Knowledge

● တည်ဆောက်ရေးကုန်ကျစရိတ်

Published in Port News

          ဆိပ်ကမ်း (Port) ဟူသည့် စကားရပ်ကို မြင်လိုက်လျှင် ရေကြောင်း သယ်ယူ ပို့ဆောင်ရေး နှင့် ကုန်းလမ်း သယ်ယူပို့ဆောင်မှုတို့ကို ဆက်စပ်ပေးသည့် နေရာ တစ်ခုအဖြစ် မြင်ယောင်မိမည်ပင် ဖြစ်ပါသည်။ ကိုင်တွယ်မည့် ကုန်စည်နှင့် အသုံးပြုမည့် ရေကြောင်းလမ်း အရ မြစ်တွင်းဆိပ်ကမ်း၊ ကမ်းရိုးတမ်း ဆိပ်ကမ်း၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း စသဖြင့် အမျိုးမျိုးကွဲပြားခြားနားစွာ တည်ရှိလုပ်ငန်း ဆောင်ရွက်လျှက် ရှိကြပါသည်။ အပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်းများ အနေဖြင့် ပင်လယ်ရေကြောင်း ကုန်စည်များကို တင်/ချခြင်း လုပ်ငန်းစဉ်များကို ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ ရေကြောင်း ကုန်သွယ်မှု ကို အထောက်အပံ့ ပေးလျှက် ရှိပါသည်။ ရန်ကုန်ဆိပ်ကမ်းသည် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခုဖြစ်ပြီး နိုင်ငံ၏ ရေကြောင်းကုန်စည် ပို့ကုန်/သွင်းကုန် များကို လက်ခံဆောင်ရွက်ပေးရာ နိုင်ငံ၏ အဓိက ဆိပ်ကမ်းကြီး တစ်ခုဖြစ်ပါသည်။

 

          ရေကြောင်းကုန်စည် ပို့ဆောင်ရေး လုပ်ငန်းစဉ်များတွင် ကုန်စည်များကို တူညီကုန်သေတ္တာများဖြင့် ထည့်သွင်း သယ်ဆောင်သည့် စနစ်ကို တွင်ကျယ်စွာ အသုံးပြုနိုင်လာသည်နှင့် အမျှ၊ အပြည်ပြည်ဆိုင်ရာ ကုန်စည် ပို့ဆောင်မှု လုပ်ငန်းစဉ်များ ပိုမို တိုးတက်ကောင်းမွန်လာပြီး ပင်လယ် ရေကြောင်း ကုန်စည် ပို့ဆောင်မှုသာမက အခြား ပို့ဆောင်ရေး နည်းလမ်းများ ဖြစ်သည့် ရထားနှင့် ပို့ဆောင်ခြင်း၊ ကားလမ်းဖြင့် ပို့ဆောင်ခြင်း၊ မြစ်တွင်းသွား တွဲရေယာဉ်များဖြင့် ပို့ဆောင်ခြင်း စသည့် နည်းလမ်းများတွင်လည်း ကုန်သေတ္တာ ကုန်စည် ပို့ဆောင်ခြင်း စနစ်ကို ကျယ်ပြန့်စွာ အသုံးပြုဆောင်ရွက်လာသည်ကို တွေ့ရပါသည်။ မြန်မာနိုင်ငံတွင်လည်း နိုင်ငံတကာ ပို့ဆောင်ရေး လုပ်ငန်းစဉ်များနှင့်အညီ၊ ဘက်စုံ ပို့ဆောင်ရေး (Multimodal Transport) နည်းလမ်းများကို အသုံးပြုပြီး ထောက်ပံ့ ဖြည့်ဆည်း စီမံဆောင်ရွက်မှု ကုန်ကျစရိတ် (Logistics Cost) များ လျှော့ချ နိုင်ရန်အတွက် ရန်ကုန် (ရွာသာကြီး) နှင့် မန္တလေး (မြစ်ငယ်) တို့တွင် ကုန်းတွင်းဆိပ် ဟု ခေါ်သည့် Dry Port များကို တည်ဆောက်အကောင်အထည်ဖော်ခဲ့ရာ၊ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၁၁) ရက်နေ့တွင် စတင်ဖွင့်လှစ် နိုင်ခဲ့ပြီဖြစ်၍ နိုင်ငံတကာ ပင်လယ်ရေကြောင်း ကုန်စည်များအား ရန်ကုန် ဆိပ်ကမ်း အထိသာမက ကုန်းတွင်းပိုင်း ဖြစ်သည့် ရွာသာကြီး နှင့် မြစ်ငယ် နေရာများအထိ မီးရထားလမ်းဖြင့် အရောက် ပို့ဆောင်နိုင်တော့မည် ဖြစ်ပါသည်။

 

logistics 2

 

ကုန်းတွင်းဆိပ် ဆိုသည်မှာ
=================


          ကုလသမဂ္ဂ အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် (UNESCAP) မှ Dry Port ၏ အဓိပ္ပါယ်အား ဖွင့်ဆိုရာတွင် “An inland location as a logistics centre connected to one or more modes of transport for the handling, storage and regulatory inspection of goods moving in international trade and the execution of applicable customs control and formalities” ဟု ဖော်ပြထားပါသည်။

 

          အဓိကအားဖြင့် အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးတွင် သယ်ယူ ပို့ဆောင်သည့် ကုန်စည်များ တင်/ချခြင်း၊ သိုလှောင်ခြင်း၊ ပုံမှန်စစ်ဆေးခြင်းနှင့် အကောက်ခွန် ဆိုင်ရာ ထိန်းချုပ်သည့် နည်းလမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နေခြင်း အတွက် သယ်ယူ ပို့ဆောင်ရေး နည်းလမ်းတစ်ခု (သို့မဟုတ်) ပိုမိုသော နည်းလမ်းများ အသုံးပြုရာတွင် ထောက်ပံ့ ဖြည့်ဆည်း စီမံ ဆောင်ရွက်ရေး နှင့် ပို့ဆောင်ရေး ဝန်ဆောင်မှု အဖွဲ့အစည်း၏ အချက်အချာ ကျသော ဒေသနှင့် ဆက်သွယ်ဆောင်ရွက်နိုင်သော ကုန်းတွင်း နေရာ ဒေသကို ကုန်းတွင်းဆိပ်ဟု ခေါ်ဆိုခြင်း ဖြစ်ပါသည်။

 


          အာရှနှင့် ပစိဖိတ်ဒေသတွင်းနိုင်ငံများ ကုန်သေတ္တာ သယ်ယူပို့ဆောင်ရေး နှင့် ပတ်သက်၍ UNESCAP မှ ကျွမ်းကျင်သူအတိုင်ပင်ခံများ၏ လေ့လာတွေ့ရှိချက်များ အရ ကုန်းတွင်းဆိပ်များ တည်ဆောက် လုပ်ငန်း ဆောင်ရွက်ခြင်းဖြင့် ပင်လယ်ဆိပ်ကမ်းနှင့် ဝေးလံသော ဒေသများနှင့် ကုန်းတွင်းပိတ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေခြင်း၊ ပင်လယ်ဆိပ်ကမ်း အထိ ကုန်ပစ္စည်းများကို တင်ပို့ရန်မလိုဘဲ နီးစပ်ရာ နယ်စပ်ကုန်သွယ်ရေးစခန်းများမှတဆင့် ကုန်သွယ်မှုပြုနိုင်ခြင်း၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း တစ်ခုကဲ့သို့ လုပ်ငန်း ဆောင်ရွက်နိုင်ပြီး ကား/ရထား အသုံးပြုသယ်ယူပို့ဆောင်ရေးစနစ်သာ ကွာခြားခြင်း၊ ရထားကို အသုံးပြုခြင်းဖြင့် လောင်စာဆီအသုံးပြုမှု သက်သာခြင်း၊ လေထုညစ်ညမ်းမှု သက်သာခြင်း၊ ဆိပ်ကမ်းအနီး ကုန်သေတ္တာတင် မော်တော်ယာဉ် ရှုပ်ထွေးမှုကို လျော့နည်းစေခြင်း၊ မြို့တွင်းယာဉ်ကြော ပိတ်ဆို့မှုများ လျှော့ချနိုင်မည် ဖြစ်ပါသည်။

 

logistics 3 o

 


မြန်မာနိုင်ငံနှင့် ကုန်းတွင်းဆိပ်
===================


          မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်အဖြစ် ပါဝင်လျှက်ရှိသော UNESCAP မှ အဖွဲ့ဝင် နိုင်ငံများ အကြား အာရှ အဝေးပြေးလမ်းမ (Asian Highway Road) နှင့် အာရှ ဖြတ်သန်း ရထားလမ်း ကွန်ရက် (Tran-Asia Rail Network) တစ်လျှောက် ပို့ဆောင်ရေး လျှင်မြန် ချောမွေ့စေရေးအတွက် ရည်ရွယ်၍ အဖွဲ့ဝင်နိုင်ငံများအတွင်း ကုန်းတွင်းဆိပ်များ တည်ဆောက် အကောင်အထည်ဖော်ရေးကို ၂၀၁၀ ခုနှစ်မှ စတင်ကာ ဆွေးနွေးခဲ့ကြပြီး၊ ကုန်းတွင်းဆိပ်များဆိုင်ရာ အစိုးရများအကြား သဘောတူညီချက် (Intergovernmental Agreement on Dry Ports) အား ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် သဘောတူ လက်မှတ် ရေးထိုးနိုင်ခဲ့ ကြပါသည်။

 

          ရန်ကုန်တိုင်းဒေသကြီး (ရွာသာကြီး) နှင့် မန္တလေးတိုင်း ဒေသကြီး (မြစ်ငယ်) တို့ရှိ မြန်မာ့မီးရထားပိုင် မြေနေရာများတွင် ကုန်းတွင်းဆိပ် စီမံကိန်းများ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၄ ခုနှစ်မှ စတင်ကာ စီမံဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ စီမံကိန်းများတွင် ပူးပေါင်း ဆောင်ရွက် ရင်းနှီး မြှုပ်နှံမည့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများကို ဖိတ်ခေါ်၍ တင်ဒါစနစ်ဖြင့် အဆင့်ဆင့် စိစစ် ရွေးချယ် ခဲ့ပြီး နိုင်ငံသား ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမှု ပါဝင်သည့် Resources Group Logistics Co., Ltd. နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဖက်စပ် ပါဝင်သည့် KM Terminal and Logistics Co., Ltd. တို့အား Dry Port တည်ဆောက် အကောင်အထည်ဖော် လုပ်ကိုင်ခွင့်ပြုခဲ့ပါသည်။

 

          ယခုအခါ ကုန်းတွင်းဆိပ်များကို တည်ဆောက်ပြီးစီးပြီဖြစ်သဖြင့် စတင်ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သဖြင့် မဝေးတော့သည့် အနာဂတ်တွင် ပင်လယ်ရေကြောင်း ပို့ကုန်/ သွင်းကုန် ကုန်စည်များကို ကုန်းတွင်းပိုင်းဒေသများအရောက် ကုန်ကျစရိတ် နည်းပါးစွာ နှင့် ချောမွေ့ သော ဘက်စုံပို့ဆောင်ရေး ပုံစံအသုံးပြုကာ ပို့ဆောင်နိုင်တော့မည် ဖြစ်ပါသည်။

 

ကုန်းတွင်းဆိပ်၏ အခန်းကဏ္ဍ
====================

 

          ကုန်းတွင်းဆိပ်များကို ထိရောက်စွာ အသုံးပြုနိုင်ပါက နိုင်ငံ၏ ထောက်ပံ့ ဖြည့်ဆည်း စီမံမှုဆိုင်ရာလုပ်ငန်းများ နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး တို့အတွက် အောက်ပါ ကဏ္ဍ/ လုပ်ငန်းစဉ် များတွင် အပြန်အလှန် အကျိုးပြုမှုကို ရရှိစေနိုင်မည် ဖြစ်ပါသည် -

 

• ကုန်းတွင်းဆိပ်များသည် ကုန်စည်သယ်ယူပို့ဆောင်ရာတွင် ကုန်သေတ္တာဖြင့်သယ်ယူမှု လိုအပ်ချက်ကို အပြည့်အဝဖြည့်ဆည်းပေးခြင်း

• အရောက်ပို့စနစ် (Door to Door Service) အတွက် ကုန်ပစ္စည်းပို့သူများ၏ တောင်းဆိုမှု အပေါ် ကျေနပ်အောင်ဆောင်ရွက်ပေးနိုင်ခြင်း

• ပင်လယ်ဆိပ်ကမ်းများ၏ လုပ်ငန်းဆိုင်ရာပိတ်ဆို့နေမှုများကို ကူညီပေးခြင်းနှင့် သယ်ယူ ပို့ဆောင်မှုအတွက် အကောင်းဆုံးဆောင်ရွက်ပေးနိုင်ခြင်း

• ဆိပ်ကမ်းတွင် ဆောင်ရွက်ရသည့်လုပ်ငန်းအဆင့်ဆင့်ကို ကုန်းတွင်းဆိပ်များတွင် ပြီးစီးအောင် ဆောင်ရွက်ပေးနိုင်ခြင်း

• ကုန်းတွင်းဒေသများကို အဓိကထားဆောင်ရွက်ပေးခြင်း

• ကုန်းတွင်းပိတ်အိမ်နီးချင်းနိုင်ငံများ၏ ကုန်ပစ္စည်း ရွှေ့ပြောင်းသယ်ယူမှု ကုန်ကျစရိတ် များကို လျော့ချနိုင်ခြင်း

• အပြည်ပြည်ဆိုင်ရာ ကုန်စည် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းများနှင့် ပတ်သက်ပြီး မှန်ကန်မြန်ဆန်ခြင်း၊ အရည်အသွေးကောင်းမွန်ခြင်း၊ အခွင့်အရေး ရယူနိုင်ခြင်း စသည့် ဝန်ဆောင်မှုများပေးနိုင်ခြင်း

• လူနည်းစုဖြင့် ကြပ်မတ်ကွပ်ကဲနိုင်ခြင်း

• ကုန်ပစ္စည်းပို့မည့်အစီအစဉ်အား ကောင်းမွန်စွာညှိနှိုင်းဆောင်ရွက်ပေးနိုင်ခြင်း

• ကုန်ကျစရိတ် သက်သာမှုနှင့်အတူ ပြည်ပ တင်ပို့သူများ၊ ပြည်တွင်း တင်သွင်းသူများ ယုံကြည်မှု ရှိအောင် ဆောင်ရွက်ပေးနိုင်ခြင်း

• သင်္ဘောဖြင့် ကုန်ပစ္စည်းတင်ပို့သူများအနေဖြင့် တင်ပို့လိုသောသင်္ဘောလိုင်းများကို အကဲဖြတ်ရွေးချယ်တင်ပို့နိုင်ခြင်း

• အပြန်အလှန်သယ်ယူပို့ဆောင်ပေးနိုင်ခြင်း

• ပင်လယ်ဆိပ်ကမ်းနှင့် ကုန်းတွင်း ကုန်ရုံ ကွန်ရက်များအကြား အပြန်အလှန် အကျိုးပြုသော စနစ်ဖြစ်ခြင်း

• သင်္ဘောဖြင့် ကုန်ပစ္စည်းတင်ပို့သူများအနေဖြင့် ချိတ်ဆက် ထောက်ပံ့မှု မဟာဗျူဟာ အတွင်း Terminal ၏ အဆင့်အတန်းကို တိုးမြင့်အောင် ဆောင်ရွက်နိုင်ခြင်း

• အချိန်မှန်ကန်မှုနှင့် ကုန်သွယ်မှုအထောက်အကူစွမ်းအား အကျိုးအမြတ်များစွာ ရရှိခြင်း

 

          သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် ပင်လယ်ရေကြောင်း ကုန်စည်များအား ကုန်းတွင်း ဒေသများအရောက် မီးရထားဖြင့် သယ်ယူပို့ဆောင်ပေးနိုင်ရန် အတွက် လိုအပ်သည့် ကိစ္စအဝဝကို ပံ့ပိုးပေးနိုင်မည့် ကုန်းတွင်းဆိပ်များ ပေါ်ပေါက်လာပြီး ဒေသတွင်း ပို့ဆောင်ရေး ဆိုင်ရာ ထောက်ပံ့ ဖြည့်ဆည်းမှု ကွင်းဆက် (Transport Supply Chain) လုပ်ငန်းများတွင် ပါဝင်လာခြင်းမှာ နိုင်ငံ၏ အနာဂတ် ထောက်ပံ့ ဖြည့်ဆည်း စီမံဆောင်ရွက်မှု (Logistics) နှင့် ပို့ဆောင်ရေး (Transport) ကဏ္ဍတို့အတွက် တိုးတက် ကောင်းမွန်သည့် လက္ခဏာများ ဖြစ်ပါကြောင်း တင်ပြလိုက်ပါသည်။

 

Source : Dr.Myo

Published in Port News

          သီလဝါဆိပ်ကမ်းအပါအဝင်ရန်ကုန်မြို့ရှိဆိပ်ကမ်းများအတွက်ယာဉ်ကြောသွားလာရေးပိတ်ဆို့မှုလျော့ကျကာကုန်ပစ္စည်းသယ်ယူပို့ဆောင်ရာတွင် ကုန်ကျစရိတ် လျှော့ချနိုင်ရန် ရည်ရွယ်တည်ဆောက်သော ရွာသာကြီးကုန်တွင်းဆိပ်ကမ်းစီမံကိန်း Yangon Dry Port ကို ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ကုန်ပစ္စည်းများ သယ်ယူပို့ ဆောင်ရေးဝန်ဆောင်မှုအတွက် ကုန်းတွင်းဆိပ်ကမ်းများ ဖွင့်လှစ် ဆောင်ရွက်ရန် ပြည်ပကုမ္ပဏီတစ် ခုဖြစ်သော Kerry Logistics ကု မ္ပဏီက ရာခိုင်နှုန်း ၇ဝ၊ ပြည်တွင်း ကုမ္ပဏီဖြစ်သည့် Mother Logistics ကုမ္ပဏီကရာခိုင်နှုန်း ၃ဝ ထည့် ဝင်ကာ ပူးပေါင်းရင်းနှီးမြှုပ်နှံကြ ခြင်းဖြစ်ကြောင်းသိရသည်။

 

          ယင်းကုမ္ပဏီနှစ်ခု ပူးပေါင်း ထားသော KM Terminal and Logistics Limited သည်နှစ် ၅၀ BOT လုပ်ကိုင်ခွင့်ရရှိထားကာ အစိုးရခွင့်ပြုလျှင် ၁၀ နှစ်စီနှစ်ကြိမ် သက်တမ်းတိုးခွင့် ရရှိမည်ဖြစ်သည်။ ကနဦးရင်းနှီးမြှုပ်နှံမှုပမာ ဏအဖြစ်အစိုးရကို အမေရိကန် ဒေါ်လာ ၂ ဒသမ ၁၇ သန်းပေး သွင်းထားပြီးဖြစ်ကြောင်းသိရသည်။ရန်ကုန်နှင့် မန္တလေးတို့တွင် ကုန်းတွင်းဆိပ်ကမ်းများ တည်ဆောက်ရန်၂၀၁၇ ခုနှစ်ဧပြီ၃ရက် ကမြန်မာ့မီးရထားနှင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း KM Terminal and Logistics Limited ၏ အထွေထွေမန်နေဂျာ ဦးညီထွဋ် ကရွာသာကြီးကုန်းတွင်းဆိပ်ကမ်း ဖွင့်ပွဲအခမ်းအနားအပြီး မီဒီယာ များကိုပြောသည်။

 

          "ငွေကြေးတစ်ခု ရင်းနှီးမြှုပ်နှံရင်ငွေပြန်ရနှုန်းနဲ့ ပြန်တွက်ရတယ်။ နှစ် ၅၀ ကုန်းတွင်းဆိပ်ကမ်း လုပ်ကိုင်ခွင့်ရှိတယ်။ ပထမပိုင်းမှာ ရင်းနှီးမြှုပ်နှံတာတွေလုပ်ရတယ်။ဒေါ်လာ ၅၅ သန်းပေါ့နော်။ ပထမ နှစ်တွေမှာဆိုရင် ဖောက်သည်တွေကလည်းမရသေးဘူး။ တဖြည်း ဖြည်းဒီဂိုဒေါင်တွေ အားလုံးပြည့်မှ ရထားကလည်းနေ့တိုင်း ပြေးနိုင် မှ အကျိုးအမြတ်ရလာမှာ။ အဲဒါ ကြောင့် ဘဏ်တွေရဲ့အကူအညီနဲ့ တွက်လိုက်တဲ့အခါမှာ ခြောက်နှစ် ပြည့်မှသာလျှင် စအရင်းကျေပြီး အမြတ်စရမှာပေါ့။ ဝင်ငွေရနှုန်း နဲ့တွက်ပြီးပြောတာဖြစ်ပါတယ် "ဟု ၎င်းင်းကပြောသည်။ရွာသာကြီးကုန်းတွင်း ဆိပ် ကမ်းအတွက်ကန်ဒေါ်လာ သန်း ၄၀ နှင့်မန္တလေးမြစ်ငယ်ကုန်းတွင်း ဆိပ်ကမ်းအတွက် ကန်ဒေါ်လာ ၁၅ သန်းမြှုပ်နှံထားကြောင်းသိရ သည်။ မြစ်ငယ်ကုန်းတွင်းဆိပ် ကမ်းကို ၂၀၁၈ ခုနှစ်မေတွင် တည် ဆောက်ပြီးစီးပြီး လုပ်ငန်းများစမ်း သပ်လည်ပတ်နေပြီဖြစ်ကြောင်း ရွာသာကြီးကုန်းတွင်း ဆိပ်ကမ်းကို နိုဝင်ဘာ ၁၁ ရက် တရားဝင်စတင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

 

          ရရှိလာမည့်အကျိုးအမြတ်၏ရာခိုင်နှုန်းအချို့ကို မြန်မာ့မီး ရထားသို့ ပေးသွင်းရမည်ဖြစ်ပြီး ဂိုထောင်များတွင် ကုန်ပစ္စည်း ထားသိုမှုအတွက်လည်း အစိုး ရကို ရာခိုင်နှုန်းအချို့ပေးရမည် ဖြစ်ကြောင်းသိရသည်။ရန်ကုန်ရှိ ဆိပ်ကမ်းများနှင့် သီလဝါ ဆိပ်ကမ်းများတွင်ယာဉ် ကြောကျပ်တည်းမှုကို လျှော့ချပြီး ကုန်ပစ္စည်းသယ်ယူ ပို့ဆောင်ရာ တွင်ကုန်ကျစရိတ်လျှော့ချနိုင်ရန်ရည်ရွယ်ကာကုန်းတွင်း ဆိပ်ကမ်း များ တည်ဆောက်ခြင်းဖြစ်ပြီးရွာသာကြီးနှင့် မြစ်ငယ်ဆိပ်ကမ်းတို့ ကို ကွန်တိန်နာရထားတွဲများဖြင့် ချိတ်ဆက်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ရွာသာကြီးမှ မြစ်ငယ်ဆိပ် ကမ်းသို့ အပတ်စဉ်စနေ,တနင်္ဂနွေ တွင် အနည်းဆုံးကွန်တိန်နာရထား ကုန်တွဲ ၁၅ တွဲမှအများဆုံး ၂၇ တွဲပြေးဆွဲမည်ဖြစ်ကြောင်း သိရ သည်။ မြန်မာ့မီးရထားက ရန်ကုန်မှ မန္တလေးသို့ ပို့ဆောင်မည့်ကုန်တစ် တန်အတွက် တစ်မိုင်လျှင်ကျပ် ၃၀ မန္တလေးမှရန်ကုန်သို့ပို့ဆောင် ပေးမည့် ကုန်တစ်တန်အတွက် တစ်မိုင် လျှင်ကျပ် ၂၀ နှင့် အခွန် ၁၀ ရာခိုင်နှုန်းကောက်ယူမည် ဖြစ်ကြောင်းသိရသည်။

 

          မြန်မာ့မီးရထားက ကုန်တန် ချိန်ကို မိုင်နှုန်းဖြင့်တွက်ချက်ရယူ မည်ဖြစ်ပြီး ကုမ္ပဏီအနေဖြင့် Door To Door စနစ်ဖြင့်သယ်ယူစရိတ် တို့ပေါင်းကာ သယ်ယူစရိတ်ကျ သင့်မည်ဖြစ်သော်လည်း ကားဖြင့် သယ်ဆောင်သည်ထက် စရိတ်သက် သာမည်ဖြစ်ကြောင်း သိရသည်။

 

Source: Yangon Media Group

Published in Port News

          ဒဂုံအရှေ့ပိုင်းရှိ ရွာသာကြီးဘူတာအနီး တည်ဆောက်ထားသည့် ကုန်းတွင်းဆိပ်ကမ်းတည်ဆောက်မှု ပြီးစီးပြီဖြစ်၍ နိုဝင်ဘာ ၁၁ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။အဆိုပါကုန်းတွင်း ဆိပ်ကမ်းတည်ဆောက်မှုပြီးစီးပါက ရန်ကုန်ဆိပ်ကမ်းများမှ ကုန်သေတ္တာများအား မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများသို့ ကုန်သေတ္တာရထားဖြင့် တင်ပို့နိုင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှ သတင်းရရှိသည်။

 

          ရန်ကုန်ဆိပ်ကမ်းများမှ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ ကုန်သေတ္တာများအားရထားဖြင့်တင်ပို့နိုင်ရန် ဒဂုံအရှေ့ပိုင်းရှိ ရွာသာကြီးကုန်းတွင်းဆိပ်ကမ်းမှ မြစ်ငယ်သို့ ကုန်သေတ္တာတင်ရထား စမ်းသပ်ခုတ်မောင်းခဲ့ကြောင်း သိရသည်။မြန်မာ့မီးရထားလုပ်ငန်းသည် ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်းမှ ကုန်သေတ္တာရထားများ ပြေးဆွဲနိုင်ရန် ဆောင်ရွက်နေရာအောက်တိုဘာ ၁၂ ရက်က ရွာသာကြီး-မြစ်ငယ်အမှတ် ၉၂၃ အဆန် ကုန်သေတ္တာရထားအား စမ်းသပ်ခုတ်မောင်းနိုင်ခဲ့ကြောင်း သိရသည်။

 

          ဒဂုံအရှေ့ပိုင်းရှိ ရွာသာကြီးရှိ မြန်မာ့မီးရထားပိုင်မြေပေါ်တွင် ကုန်းတွင်းဆိပ်ကမ်း ( Dry Ports) နှစ်ခုအား တည်ဆောက်ထားခြင်းဖြစ်သည်။အဆိုပါ ကုန်းတွင်းဆိပ်ကမ်းနှစ်ခုသည် မြန်မာ့မီးရထားပိုင်မြေပေါ်တွင် BOT စနစ် GS KM Terminal & Logistics LimitedResource Group Logistics Co, Ltd ကုမ္ပဏီနှစ်ခုတို့က တည်ဆောက်ထားခြင်း ဖြစ်သည်။

 

          ထိုကုန်းတွင်းဆိပ်( Dry Ports) နှစ်ခုသည် ဧက ၄ဝ စီရှိပြီး၊ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် အောက်တိုဘာက စတင်တည်ဆောက်ခဲ့ကာ ယခုနှစ်အောက်တိုဘာတွင် တည်ဆောက်မှုပြီးစီးမည်ဖြစ်ကြောင်း သိရသည်။ရွာသာကြီး ကုန်းတွင်းဆိပ်နှစ်ခုကို ပုဂွလိကကုမ္ပဏီနှစ်ခုက အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော်ကုန်ကျခံ တည်ဆောက်နေခြင်းဖြစ်ပြီး၊ လက်ရှိတွင်ကုန်းတွင်းဆိပ်ကမ်းများတည်ဆောက်မှုမှာ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

          “ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်းကနေ မြစ်ငယ်အထိ ကုန်သေတ္တာတင်ရထား စမ်းသပ်ခုတ်မောင်းခဲ့ပါတယ်။ ဒီစမ်းသပ်ခုတ်မောင်းမှု အဆင်ပြေတယ်ဆိုရင် ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်းကနေကုန်သေတ္တာ တွေကို ရထားနဲ့တင်ပို့နိုင်တော့မှာဖြစ်ပါတယ်” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

 

          ကုန်းတွင်းဆိပ်ကမ်း ( Dry Ports) နှစ်ခု တည်ဆောက်မှုအားလုံးပြီးစီးပါကသီလဝါရွာသာကြီး-မြစ်ငယ်တို့အကြား ကုန်သေတ္တာရထားတွဲများ ပြေးဆွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။လက်ရှိတည်ဆောက်နေသည့် (Dry Ports) နှစ်ခုတွင် ကုန်သေတ္တာအလုံးရေနှစ် သိန်းကျော်သိုလှောင်နိုင်မည်ဖြစ်ပြီး ရန်ကုန်မြို့တွင်း နှင့် သီလဝါဆိပ်ကမ်းအကြား ယာဉ်ကြောကျပ်တည်းမှုလျှော့ချနိုင်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

 

          ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ မြေ ၅၉ ဧကကျော်တွင် ပို့ကုန်အရည်အသွေး ထိန်းသိမ်းရန် နှင့် ကုန်ကျစရိတ်လျှော့ချနိုင်ရန် အဓိကလိုအပ်သည့် နိုင်ငံတကာအဆင့်မီ ကုန်စည်ထောက်ပံ့ဖို့ဆောင်ရေးဗဟိုစခန်း ( Logistics Hub) တည်ဆောက်မည်ဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

Source : Daily Eleven

Published in Port News

ကုန်းတွင်းဆိပ်ကမ်း စီမံခန့်ခွဲပုံအဆင့်ဆင့်

Published in Port News

ရန်ကုန်တိုင်းရှိ မြစ်ကြောင်းများကို အသုံးပြုကာ အနာဂတ်တွင် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း ပိုမို ကျယ်ပြန့်လာ အောင်လုပ်ဆောင်ရန် လှိုင်သာယာကုန်းတွင်းဆိပ်ကမ်းတစ်ခုကိုလည်း တည်ဆောက်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှု နှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး မှ ပြောကြားခဲ့ပါတယ်။

 

ထိုစီမံကိန်းကို Ngwe Pin Le Integrated Logistics Zone နှင့် IWT Jetty link Dry Port ဟု အမည်ပေးခဲ့ပြီး လှိုင်သာယာ မြို့နယ် ငွေပင်လယ်စက်မှုဇုန် နှင့် အလယ်ရွာ အနီးတည်ရှိမည် ဖြစ်ပါတယ်။

 

ထိုလုပ်ငန်းအတွက် ဧပြီ ၄ ရက်တွင် တင်ဒါလုပ်ငန်းစဉ်ကို တိုင်းအစိုးရက လုပ်ငန်းရှင်များထံက ရှင်းပြခဲ့ကြောင်းကိုလည်း ရန်ကုန်တိုင်း အစိုးရအဖွဲ့က သတင်းထုတ်ပြန်ချက်အရ သိခဲ့ရပါတယ်။ ကုန်စည်ပို့ဆောင်ရေးသည် တကယ်တမ်း ဈေးသက်သာဆုံး ပြောရရင် ရေလမ်းခရီးပို့ဆောင် ရေးကအဓိက နေရာတွင်လည်း ပါဝင်ခဲ့ပါတယ်။

 

ယခုအခါတွင် ဈေှးနှုန်း မြင့်မားနေခဲ့သော ကားလမ်းကို အဓိကထား သုံးနေခဲ့ရသောကြောင့် ထိုရေလမ်းနဲ့ ကုန်စည်ပို့ဆောင်ရေးကို အမြန်ဆုံးအကောင် အထည်ဖော်ဖို့ Dry Port နဲ့ ပတ်သက်ပြီးတော့လည်း စတင်ဆောင်ရွက်ခဲ့ပါတယ် ဟု ဆက်သွယ်ရေး ဝန်ကြီးမှ ဆက်လက်ပြောဆိုခဲ့ပါတယ်။

 

လက်ရှိဆိပ်ကမ်းများသည် မြို့အရှေ့ဘက်တွင်ရှိပြီး အမှန်တကယ်ထွန်းကားနေခဲ့သော စက် မှုဇုန်များ နှင့် ကုန်စည်ဒိုင်များသည် မြို့အနောက်ဘက်တွင် တည်ရှိကာ ကုန်တင်ယာဉ်များ မြို့တွင်းကို ဖြတ်သန်း၍ သွားလာခဲ့ရပါတယ်။ ရန်ကုန်မြို့၌ မြို့ရှောင်လမ်းမ ရှိသောကြောင့် ယာဉ်ကြောကျပ် တည်းမှု ဖြစ်ပေါ်နေကြောင်း ပြောဆိုခဲ့ပါတယ်။

 

ရန်ကုန်မြို့တွင် ရန်ကုန်မြစ်၊ လှိုင်မြစ်၊ ပုဇွန်တောင်ချောင်း၊ ငမိုးရိပ်ချောင်း နှင့် ပဲခူးမြစ်ရှိပြီး ရန်ကုန် တိုင်းနှင့်ဧရာဝတီတိုင်းကြား၌ တိုးမြစ်ရှိပြီး ယင်းတို့သည်လည်း သယ်ယူပို့ဆောင်ရေးအတွက်အဖိုးတန် နေရာတွင် ရှိနေခဲ့ပါတယ်လို့ လည်းထပ်မံ၍ ပြောဆိုခဲ့ပါတယ်။

 

ထိုရေလမ်းခရီးကို တွင် ကျယ်စွာ အသုံးချနိုင်ရေးသည် နိုင်ငံတော် အကြီးအကဲ ခေါင်း ဆောင်၏ လမ်းညွှန်မှုဖြစ်ကြောင်း လည်း ၎င်းက ပြောသည်။

 

ထိုရေလမ်းခရီး သယ်ယူပို့ဆောင်ရေး၊ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းကို ပိုမိုကျယ်ပြန့်စွာ အသုံးပြု နိုင်ရေးသည် နိုင်ငံတော်အကြီးအကဲများ လမ်းညွှန်မှု့ ဖြစ်ကြောင်းကိုလည်း ဆက်လက်ပြောခဲ့ပါတယ်။

 

ယခု တည်ဆောက်မည့်နေရာသည် ဧရာဝတီတိုင်းဘက်ရှိ လမ်းများ နှင့် ဆက်စပ်မှုရှိခဲ့ပြီး နောက်ပိုင်းတွင်လည်း မြို့ရှောင်လမ်း နှင့် တစ်ဆက်တည်းဖြစ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

 

Source ; 7 Day Daily

 

Readmore ရန်ကုန်မြို့ကို အမှန်တကယ်ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်မည်

http://www.logisticsguide.com.mm/en/what-new/latest-updates/638-run-at-the-actual-development.html

 

d91d2793afc1e2281971343ae9f4138f L

 

Published in Port News

             ဒေသတွင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ကုန်ကျစရိတ် သက်သာစွာဖြင့် လုပ်ဆာင်နိုင်ရန်အတွက် ရန်ကုန် ကုန်းတွင်းဆိပ်ကမ်း (Yangon Dry Port) ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ဆိပ်ကမ်းလုပ်ပိုင်ခွင့်ရ KM Terminal Logistic ကုမ္ပဏီ ဒါရိုက်အဖွဲ့ဝင် ဦးညီထွဋ်က ပြောသည်။

 

             ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ငန်း ဆောင်ရွက်ခြင်း (Doing Business) အညွှန်းကိန်း တိုင်းတာရာတွင် ထောက်ပံ့ပို့ဆောင်မှု ကဏ္ဍတွင် ကုန်ကျစရိတ် သက်သာခြင်း ဖြစ်စေရန်အတွက် အစိုးရက ရည်ရွယ်ဖွင့်လှစ် လုပ်ဆောင်ခြင်း ဖြစ်သည်ဟုလည်း သိရသည်။

 

             KM Terminal Logistic ကုမ္ပဏီ ဒါရိုက်အဖွဲ့ဝင် ဦးညီထွဋ် “ကျနော်တို့နိုင်ငံက ကမ္ဘာ့ဘဏ်ရဲ့ စာရင်းအရ ဒေသတွင်းနိုင်ငံတွေထက် အနည်းဆုံး ဖြစ်ပါတယ်။ ကျနော်တို့က ဘင်္ဂလားဒေရှ့်၊ လာအိုနိုင်ငံတွေရဲ့ နောက်မှာလည်း ရှိနေတယ်။ ဒါကြောင့် ဒီကုန်းတွင်းဆိပ်ကမ်းတွေ ဖော်ဆောင်ခြင်းက ထောက်ပံ့ပို့ဆောင်မှု အညွှန်းကိန်း တက်ပြီးတော့ ကုန်ဈေးနှုန်းတွေကို ကျဆင်းဖို့ အစိုးရက ရည်ရွယ်ပြီး လုပ်တာဖြစ်ပါတယ်။ ဒါကို ကျနော်တို့က ရင်းနှီးမြှုပ်နှံ လုပ်ဆောင်တာပါ” ဟု ပြောသည်။

 

             ကုန်းတွင်းဆိပ်ကမ်းကို ရန်ကုန်တိုင်း၊ ရွာသာကြီးတွင် အမေရိကန်ဒေါ်လာ သန်း ၄၀ ခန့် အကုန်အကျခံ တည်ဆောက်ကာ ဆောက်လုပ်/လည်ပတ်/လွှဲပြောင်း (BOT) စနစ်ဖြင့် KM Terminal Logistic ကုမ္ပဏီက အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ပြီး နိုဝင်ဘာလ ၁၁ ရက်က စတင်ဖွင့်လှစ်ခြင်း ဖြစ်သည်။ကုန်ထုတ်လုပ်သည့် စက်ရုံ၊ လုပ်ငန်းများအနေဖြင့် ထုတ်ကုန်ပစ္စည်းများအတွက် ဒေသတွင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ကိုယ်တိုင် မလုပ်ဆောင်လိုပါက ကြားခံအနေဖြင့် ကုန်းတွင်းဆိပ်ကမ်း တည်ဆောက်ထားသည့် ကုမ္ပဏီများနှင့် ချိတ်ဆက်ကာ ယင်းဝန်ဆောင်မှုကို ရယူနိုင်မည် ဖြစ်သည်။

 

             “ဥပမာ လွယ်ဟိန်းကုမ္ပဏီဆိုပါဆို့ အချိုရည်တွေ ထုတ်တယ်။ သူတို့ စက်ရုံက ထောက်ပံ့သယ်ယူတာတွေ မလုပ်ချင်ဘူး။ အဲဒီအတွက် ကျနော်တို့ကို စာချုပ် ချုပ်ပြီး လွဲလိုက်တယ်။ ဒါကို ကျနော်တို့က ကားတွေနဲ့ စက်ရုံမှာ သွားယူတယ်။ မန္တလေးမှာရှိတဲ့ ဂိုဒေါင်တွေကို ပို့ပေးတယ်။ ဒီအတွက် ကျနော်တို့က အကျိုးအမြတ်တချို့ကို ခွဲဝေခံစားရတယ်။ ကျနော်တို့ အဲဒီလို ခေါက်တိုကားနဲ့ သယ်တာလည်းရှိတယ်။ မန္တလေးနဲ့ ရန်ကုန်ကျတော့ ကျနော်တို့က ရထားနဲ့ သယ်တယ်။ ရထားနဲ့ သယ်ခြင်းက ကားနဲ့ သယ်တာထက် ဈေးနှုန်းသက်သာတယ်။ ဒါကြောင့် ကုန်ကျစရိတ်ကို လျှော့ချနိုင်တယ်” ဟု ဦးညီထွဋ်က ရှင်းပြသည်။

 

             ရွာသာကြီးရှိ ကုန်းတွင်းဆိပ်ကမ်းကို မန္တလေးမြို့ရှိ မြစ်ငယ် ကုန်းတွင်းဆိပ်ကမ်းနှင့် ချိတ်ဆက်မည်ဖြစ်ကာ ယင်းဆိပ်ကမ်း နှစ်ခုအတွက် အမေရိကန်ဒေါ်လာ ၅၅ သန်း ရင်းနှီးမြှုပ်နှံထားသည်ဟု သိရသည်။ဆိပ်ကမ်း လုပ်ပိုင်ခွင့် သက်တမ်းမှာ နှစ် ၅၀ သတ်မှတ်ထားပြီး ၁၀ နှစ် နှစ်ကြိမ် ထပ်မံ သက်တမ်းတိုး လုပ်ပိုင်ခွင့်ရှိပြီး ယင်းသက်တမ်း ပြည့်ပါက အစိုးရထံ လွှဲပြောင်းပေးရမည် ဖြစ်သည်။ဦးညီထွဋ်က“ရင်းနှီးမြှုပ်နှံမှုက ကျနော်တို့က ၁၀၀ ရာခိုင်နှုန်းအပြည့် ရင်းနှီးမြှုပ်နှံရပါတယ်။ ဒါပေမယ့် အစိုးရကို ကနဦး ပေးသွင်းငွေ ၂ ဒသမ ၁၇ သန်းကို လက်မှတ်ထိုးတာနဲ့ ပေးရပါတယ်။ နောက်ပြီးတော့ ၁ ဧကကို အမေရိကန်ဒေါ်လာ ၅၅၀၀ နဲ့ နှစ်စဉ် မြေဌားရမ်းခ ပေးရပါတယ်” ဟု ပြောသည်။

 

             ကုန်ပစ္စည်းများကို ရွာသာကြီး ကုန်တွင်းဆိပ်ကမ်းနှင့် မန္တလေးမြို့ မြစ်ငယ်ရှိ ကုန်းတွင်းဆိပ်ကမ်းတို့ ချိတ်ဆက်ကာ အပတ်စဉ် စနေနှင့် တနင်္ဂနွေတို့တွင် တရက်လျှင် ရထား တစင်းနှုန်း ပြေးဆွဲမည်ဖြစ်ကာ ရထား တတွဲလျှင် ကုန်တန်ချိန် ၃၃ တန်နှုန်းဖြင့် ရထားတွဲ ၁၅ တွဲမှ ၂၇ တွဲအထိ ပါဝင်မည်ဟု သိရသည်။သယ်ယူပို့ဆောင်မှု စရိတ်အဖြစ် မြန်မာ့မီးရထားက ကုန်တတန်လျှင် ခရီးမိုင် ၁ မိုင်အတွက် အတက် (အဆန်) ၃၀ ကျပ်နှင့် အဆင်း (အစုန်) ၂၀ ကျပ် ကောက်ခံမည်ဖြစ်ကာ KM Terminal Logistic ကုမ္ပဏီအနေဖြင့် စက်ရုံမှ ကုန်ပစ္စည်း သယ်ယူခ၊ ဂိုထောင်ငှားရမ်းခ၊ ကွန်တိန်နာ အတင်အကျ ကျသင့်ခများကို ရရှိမည် ဖြစ်သည်။သယ်ယူပို့ဆောင်နိုင်မှု စွမ်းရည် နောက်ကျခြင်းမှာ စီးပွားရေး တိုးတက်မှုအတွက် အဟန့်အတား တခုဖြစ်ပြီး တိုင်းနှင့် ပြည်နယ်ဒေသများ ဖွံ့ဖြိုးရန်အတွက် ယင်းကဏ္ဍ ကောင်းမွန်ရန် လိုအပ်သည်ဟုလည်း အစိုးရဘက်က ပြောဆိုထားသည်။

 

             ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က “ဘာပဲပြောပြော ကျနော်တို့ရဲ့ ဒီကုန်းတွင်းဆိပ်ကမ်းက ပြီးဆုံးသွားခဲ့တာ မဟုတ်ဘူး။ အောင်မြင်သွားခဲ့တာ မဟုတ်ဘူး။ တကယ့်အောင်မြင်ခြင်းက အများကြီးလုပ်စရာ ကျန်သေးတယ်။ အခုက ကျနော်တို့က ရန်ကုန်- မန္တလေးလမ်းပိုင်းကို Update (အဆင့်မြှင့်) လုပ်ဖို့ လိုတယ်။ အဓိကကျတာတော့ ဒီနေ့ ကျနော်တို့ သယ်ရမှာ ကွန်တိန်နာတွေပဲ ဖြစ်တယ် ကမ္ဘာကြီးတခုလုံးကလည်း ကွန်တိန်နာနဲ့ လုပ်နေတာ ကြာပြီ။ ကျနော်တို့က နှစ်ပေါင်း ၂၀၊ ၃၀ နောက်ကျနေတာ။ အကြောင်းအမျိုးမျိုးကြောင့် မလုပ်နိုင်ခဲ့ဘူး” ဟု ပြောသည်။

 

             ကုမ္ပဏီဘက်မှ ကုန်းတွင်းဆိပ်ကမ်း အရင်းကျေ ကာလကို ၆ နှစ် သတ်မှတ်ထားပြီး လက်ရှိတွင် ဆိပ်ကမ်း ဧရိယာ ၄၀ ခန့်အနက် ၂၆ ဧကကိုသာ အသုံးပြုသေးပြီး ကျန် ၁၄ ဧကကို အရင်းကျေကာလပြီးမှ ဆက်လက် ဆောင်ရွက်မည် ဖြစ်သည်ဟု သိရသည်။စီမံကိန်း အပြည့် အကောင်အထည် ဖော်ပြီးပါက ကုန်းတွင်းဆိပ်တခုလျှင် ကွန်တိန်နာ အလုံးရေ ၂ သိန်းခန့် သိုလှောင်ထားနိုင်မည်ဖြစ်ကာ ၂၀၁၉ ခုနှစ်မှစကာ တရက်လျှင် ရထား ၁ စီးနှုန်းမှ ၂ စင်းအထိ တိုးမြှင့် ပြေးဆွဲနိုင်ရန်လည်း ကုမ္ပဏီဘက်က စီစဉ်ထားသည်။

 

Credit : ဧရာဝတီ

Published in Industry News