ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာ ခုနစ်သန်းနီးပါးနှင့် ကျပ်သန်း ၃၈၀ ရှိသည့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှစ်ခုခွင့်ပြုပေးခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၇၄၀ ကျော်ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရပါတယ်။
၂၀၁၈-၁၉ ဘဏ္ဍာနှစ်သစ် အောက်တိုဘာလ ၁ ရက်နေ့မှ မတ်လ ၁၅ ရက်နေ့အထိ ခြောက်လတာကာလတွင် ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုသည် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံအထိရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရပါတယ်။
တရုတ်နှင့်အဓိကကုန်သွယ်မှုပြုနေသော မူဆယ်နယ်စပ်ကုန်သွယ်မှုမှ ပို့ကုန်တင်ပို့နိုင်မှုသည် ကာလတူထက် သန်း ၁,၁ဝဝ ကျော်ထိ လျော့ကျနေသည်။ကုန်သွယ်မှုပမာဏ လျော့ကျခြင်း အဓိကအကြောင်းရင်းမှာ တရုတ်သို့ နယ်စပ်မှတစ်ဆင့် တင်ပို့သော ပို့ကုန်ဝင်ငွေ လျော့ကျခြင်းကြောင့်ဖြစ်သည်။
လက်ရှိဘဏ္ဍာနှစ် ရှစ်လတွင် စုစုပေါင်း ကုန်သွယ်မှုပမာဏ ဒေါ် လာ ၂၃ ဘီလျံကျော် ရရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာသန်း ၄၆၀ ကျော်ပိုမိုရရှိခဲ့သည့်အပြင် ကုန်သွယ်မှု လိုငွေမှာလည်း ဒေါ်လာနှစ်ဘီလျံကျော်အထိ လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စာရင်းများအရ သိရပါတယ်။
လက်ရှိဘဏ္ဍာနှစ် ခြောက်လနီးပါးတွင် ပို့ကုန်တင်ပို့မှုမှ ဒေါ်လာရှစ်ဘီလျံနီးပါး ရရှိထားပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာသန်း ၆၅၀ ကျော် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရပါတယ်။၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မတ် ၁၉ ရက်အထိ ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇ ဒသမ ၉၉ ဘီလျံရရှိထားခဲ့ပါတယ်။
အစိုးရရဲ့ တတိယ တစ်နှစ်တာကာလအတွင်းမှာ ကုန်သွယ်မှုလိုငွေကို ပြီးခဲ့တဲ့နှစ်ထက် ကန်ဒေါ်လာ နှစ်ဘီလျံနီးပါး လျှော့ချနိုင်ခဲ့တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။
ပွင့်လင်းရာသီဖြစ်သော်လည်း ပြည်ပမှကုန်ပစ္စည်းများ တင်သွင်းရန် ငွေလွှဲနည်းခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် ဒေါ်လာတန်ဖိုး အနည်းငယ်ကျ ဆင်းလာခဲ့ပါတယ်။
ဒီဇင်ဘာ ၁၂ ရက်တွင် ကမ္ဘာ့ဒေါ်လာ ဈေးအညွှန်းကိန်း ၉၇ ပွိုင့်အထက် ဆက်လက် ဖြစ်ပေါ်နေပြီး ပြည်တွင်းဈေးကွက်၌ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၅၇၇ ကျပ် အထိဆက်တက်ခဲ့ကာ သုံးရက်အတွင်း ကျပ် ၃၀ နီးပါးမြင့်တက်ခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှသိရပါတယ်။