၂၀၁၉ တွင် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများထက် ကုန်ထုတ်လုပ်မှု တိုးတက်လာပြီး ကုန်ပစ္စည်းမျိုးစုံကို နိုင်ငံအမြောက်အမြားသို့ တင်ပို့နိုင်ပြီ ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောခဲ့ပါတယ်။ဒုတိယအကြိမ် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအကူအညီများ အကျိုးရှိ ထိရောက်စေရေး စကားဝိုင်း ဆွေးနွေးပွဲ (2nd Myanmar Development Effectiveness Roundtable) ဒုတိယနေ့ အခမ်းအနားတွင် ဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့ပါတယ်။
မန္တလေး- မူဆယ် ပြည်ထောင်စုလမ်းပိုင်း တည်ငြိမ်မှုအားနည်းသော်လည်း မြန်မာ--တရုတ် နယ်စပ်ကုန်သွယ်ရေး၊ မူဆယ် ၁၀၅ မိုင်ကုန် သွယ်ရေးဇုန်တွင်ယခုလပိုင်း၌ တရုတ်ပစ္စည်း များ ပြည်တွင်းတင်သွင်းမှု သွင်းကုန်ပိုများခြင်း မရှိဘဲ နေ့စဉ် ပို့ကုန်၊ သွင်းကုန်ပမာဏနှိုင်းယှဉ် ပါက ပုံမှန်အတိုင်းရှိကြောင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဦးစံဖြိုးဝေက ပြောသည်။
ပြည်ပပို့ကုန် တိုး မြှင့်နိုင်ရေး ကန့်သတ်ချက်များ ဖြေလျှော့ခြင်းအပါအ၀င် နည်းလမ်းသုံးခုဖြင့် ဆောင်ရွက်ရန်လာမည့်ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းတွင် လျာထားကြောင်း စိစစ်တွေ့ရှိရသည်ဟု ဥပဒေကြမ်းပူးပေါင်းကော်မတီအစီရင်ခံစာ၌ ဖော်ပြထားခဲ့ပါတယ်။
တာချီလိတ်ကုန်သွယ်ရေးစခန်း အနေဖြင့် ၂၀၁၉ ခုနှစ် ဧပြီလကုန်သွယ် မှုလျာထားချက် ပို့ကုန်တန်ဖိုး အမေရိ ကန်ဒေါ်လာ သုည ဒသမ ၅ သန်းနှင့် သွင်းကုန်တန်ဖိုး ၄ ဒသမ ၁၅ သန်း စုစုပေါင်းကုန်သွယ်မှုပမာဏ လျာထားချက် ၄ ဒသမ ၆၅ သန်းအပေါ်မှာ စုစု ပေါင်းကုန်သွယ်မှုပမာဏအမှန်ဆောင် ရွက်နိုင်မှုသည် (ယာယီ) စာရင်းအရ အမေရိကန်ဒေါ်လာ ၄ ဒသမ ၈၁၇ သန်း ဆောင်ရွက်နိုင်ခဲ့သည့်အတွက် လျာထားချက်အပေါ် ၁၀၃ ဒသမ ၅၉ ရာခိုင်နှုန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
အင်ဒိုနီးရှားနှင့် ကုန်သွယ်မှုလိုငွေ တိုးလာနေသည့်အပေါ် အိန္ဒိယ၏ စိုးရိမ်ပူပန်မှု မြင့်တက်နေကြောင်းနှင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏ စဉ်ဆက်မပြတ် တိုးတက်စေရန်အတွက် ပို့ကုန်အမယ် တိုးမြှင့်ရေးဆောင်ရွက်ရန် အိန္ဒိယကူးသန်းရောင်းဝယ်ရေးဝန်ကြီး Shri Piyush Goyal က အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံစဉ်အတွင်း တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရှိပါတယ်။
တရုတ်နိုင်ငံမှ အမျိုးသားအကျိုးစီးပွားကာကွယ်ရေးနှင့် ဓါတုဒြပ်ကြွင်းကင်းစင်သည့် သွင်းကုန်များ ဖြစ်ပေါ်လာစေရေးအတွက် ပြည်ပမှတင်သွင်းလာသည့် သွင်းကုန်များအပေါ် စိစစ်ကြပ်မတ်မှု များပြုလုပ်နေသဖြင့် (၂၀၁၂)ခုနှစ်နောက်ပိုင်းတွင် တရုတ်နိုင်ငံသို့ ဆန်အပါအဝင်လယ်ယာထွက်ကုန်တင်ပို့မှုမှာ အဆိုးဝါးဆုံး အခြေအနေဖြစ်ပေါ်နေသည်ဟု မူဆယ်နယ်စပ်ကုန်သည်ကြီးများက ဆိုသည်။
မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ သွင်းကုန်ပမာဏ တိုးတက်လာသော်လည်း ပို့ကုန်ပမာဏ သိသိသာသာကျဆင်းမှုကြောင့် ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း (၈၀၀) ကျော် လျှော့နည်းခဲ့ကြောင်း သိရပါတယ်။
လက်ရှိဘဏ္ဍာနှစ် ကိုးလကျော်တွင် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၂ ဒသမ ၇ ဘီလျံကျော် ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၃၂ သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါတယ်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့် ပြောကြားခဲ့သလို ပို့ကုန်သုံးဆမြှင့်တင် ရေးအား ဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်တွင် ယခင်အစိုးရလက်ထက် နောက်ဆုံး ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက ပို့ကုန်နှစ်ဆနီးပါး တိုးတက်လာခဲ့သည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်ကဆိုဖဲ့ပါတယ်။
မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းမှ ယခုဘဏ္ဍာနှစ်တွင် ထိုင်းနိုင်ငံသို့ တရားဝင် ကုန်ပစ္စည်းတင်ပို့မှုမှာ ယခင်နှစ်ကထက် သိသိသာသာ မြင့်တက်လာသော်လည်း ထိုင်းကုန်ပစ္စည်း တင်သွင်းမှုထက် ငါးဆခန့် လျော့နည်းနေဆဲ ဖြစ်ကြောင်း သိရသည်။