Knowledge

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၀)အပါအဝင်ရက်သတ္တပတ် အတွင်း ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများနှင့် စပ်လျဉ်း၍ သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Published in Investment

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (ဒီဇင်ဘာလထိ) (ယာယီ) တွင် မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၆၇၇ သန်းနှင့် ပြည်ပသွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄၇၀၆ သန်း ရှိသဖြင့် ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၉၃၈၃ သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

Published in Investment

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က လျှပ်စစ်ကဏ္ဍအပါအဝင် အမေရိကန်ဒေါ်လာ သန်း (၅၀) ကျော် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၂၀/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးမှာ ခွင့်ပြုခဲ့ကြောင်း သိရပါတယ်။

Published in Investment

ရန်ကုန်တိုင်းဒေသကြီးအတွင်း အမေရိကန်ဒေါ်လာ ခုနစ်သန်းကျော် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းခုနစ်ခုကို နိုဝင်ဘာ ၁၃ ရက်ကပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးက ခွင့်ပြုခဲ့ကြောင်း သိခဲ့ရပါတယ်။


တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပေါ်လာစေရေးအတွက် မြန်မာ-ဂျပန်-အမေရိကန် ရင်းနှီးမြှုပ်နှံမှုဖိုရပ်ကို သြဂုတ်လ ၂၀ ရက်က ရန်ကုန်မြို့ Novotel Yangon Max Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။


ကမ္ဘာ့စီးပွားရေးထိပ်သီးနိုင်ငံတစ်နိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံမှ ကုမ္ပဏီများအနေဖြင့် မြန်မာ့စီးပွားရေး နယ်ပယ်အသီးသီးတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel က ပြောပါတယ်။


ရန်ကုန်တိုင်းအတွင်း အမေရိကန်ဒေါ်လာ ၁၈ သန်းကျော် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၁၁ ခုအား ခွင့်ပြုခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရပါတယ်။


          မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၏ အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာပထမပတ်အထိ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုကဏ္ဍ၌ အမေရိကန်ဒေါ်လာ ၃၃၉ ဒသမ ၇၈၉ သန်းနှင့် အလုပ်အကိုင်ပေါင်း ၃၈၈၃ ဦး၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုကဏ္ဍ၌ အမေရိကန်ဒေါ်လာ ၇ ဒသမ ၃၆၅ သန်းနှင့် အလုပ်အကိုင်ပေါင်း ၁၈၆၈ ဦး ဖန်တီးပေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ စာရင်းများအရ နိုဝင်ဘာ ၉ ရက်က သိရပါတယ်။

 

ခွင့်ပြုပေး

***********

          မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ၁၈/၂၀၁၈ အပါအဝင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု အဆိုပြုလုပ်ငန်းလေးခု နှင့် အတည်ပြု လုပ်ငန်းသုံးခုခွင့်ပြုခဲ့ပြီး အဆိုပါလုပ်ငန်းများအနက်မှ ကော်မရှင်ဘက်က အဆိုပြုလုပ်ငန်းလေးခု နှင့် အတည်ပြုလုပ်ငန်းတစ်ခု ခွင့်ပြုပေးခဲ့ပါတယ်။ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်းတစ်ခု၊ ကယားပြည် နယ်မှအတည်ပြုလုပ်ငန်းတစ်ခု ခွင့်ပြုခဲ့သောကြောင့် စုစုပေါင်း လုပ်ငန်းခုနစ်ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃၂၁ ဒသမ ၈၆၆ သန်း နှင့် အဆိုပါလုပ်ငန်းများ၌ အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၀၅၄ ဦး ဖန်တီးပေးနိုင်မည်ဖြစ်ပါတယ်။

 

          အဆိုပြု၊ အတည်ပြုလုပ်ငန်းခုနစ်ခုမှာ စက်မှုကဏ္ဍ၌ တစ်ခု၊ မွေးမြူရေးနှင့်ရေလုပ်ငန်း၌နှစ်ခု၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍ၌တစ်ခု၊ အခြားကဏ္ဍ၌တစ်ခု ခွင့်ပြုခဲ့ခြင်းဖြစ်ပါတယ်။မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု၌ အဆိုပြုလုပ်ငန်းနှစ်ခု နှင့် အတည်ပြုလုပ်ငန်းရှစ်ခု စုစုပေါင်း ၁၀ ခုကို နိုဝင်ဘာပထမပတ်တွင် ခွင့်ပြုခဲ့ပါတယ်။ ယင်းတို့အနက်ကော်မရှင်မှ အဆိုပြု လုပ်ငန်းနှစ်ခုနှင့် အတည်ပြုလုပ်ငန်းနှစ်ခုခွင့်ပြုခဲ့သည်။

 

          ဒါ့အပြင် ပဲခူးတိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်း နှစ်ခု၊ စစ်ကိုင်းတိုင်းနှင့်ကယားပြည်နယ်တို့မှ နှစ်ခုစီ ခွင့်ပြုခဲ့သော်ကြောင့် စုစုပေါင်းလုပ်ငန်း ၁၀ ခု ခွင့်ပြုခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၆ ဒသမ ဝ၉၁ သန်းအပါအဝင် ကျပ် (၃၄၅၄၀ ဒသမ ၁၁၆သန်း) ခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး အလုပ်အကိုင်အခွင့်လမ်းပေါင်း ၅၉၃ ဦး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ခွင့်ပြုအတည်ပြုခဲ့သည့် လုပ်ငန်း ၁၀ ခုမှာ စက်မှုကဏ္ဍသုံးခု၊ ဟိုတယ်ကဏ္ဍနှစ်ခု နှင့် အခြားကဏ္ဍငါးခုတို့ ခွင့်ပြုခဲ့ခြင်း ဖြစ်ပါတယ်။

 

Source : Myanmar Time


၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကုန်ဆုံးရန်အတွက် ၁၀ ရက်ကျော်သာ ကျန်ရှိသော်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် ဧပြီလ မှ မတ်လ ၁၆ ရက်အထိ ကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံသာ ၀င်ရောက်ခဲ့ပြီး အစိုးရ မျှော်မှန်းချက်ပြည့်မီရန် ကန်ဒေါ်လာသန်း ၇၀၀ ကျော် လိုအပ်နေဆဲပင် ဖြစ်ပါတယ်။


၂၀၁၇-၁၈ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံကျော် ၀င်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန သိရှိခဲ့ပါတယ်။

Page 1 of 4