မြန်မာနိုင်ငံတွင် လေဆိပ်စုစုပေါင်း (၅၀) ခုရှိပြီး လက်ရှိ ပြည်ပနိုင်ငံများသို့ ပျံသန်း ပြေးဆွဲသည့် လေဆိပ်မှာမူ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ် (၃) ခုသာ ရှိသေးသည်။
ပဲခူးမြို့ရှိ နောက်ထပ် အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခု ဖြစ်လာမည့် ဟံသာဝတီလေဆိပ်ကို တည်ဆောက်နေဆဲ ဖြစ်ပြီး ကချင်ပြည်နယ်ရှိ ပြည်တွင်းလေဆိပ်တစ်ခု ဖြစ်သော နောင်မွန်းလေဆိပ်ကိုလည်း တည်ဆောက်ရေး လုပ်ငန်းများ ပြန်လည် လည်ပတ်နေပြီ ဖြစ်သည်။
အထက်ပါ အပြည်ပြည်ဆိုင်ရာ လေဆိပ် (၄) ခုမှ လွဲ၍ ကျန်လေဆိပ် (၄၆) ခုမှာ မြန်မာပြည်တွင်းရှိ မြို့များကိုသာ ပျံသန်း ပြေးဆွဲနိုင်သေးသည်။
အောက်တွင် တိုင်းနှင့် ပြည်နယ်အလိုက် လေဆိပ်စာရင်းများကို လေ့လာ သိရှိနိုင်သည်။ လေဆိပ်အများဆုံးမှ စ၍ အစဉ်လိုက် ဖော်ပြထားခြင်း ဖြစ်သည်။ ( လေဆိပ်တစ်ခုချင်းစီ အကြောင်း အပါအဝင် ပျံသန်း ပြေးဆွဲနေသော လေကြောင်းလိုင်းနှင့် ပြည်တွင်းပြည်ပ မြို့များကို ဆက်လက် ဖော်ပြပေးသွားပါမည်။ )
Advertisement
Click Here > Bawgawadi Co., Ltd.
ရှမ်းပြည်နယ် (၉) ခု
မကွေးတိုင်းဒေသကြီး (၇) ခု
ရခိုင်ပြည်နယ် (၆) ခု
မန္တလေးတိုင်းဒေသကြီး (၄) ခု
တနင်္သာရီတိုင်းဒေသကြီး (၄) ခု
စစ်ကိုင်းတိုင်းဒေသကြီး (၄) ခု
ကချင်ပြည်နယ် (၄) ခု
ရန်ကုန်တိုင်းဒေသကြီး (၂) ခု
ကရင်ပြည်နယ် (၂) ခု
မွန်ပြည်နယ် (၂) ခု
ပဲခူးတိုင်းဒေသကြီး (၂) ခု
ကယားပြည်နယ် (၁) ခု
ချင်းပြည်နယ် (၁) ခု
ဧရာဝတီတိုင်းဒေသကြီး (၁) ခု
နေပြည်တော် (၁) ခု
မြန်မာနိုင်ငံရှိ လေဆိပ် ၂၆ ခုအကြောင်းကို အောက်ပါလင့်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်၊။
ပြည်တွင်းရှိ လေဆိပ်သုံးခုကို နိုင်ငံတကာ လေဆိပ်များ တိုက်ရိုက်ဆင်းသက်နိုင်ရန်အတွက် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိ သည့် ကုမ္ပဏီများနှင့် လက်ရှိတွင် စာချုပ်ချုပ် ဆိုရန် ဆောင်ရွက်နေဆဲဖြစ်ကြောင်း ပြည်တွင်း လေကြောင်းပို့ဆောင်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ဇွန် ၂ ရက်၌ ပြောဆိုသည်။