Knowledge

တရုတ်နိုင်ငံသည်တန်ဖိုးအားဖြင့် ဒေါ်လာ ၂၀ ဒသမ ၄ ဘီလီယံခန့်ရှိသည့် အမေရိကန်နိုင်ငံ၏ ပို့ကုန်အမျိုးအမည် စုစုပေါင်း ၇၇၄ ခုအပေါ် အခွန်တိုးမြှင့် ကောက်ခံသွားမည်ဖြစ်ရာ ဤအခြေအနေတွင် အိန္ဒိယနိုင်ငံ အနေဖြင့် ဈေးနှုန်းအရ အားသာချက်ကိုရယူ၍ အမေရိကန်ကုန်စည်များ၏ တရုတ်နိုင်ငံဈေးကွက်ဝေစုနေရာသို့ အစားထိုးဝင်ရောက်နိုင်ရေး လုပ်ဆောင်လာဖွယ်ရာရှိသည်။ လက်ရှိကာလ၌ အိန္ဒိယနိုင်ငံသည် အလားတူ ကုန်စည်များ ကို ကမ္ဘာတစ်ဝန်းသို့ တင်ပို့ လျက်ရှိရာ တန်ဖိုးအားဖြင့် ဒေါ်လာ ၃၂ ဒသမ ၈ ဘီလီယံခန့် ရှိပြီး တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံ ခန့်ရှိပါတယ်။

Published in Export & Import

အာဆီယံ - တရုတ်လွတ်လပ်သော ကုန်သွယ်မှုဒေသကို အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား 2005 ခုနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ခဲ့ကြပြီး စာချုပ်ဝင် နိုင်ငံများသည်ကုန်စည်ကုန်သွယ်ရေးကဏ္ဍအောက်တွင် အကောက်ခွန်ခံစားခွင့်ရှိသည့် ကုန်စည်များအတွက် အသုံးပြုလျက်ရှိသော ပင်ရင်းနိုင်ငံစည်းမျဉ်းနှင့် ၄င်း၏လုပ်ထုံးလုပ်နည်းအား ပြောင်းလဲလာသည့် ကုန်သွယ်မှုဆိုင်ရာဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်စေရေးအတွက် စဉ်ဆက်မပြတ်ဆွေးနွေးညှိနှိုင်းမှုများပြလုပ်ခဲ့ကြပြီး 2010 ခုနှစ်တွင် ပင်ရင်းနိုင်ငံသက်သေခံ လက်မှတ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းအား အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ပါတယ်။

Published in Export & Import

မြန်မာနိုင်ငံနှင့် တရုတ် နိုင်ငံလင်ချန်းမြို့အကြား ကုန် သွယ်ရေးလမ်းကြောင်းသစ်တစ် ခုဖောက်လုပ်နိုင်ရေး လင်ချန်းမြို့ ဒုတိယမြို့တော်ဝန်က မန္တလေး တိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) တာဝန်ရှိသူများနှင့်လာရောက်ဆွေးနွေးခဲ့ပါတယ်။

Published in Export & Import

တရုတ်- မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးအတွက် အထောက်အပံ့ဖြစ်လာမယ့် ပိုးလမ်းမစီမံကိန်းရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း အခွန်စီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်ခြင်းစနစ် နားလည်မှုစာချွန်လွှာတွင် မြန်မာနိုင်ငံအနေဖြင့် လေ့လာသူအဖြစ် ပါဝင်လက်မှတ်ထိုးရန် လွှတ်တော်သို့ တင်ပြသည်။

Published in Transportation

            မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသရှိ သီပေါမြို့ကလေးတွင် မွန်းလွဲချိန်၌ လက်ဖက်ရည်ဆိုင်၊ သို့မဟုတ် စားသောက်ဆိုင် တခုခုအတွင်းထိုင်၍ လမ်းမပေါ် ဖြတ်သန်းသွားလာသည့် လူစီးကားသစ် SUV ယာဉ်တန်းကို ထိုင်ကြည့်နေကြရသည်က လူအများအဖို့ ဝါသနာတခုလို ဖြစ်လာသည်။

Published in Transportation

တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားခဲ့သည့် (Coxid-19 ) ဗိုင်းရပ်စ်ကြောင့် တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အမေရိကန်ဒေါ်လာ ၂၇၂ သန်းခန့် ထိခိုက်နစ်နာခဲ့ရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ သိရှိရသည်။

Published in Industry News

တရုတ် − မြန်မာ စီးပွားရေးစင်္ကြန် တစ်ခု၊ လမ်းမတစ်လျောက် စီမံကိန်းကို အကောင်အထည် ဖော်မည်ဖြစ်ရာ

Published in Transportation

တရုတ်နိုင်ငံအရှေ့ဘက် ကမ်းရိုးတန်းတွင် ကုန်တင်သင်္ဘောတစ်စင်း နစ်မြုပ်သွားမှုကြောင့် အနည်းဆုံးတစ်ဦးသေဆုံးပြီး ၁၀ ဦးပျောက်ဆုံးနေကြောင်း တရုတ်နိုင်ငံပိုင်ဆင်ဟွာသတင်းဌာနက သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

Published in Local Industry

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပထမနှစ်ဝက်အတွင်း တရုတ်နိုင်ငံသို့ တရုတ်-မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှတဆင့်ရေနံစိမ်းတန်ချိန် (၅) သန်းတင်ပို့ခဲ့ပြီး နှစ်စဉ် (၂ ဒသမ ၇) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းအကောက်ခွနှ်ဌာန၏ ပြောကြားချက်အရ သိရပါတယ်။


၂၀၂၀ ပြည့်နှစ်တွင် တရုတ်-–မြန်မာ ကုန်သွယ်မှု အမေရိကန် ဒေါ်လာ တစ်ထရီလီယံနှင့် ရင်းနှီးမြှုပ်နှံမှုအမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံ ရည်မှန်းချက်အတိုင်း ပြည့်မီစေရန် နှစ်ဆတိုးကြိုးပမ်းမည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့ပါတယ်။

Page 1 of 2