Knowledge

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာန Importer/Exporter များနှင့် MACCS Declarant များသိရှိနိုင်ပါရန်

Published in Trade Centre

မြန်မာ့ပင်ရင်းထုတ်ကုန်များ အကောက်ခွန် သက်သာစေရန်အတွက်  အတည်ပြုပို့ကုန် တင်ပို့သူ ( Approved Exporter  ) အဖြစ် လျှောက်ထားနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊  ကုန်သွယ်ရေး ဦးစီးဌာနမှ ထုတ်ပြန် ကြေညာထားသည်။

 

ပို့ကုန်လုပ်ငန်းရှင်များသည် မြန်မာ့ပင်ရင်းထုတ်ကုန် အကောက်ခွန် သက်သာစေရန်  CO Form RCEP ကို ယခု ၂၀၂၃ ခုနှစ်၊ သြဂုတ် (၁) ရက်မှ စတင်ကာ ကုန်သွယ်ရေးဦးစီးဌာနအောက်ရှိ သက်ဆိုင်ရာ ပို့ကုန်/ သွင်းကုန်များနှင့် ကုန်သွယ်ရေး စခန်းများတွင် လျှောက်ထားနိုင်ပြီ ဖြစ်သည်။

 

အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ သြစတြေးလျ၊ တရုတ်၊ ဂျပန်နှင့် နယူးဇီလန်နိုင်ငံတို့ ပါဝင်သည့် ဒေသတွင်း   ဘက်စုံ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု ( Regional Comprehensive Economic Partnership - RCEP )   သဘောတူစာချုပ်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ စတင် အသက်ဝင်ခဲ့ပြီး ဖြစ်သည်။

 

တရုတ်သို့တင်ပို့မည့် မြန်မာ့ပင်ရင်းထုတ်ကုန်များ အကောက်ခွန်သက်သာခွင့်အတွက် CO  Form RCEP ကို ရှေ့လမှစတင်ကာ ထုတ်ပေးမည်

 

ထို့နောက် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ  ၁  ရက်မှ စတင်ကာ တရုတ်နိုင်ငံသို့ တင်ပို့သော ကုန်စည်များ အကောက်ခွန် သက်သာခွင့်ရှိသည့် CO Form RCEP ကို ကုန်သွယ်ရေးဦးစီးဌာနမှ ပို့ကုန်လုပ်ငန်းရှင်များကို ထုတ်ပေးခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံသည် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်အရ ကမ္ဘောဒီးယား၊ ထိုင်း၊ ဘရူနိုင်း၊ လာအို၊ စင်ကာပူ၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့ကို တင်ပို့မည့် မြန်မာ့ပင်ရင်းထုတ်ကုန်များ အကောက်ခွန် သက်သာခွင့်ရစေမည့်  CO Form RCEP  ကို ယခုလမှစ၍ လုပ်ဆောင်သွားမည် ဖြစ်သည်။

 

အဆိုပါ သဘောတူစာချုပ်အရ အတည်ပြု ပို့ကုန်တင်ပို့သူ Approved Exporter အဖြစ် လျှောက်ထားလိုသည့် ပို့ကုန်တင်ပို့သူများသည် Online CO Applicition System တွင် လျှောက်ထားနိုင်သည်ဟု ဆိုသည်။

http://onlineco.myanmartradenet.com  

Published in Latest News

 

မြန်မာနိုင်ငံရဲ့ ဈေးကွက်အသစ်တစ်ခုဖြစ်တဲ့ ကနေဒါနိုင်ငံကို ပထမဆုံးအကြိမ် ပမာဏအများဆုံးအဖြစ် ၂၀၁၈ ခုနှစ်အတွင်း


ထိပ်တန်းရေနံ တင်ပို့သူဆော်ဒီက ရေနံစိမ်းဈေးနှုန်း တစ်စည်လျှင် ဒေါ်လာ ၈၀ မှသည် ၁၀ဝ အထိမျှော်လင့်နေကြောင်း
