ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် City Taxi အစီးရေအတွက်နှင့် စာရင်းထဲတွင်ရှိသည့် City Taxi အစီးအရေအတွက် တကယ်ရှိမရှိကို ကညနနှင့် တိုက်ဆိုင်စစ်ဆေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ တွဲဖက်အတွင်းရေးမှူးဦးလှအောင်က ပြောကြားခဲ့ပါတယ်။
Yangon Water Bus ဝန်ဆောင်မှုလုပ်ငန်း အရှုံးပေါ်နေကြောင်း YRTA ထံ တင်ပြထားခြင်းမျိုးမရှိဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။
တံခါးပေါက် ၃ ပေါက်ပါရှိသည့် SCANIA ကားသစ်များဖြင့် YBS ရန်ကုန်မြို့ပတ် ဘတ်စ်ကားလိုင်းကို စက်တင်ဘာလ ၂၃ ရက်တွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောကြားခဲ့ပါတယ်။
Ciy Transit ယာဉ်လိုင်းကို စက်တင်ဘာလအတွင်း စတင်ပြေးဆွဲရန် YRTA မှ ညွန်ကြားထား ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာ ပိုင်အဖွဲ့မှ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကုန်တင်ယာဉ်များကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA တွင် မှတ်ပုံတင်၍ အလုံးစုံအာမခံ GPS စနစ်များ တပ်ဆင်ထားမှသာ လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်း ခွင့်ပြုပေးမည်ဖြစ်ကြောင်း YRTA တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
YUPT ရဲ့ဖြစ်စဉ်အပြီးနောက်နေ့မှာ YRTA အဖွဲ့ဝင်များနဲ့အတူ ယာဉ်ပိုင်ရှင်ကိုယ်စားလှယ် ၇ ဦးတို့ပါဝင်ဆွေးနွေး ထားတဲ့ တင်ပြချက်တွေရှိပါတယ်။
ရန်ကုန်မြို့ပတ် ဘတ်စ်ကားယာဉ်လိုင်းအသစ်ကို စတင်ပြေးဆွဲရန်ရှိအစီအစဉ်ရှိကြောင်း ရန်ကုန်မြို့ တော်သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင် ကပြောကြားထားပါတယ်။
ရန်ကုန်သန်းခေါင်စာရင်းရှိ သော်လည်း နယ်လိုင်စင်ကား စီးနင်း နေသူများအနေဖြင့် အမည်ပြောင်း လျှင် နယ်ဝင်ဆောင်ရွက်မပေးသော် လည်း ကျန်တိုင်းဒေသကြီးနှင့် ပြည် နယ်ရှိကားများအနေဖြင့် အမည် ပြောင်းဆောင်ရွက်လျှင် နယ်ဝင် ဆောင်ရွက်ပေးနေကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ စုံစမ်းသိရှိရသည်။