Knowledge

ယခုဘဏ္ဍာနှစ် အောက်တိုဘာလမှ မေလကုန်အထိ ရှစ်လတာအတွင်း ဝင်ရောက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတွင် ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍသို့ ဝင်ရောက်မှုသည် အများဆုံးဖြစ်သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနDICA ယာယီညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်မှ ပြောခဲ့ပါတယ်။

Published in Investment

နိုင်ငံခြားရေနံ ကုမ္ပဏီများက ပြန်လည်အပ်နှံခဲ့သည့် သဘာဝဓာတ်ငွေ့ကမ်းလွန် လုပ်ကွက်များကို ယခုနှစ်အတွင်း၌ တင်ဒါပြန်ခေါ်မည်ဖြစ်သည်ကို လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန ပြောကြားချက်အရ သိခဲ့ရပါတယ်။

Published in Tenders

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ခြောက်လနီးပါးအတွင်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၅ ဒသမ ၅ ဘီလျံကျော်ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၈၆ သန်းနီးပါး ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

 

ခြောက်လနီးပါးအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန်တင်ပိုမှုတန်ဖိုး ဒေါ်လာ ၇၃၇၂ ဒသမ ၂၇၇ သန်းရရှိထားပြီး သွင်းကုန် တင်သွင်းမှုတန်ဖိုးမှာ ဒေါ်လာ ၈၁၄၃ ဒသမ ၂၈၀ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၅၅၁၅ ဒသမ ၅၅၇ သန်း ရရှိခဲ့ပါတယ်။၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ခြောက်လနီးပါးကာလအတွင်း ပို့ကုန်တန်ဖိုး ဒေါ်လာ ၆၆၇၅ ဒသမ ၀၈၄ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၈၆၅၄ ဒသမ ၅၆၇ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၅၃၂၉ ဒသမ ၆၅၁ သန်း ရရှိခဲ့ပါတယ်။

 

အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ကြည့်ပါက လက်ရှိဘဏ္ဍာနှစ် ခြောက်လနီးပါးအတွင်း မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၈၆ သန်းနီးပါး ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနမှ သိရပါတယ်။

 

လက်ရှိဘဏ္ဍာနှစ်တွင် ပြည်ပကုန်သွယ်မှု စုစုပေါင်းပမာဏ ဒေါ်လာ ၃၁ ဘီလျံကျော် ရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၅၀၀ ဝန်းကျင်အထိ လျော့ကျအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန် အစည်းအဝေး ပထမနေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောကြားချက်အရ သိခဲ့ရပါတယ်။

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၃ ဘီလျံရရှိရန်နှင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၈ ဘီလျံ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၁ ဘီလျံရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောကြားချက်အရ သိရပါတယ်။

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မတ် ၁ ရက်အထိ ငါးလကျော်အတွင်း စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၅ ဘီလျံနီးပါးအထိ ကုန်သွယ်မှု ပြုလုပ်ထားပြီး ကျန်ရှိနေသည့် ဘဏ္ဍာနှစ်ကာလခုနစ်လတွင် ကုန်သွယ်မှုလျာထားချက် အမေရိကန်ဒေါ်လာ ၃၁ ဘီလျံပြည့်မီရန် အမေရိကန်ဒေါ်လာ ၁၆ သန်းကျော် လိုအပ်နေသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရပါတယ်။

 

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍ၌ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၉ ဘီလျံကျော်ရရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၅ ဒသမ ၂၁၂ ဘီလျံကျော်အထိရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စာရင်းများအရ သိရပါတယ်။

 

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စုစုပေါင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၃ ဘီလျံကျော် ရရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ ၃ ဒသမ ၈၃၆ ဘီလျံကျော်အထိ ရှိခဲ့ပါတယ်။၂၀၁၈ ခုနှစ် ကြားကာလခြောက်လတွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၈ ဘီလျံကျော် အထိရရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေ ဒေါ်လာ တစ်ဘီလျံကျော်အထိ ဖြစ်ပေါ်ခဲ့ပါတယ်။

 

Source : Eleven

 

Myanmar Logistics Guide

Published in Export & Import

          ၂၀၁၈ ခုနှစ်အတွင်း ကားတင်သင်္ဘော ၃၉ စင်း ဆိုက်ကပ်ခဲ့ပြီးကားအစီးရေ ၂၇,၀၀၀ ကျော် ကမ်းချခဲ့ကြောင်း

Published in Port News

သီလ၀ါ ဆိပ်ကမ်းတွင် အထွေထွေကုန်စည် နှင့် ကုန်သေတ္တာတင် သင်္ဘောများ ဆိုက်ကပ်နိုင်မည့် တတိယမြောက် ဆိပ်ကမ်းဖြစ်သည့် Wilmar Jetty အား မတ် ၂၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါတယ်။

Published in Port News

ယခုဘဏ္ဍာနှစ်အစပိုင်းတွင် သီလဝါ အထူးစီးပွားရေးဇုန်သို့ ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ဝဝ သန်းနှင့် ကင်းလွတ်ဇုန်၌ အမေရိကန်ဒေါ်လာ ၁ဝ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၁ သန်းကျော် စီးဝင်မြှုပ်နှံခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရပါတယ်။

Published in Local Industry

မကွေးတိုင်းဒေသကြီးအတွင်း ရေနံစိမ်း၊ ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့် ဓာတ်ငွေ့သယ်ယာဉ် များကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နောက်ပိုင်းတွင် နိုင်ငံခြားမှ တင်သွင်းသည့် Original ဘောက်ဆာယာဉ်များဖြင့်သာ သယ် ဆောင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ သဘာဝ ပတ်ဝန်းကျင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်ထံမှ သိခဲ့ရပါတယ်။

Published in Local Industry

ယခုနှစ်အတွင်း နိုင်ငံခြား အသက်အာမခံကုမ္ပဏီများ၊ အထွေထွေနှင့်အသက်အာမခံ ဖက်စပ်ကုမ္ပဏီများ စတင် လုပ်ကိုင်နိုင်ရန် ဆောင်ရွက်ပေးသွားမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ငွေရေး ကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်က ပြောခဲ့ပါတယ်။

Published in Local Industry

         သီလ၀ါ အထူးစီးပွားရေးဇုန်တွင် လက်ရှိအချိန်၌ နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ကုမ္ပဏီပေါင်း ၈၉ ခုက ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိ

Published in Latest News

မြန်မာ နှင့် စင်ကာပူနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရေး နှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုရေး

Published in Latest News
Page 1 of 2