို့ ဖြစ်သည်။  

 

Advertisement

Click Here > Cheery Eveline

 

အများဆုံး တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ပီလောပီနံမှုန့်၊ ကြွေပြား၊ ဆား၊ ကုန်စုံ၊ စတီးဝါယာကြိုး၊ ဒီဇယ်၊ ဓာတ်ဆီ၊ ဆီလီကွန်၊ ဆာလဖာ၊ ကျောက်ချဉ်၊ မီးသွေးမှုန့်၊ ရေသန့်စင်စက်၊ ရေကူးကန်သုံးအပိုပစ္စည်း၊ နိုင်လွန်ကြိုး၊ ငါးဖမ်းပိုက်ကွန်၊ ဌက်သိုက်၊ သင်္ဘောအပိုပစ္စည်း၊ ငါးထည့်သည့်ခြင်း၊ ရေခဲပုံး၊ ဖိနပ်ကုန်ကြမ်းတို့ ဖြစ်ကြောင်း သိရသည်။

 

၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်၊ ပြီးခဲ့သည့် ဇန်နဝါရီလအထိ ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၁၆၅.၄၈၈) သန်း ရရှိခဲ့ပြီး သွင်းကုန်တန်ဖိုး (၁၉.၇၁၄) သန်း ရရှိခဲ့ကာ ကုန်သွယ်မှု တန်ဖိုးပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ (၁၈၅.၂၀၂) သန်း ဖြစ်သည်။

 

နယ်စပ်စခန်းအလိုက် ကုန်သွယ်မှု အခြေအနေများ

 

ဘဏ္ဍာနှစ်အလိုက် ကုန်သွယ်မှု အခြေအနေများ

 

မြန်မာနိုင်ငံ၏ ကုန်သွယ်မှု အချိုးအရ တစ်နိုင်ငံလုံး၏ ကုန်သွယ်မှု (၇၅) ရာခိုင်နှုန်းခန့်သည် ပယ်လယ်ရေကြောင်း ကုန်သွယ်မှုဖြစ်ပြီး ကျန်သည့် (၂၅) ရာခိုင်နှုန်းခန့်သည် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများမှ ရရှိခြင်း ဖြစ်သည်။

 

တစ်နိုင်ငံလုံးတွင် နယ်စပ်ကုန်သွယ်ရေးစခန်းပေါင်း အခု (၂၀) ရှိပြီး မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိသော အိမ်နီးချင်း နိုင်ငံ (၄) နိုင်ငံနှင့် အဓိက ကုန်သွယ်မှု ပြုလုပ်လျက် ရှိသည်။ 

 

ကုန်သွယ်မှုစခန်းများအကြောင်း ဖတ်ရန်

 

Published in Port News

၁။ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားကို (၃၀-၁၀-၂၀၁၉) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး (၃၁-၁၀-၂၀၁၉) ရက်နေ့မှ စတင်၍ ကုန်တင်ယာဉ်များစတင်ဖြတ်သန်းခွင့်ပြုလျက်ရှိနေပြီဖြစ်ပါသည်။ မြန်မာ-ထိုင်း ကုန်သွယ်မှုဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ တင်သွင်းသည့် သွင်းကုန် ပစ္စည်းများကို ထိုင်းနိုင်ငံမှ ကုန်တင်ယာဉ်များဖြင့် သယ်ဆောင်၍ မြဝတီမြို့ရှိ သက်ဆိုင်ရာဂိုဒေါင် အသီးသီးသို့ သွားရောက်ပို့ဆောင်မှုများ၊ မြန်မာနိုင်ငံမှ တင်ပို့မည့်ပို့ကုန်များကိုသယ်ဆောင်ရန်အတွက် လာရောက်သယ်ဆောင်မှုများ ဆောင်ရွက်လျက်ရှိနေပါသည်။

Published in Transportation

မဟာမဲခေါင်ဒေသတွင်းနိုင်ငံများ ကုန်စည်များ အပြန်အလှန် ကူးသန်းရောင်းဝယ်နိုင်မည့် မြဝတီမြို့ရှိ သောင်ရင်းမြစ်ကိုဖြတ်ကာ ထိုင်းနိုင်ငံမှ တည်ဆောက်ပေးနေသော ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂)ကို မေလတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း

Published in Transportation

မြန်မာနိုင်ငံ မြဝတီမြို့နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဆက်သွယ်ထားသည့် မြဝတီ-မဲဆောက် ချစ်ကြည်ရေး တံတား အမှတ်(၂)တွင် ယခု အောက်တိုဘာ ၃ဝ ရက်က စတင်၍ ကုန်တင်ကားများ အသုံးပြုနေပြီဖြစ်ပါတယ်။

Published in Local Industry

၂၀၁၉ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က ထိုင်းနိုင်ငံအစိုးရဘဏ်တာဝန်ရှိသူတစ်ဦးနှင့် မြန်မာနိုင်ငံတော်အစိုးရဘဏ်တာဝန်ရှိသူတို့သည် အမေရိကန်နိုင်ငံရှိ IMF-World Bank တွေ့ဆုံပွဲတွင် နှစ်ဘက်သဘောတူနားလည်မှုလက်မှတ်ရေးထိုးခြင်းဖြင့် ဘတ်ငွေနှင့်မြန်မာကျပ်အသုံးပြုခြင်း ပိုမိုမြှင့်တင်ခဲ့ကြကြောင်း သတင်းများကဖော်ပြခဲ့သည်။

Published in Local Industry
Page 1 of 2