ပြည်တွင်းထုတ်ကုန်တွေကို တင်ပို့ရာတွင် သက်ဆိုင်ရာနိုင်ငံတွေနှင့် ချိတ်ဆက်နိုင်သော Help Desk များပါဝင်မည့် မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာနကို မတ်လအတွင်း ဖွင့်လှစ်သွားရန် စီစဉ်နေကြောင်း MITC မှ သိရသည်။
ပြည်ပကုန်သွယ်မှုတွင် အလားအလာကောင်းများရှိနေသဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်သည် ယခင်နှစ်လျာထားချက် ဒေါ်လာ ၃၁ ဘီလျံထက် ကျော်လွန်နိုင်ကြောင်း အောက်တိုဘာ ၂၂ ရက်က ရန်ကုန်မြို့ရှိ Park Royal Hotel ၌ ကျင်းပသည့် The Global Value Chain and Economic Development, ADB - Asian Think Tank Development Forum 2019 တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက ပြောကြားခဲ့ပါတယ်။
မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်နိမိတ်တိုင်းတာသတ်မှတ်ပြီး နယ်စပ်ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးပြီးပါက မောတောင်ကုန်သွယ်ရေးစခန်းကို တရားဝင်အမြဲတမ်းကုန်သွယ်ရေးစခန်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။
ထိုင်းနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များကြား ကုန်သွယ်မှု ဆိုင်ရာ ဆက်ဆံရေးမြင့်တက်စေရန်အတွက် "ထိုင်း-မြန်မာ ကုန်သွယ်ရေးစင်တာ" ကို ရန်ကုန်မြို့တွင် ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။