ရန်ကုန်မြို့သည် ပင်လယ်ရေကြောင်း ကုန်သွယ်မှုအချက် အချာကျသောမြို့ဖြစ်သည့်နည်းတူ ဆိပ်ကမ်းများမှ ကုန်သေတ္တာ ကိုင်တွယ်နိုင်မှုလုပ်ငန်းမှာလည်း လေးဆကျော်မြင့်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။
"အဓိကကတော့ ရန်ကုန်ဆိပ်ကမ်းတွေနဲ့ သီလဝါဆိပ်ကမ်းကနေ ကုန်သေတ္တာအများဆုံး ကိုင်တွယ်နိုင်တာဖြစ်ပါတယ်။ ယခုရက်ပိုင်းဝင်နေတဲ့ သင်္ဘောတွေကတော့ ဆန်တို့၊ သကြားတို့ တင်ဆောင်တဲ့ သင်္ဘောတွေဖြစ်ပါတယ်"ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောဆိုခဲ့ပါတယ်။
ဆိပ်ကမ်းများမှကိုင်ဆောင်ထား
*************************
ယခုအခါ ဆူးလေအမှတ် (၁)ဆိပ်ကမ်းတွင် ဆန်တန်ချိန် ၁၀ဝ၀ဝ ကျော်၊ ဆူးလေ အမှတ် (၃) ဆိပ်ကမ်းတွင် သကြား တန်ချိန် ၇၅၀ဝ ကျော်၊ ဆူးလေအမှတ် (၂)ဆိပ်ကမ်းတွင် သကြားတန်ချိန် ၉၀ဝ၀ ကျော်၊ ဆူးလေ အမှတ် (၅)ဆိပ်ကမ်း တွင် ဆန်တန်ချိန် ၂၂၀ဝ၀ ကျော်၊ ဆူးလေအမှတ် (၇) ဆိပ် ကမ်းတွင် ဆန်တန်ချိန် ၂၂၀ဝ၀ ကျော် ကုန်သေတ္တာများဖြင့် လည်းကောင်း၊ သီလဝါဆိပ်ကမ်း အမှတ် (၄)တွင် ဆန်တန်ချိန် ၂၀ဝ၀ဝ ကျော် ကုန်သေတ္တာများဖြင့်လည်းကောင်း သယ်ဆောင် ကုန်သွယ်မှုလုပ်ငန်းများကို ဆိပ်ကမ်းများမှ ကိုင်ဆောင်ထား ခြင်းဖြစ်ကြောင်း သိရပါတယ်။
စောင့်ဆိုင်းနေရ
**************
ထို့ပြင် စင်ကာပူ၊ ထိုင်းနှင့်ဂျပန်နိုင်ငံတို့မှ သင်္ဘောကြီး များသည် အေးရှားဝေါလ်စက်မှု ဆိပ်ကမ်းနှင့် သီလဝါဆိပ်ကမ်း တို့တွင် ကုန်တင်ကုန်ချပြုလုပ်ရန် စောင့်ဆိုင်းနေရပါတယ်။ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများတွင် ဆန်တန်ချိန် ၅၀ဝ၀ဝ ကျော်၊ သကြားတန်ချိန် ၁၅၀ဝ၀ ကျော် ကုန်တင် ကုန်ချပြုလုပ်ရန် အကြောင်းကြားသည့်အပြင် နောက်ထပ် ဆိုက်ရောက်မည့် သင်္ဘောများလည်းရှိနေသေးပါတယ်။
Source : Myanmar Time
အာရှတံခါးပေါက်ဖြစ်လာနိုင်မည့် ဆိပ်ကမ်းတစ်ခုကို ရန်ကုန်မြစ်ဝတွင် တည်ဆောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်သွားမည့် Yangon Project Bank အကြောင်းရှင်းလင်းသည့် အခမ်းအနားက သိရပါတယ်။
အိန္ဒိယနိုင်ငံ၏ ဆိပ်ကမ်းတည်ဆောက်မှုတွင် အကြီးဆုံးကုမ္မဏီဖြစ်သည့် Adani Ports and Special Economic Zone (APSEZ) က ရန်ကုန်တွင် အမေရိကန်ဒေါ်လာ သန်း ၂၉၀ ရင်းနှီးမြှုပ်နှံ၍ ကုန်သေတ္တာတင် သင်္ဘောများဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းကို ဇွန်လတွင် စတင်တည်ဆောက်မည် ဖြစ်ကြောင်း Indiatimes သတင်းဖော်ပြချက်အရ သိရပါတယ်။
ရထားနှင့် ဘတ်စ်ကား ချိတ်ဆက်ပြီး ခရီးသည်များကို သယ်ယူပို့ဆောင်ပေးမည့် စီမံကိန်းကို ရန်ကုန်မြို့ သမိုင်းဘူတာမှ စတင်ရန် စမ်းသပ်နေပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ ပန်းဆိုးတန်းနှင့် ဒလဆိပ်ကမ်းသို့ လွန်းပြန်ပို့ဆောင်နေသည့် ချယ်ရီကူးတို့သင်္ဘောတွင် နေ့စဉ်ခရီးသည် ၂၆၀၀၀ ခန့် လိုက်ပါစီးနင်းလျက်ရှိကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ သိရပါတယ်။
ရန်ကုန်မြို့၏ ယာဉ်ကြောကြပ်တည်းမှု လျှော့ချစေရေး၊ ကုန်စည်စီးဆင်းမှုလျင် မြန်စေရေးတို့အတွက် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ မြစ်တွင်းကုန်သေတ္တာ ပို့ဆောင်ရေးလုပ်ငန်းတွင် ရေယာဉ်အစီးရေ တိုးချဲ့ပြေးဆွဲခဲ့ကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ သတင်းရရှိသည်။
ရန်ကုန်တိုင်းတွင် တရားဝင် မှတ်ပုံတင်ထားသောမ်ာတော်ယာဉ်အစီးရေ ငါးသိန်းလေးသောင်းကျော်ရှိပြီး မြန်မာတစ်ပြည်လုံးတွင် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်အစီးရေမှာ ဆယ်သိန်း ကိုးသောင်းကျော်ရှိကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရပါတယ်။
Unicode ဖြင့်ဖက်ရှုရန်
>>>>>>>>>
ရန်ကုန်တွင် Online Booking စနစ်ဖြင့် ယာဉ်သက်တမ်းတိုးခြင်းကို တစ်ရက်အစီးရေ ၆၅၀ ဆောင်ရွက်ပေး
ယာဉ်သက်တမ်းတိုးရန် Online Booking စနစ်ဖြင့် ကညန (မြင်သာ) ရုံးတွင် တစ်ရက်အစီးရေ ၆၅၀ မပြည့်မချင်း ဆောင်ရွက်ပေးနေကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရပါတယ်။
အဆိုပါ ယာဉ်သက်တမ်းတိုးရန် ဆောင်ရွက်ပေးခြင်းကို ရုံးဖွင့်ရက်များတွင် နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိပြီး လကုန်ရက်ပိုင်းတွင် ယာဉ်သက်တမ်းတိုးပေးရသည့် အစီးရေ ပိုမိုများပြားကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်က ပြောကြားခဲ့ပါတယ်။
“လဆန်းနဲ့ လကုန်ရက်မှာ ပြည့်တတ်လို့ တစ်ရက်အစီးရေ ၆၅၀ မပြည့်မချင်း ဆောင်ရွက်ပေးမယ်ဆိုတာ ကြေညာပေးထားတာပါ။ အဓိက Online Booking စနစ်နဲ့ ယာဉ်သက်တမ်း ဆောင်ရွက်တာကို ပွဲစားတွေက အခကြေးငွေယူပြီး မနက်ဖြန်ရမယ်ဆိုပြီး ဆောင်ရွက်နေတယ်။ တကယ်တော့ အွန်လိုင်းဘိုကင် တင်ပြီးလုပ်ရင် နေ့တိုင်းဆောင်ရွက်ပေးပါတယ်”ဟု ၎င်းက ဆိုပါတယ်။
ထို့ပြင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးတွင် Online Booking ဖြင့် ယာဉ်မှန်၊ မမှန် စစ်ဆေးပေးခြင်းကို လစဉ် ၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ ပုံမှန်စစ်ဆေးကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှု ဦးစီးဌာနထံမှ သိရပါတယ်။
ရန်ကုန်တိုင်းတွင် တရားဝင် မှတ်ပုံတင်ထားသော မော်တော်ယာဉ်အစီးရေ ငါးသိန်းလေးသောင်းကျော်ရှိပြီး မြန်မာတစ်ပြည်လုံးတွင် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်အစီးရေမှာ ဆယ်သိန်း ကိုးသောင်းကျော်ရှိကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရပါတယ်။
Source : The Voice
စင်ကာပူအခြစိုက် SCAuto က ရန်ကုန် မြို့၊ မင်္ဂလာဒုံမြို့နယ် ရန်ကုန်စက်မှုဇုန်၌ ထုတ်လုပ်မှုစက်ရုံအနေဖြင့် ကုန်ထုတ်လုပ်မှုစတင်နေပြီး နှစ်စဉ်ဘတ်စ်ကားအစီး ၆၀၀ အထိ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း မေ ၂၈ ရက်က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ရန်ကုန်စက်မှုဇုန်ရှိ CAuto Myanmar ကုမ္ပဏီစက်ရုံသစ်ဖွင့်ပွဲနှင့် SCNeustar ဘတ်စ်ကားသစ်မိတ်ဆက်ပွဲအခမ်းအနားမှ သိရသည်။
ရန်ကုန်မြို့ TTC ကျောင်းတော်ကြီး ရှေ့မှာ တည်ဆောက်နေတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးမြေအောက်လူကူးစကြင်္န်လမ်း ပြည်လမ်း TTC ကျောင်းရှေ့မှာ အခု ပထမဆုံး စတင်တည်ဆောက်နေတဲ့ မြေအောက်လူကူးစင်္ကြန်လမ်းက အရှည် ၃၀ မီတာ၊ အကျယ် ၃ မီတာ၊ အမြင့် ၃ မီတာ ရှိတယ်။ Hi-Pile ၊ Precast Tunnel Box and Deck အမျိုးအစားဖြစ်ပါတယ်။
လတ်တလောဈေးကွက်ထဲတွင် အထူးသဖြင့် သိန်း ၄၀ဝ အထက် ၅၀ဝအထက် အမြင့်ကားများ အမေး နည်း၊ အဝယ်မရှိဖြစ်သွားပြီး သိန်း ၂၀ဝ ဝန်းကျင်ဂျပန်ညာမောင်း ကားလေးအချို့သာ အချင်းချင်း အလဲ အထပ်ပုံစံဖြင့် အရောင်းအဝယ်ရှိပြီး လတ်တလောထုတ်ရောင်းမည့်သူများလာ ကြောင်း၊ ယခင်က ထက် ဈေးတန်းအရ ၅ သိန်း၊ ၁၀ သိန်း ဆင်းပေးသော်လည်း အဝယ်အလွန်နည်းသွားကြောင်း သိရသည်။