Knowledge

လာမည့်နိုဝင်ဘာတွင် YBS ငွေ ပေးချေကတ်များစတင်ရောင်းချ မည်ဖြစ်ကြောင်း သိရပါတယ်။ဆူးလေ၊ သမိုင်းနှင့် တာမွေ တို့တွင့်YPS(Yangon Payment Service)ဆားဗစ်စင်တာကြီးများ ဖွင့်လှစ်ကာ ယင်းငွေပေးချေကတ် များကိုရောင်းချမည်ဖြစ်ပြီး အ များပြည်သူလက်လှမ်းမီ အလွယ် တကူဝယ်ယူနိုင်ရန်g&gဆိုင်များ တွင်လည်း ရောင်းချပေးသွားမည် ဖြစ်ကြောင်း Asia Starmar Transport Intelligent Co.,LtdမှSCMOဒေါ်ရီရီခင်က အောက် တိုဘာ ၁၇ ရက်တွင် ပြောခဲ့ပါတယ်။

Published in Transportation

မဖြစ်မနေ အမည်ပြောင်းပြုလုပ်ရမည့် ကိစ္စရပ်များကြောင့် နယ်အဝယ် အဆင်းနည်းသွားသလို အရောင်းအဝယ်လည်း ငြိမ်သက်သွားခဲ့သည်။ အမြင့်ကားများ အရောင်းအဝယ်အေးနေပြီး နံပါတ်ထွက်ပြီးသား ကျပ်သိန်း နှစ်ရာဝန်းကျင် Toyota Vitz ၊ Honda Fit ၊ Toyota Belta ၊ Toyota Probox စသည့် ၁၃ဝဝ စီစီကားများသာ အဝယ်ရှိသည်။ ပွင့်လင်းရာသီ ရောက်ရှိလာသောကြောင့် ၁၃ဝဝ စီစီကားများ အရောင်းအဝယ် ကောင်း နေသလို ၆၆ဝ စီစီ လုပ်ငန်းသုံး ပစ်ကပ်များလည်း အဝယ်ပြန်လိုက် လာသည်။

Published in Local Industry