Knowledge

          ရန်ကုန်မြို့သည် ပင်လယ်ရေကြောင်း ကုန်သွယ်မှုအချက် အချာကျသောမြို့ဖြစ်သည့်နည်းတူ ဆိပ်ကမ်းများမှ ကုန်သေတ္တာ ကိုင်တွယ်နိုင်မှုလုပ်ငန်းမှာလည်း လေးဆကျော်မြင့်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

 

          "အဓိကကတော့ ရန်ကုန်ဆိပ်ကမ်းတွေနဲ့ သီလဝါဆိပ်ကမ်းကနေ ကုန်သေတ္တာအများဆုံး ကိုင်တွယ်နိုင်တာဖြစ်ပါတယ်။ ယခုရက်ပိုင်းဝင်နေတဲ့ သင်္ဘောတွေကတော့ ဆန်တို့၊ သကြားတို့ တင်ဆောင်တဲ့ သင်္ဘောတွေဖြစ်ပါတယ်"ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောဆိုခဲ့ပါတယ်။

 

 

ဆိပ်ကမ်းများမှကိုင်ဆောင်ထား

*************************

          ယခုအခါ ဆူးလေအမှတ် (၁)ဆိပ်ကမ်းတွင် ဆန်တန်ချိန် ၁၀ဝ၀ဝ ကျော်၊ ဆူးလေ အမှတ် (၃) ဆိပ်ကမ်းတွင် သကြား တန်ချိန် ၇၅၀ဝ ကျော်၊ ဆူးလေအမှတ် (၂)ဆိပ်ကမ်းတွင် သကြားတန်ချိန် ၉၀ဝ၀ ကျော်၊ ဆူးလေ အမှတ် (၅)ဆိပ်ကမ်း တွင် ဆန်တန်ချိန် ၂၂၀ဝ၀ ကျော်၊ ဆူးလေအမှတ် (၇) ဆိပ် ကမ်းတွင် ဆန်တန်ချိန် ၂၂၀ဝ၀ ကျော် ကုန်သေတ္တာများဖြင့် လည်းကောင်း၊ သီလဝါဆိပ်ကမ်း အမှတ် (၄)တွင် ဆန်တန်ချိန် ၂၀ဝ၀ဝ ကျော် ကုန်သေတ္တာများဖြင့်လည်းကောင်း သယ်ဆောင် ကုန်သွယ်မှုလုပ်ငန်းများကို ဆိပ်ကမ်းများမှ ကိုင်ဆောင်ထား ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

 

စောင့်ဆိုင်းနေရ

**************

          ထို့ပြင် စင်ကာပူ၊ ထိုင်းနှင့်ဂျပန်နိုင်ငံတို့မှ သင်္ဘောကြီး များသည် အေးရှားဝေါလ်စက်မှု ဆိပ်ကမ်းနှင့် သီလဝါဆိပ်ကမ်း တို့တွင် ကုန်တင်ကုန်ချပြုလုပ်ရန် စောင့်ဆိုင်းနေရပါတယ်။ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများတွင် ဆန်တန်ချိန် ၅၀ဝ၀ဝ ကျော်၊ သကြားတန်ချိန် ၁၅၀ဝ၀ ကျော် ကုန်တင် ကုန်ချပြုလုပ်ရန် အကြောင်းကြားသည့်အပြင် နောက်ထပ် ဆိုက်ရောက်မည့် သင်္ဘောများလည်းရှိနေသေးပါတယ်။

 

Source : Myanmar Time

Published in Export & Import

Logistics နယ်ပယ်မှာ အရေးပါဆုံးဖြစ်တဲ့ Container အကြောင်းလေးပြောပြပါရစေဗျ၊Container ရဲ့ အပေါ်ရံပါတဲ့အခေါ်အဝေါ်‌တွေတော့ ကျွန်တော်မဖေါ်ပြတော့ဘူး အောက်ကပုံတွင်ဖေါ်ပြပေးပါမယ်ဗျ စာအရမ်းရှည်သွားမှာစိုးလို့ဗျ ကျွန်တော်က အဓိကကျတဲ့ နံပါတ် အခေါ်အဝေါ် ဘာကိုရည်ညွှန်းတယ်ဆိုတာကိုဖေါ်ပြပေးပါ့မယ်ဗျ ပုံထဲပါတာတွေလဲအ‌ရေးကြီးပါတယ်ဗျ အ‌ရေးမကြီးဘူးထင်မစိုးလို့ပါ။

Published in Containers

လွန်ခဲ့သော၂ နှစ် (၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်) နံနက် ၀၁:၂၇ နာရီတွင် CMA CGM George Washington ကုန်သေတ္တာ သင်္ဘောကြီးသည် တရုတ်နိုင်ငံ Xiamen ဆိပ်ကမ်းမှ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်ဆိပ်ကမ်းသို့အသွား Pacific Ocean မြောက်ဖက်တွင် ရာသီဥတုဆိုးရွားမှုနှင့် တွေ့ကြုံခဲ့ကာ ကုန်သေတ္တာ ၁၃၇ လုံးရေထဲပြုတ်ကျ ကာ ၈၅ လုံးပျက်စီးခဲ့ပါတယ်။ သင်္ဘောကြီးဟာ ညာဘက်ခြမ်းသို့. ၂ဝံ တိမ်းစောင်း လူးသွားပြီး စက္ကန့် အနည်းငယ် အကြာတွင် ဘယ်ဘက်ခြမ်းသို့ ၂ဝံ တိမ်း စောင်းကာလူးသွားပါတယ်။

Published in Containers

ကုန်ပစ္စည်းပါ ကုန်သေတ္တာအများစုသည် ရောင်းသူ နှင့် ဝယ်သူအကြား ကူးသန်းရောင်းဝယ်ရေး သဘောတူညီချက်မှ စတင်နိုင်ပြီး


သင်္ဘောလိုင်းပြေးဆွဲသူ (liner Operator) ၏အဓိကလိုအပ်ချက်မှာ ကုန်တင်ပို့လိုသူ ဖောက်သည်များလိုအပ်သည့် ကုန်သေတ္တာ အမျိုးအစားကို၊ လိုအပ်သည့်အချိန်တွင်၊ လိုအပ်သလောက် အသင့်ရရှိရေးဖြစ်ပါသည်။ ကုန်သေတ္တာအခွံ လိုအပ်နေသောဆိပ်ကမ်းတွင် ကုန်သေတ္တာ လုံလောက်မှုမရှိဖြစ်နေပြီး၊ မလိုအပ်သောနေရာတွင် ကုန်သေတ္တာ အခွံများစုပုံနေခြင်းသည်အကျိုးမရှိဘဲ ဆုံးရုံးမှုကို ဖြစ်စေပါတယ်။

Published in Containers

          TEU (Twenty-foot Equivalent Unit) နှင့် လိုင်းအပိုင် သင်္ဘောအရေအတွက်ကို အခြေခံတွက်ယူထားသော 2018 Top Ten စာရင်းဖြစ်ပါတယ်။

 

1. A.P. Moller–Maersk Group
=================

 

         Maersk / Maersk Line ပိုင်ရှင် A.P. Moller–Maersk Group ကတော့ ဒိန်းမတ်နိုင်ငံသားပိုင် ကမ္ဘာ့အကြီးမားဆုံး ကုန်တင်သင်္ဘော လုပ်ငန်းပေါင်းစုပါ။ ကမ္ဘာအနှံ့ Registered အလုပ်သမားပေါင်း 35,600 နဲ့နိင်ငံပေါင်း ( ၁၃၅ ) မှာ ရုံးခွဲပေါင်း ၅၇၄ ခု ဖွင့်လှစ်ထားပါတယ်။ ကမ္ဘာအနှံ့ ဆိပ်ကမ်း ၃၄၀ ကျော်ကျော် ဆိုင်ကပ်တဲ့ သင်္ဘောစီးရေ 773 စီး ပြေးဆွဲနေပါတယ်။ 1904 မှာ စတင်ခဲ့ရာမှ TEU 4.1 million (18.7% market share) ဖြင့် ကမ္ဘာ့နံပတ် ၁ နေရာကို ပိုင်ဆိုင်ထားသူပါ။

 

2. Mediterranean Shipping Company (MSC)

================================

 

          MSC ဟာ Geneva အခြေစိုက် Italian သင်္ဘောလုပ်ငန်းပါ။ နာမည်ကြီး ဧရာမ သင်္ဘောများ နဲ့Cruise liner operator (MSC Cruises) များကြောင့် ကမ္ဘာ့စီးပွားရေးမှာ နာမည်ကြီးခဲ့သည့် အဖွဲ့အစည်း။ 1970 မှာ တည်ထောင်ခဲ့ပြီး Patricia Vessel မှ စတင်ခဲ့ရာ သင်္ဘောစီးရေ 517 စီး 3.3 million TEU နဲ့ ဈေးကွက်ကို 14.8% အထိ ပိုင်ဆိုင်ခဲ့ပါပြီ။

 

3. CMA CGM Group
==============


          ပြင်သစ် သင်္ဘောလိုင်း CMA CGM ဟာ 1996 မှာ Compagnie Générale Maritime (CGM) နှင့် Compagnie Maritime d'Affrètement (CMA) ပူးပေါင်းခဲ့ရာမှ စတင်ခဲ့ပါတယ်။ မပူးပေါင်းခင်ကာလ 1851 ကတည်းက သင်္ဘောလောက သမိုင်းမှာ ကျင်လည်ခဲ့သူများပီပီ ယခု ကမ္ဘာ့တတိယမြောက် အကြီးဆုံးလိုင်း အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ CMA CGM မှာ သင်္ဘောစီးရေ 493 စီးနှင့် TEU 2.5 million ဖြင့် 11.5% ဈေးကွက်ကို ဝေစုရထားပါတယ်။

 

4. COSCO
======

 

         China Ocean Shipping (Group) Company, COSCO ကတော့ တရုတ်သင်္ဘောလိုင်း။ Beijing မှာ ရုံးချုပ်ထားရှိပါတယ်။ February 2016 မှာ China Shipping Group အဖြစ်စုစည်းခဲ့ပါတယ်။ စတုတ္ထမြောက် အကြီးဆုံးလိုင်းဖြစ်ရာ Market share 8.9% ပိုင်ဆိုင်ထားပါတယ်။COSCO ဟာ သင်္ဘောစီးရေ354 စီး နဲ့ TEU 2 million အထိ ပြေးဆွဲ လည်ပတ်နေသူပါ။


5. Hapag-Lloyd
=========


         1970 မှာ တည်ထောင်ခဲ့တဲ့ Hapag-Lloyd ကို အစပိုင်းက Amerikanische Packetfahrt-Actien-Gesellschaft (HAPAG) နဲ့ Norddeutscher Lloyd (NDL) တို့က ပူးပေါင်းတည်ထောင်ခဲ့တာပါ။ 2014 မှာ Compañía Sud Americana de Vapores (CSAV) ကပါ ပူးပေါင်းခဲ့ရာမှ ဂျာမန်ပိုင် ကမ္ဘာ့ ပဉ္စမမြောက် အကြီးဆုံး လုပ်ငန်းစု ဖြစ်လာခဲ့ပါတယ်။ခုချိန်မှာတော့ သင်္ဘောစီးရေ ၂၂၇ စီး TEU 1.6 million အင်အားနဲ့ ဈေးကွက်ဝေစု 7.3% ကို ချုပ်ကိုင်နိုင်ခဲ့ပါတယ်။

 

6. Ocean Network Express (ONE)
=================


          Singapore Headquarters နဲ့ ဂျပန်ကုမ္ပဏီ ONE ကို ၇ ရက် ၇ လ ၂၀၁၇ မှာ Nippon Yusen Kaisha (38% stake), K Line (31% stake) and Mitsui O.S.K. Lines (31% stake) တို့နဲ့ ပေါင်းစည်းခဲ့တာပါ။ သင်္ဘောစီးရေ ၂၃၂ စီး TEU 1.5 million ကျော် ပိုင်ဆိုင်ထားရာ ဈေးကွက်ဝေစု 7.1% ရရှိခဲ့ပါတယ်။

 

7. Evergreen Marine Corp
=================


          Evergreen ကတော့ နံပတ် ၇ မှာ ရပ်တည်နေတာပါ။ သင်္ဘောစီးရေ ၁၉၇ စီး TEU 1.1 million ကျော်နဲ့ ကမ္ဘာ့ဈေးကွက်မှာ ဝေစု 5% ယူထားပါတယ်။ ရုံးချုပ်က Taoyuan City, Taiwan ဖြစ်ပြီး ၁၉၆၈ မှာ စတင်လည်ပတ်ခဲ့သူပါ။

 

8. Orient Overseas Container Line (OOCL)
==========================


          1947 မှာ Hong-Kong အခြေစိုက် OOCL ကို စတင်ခဲ့ပါတယ်။ Orient Overseas Line လို့ အစပိုင်းမှာ လူသိများခဲ့ပြီး 1969 မှာတော့ Orient Overseas Container Line လို့ အမည်ပြန်ပြောင်းခဲ့တဲ့ ကမ္ဘာ့ နံပတ် ၈ သဘောင်္လိုင်းပါ။နာမည်ကြီး ဧရာမ သင်္ဘော OOCL Hong Kong အပါအဝင် သင်္ဘောစီးရေ ၁၀၀ ကျော် 694,597 TEU နဲ့ 3.1% ဈေးကွက်ဝေစု ချုပ်ကိုင်ထားသူပါ။

 

9. Yang Ming Marine Transport Corporation
===========================


          Keelung, Taiwan အခြေစိုက် Yang Ming ကတော့ 1972 မှာ စတင်တည်ထောင်ခဲ့တာပါ။ နံပတ် ၉ နေရာနဲ့ ကမ္ဘာ့အကြီးဆုံး သင်္ဘောလိုင်း။ သင်္ဘောစီးရေ ၁၀၆ စီးနဲ့ 646,393 TEU အင်အားရှိပါတယ်။ ဈေးကွက်ဝေစု 2.9% ကို ရရှိထားသည့် အဖွဲ့အစည်းပါ။

 

10.Pacific International Line (PIL)
======================


          Singapore တွင် တည်ထောင်ခဲ့သော PILဟာ သင်္ဘောစီးရေ ၁၃၅ စီးနဲ့ TEU 427,624 နဲ့ အဆင့် ၁၀ နေရာမှာ လည်ပတ်နေပါတယ်။ ကမ္ဘာ့ဈေးကွက် ဝေစုရဲ့ 1.9% ရှိပြီး 1967 မှာ တရုတ်လူမျိုး စွန့်ဦးလုပ်ငန်းရှင် Chang Yun Chung တည်ထောင်ခဲ့တဲ့ Private Company တစ်ခုဖြစ်ပါတယ်။တစ်ကမ္ဘာလုံး စုစုပေါင်း TEU capacity မှာ 22 million ဝန်းကျင်အဖြစ် ယူဆထားကြပါတယ်။


          ရန်ကုန်တိုင်းဒေသကြီးအတွင်း မောင်းနှင်ပြေးဆွဲနေတဲ့ ကုန်တင်ယာဉ်တွေ၊ တွဲကားများ၊ကွန်တိန်နာကားတွေ ပြေးဆွဲနေတာတွေကို အများပြည်သူလူထု အနှောင့်အယှက် မဖြစ်စေနိုင်မယ့် အချိန်ကာလတစ်ခု အမြန်ဆုံးသတ်ပေးရန်အစီအစဉ် ရှိမရှိ အင်းစိန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က မေးမြန်းခဲ့ပါတယ်လို့ သိရပါတယ်။

 

          ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေတဲ့ ကုန်တင်ယာဉ်တွေ၊ တွဲကားတွေ၊ ကွန်တင်နာကားတွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတ်မှတ်ချိန်တစ်ခု ထုတ်ပြန်ပြီး ပြေးဆွဲစေခဲ့ခြင်းနဲ့ ပတ်သက်ပြီးမူလထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်မှာ အသက်ဝင်နေပါသေးသလား၊အသက်ဝင်နေပါက အရေးယူဆောင်ရွက်မရပါသလဲ၊ အသက်ဝင်ခြင်းမရှိတော့ပြီဆိုပါက မည်သည့်အတွက်ကြောင့် အသက်မဝင်တော့သည်ကို အများပြည်သူသိရန်ဖြေ ကြားပေးဖို့ ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေး မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

 

          လျှပ်စစ်၊စက်မှုလက်မှု ၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ရန်ကုန်မြို့တော်အတွင်း ယာဉ်ကြောပိတ်ဆို့မှု့ လျှော့ချနိုင်ရေး နှင့် အများပြည်သူသွားလာအဆင်ပြေစေရေးအတွက် ကုန်သေတ္တာယာဉ်နဲ့ ကုန်တင်ယာဉ်တွေကို ၂၀၁၆ ခုနှစ်ဒီဇင်ဘာလ ၇ရက်နေ့ကစပြီး ယာဉ်+ ကုန်ကိုးတန်၊ ဝင်ရိုး နှစ်ချောင်း၊ခြောက်ဘီးအထက်ယာဉ်တွေကို ည ၂၁းဝဝ နာရီ နောက်တစ်နေ့ နံနက် ဝ၆းဝဝ နာရီအထိ မောင်းင်ခွင့်ပြုရန် ကုန်သေတ္တာတင်ယာဉ် နှင့် ကုန်တင်ယာဉ်များ စနစ်တကျသွားလာနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးက ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

 

          ကုန်သေတ္တာယာဉ်နဲ့ ကုန်တင်ယာဉ်ကြီးများ သွားလာနိုင်ရေးအတွက် လမ်းကြောင်းများ ထပ်မံရွေးချယ်ခဲ့ရာ ယာဉ်ကြောပိတ်ဆို့နည်းပါးတဲ့ လမ်းတွေဖြစ်တဲ့ မဟာဗန္ဓုလတံတား ၊ ရှုခင်းသာလမ်း ၊ရတနာလမ်း ၊ မောင်းမကန်လမ်း ၊ ပဲခူးမြစ်လမ်း အမှတ် (၂) သန်လျင်နေရာတွေကို သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

 

          ရွှေပြည်သာ၊လှိုင်သာယာကလာတဲ့ ကုန်သေတ္တာယာဉ်နဲ့ ကုန်တင်ယာဉ်ကြီးတွေအတွက် သုဓမ္မာလမ်း၊ ဗိုလ်ဗထူးလမ်း၊ ပြည်ထောင်စုလမ်း၊ အမှတ်(၂) လမ်း၊ မောင်းမကန်လမ်းတို့ကို နေ့အချိန် ၁းဝဝ နာရီ၃းဝဝ နာရီအတွင်း ဖြတ်သန်းမောင်းနှင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ခွင့်ပြုပေးခဲ့ပါတယ်လို့ ဝန်ကြီး ဒေါ်နီလာကျော်က ရှင်းပြခဲ့ပါတယ်။

 

          သူက “သတ်မှတ်ချိန်မဟုတ်ဘဲ မောင်းနှင်သွားလာပါက မော်တော်ယာဉ်ဥပဒေအရ ထိရောက်စွာအရေးယူဆောင်သူရွက်နေပါတယ်။ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးအတွက် ကုန်သေတ္တာယာဉ်အသင်းက တာဝန်သူတွေနဲ့ယာဉ်ထိန်းရဲတပ်ဖွဲ့ တို့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေပါတယ်။ယာဉ်စည်းကမ်းထိန်းသိမ်းရာထိရောက်စေရေးအတွက်မြို့နယ်အလိုက် မော်တော်ယာဉ်ပေါင်းစုံစည်းကမ်းထိန်း သိမ်းရေးကြီးကြပ်မှု ကော်မတီများဖွဲ့စည်းရန် စီစဉ်ဆောင်ရွက်နေပါတယ်”လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။

 

          မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ်များအသင်းရဲ့ တင်ပြချက်အရ ကုန်သေတ္တာယာဉ်နဲ့ ကုန်တင်ယာဉ်တွေကို ဘုရင့်နောင်လမ်း၊ကမ်းနားလမ်းတို့အဆင်ပြေချောမွေ့စွာသွားလာနိုင်ဖို့ ဘုရင့်နောင်လမ်းနဲ့ ပုလဲလမ်းဆုံကနေ မြို့တွင်းကုန်သေတ္တာယာဉ်ဝင်းတွေကို ည ၁၁းဝဝနာရီ အချိန်ကနေ ယာဉ်တန်းဖြင့် စတင်ထွက်ခွာပြီး ၁၂း၃၀ နာရီနောက်ဆုံးထား ထွက်ခွာရန်နဲ့ ကမ်းနားကွန်ကရစ်လမ်း၊ ဟုမ်းလမ်းထိပ်မှ မနက် ၁းဝဝ နာရီယာဉ်တန်းနဲ့ ထွက်ခွာပြီး မနက် ၂း၀၀ နာရီနောက်ဆုံးထွတ်ခွာရန် သတ်မှတ်ထားခဲ့ပါတယ်လို့လဲ သိရပါတယ်။

 

Source : KUMUDRA


နိုင်ငံတကာ ကုန်သွယ်မှုမှာ သင်္ဘောကုမ္ပဏီတွေက (၉၀) ရာခိုင်နှုန်းထိ ရှယ်ယာ ရရှိထားတာ ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ရေကြောင်းကုန်သည်ကြီးများအသင်း ( International Chamber of Shipping ) ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိ ပင်လယ်မှာ ရေကြောင်း ကုန်သွယ်နေတဲ့ သင်္ဘောအစီးရေပေါင်း ၅၀,၀၀၀ ကျော်ထိ ရှိတယ်လို့ သိရပါတယ်။ 

 

ကုန်တင်သင်္ဘောတွေကို ကုန်သွယ်မှု ပြုလုပ်တဲ့ ကုန်ပစ္စည်းတွေနဲ့ ကုန်တင်ချိန်ပေါ် မူတည်ပြီး အမျိုးအစားတွေ ခွဲခြားထားပြီး အဓိကအားဖြင့် (၇) မျိုး ခွဲခြားထားပါတယ်။ အဲဒါတွေကတော့ Small Feeder, Feeder, Feedermax, Panamax, Post Panamax, New Panamax ( Neo Panamax ) နဲ့ Ultra Large Container Vessel (ULCV) တို့ ဖြစ်ပါတယ်။

 

အခု ဖော်ပြပေးမယ့် သင်္ဘောတွေကတော့ ကမ္ဘာ့အကြီးဆုံး ကုန်တင်သင်္ဘောတွေ ဆိုတဲ့အတိုင်း Ultra Large Container Vessel (ULCV) အမျိုးအစား သင်္ဘောကြီးတွေပဲ ဖြစ်ပါတယ်။ အောက်မှာ သင်္ဘောတစ်ခုချင်းစီရဲ့ အရွယ်အစား၊ အလေးချိန်နဲ့ သင်္ဘောအကြောင်း အသေးစိတ်ကို ဖော်ပြပေးထားပါတယ်။

 

ကမ္ဘာ့အကြီးဆုံး ကုန်တင်သင်္ဘော (၁၀) စင်း

 

  • Ever Ace
  • HMM Algeciras
  • HMM Oslo
  • MSC Gulsun
  • MSC Mina
  • CMA CGM Jacques Saadé
  • OOCL Hong Kong
  • COSCO Shipping Universe
  • CMA CGM Antoine De Saint Exupery
  • Madrid Maersk

 

Advertisement

Click Here > Great Star Enterprise

 

၁။ Ever Ace

 

ထိုင်ဝမ်က Ever Ace တစ်ဖြစ်လည်း Evergreen သင်္ဘောလိုင်းကို လူတော်တော်များများ သိထားပြီးသား ဖြစ်မှာပါ။ ဒီကုန်တင်သင်္ဘောက ကမ္ဘာ့အကြီးဆုံး ကုန်တင်သင်္ဘော (၁၀) စင်းထဲမှာ ထိပ်ဆုံးနေရာကို ရယူထားပါတယ်။ Evergreen သင်္ဘောကို တောင်ကိုးရီးယားနိုင်ငံ၊ Samsung Heavy Industries က တည်ဆောက်ခဲ့တာ ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ စတင် ရွက်လွှင့် အသုံးပြုခဲ့တာပါ။

 

သင်္ဘောရဲ့ အရှည်က မီတာ (၄၀၀) ရှည်လျားပြီး (၆၂) မီတာနီးပါး အရှည်ရှိတဲ့ ကွန်တိန်နာ (၂၄) တန်းကို ဘေးချင်းကပ်ပြီး အတန်းလိုက် စီရီထားပါတယ်။ ဒီသင်္ဘောက 23,992 TEUs စွမ်းရည်ရှိပြီး သူ့ရဲ့ ပင်မအင်ဂျင်က ဆလင်ဒါ (၁၁) လုံးပါ 2-Stroke Wartsila အင်ဂျင်ဖြစ်တာကြောင့် 22.6 Knots အထိ အရှိန်မြှင့်ပေးနိုင်တဲ့ စွမ်းအား 70,950 Kilowatts နဲ့ သင်္ဘောကို မောင်းနှင်ပါတယ်။

 

 

၂။ HMM Algeciras

 

ပနားမားနိုင်ငံက HMM Algeciras သင်္ဘောလိုင်းကတော့ ကမ္ဘာ့အကြီးဆုံး ကုန်တင်သင်္ဘော (၁၀) စင်းထဲမှာ ဒုတိယနေရာကို ရယူထားပြီး Evergreen မတိုင်ခင်က ထိပ်ဆုံးနေရာမှာ ရပ်တည်နေခဲ့တဲ့ သင်္ဘောတစ်စီး ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ နည်းပညာ အတိုးတက်ဆုံးသော ကွန်တိန်နာသင်္ဘောတစ်စီး အဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။

 

ဒီ HMM Algeciras သင်္ဘောကို Daewoo Shipbuilding and Marine Engineering က တည်ဆောက်ခဲ့တာ ဖြစ်ပြီး 23,964 TEUs စွမ်းရည်ရှိပါတယ်။ အရှည်က မီတာ (၄၀၀) နီးပါး ရှိပြီး အနက်က (၃၃) မီတာကျော် ရှိပါတယ်။ သင်္ဘောက အမေရိကန်ဒေါ်လာ သန်း (၁၄၀) ကျော် တန်ကြေး ရှိတယ်လို့ ဆိုပါတယ်။

 

 

၃။ HMM Oslo

 

HMM Algeciras ရဲ့ နောက်ကနေ လိုက်ပါနေတာကတော့ ကမ္ဘာ့အကြီးဆုံး ကုန်တင်သင်္ဘော (၁၀) စင်းထဲမှာ တတိယနေရာကို ရယူထားတဲ့ HMM Oslo သင်္ဘောလိုင်း ဖြစ်ပါတယ်။ HMM ကုမ္ပဏီ လက်အောက်ခံ သင်္ဘောပဲ ဖြစ်ပြီး ဒီသင်္ဘောကိုတော့ Samsung Heavy Industries က တည်ဆောက်ခဲ့တာပါ။

 

HMM Oslo သင်္ဘောဟာ အရှည် ၄၀၀ မီတာနဲ့ အကျယ် ၆၂ မီတာခန့် ရှိပြီး အမြင့်ဆုံး ကြမ်းပြင်မှာ ၁၆.၅၀ မီတာ ဖြစ်ပါတယ်။ တင်ဆောင်နိုင်တဲ့ စွမ်းရည်ပမာဏက 23,792 TEU ရှိပြီး HMM Algeciras ထက် 172 TEU လောက်ပဲ လျော့နည်းတာ ဖြစ်ပါတယ်။

 

 

၄။ MSC Gulsun

 

ကမ္ဘာ့အကြီးဆုံး ကုန်တင်သင်္ဘော (၁၀) စင်းထဲမှာ စတုတ္တမြောက်နေရာမှာ တည်ရှိနေတဲ့ သင်္ဘောလိုင်းကတော့ MSC Gulsun ဖြစ်ပါတယ်။ ဒီသင်္ဘောကို Samsung Heavy Industries ကပဲ တည်ဆောက်ထားတာ ဖြစ်ပြီး Mediterranean သင်္ဘောကုမ္ပဏီက လုပ်ငန်းလည်ပတ်ပါတယ်။

 

သမိုင်းတစ်လျှောက် အနံ (၆၂) မီတာရှိတဲ့ ကွန်တိန်နာ (၂၄) တန်းကို ပထမဦးဆုံး ဘေးချင်းကပ်ပြီး အတန်းလိုက် တင်ဆောင်ထားနိုင်ခဲ့တဲ့ သင်္ဘောတစ်စီး ဖြစ်ပါတယ်။ စွမ်းရည် 23,756 TEU နဲ့ သင်္ဘောအရှည်က (၄၀၀) မီတာနီးပါး ရှိပါတယ်။ 

 

 

၅။ MSC Mina

 

နောက်ထပ် ကမ္ဘာ့အကြီးဆုံး ကုန်တင်သင်္ဘော (၁၀) စင်းထဲက ပဉ္စမမြောက်နေရာကို ရယူထားတာကတော့  MSC Mina ဆိုတဲ့ သင်္ဘော ဖြစ်ပါတယ်။ MSC Gulsun နဲ့ ကုမ္ပဏီတူ ဖြစ်ပြီး ဒီသင်္ဘောကိုတော့ Daewoo Shipbuilding and Marine Engineering က တည်ဆောက်ထားခဲ့တာပါ။

 

MSC Mina သင်္ဘောဟာ အကျယ် (၆၁) မီတာနဲ့ အရှည် (၄၀၀) ရှိပြီး  ကုန်ပစ္စည်း တင်ဆောင်နိုင်တဲ့ စွမ်းရည်ပမာဏက 23,656 TEU ရှိပါတယ်။

 

 

၆။ CMA CGM Jacques Saadé

 

သဘာဝဓာတ်ငွေ့ရည် (LNG) နဲ့ မောင်းနှင်ရတဲ့ ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာသင်္ဘောတွေထဲက တစ်ခုဖြစ်တဲ့ CMA CGM Jacques Saadé သင်္ဘောဟာ ကမ္ဘာ့အကြီးဆုံးကုန်တင်သင်္ဘော (၁၀) စင်းထဲမှာ နံပါတ် (၆) နေရာကို ရယူထားပါတယ်။ 

 

ဒီကုန်တင်သင်္ဘောကိုတော့ China State Shipbuilding Corporation က တည်ဆောက်ထားခဲ့တာ ဖြစ်ပြီး စွမ်းရည် 23,000 TEU ရှိပြီး အရှည် (၄၀၀) မီတာ၊ အနံ (၆၁) မီတာနဲ့ အမြင့် (၇၈) မီတာ ရှိပါတယ်။

 

 

၇။ OOCL Hong Kong

 

ကမ္ဘာ့အကြီးဆုံးကုန်တင်သင်္ဘော (၁၀) စင်းထဲက နံပါတ် (၇) နေရာမှာ ရပ်တည်နေတာကတော့ ၂၀၁၇ ခုနှစ်မှာ စတင် ရွက်လွှင့်ခဲ့တဲ့ OOCL Hong Kong ဖြစ်ပါတယ်။ Geoje သင်္ဘောကျင်းမှာ Samsung Heavy Industries က တည်ဆောက်ထားခဲ့တာ ဖြစ်ပြီး Orient Overseas Container Line ကနေ လုပ်ငန်းလည်ပတ်နေပါတယ်။ 

 

စွမ်းရည် 21,413 TEU သယ်ဆောင်နိုင်စွမ်း ရှိပြီး အရှည် (၄၀၀) မီတာ၊ အနံ (၅၉) မီတာနဲ့ အနက် (၃၃) မီတာနီးပါး ကြီးမားတဲ့ ကွန်တိန်နာ သင်္ဘောဖြစ်ပါတယ်။

 

 

၈။ COSCO Shipping Universe

 

COSCO Shipping Universe ဆိုတဲ့ သင်္ဘောက ကမ္ဘာ့အကြီးဆုံး ကုန်တင်သင်္ဘော (၁၀) စင်းထဲမှာ နံပါတ် (၈) နေရာ ရရှိထားပါတယ်။ ဒီသင်္ဘောဟာ တရုတ်နိုင်ငံမှာဆိုရင် အကြီးဆုံး ကုန်တင်သင်္ဘော ဖြစ်ပြီး  ၂၀၁၈ ခုနှစ်မှာ China State Shipbuilding Corporation (CSSC) ကနေ China Ocean Shipping Company Limited (COSCO) ကို လွှဲပြောင်းခဲ့တာပါ။

 

21,237 TEU တင်ဆောင်နိုင်ပြီး အရှည် (၄၀၀) မီတာ၊ အကျယ် (၅၉) မီတာ ရှိပါတယ်။ အကောင်းဆုံးစွမ်းဆောင်ရည် ရှိပြီး ဆီစာလည်း သက်သာတဲ့အပြင် အမြင့်ဆုံး မြန်နှုန်း တစ်နာရီလျှင် (၂၂) မိုင်နှုန်းအထိ ရောက်ရှိစေဖို့ ကူညီပေးတဲ့ ABB Turbochargers တွေလည်း တပ်ဆင်ထားပါတယ်။

 

 

၉။ CMA CGM Antoine De Saint Exupery

 

ပြင်သစ်စာရေးဆရာ တစ်ဖြစ်လည်း လေယာဉ်မှူးဖြစ်သူ Antoine De Saint Exupery ရဲ့ နာမည်ကို အစွဲပြုပြီး ခေါ်ဝေါ်ခဲ့တဲ့ CMA CGM Antoine De Saint Exupery ဟာ ကမ္ဘာ့အကြီးဆုံး ကုန်တင်သင်္ဘော (၁၀) စင်းရဲ့ နံပါတ် (၉) နေရာမှာ ရပ်တည်နေပါတယ်။

 

ဒီသင်္ဘောကို  ဖိလစ်ပိုင်နိုင်ငံက Hanjin Heavy Industries and Construction က တည်ဆောက်ခဲ့တာ ဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အာရှမြောက်ဥရောပနဲ့ အာရှကို ဆက်သွယ်ပေးထားတဲ့ အရှည်ဆုံး ပင်လယ်လမ်းကြောင်း French Asia Line 1 (FAL-1) ကို စတင် ရွက်လွှင့်ခဲ့ပါတယ်။ 

 

20,954 TEU စွမ်းရည်ရှိပြီး အရှည် (၄၀၀) မီတာ၊ အကျယ် (၅၉) မီတာနဲ့ အလေးချိန် 202,684 MT ရှိပါတယ်။

 

 

၁၀။ Madrid Maersk

 

ကမ္ဘာ့အကြီးဆုံး ကုန်တင်သင်္ဘော (၁၀) စင်းထဲက နောက်ဆုံးတစ်ခုကတော့ ဒိန်းမတ်က Madrid Maersk ဆိုတဲ့ သင်္ဘောပါ။ ဒီကုန်တင်သင်္ဘောဟာ Second Generation Maersk Triple E-class ထဲမှာဆိုရင် ပထမဆုံး ရွက်လွင့်နိုင်ခဲ့တာ ဖြစ်ပါတယ်။

 

Daewoo Shipbuilding and Marine Engineering က တည်ဆောက်ထားတာ ဖြစ်ပြီး စွမ်းရည် 20,568 TEU နဲ့ အလေးချိန် 192,672 MT ရှိပါတယ်။ အလျားက (၃၉၉) မီတာနဲ့ အနံက (၅၆) မီတာ ကျယ်ဝန်း ရှည်လျားပါတယ်။ ဒီသင်္ဘောကို A.P.Moller-Maersk Group က လုပ်ဆောင်နေချိန်မှာ ULCV အဖြစ် ရပ်တည်နိုင်ဖို့ အခွင့်အရေး ရရှိခဲ့တာပါ။

 

 

ဒီလောက်ဆိုရင် ကမ္ဘာ့အကြီးဆုံး ကုန်တင်သင်္ဘောတွေဖြစ်တဲ့ Ultra Large Container Vessel (ULCV) အမျိုးအစား သင်္ဘောကြီးတွေကို သိသင့်သလောက် သိပြီလို့ ယူဆပါတယ်။ ထပ်မံ သိရှိလိုတာများ ရှိရင် (သို့) မိမိ သိထားတဲ့ နာမည်ကြီး သင်္ဘောတွေ ရှိသေးရင် ကောမန့်မှာ ဖြည့်စွက် ရေးသားပေးလို့ ရပါတယ်။

 

Su Mon Oo

Ref: Marine Insight

Published in Port News

၁၈၇၅ ခုနှစ်တွင် အင်္ဂလိပ်အစိုးရက ဧရာဝတီမြစ်အတွင်း ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းလုပ်ဆောင်ခွင့်အား ဧရာဝတီဖလိုတီလာကုမ္ပဏီကို နှစ်ရှည်လုပ်ပိုင်ခွင့်ငှားရမ်းခဲ့သည်။ ၁၉၀၈ ခုနှစ်တွင် ဧရာဝတီဖလိုတီလာကုမ္ပဏီမှ အပြီးအပိုင်ဝယ်ယူလိုက်ပြီး လွန်းကျင်းလုပ်ငန်းများကို တိုးချဲ့မွမ်းမံတည်ဆောက်ခဲ့သည်။ ၁၉၄၈ ခုနှစ်၊ ဇွန်လ (၁) ရက်တွင် ဧရာဝတီဖလိုတီလာကုမ္ပဏီကို ပြည်သူပိုင်ပြုလုပ်ခဲ့ရာ ဒလသင်္ဘောကျင်းသည်လည်း ထိုနေ့မှစ၍ နိုင်ငံပိုင် သင်္ဘောကျင်းတစ်ခုဖြစ်လာခဲ့သည်။ လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသည့် အသီးအပွင့်ဟုဆိုချင်ပါသည်။

Published in Port News

ဆိပ်ကမ်းများ၌ကောက်ခံသည့် ကွန်တိန်နာ (ကုန်သေတ္တာ) ဝန်ဆောင်ခများကို ယခင်က အလုံးလိုက် ကောက်ခံရာ

Published in Port News
Page 1 of 3