Knowledge

သီလဝါအထူးစီးပွားရေးဇုန်တွင် စင်ကာပူကုမ္ပဏီနှင့် ဂျပန်-မြန်မာ ဖက်စပ်ကုမ္ပဏီတို့ အပါအဝင် ကုမ္ပဏီးသုံးခုသည် ရင်းနှီးမြှုပ်နှံမှု ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဒေါက်တာရွှေဟိန်းက ပြောသည်။

Published in Investment

လက်ရှိဘဏ္ဍာနှစ် နှစ်လအတွင်း သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ (၁၅) သန်းကျော် ဝင်ရောက်မြှုပ်နှံမှုနှင့်အတူ မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ (၁ ဒသမ ၃၉) ဘီလျံကျော် ဝင်ရောက်မြှုပ်နှံထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC မှ သိရပါတယ်။

Published in Investment

MTSH (Myanmar Thilawa SEZ Holdings Public Limited) အနေဖြင့် တရုတ်နိုင်ငံ၏ မဟာဗျုဟာမြောက် စီမံကိန်းဖြစ်သော BRI (Belt & Road Initiative) ဖြင့် ချိတ်ဆက်နေသည့် မြစ်ကြီးနား စီးပွားဖွံ့ဖြိုးဇုန်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံရန် လေ့လာမှုများ လုပ်ဆောင်နေကြောင်း MTSH ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားခဲ့ပါတယ်။


သီလဝါအထူးစီးပွားရေးဇုန်တွင် လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသည့် ကုမ္ပဏီများတွင် မော်တော်ကားကုမ္ပဏီ ငါးခု၊ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း ရှစ်ခု၊ ဆေးဝါးလုပ်ငန်း ခြောက်ခုနှင့် ဆောက်လုပ်ရေး ကုန်ကြမ်းဆိုင်ရာကုမ္ပဏီ ၁၆ ခုအထိရှိနေပြီး အများစုမှာဂျပန်ကုမ္ပဏီများဖြစ်ကြောင်း Myanmar Thilawa SEZ Holdings Public Ltd.(MTSH) မှ သိရပါတယ်။


၂၀၁၇-၂ဝ၁၈ဘဏ္ဍာနှစ်လက်ရှိအချိန်အထိသီလဝါအထူးစီးပွားရေးဇုန်တွင်  ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါ   အဝင် လုပ်ငန်းကိုးခုတွင် နိုင်ငံတကာမှ အမေရိကန်ဒေါ်လာသန်း   ၂၈ဝကျော်အထိမြှုပ်နှံထားပြီး ဂျပန်နိုင်ငံမှ အများဆုံးဖြစ်ကြောင်း   ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။


၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ သီလ၀ါအထူးစီးပွားရေးဇုန်သို့ ၀င်ရောက်ထားသည့် ရင်းနှီးမြှုပ်နှံမှု အပါအ၀င် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ၅ ဒသမ ၇ ဘီလျံနီးပါးရှိကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရသိသည်။


သီလဝါဆိပ်ကမ်းရှိ အထွေထွေကုန်စည်နှင့် ကောက်ပဲသီးနှံတင်ချဆိပ်ခံတံတား Wilmar Jetty ၌ တည်ဆောက်နေသည့် တစ်နေ့လျှင် တန် ၃၅၀ ကျ ဂျုံစက်ရုံနှင့် သိုလှောင်ကန်တည်ဆောက်မှု ယခုလအတွင်း ပြီးစီးမည်ဖြစ်ကြောင်း သတင်းရရှိခဲ့ပါတယ်။

Published in Port News

ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့ ကျောက်တန်းမြို့နယ် သီလဝါဆိပ်ကမ်း၌ နိုင်ငံတကာ အဆင့်မီ အထွေထွေ ကုန်စည်နှင့် ကုန်သေတ္တာတင်/ချ ဆိပ်ကမ်းသစ် (TMIT) ဖွင့်လှစ်ခြင်းနှင့် ကုန်သေတ္တာဖြင့်မဟုတ်သော စိုက်ပျိုးရေးထွက် ကောက်ပဲ သီးနှံ ကုန်စည်များ သင်္ဘောအစင်းလိုက် ကုန်စည်တင်/ချ ဆိပ်ကမ်းသစ် (IBTT) ၏ အကြို ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဆိပ်ကမ်းနေရာများ၌ ကျင်းပခဲ့ပါတယ်။

Published in Port News

          သီလဝါအထူးစီးပွားရေးဇုန်၏ ကုန်သွယ်မှုအတွက်အရေးပါသည့် သီလဝါဆိပ်ကမ်းကို လာမည့်နှစ် ၂၀၁၉ခုနှစ်အစပိုင်းတွင် လုပ်ငန်းစတင်လည်ပတ်နိုင်မည်ဖြစ်ကြောင်း ယင်းစီမံကိန်းကို ကူညီထောက်ပံ့ပေးထားသောဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ထံမှ သိရပါတယ်။

Published in Port News

သီလ၀ါ ဆိပ်ကမ်းတွင် အထွေထွေကုန်စည် နှင့် ကုန်သေတ္တာတင် သင်္ဘောများ ဆိုက်ကပ်နိုင်မည့် တတိယမြောက် ဆိပ်ကမ်းဖြစ်သည့် Wilmar Jetty အား မတ် ၂၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါတယ်။

Published in Port News
Page 1 of 3