Knowledge

COVID-19 ဂယက်ကြောင့် YBS ယာဉ်တွေကို အဲကွန်းပိတ်ပြီး တံခါးဖွင့်မောင်းဖို့ YRTA က ယာဉ်လိုင်းတွေကို ညွှန်ကြားထားပြီ လို့သိရပါတယ်။

Published in Transportation

၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလအတွင်း ရန်ကုန်တိုင်းအတွင်းရှိ တက္ကသိုလ် လေးခုနှင့်ချိတ်ဆက်ကာ ယာဉ်လိုင်းသစ် ပြေးဆွဲမည်ဖြစ်ကြောင်း Omni Focus ကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ ဦးထွန်းတောက်ဝင်း၏ ပြောဆိုချက်အရ သိရသည်။

Published in Transportation

အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် နောင်ဆယ်စုနှစ်တစ်ခုနီးပါးအထိ YBS ကို အားကိုးအားထားပြုနိုင်ကြောင်း အောက်တိုဘာ ၃၀ ရက်တွင်ပြုလုပ်သည့် YUPT ကုမ္ပဏီ၏ ဒုတိယအကြိမ် နှစ်ပတ်လည်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားခဲ့ပါတယ်။


လာမည့်နိုဝင်ဘာတွင် YBS ငွေ ပေးချေကတ်များစတင်ရောင်းချ မည်ဖြစ်ကြောင်း သိရပါတယ်။ဆူးလေ၊ သမိုင်းနှင့် တာမွေ တို့တွင့်YPS(Yangon Payment Service)ဆားဗစ်စင်တာကြီးများ ဖွင့်လှစ်ကာ ယင်းငွေပေးချေကတ် များကိုရောင်းချမည်ဖြစ်ပြီး အ များပြည်သူလက်လှမ်းမီ အလွယ် တကူဝယ်ယူနိုင်ရန်g&gဆိုင်များ တွင်လည်း ရောင်းချပေးသွားမည် ဖြစ်ကြောင်း Asia Starmar Transport Intelligent Co.,LtdမှSCMOဒေါ်ရီရီခင်က အောက် တိုဘာ ၁၇ ရက်တွင် ပြောခဲ့ပါတယ်။


လက်ရှိ ရန်ကုန်မြို့၌ ပြေးဆွဲနေသော YBS ယာဉ်အစီးရေ ၁၅ဝဝ တွင် အများပြည်သူ အလွယ်တကူ ယာဉ်စီးခပေးချေနိုင်မည့် YPS Card စနစ်သုံးစက်များကို အောက်တိုဘာလကုန်ပိုင်းမှစ၍ တပ်ဆင်အသုံးပြုရန် စီစဉ်ထားကြောင်း Asia Starmar Transport Intelligent ကုမ္ပဏီမှ CMO ဒေါ်နီနီခင်၏ ပြောပြချက်အရ သိရပါတယ်။ '' YPS Card စနစ်ကို YBS ယာဉ်လိုင်း အားလုံးမှာ တပ်ဆင်ဖို့ စီစဉ်နေတာပါ ကနဦးအနေနဲ့ ယာဉ်အစီးရေ ၁၅ဝဝ မှာ စတင်တပ်ဆင် အသုံးပြုမယ်'' ဟု ဒေါ်နီနီ ခင်ကပြောခဲ့ပါတယ်။


ရန်ကုန်-ဒလ မြစ်ကူးတံတား စီမံကိန်း(ရန်ကုန်ဖက်ခြမ်း) အားစတင်တော့မှာ ဖြစ်သောကြောင့်YBS-Airport <->Sule (ကမ္ဘာအေးအဝိုင်းပတ်)ယာဉ်လိုင်းအား ၁၀.၈.၂၀၁၉ ရက်နေ့မှ စတင်၍ အောက်ဖော်ပြပါ လမ်းကြောင်းအတိုင်း ယာယီပြေးဆွဲသွားမည်ဖြစ်သည်။


မဟာသင်္ကြန်ကာလအတွင်း YBS ခရီးသည်တင်ယာဉ် အစီးကိုးရာကျာ် ပြေးဆွဲရန်လျာထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရပါသည်။


          ရန်ကုန်မြို့တွင်းပြေးဆွဲလျက်ရှိသည့်YBS ယာဉ်လိုင်းများတွင်အသုံးပြုမည့် ယာဉ်စီးခပေးချေကတ်စနစ်ကိုလာမည့် ဇန်နဝါရီ ၁၆ရက် YBS နှစ်နှစ်ပြည့်ချိန်၌ ကားအစီး၄၀ဝ၀ စမ်းသပ်တပ်ဆင်သွားမည်ဖြစ်ကြောင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ဇန်နဝါရီ ၈ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ပြောသည်။YBS ယာဉ်လိုင်းအားလုံးတွင် ယာဉ်စီးခငွေပေးချေသည့် ကတ်စနစ် YPS (Yangon Payment System ) တပ်ဆင်အသုံးပြုမည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးအမှတ် ၂၀/ ၂၀၁၈ဆုံးဖြတ်ချက်အပိုဒ် ၇၉အရ Asia Starmar Transport Intelligentကုမ္ပဏီကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီအဖြစ် ရွေးချယ်ခဲ့ပြီး အစိုးရအဖွဲ့နှင့် MOU လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။


ဒလ(ဆာဗာချောင် )မှ ရန်ကုန်( ဗိုလ်တစ်ထောင်) ဆိပ်ကမ်းသို့ Yangon Water Bus ကို ဇွန် ၁၁ရက်မှစတင်၍ ပြေးဆွဲခဲ့ပြီး ပထမနေ့တွင်အခမဲ့ပြေးဆွဲပေးခဲ့ကြောင်း တင့်တင့်မြန်မာကုမ္ပဏီမှ ပြောပြချက်အရသိခဲ့ရပါတယ်။


          ရန်ကုန်ဘတ်စ်ကားအများပိုင်ကုမ္ပဏီတစ်ခုဖြစ်သော Omni Focus ကုမ္ပဏီမှ တာဝန်ယူပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများကို ညပိုင်းပြေးဆွဲနိုင်ရန် စီမံချက်ရေးဆွဲနေကြောင်း သိရပါတယ်။

 

          YBS ယာဉ်လိုင်းများအားလုံး ညမှာ နံနက် ၅ နာရီမှ ည ၁၀ နာရီကျော်အထိသာ ပြေးဆွဲနေကြပြီး ညလုံပေါက်ပြေးဆွဲပေးသည့်ယာဉ်လိုင်း မရှိသေးကြောင်း သိရပါတယ်။

 

          omni Focus ကုမ္ပဏီအနေဖြင့် တစ်ညလုံးပြေးဆွဲပေးနိုင်ရန် စီစဉ်နေခြင်းဖြစ်ပြီး ယခုနှစ်အတွင်း ပြေးဆွဲနိုင်ရန် စီမံချက်အသေးစိတ်ရေးဆွဲနေကြောင်း Omni Focus ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။

 

          ညပိုင်းပြေးဆွဲမည်ဆိုပါက ကုမ္ပဏီပိုင်ယာဉ်လိုင်းများအားလုံး တစ်ပြိုင်နက်ပြေးဆွဲခြင်း သို့မဟုတ် ဦးစားပေးယာဉ်လိုင်းသတ်မှတ်ပြေးဆွဲပေးခြင်းနှင့် ညပိုင်းပြေးဆွဲလျှင် ယာဉ်စီးဆနှုန်းထားသတ်မှတ်ချက်တို့ကို အသေးစိတ်ရေးဆွဲတွက်ချက်နေဆဲဖြစ်ကြောင်း သိရပါတယ်။

 

          ယခင်မထသစနစ်တွင် ညဥ့်နက်ပိုင်းအထိ လိုင်းကားများပြေးဆွဲပေးမှုရှိခဲ့သော်လည်း YBS စနစ် ပြောင်းလဲချိန်တွင် ည ၁၀ နာရီကျော်လျှင် လိုင်းကားအခက်အခဲရှိသည့်အတွက် ထိုသို့ညလုံးပေါက်ကားများ ပြေးဆွဲပေးလျှင် ခရီးသည်များအတွက် များစွာအဆင်ပြေနိုင်မည်ဖြစ်ကြောင်း ခရီးသည်တစ်ဦးက ပြောပါတယ်။

 

          ရန်ကုန်လေဆိပ်- ဆူးလေ(ကမ္ဘာအေးဘုရားလမ်း) ၊ ရန်ကုန်လေဆိပ်-ဆူးလေ(ပြည်လမ်း) YBS 20 YBS 83 YBS 56 YBS 98 YBS 99 တို့ကို Omni Focus ကုမ္ပဏီကတာဝန်ယူပြေးဆွဲနေခြင်းဖြစ်ပြီး ယာဉ်အစီးရေ ၃၀၀ ကျော်ခန့်ဖြင့် ပြေးဆွဲနေခြင်းဖြစ်ကြောင်း သိရပါတယ်။

 

Source: democracy

Page 1 of 3