မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားကုန်သွယ်မှုကဏ္ဍ တိုးတက်မြင့်မားရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်နေသလို နိုင်ငံတော်အစိုးရ ပိုင်းကလည်း ထဲထဲဝင်ဝင်ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိနေသည်။ လက်ရှိအစိုးရလက်ထက်၌ကုန်သွယ်ရေးကဏ္ဍများတွင် ယခင် ရှိရင်းစွဲနိုင်ငံများနှင့်ကုန်သွယ်ရေးတိုးမြှင့်မှု၊ အမယ်သစ် ပို့ကုန်များကို တိုးမြှင့်တင်ပို့မှု စသည်တို့အပြင် ကုန်သွယ်မှု နိုင်ငံသစ်များကို တိုးချဲ့ ရှာဖွေရင်း ကမ္ဘာ့ဈေးကွက်သို့လည်း မြန်မာ့ထွက်ကုန်များ ကျယ်ကျယ်ပြန့်ပြန့် တင်ပို့နိုင်ရေးအတွက် အခွင့်အလမ်းကောင်းများကို စဉ်ဆက်မပြတ် ရှိဖွေလျက်ရှိနေသည်။ ထွက်ကုန်တိုးမြှင့်ရေး ကြိုးပမ်းနေမှုနှင့်အတူ ခိုင်မာသည့် ဈေးကွက်တစ်ခုရရှိရေးကလည်း လွန်စွာမှအရေးကြီးပါသည်။ နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် စီးပွားရေးလုပ်ငန်းများ ပေါ်ထွက်လာအောင် ကြိုးပမ်းမှုရှိနေသည်။ သို့အတွက်ကြောင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို များစွာခေါ်ယူနိုင်ခဲ့ပြီး ဥရောပနိုင်ငံများ အပါအဝင် အမေရိကန်ကဲ့သို့ နိုင်ငံမျိုးကပင် မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံမှုများပြုလုပ်ရန် စိတ်ဝင်စားလာခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ ဈေးကွက်ထဲတွင် အသုံးမချရသေးသော အခွင့်အလမ်းများရှိနေသည်မှာ မှန်သော်လည်း ဗီယက်နမ်ပို့ကုန်တင်ပို့သူများအနေဖြင့် မြန်မာနိုင်ငံသို့ ကုန်ပစ္စည်းများကို တင်ပို့ရာတွင် သတိထားရန်လိုအပ်ကြောင်း ဗီယက်နမ်ကုန်သွယ်ရေးရုံးမှ တိုက်တွန်းနှိုးဆော်ထားသည်။
ဆက်လက်ဖြစ်ပွားနေသော ကုန်သွယ်ရေးစစ်ပွဲများအဆိုအရ အမေရိကန်-အီရန်တင်မာမှုများနှင့် ထိုင်းဘတ် ငွေတန်ဖိုးမြင့်တက် နေမှုတို့အပါအဝင် စွန်ု့စားရမှုအချက်အလက်မျာနှင့်အတူ ထိုင်းနိုင်ငံ၏ ပို့ကုန်သည် ယခုနှစ်အတွက် ကျဆင်းဖွယ်ရာ ရှိနေပါသည်။ ထိုင်းကုန်သည်ကြီးများအသင်း တက္ကသိုလ်၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုလေ့လာရေး စင်တာမှ ညွှန်ကြာရေးမှူး Aat Pisanwinich က တိုင်းပြည်၏ ပို့ကုန်တင်ပို့မှုအပေါ် ထိုင်းကုန်သည်ကြီးများအသင်း တက္ကသိုလ်၏ နောက်ဆုံးလေ့လာ သုံးသပ်မှုအရ ၂၀၂၀ ပြည့်နှစ် တွင် ပို့ကုန်တင်ပို့မှု (ဝ.၉%) ကျဆင်းနိုင်သည်ဟု တွေ့ရှိရကြောင်း ပြောကြားခဲ့ပါတယ်။
ပွင့်လင်းရာသီတွင် ပြန်လည်စတင်သော ရှမ်းမြောက်တိုက်ပွဲများကြောင့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး တုံ့ဆိုင်းမည်ကို မူဆယ်မြို့ရှိ ကုန် သည်အချို့က စိုးရိမ်နေခဲ့ပါတယ်။တစ်ရက်လျှင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၃သန်းခွဲကျော်ရှိသော မူဆယ်-ရွှေလီနယ်စပ် ကုန်သွယ်ရေးလုပ် ငန်းများသည် နိုဝင်ဘာ ၁၃ ရက် က စတင်ခဲ့သည့် တိုက်ပွဲအချို့ ကြောင့်အခက်အခဲများ ကြုံလာသည်ဟု ၎င်းတို့ကပြောခဲ့ပါတယ်။
တရုတ်နှင့်အဓိကကုန်သွယ်မှုပြုနေသော မူဆယ်နယ်စပ်ကုန်သွယ်မှုမှ ပို့ကုန်တင်ပို့နိုင်မှုသည် ကာလတူထက် သန်း ၁,၁ဝဝ ကျော်ထိ လျော့ကျနေသည်။ကုန်သွယ်မှုပမာဏ လျော့ကျခြင်း အဓိကအကြောင်းရင်းမှာ တရုတ်သို့ နယ်စပ်မှတစ်ဆင့် တင်ပို့သော ပို့ကုန်ဝင်ငွေ လျော့ကျခြင်းကြောင့်ဖြစ်သည်။
အမေရိကန် - တရုတ် ကုန်သွယ်ရေးစစ်ပွဲ၏ အကျိုးဆက်အဖြစ် ယွမ်ငွေတန်ဖိုးကျဆင်းလာမှုကြောင့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး စခန်း လေးခုမှတစ်ဆင့် ကုန်ပစ္စည်းတင်ပို့နေသည့် မြန်မာ့ပို့ကုန်လုပ်ငန်းရှင်များ အကျပ်အ တည်းကြုံနေသည်ဟု ကာယကံ ရှင်အချို့က ပြောခဲ့ပါတယ်။
ပြည်ပနိုင်ငံတချို့နှင့် ပို့ကုန်/သွင်းကုန်များ ဆောင်ရွက်ပြီးသည့်အခါ ရရှိလာသည့် ငွေကြေးကို ဗဟိုဘဏ်ထဲသို့ ၆ လ အတွင်း ပြန်ထည့်ရသော်လည်း လာရောက်ထည့်သွင်းခြင်း မရှိသည့် ကုမ္ပဏီ ၁၁၀ ခန့်၏ ပို့ကုန်/သွင်းကုန် လိုင်စင်များကို ပိတ်သိမ်းရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက စီစဉ်လျက် ရှိကြောင်း သိရသည်။
လက်ရှိဘဏ္ဍာနှစ် ခြောက်လနီးပါးတွင် ပို့ကုန်တင်ပို့မှုမှ ဒေါ်လာရှစ်ဘီလျံနီးပါး ရရှိထားပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာသန်း ၆၅၀ ကျော် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရပါတယ်။၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မတ် ၁၉ ရက်အထိ ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇ ဒသမ ၉၉ ဘီလျံရရှိထားခဲ့ပါတယ်။
ဈေးနှုန်းသက်သာပြီး အရည်အသွေး သင့်တင့် ကောင်းမွန်တဲ့ ပြည်ပစက်ဘီးဟောင်းတွေကို လူအများ စီးနင်းနိုင်ဖို့အတွက် အခြားနိုင်ငံမှ အသုံးပြုပြီး စက်ဘီးများ ( Used Bicycle ) ကို ၂၀၁၉ ခုနှစ်အတွက် ဆက်လက် တင်သွင်းခွင့် ပြုလိုက်ပြီ ဖြစ်ပါတယ်။