ဘဏ္ဍာရေးနှစ်အကူးအပြောင်းကြားကာလအတွင်းလျှပ်စစ်ကဏ္ဍ၌နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ပထမဆုံးအကြိမ် စတင်ဝင်ရောက်ခဲ့ကြောင်း
လက်ရှိဘဏ္ဍာနှစ် ခုနစ်လကျော်တွင် စုစုပေါင်းကုန်သွယ်မှုပမာဏ ဒေါ်လာဘီလျံ ၂၀ ကျော်ရရှိခဲ့ပြီး ယခင်နှစ်ကာတူထက် ဒေါ်လာသန်း ၅၂၀ ကျော် ပိုမိုရရှိခဲ့သည့်အပြင် ကုန်သွယ်မှုလိုငွေမှာလည်း ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော်အထိ လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၊ ဒီဇင်ဘာလအတွက် မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၆၅၇ ဒသမ ၃၈ သန်း ၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၂၄ ဒသမ ၈၂ သန်း နှင့် စုစုပေါင်းပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၂၈၂ ဒသမ ၂၀ သန်း ဖြစ်ခဲ့ပါတယ်။
ပုံမှန် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃၂၈ ဒသမ ၅၈ သန်း ၊ နယ်စပ်သွင်း ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၆၃ ဒသမ ၄၈ သန်း နှင့် စုစုပေါင်း သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၅၉၂ ဒသမ ၀၆ သန်း ဖြစ်ခဲ့ပါတယ်။၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ် ၊ ဒီဇင်ဘာလအတွက် စုစုပေါင်း ကုန်သွယ်မှု့ ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၈၇၄ ဒသမ ၂၆ သန်း ဖြစ်ခဲ့ပြီး ကုန်သွယ်မှု့လိုငွေမှာ အမေရိကန်ဒေါ်လာ ၃၀၉ ဒသမ ၈၆ သန်း ဖြစ်ပေါ်ခဲ့ပါတယ်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ၊ ဧပြီလမှ ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံ၏ ပုံမှန် ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၈၅၅ ဒသမ ၃၂ သန်း ၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၈၄၁ ဒသမ ၇၇ သန်း နှင့် စုစုပေါင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၆၉၇ ဒသမ ၀၉ သန်း တင်ပို့နိုင်ခဲ့သည်။
ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ၁၁၅၄၂ ဒသမ ၅၂သန်း ၊နယ်စပ်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၁၁၃ ဒသမ ၁၇ သန်း နှင့် စုစုပေါင်းသွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၃၆၅၅ ဒသမ ၆၉ သန်းဖြစ်သဖြင့် ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာ စုစုပေါင်းကုန်သွယ်မှု့ပမာမှာ အမေရိကန်ဒေါ်လာ ၂၄၃၅၂ ဒသမ ၇၈ သန်း ဖြစ်ကာ ကုန်သွယ်မှု့လိုငွေ အမေရိကန်ဒေါ်လာ ၂၉၅၈ ဒသမ ၆၀သန်း ဖြစ်ပေါ်ခဲ့ကာ ဗဟိုစာရင်းအဖွဲ့မှ လစဉ်တင်ပြသော ပို့ကုန် ၊ သွင်းကုန် အခြေအနေ အစီရင်ခံစာဖော်ပြချက်အရ သိခဲ့ရပါတယ်။
Source ; မြန်မာ့အလင်း
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရန်ကုန်ဆိပ်ကမ်းများမှ ကုန်သေတ္တာတသန်းကျော် ကိုင်တွယ်နိုင်ခဲ့ပြီး ဆိပ်ကမ်းများမှ
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ၁၂ လတာ ကာလအတွင်း နှစ်ချုပ်စာရင်းများအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ လျာထားချက်အတိုင်း အမေရိကန်ဒေါ်လာ၆ ဘီလီယံကို ကျော်လွန်၍ အမေရိကန်ဒေါ်လာ ၁၁၅သန်းခန့် ပိုမိုဝင်ရောက်ခဲ့ကြကြောင်း ရင်းနှီးမြုပ်နှံမှု နှင့် ကုမ္ပဏီ