Knowledge

မြန်မာနိုင်ငံအတွက် လိုအပ်ချက်ရှိနေသည့် စွမ်းအင် နှင့် အခြေခံ အဆောက်အဦတည်ဆောက်ရေး အပါအ၀င် ကဏ္ဍ (၄)ခုတွင် အိန္ဒိယလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရန် မျှော်မှန်းထားကြောင်း အိန္ဒိယ-မြန်မာ ကုန်သည်စက်မှု အသင်းချုပ်ထံမှ သိရသည်။

Published in Investment

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၊ ဒီဇင်ဘာလအတွက် မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၆၅၇ ဒသမ ၃၈ သန်း ၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၂၄ ဒသမ ၈၂ သန်း နှင့် စုစုပေါင်းပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၂၈၂ ဒသမ ၂၀ သန်း ဖြစ်ခဲ့ပါတယ်။

 

ပုံမှန် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃၂၈ ဒသမ ၅၈ သန်း ၊ နယ်စပ်သွင်း ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၆၃ ဒသမ ၄၈ သန်း နှင့် စုစုပေါင်း သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၅၉၂ ဒသမ ၀၆ သန်း ဖြစ်ခဲ့ပါတယ်။၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ် ၊ ဒီဇင်ဘာလအတွက် စုစုပေါင်း ကုန်သွယ်မှု့ ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၈၇၄ ဒသမ ၂၆ သန်း ဖြစ်ခဲ့ပြီး ကုန်သွယ်မှု့လိုငွေမှာ အမေရိကန်ဒေါ်လာ ၃၀၉ ဒသမ ၈၆ သန်း ဖြစ်ပေါ်ခဲ့ပါတယ်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ၊ ဧပြီလမှ ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံ၏ ပုံမှန် ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၈၅၅ ဒသမ ၃၂ သန်း ၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၈၄၁ ဒသမ ၇၇ သန်း နှင့် စုစုပေါင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၆၉၇ ဒသမ ၀၉ သန်း တင်ပို့နိုင်ခဲ့သည်။

 

ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ၁၁၅၄၂ ဒသမ ၅၂သန်း ၊နယ်စပ်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၁၁၃ ဒသမ ၁၇ သန်း နှင့် စုစုပေါင်းသွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၃၆၅၅ ဒသမ ၆၉ သန်းဖြစ်သဖြင့် ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာ စုစုပေါင်းကုန်သွယ်မှု့ပမာမှာ အမေရိကန်ဒေါ်လာ ၂၄၃၅၂ ဒသမ ၇၈ သန်း ဖြစ်ကာ ကုန်သွယ်မှု့လိုငွေ အမေရိကန်ဒေါ်လာ ၂၉၅၈ ဒသမ ၆၀သန်း ဖြစ်ပေါ်ခဲ့ကာ ဗဟိုစာရင်းအဖွဲ့မှ လစဉ်တင်ပြသော ပို့ကုန် ၊ သွင်းကုန် အခြေအနေ အစီရင်ခံစာဖော်ပြချက်အရ သိခဲ့ရပါတယ်။

Source ; မြန်မာ့အလင်း

Published in Export & Import

အရှေ့တောင်အာရှမှာရှိတဲ့ မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း ရေကြောင်းဖြင့် နိုင်ငံတကာကို ကုန်ပစ္စည်းများ တင်ပို့ခြင်းမှ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၇ ဘီလျံကျော် ရရှိခဲ့ပါသည်။

Published in Export & Import

          အိန္ဒိယနိုင်ငံက မြန်မာ နိုင်ငံတွင် LNG (သဘာဝဓာတ် ငွေ့ရည်) တင်သွင်းမည့် ဆိပ်ကမ်းတစ်ခုတည်ဆောက်ရန် စီစဉ်နေကြောင်း

Published in Port News

ဧပြီလ အစောပိုင်းမှာ စတင်မဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး သဘာဝဓာတ်ငွေ့တင်ပို့ရာဆိပ်ကမ်းကို တည်ဆောက်ရန် နိုင်ငံတကာ တင်ဒါတစ်ခုကို ခေါ်ယူထားခြင်းဟာ အာရှကုန်သွယ်ရေးနဲ့ စွမ်းအင်ကုမ္ပဏီများအတွက် စီးပွားရေးဆိုင်ရာအခွင့်အလမ်းတစ်ခုဖြစ်တယ်လို့ အစိုးရအရင်းအမြစ်တစ်ခုအရ သိရှိပါသည်။

Published in Port News

တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာအတွင်းသို့ အချိန်တို အတွင်း ထွက်ပေါက်ပေးနိုင်သည့် လမ်းကြောင်းသည် မြန်မာနိုင်ငံမှတစ်ဆင့်သာရှိသည်။ ထို့အတူ အိန္ဒိယနိုင်ငံကို အရှေ့တောင်အာရှနိုင်ငံများနှင့် ချိတ်ဆက်ပေးမည့် လမ်းကြောင်းလည်း မြန်မာနိုင်ငံသာရှိ၏။တရုတ်သည် ကမ္ဘာ့ဒုတိယ စီးပွားရေးအကြီးဆုံးနိုင်ငံတစ်ခု ဖြစ်သလို အိန္ဒိယနိုင်ငံသည် ကမ္ဘာ့တတိယစစ်အင်အားအကြီး ဆုံးနိုင်ငံဖြစ်သည်။ နှစ်နိုင်ငံစလုံး သည် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံများလည်းဖြစ်ပါသည်။

Published in Local Industry

မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုပိုင်းဆိုင်ရာနှင့်ပတ်သက်၍ နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်အသိုင်းအ၀ိုင်းမှ စိုးရိမ်မှုများ ရှိနေကြောင်း Oxford Business Group ( OBG) ၏ ၂၀၁၉ ခုနှစ်အတွက် Business Barometer : Myanmar CEO Survey စစ်တမ်းအရ သိရပါတယ်။

Published in Local Industry

မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် အကူးအပြောင်းကာလအတွင်း ၆ ဒသမ ၄ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းသို့ မြင့်တက်မည်ဟု ဇွန် ၁၈ ရက်က ရန်ကုန်မြို့ Sule Shangri – La Hotel တွင်ပြုလုပ်သည့် ကမ္ဘာ့ဘဏ်ကထုတ်ပြန်သည့် မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာ အနှစ်ချုပ်တွင် ဖော်ပြထားသည်။

Published in Local Industry

          ဂျပန် AEON ကုမ္ပဏီ ကို ပြည်တွင်းရှိ Orange နှင့် အကျိုးတူပူးပေါင်း၍ လက်လီပစ္စည်း ၁၅ မျိုး ရောင်းချခွင့်ပြုခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားခဲ့ပါတယ်။ထိုသို့ရောင်းချရန် ဂျပန်ကုမ္ပဏီက AEON Orange ကုမ္ပဏီအဖြစ်ရရှိခြင်းဖြစ်ပြီး ပြည်တွင်းရှိ စီးတီးမတ်ကုမ္ပဏီ နှင့်အတူ အောက်တိုဘာ ၁၀ ရက် စွဲဖြင့် ပထမဆုံး လက်လီလုပ်ငန်းလိုင်စင် စတင်ရရှိခြင်းလဲ ဖြစ်ပါတယ်။

 

          MYCARE Unicharm နှင့် Pacific Andaman (SEA) ကုမ္ပဏီတို့ကိုလည်း ၀န်ကြီးဌာနက လက်ကားရောင်းချခွင့် ခွင့်ပြုခဲ့ထားခဲ့ပါတယ်။AEON Orange ကို ဂျပန်နိုင်ငံ AEON ကုမ္ပဏီနှင့် ပြည်တွင်းရှိ Creating Myanmar ကုမ္ပဏီအုပ်စုတို့ အကျိုးတူပူးပေါင်း၍ ၂၀၁၆ ဧပြီက ထူထောင်ပြီး မြန်မာနိုင်ငံ၌ အရောင်းစင်တာ ၁၄ ခုဖွင့်လှစ်ရန် စီစဉ် ထားခဲ့ပါတယ်။၂၀၁၆ စက်တင် ဘာ ၃၀ ရက်တွင် ပထမဆုံးအရောင်းစင်တာကို မြောက်ဥက္ကလာပမြို့နယ်၌ ဖွင့်လှစ်ခဲ့ပါတယ်။စီးပွားကူးသန်းဝန်ကြီးဌာနသင် နိုငံခြားသားကုမ္ပဏီ၊ နိုင်ငံသားနှင့် နိုင်ငံခြားသား ပေါင်းစည်းဆောင်ရွက်သည့် ဖက်စပ် ကုမ္ပဏီများအား ပြည်တွင်း၌ လက်လီ၊ လက်ကားရောင်းချခွင့်ကို မေလ ၉ ရက်တွင် စတင်ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။

 

          ထိုသို့ခွင့်ပြုခြင်းသည် စားသုံးသူများအပေါ် အမြတ်ထုတ်ခြင်းမရှိစေရန်နှင့် ဈေးကွက်စည်းမျဉ်းများနှင့်အညီ ယှဉ်ပြိုင်မှုတိုးလာစေရန်ဖြစ်ကြောင်း ၀န်ကြီးဌာနကထုတ်ပြန်ထားခဲ့ပါတယ်။ထို့အပြင် ၀န်ကြီးဌာနသို့ လက်လီ၊ လက်ကားအရောင်းစင်တာများ ဖွင့်လှစ်ရောင်းချရန် ဂျပန်၊ ထိုင်း၊ ကိုရီးယား ကုမ္ပဏီများလာရောက်ညှိနှိုင်းနေကြောင်း အဆိုပါဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးရန်နိုင်ထွန်း ပြောထားချက်အရ သိရပါတယ်။

 

          နိုင်ငံခြားသား ကုမ္ပဏီများ၊ ဖက်စပ်ကုမ္ပဏီများအနေဖြင့် ပြည်တွင်းတွင် လက်လီ၊ လက်ကား အရောင်းစင်တာများဖွင့် လှစ်ပါက အ၀တ်အထည်၊ နာရီ၊ အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများပါဝင်သည့် ဦးစားပေးကုန်ပစ္စည်း ၂၄ မျိုးကို ၀န်ကြီးဌာနက သတ်မှတ်ထားခဲ့ပါတယ်။ထို့အပြင်အဆိုပါ ကုမ္ပဏီများသည် လက်လီ၊ လက်ကားလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမည်ဆိုပါက လက်လီလုပ်ငန်း၌ ဒေါ်လာ သုံးသန်း ကနဦးမတည်ရမည်ဖြစ်ပြီး လက်ကားလုပ်ငန်းအတွက် ဒေါ်လာငါးသန်းရင်းနှီးမြှုပ်နှံရမည်ဟု သတ်မှတ်ထားခဲ့ပါတယ်။ထိုပမာဏတွင် မြေငှားရမ်းခများ ပါဝင်ခြင်းမရှိစေရဟု ကန့်သတ်ထားခဲ့ပါတယ်။

 

          နိုင်ငံခြားနှင့် နိုင်ငံသား အကျိုးတူပူးပေါင်းထားပါက မြန်မာနိုင်ငံသားရှယ်ယာ ၂၀ ရာခိုင် နှုန်းပါဝင်လျှင် လက်ကားရောင်းချခြင်းအတွက် ဒေါ်လာနှစ်သန်း နှင့်လက်လီအတွက် ဒေါ်လာခုနစ်သိန်းအထက် ရှိရမည်ဟု သိရပါတယ်။ပြည်ပလုပ်ငန်းရှင်များကလက်ကားရောင်းချဖြန့်ဖြူးခြင်းကိုရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ပါကရောင်းမည့်ကုန်ပစ္စည်းအပေါ်ကနဦးရင်းနှီးမတည်ငွေပမာဏသည်မြေငှားရမ်းခမပါဒေါ်လာငါးသန်းနှင့်အထက်ရှိရမည်ဟု သတ်မှတ်ထားပြီးလက်လီဖြစ်ပါက မြေငှားရမ်းခမပါ ဒေါ်လာသုံးသန်းနှင့်အထက်ရှိရမည်ဟု သတ်မှတ်ထားခဲ့ပါတယ်။

 

          မြန်မာနိုင်ငံသားနှင့်ပူးပေါင်းလုပ်ကိုင်သော ကုမ္ပဏီဖြစ်ပါက လက်ကားရောင်းချခြင်းအတွက် ရောင်းချမည့် ကုန်ပစ္စည်းအပေါ် ကနဦးမတည်မြှုပ်နှံမှုပမာဏ မြေငှားခမပါ ဒေါ်လာနှစ်သန်းနှင့်အထက်ရှိရမည်ဖြစ်ပြီး လက်လီမှာ ဒေါ်လာခုနစ်သိန်းနှင့်အထက်ရှိရမည်ဖြစ်တယ်လို့လဲ သိရပါတယ်။

 

Source : 7 Day Daily

Published in Local Industry

ယခု အစည်းဝေးနာမည် က Ayerwadee Chaukphayar Maekong မြစ် ၃ သွယ်နဲ့ ဆက်စပ်နေတဲ့ စီးပွားဖော်၊စီးပွားဖက်

Published in Local Industry