စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၄ ပုဒ်မခွဲ (ဂ) နှင့် ပုဒ်မ ၁၃ ပုဒ်မခွဲ (ခ) အရ သွင်းကုန်လိုင်စင်နှင့် ပို့ကုန်လိုင်စင် လျှောက်ထားရန် လိုအပ်သော ကုန်စည်လိုင်းများကို မတ်လ (၃၁) ရက်နေ့က သတ်မှတ် ထုတ်ပြန်ခဲ့သည်။
သွင်းကုန်လိုင်စင် လျှောက်ထားရမည့် ကုန်စည်လိုင်းပေါင်း (၈,၇၇၄) လိုင်း ပါဝင်ပြီး ပို့ကုန်လိုင်စင် လျှောက်ထားရန် လိုအပ်သည့် ကုန်စည်လိုင်း (၁,၅၅၆) လိုင်းရှိကာ စုစုပေါင်း ကုန်စည်လိုင်း (၁၀,၃၃၀) ခု ရှိသည်။
အောက်တွင် ဖော်ပြထားသည့် ကုန်စည်လိုင်းများပါ ကုန်ပစ္စည်းတစ်ရပ်ရပ်ကို တင်သွင်းခြင်း (သို့မဟုတ်) တင်ပို့ခြင်းနှင့် စပ်လျဉ်း၍ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ သွင်းကုန်လိုင်စင် (သို့မဟုတ်) ပို့ကုန်လိုင်စင် ဦးစွာ လျှောက်ထားပြီးမှ စိစစ် ခွင့်ပြုသည့်စနစ် (Non- Automatic Licensing) ဖြင့်သာ တင်သွင်း/ တင်ပို့ခွင့် ပြုတော့မည် ဖြစ်သည်။
အဆိုပါ အမိန့်ကြော်ငြာစာသည် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင် အကျိုးသက်ရောက်မည် ဖြစ်ပြီး သတ်မှတ်ထားသည့် လိုအပ်သော လိုင်စင်များ လျှောက်ထားပြီးပါက နိုင်ငံတော်အတွင်းသို့ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းတို့မှ တင်သွင်းခွင့်ပြုမည်ဟု သိရသည်။
Advertisement
သွင်းကုန်လိုင်စင် လျှောက်ရန် လိုသည့် ကုန်စည်လိုင်းများ
====================================
မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၂၂ အရ H.S Code 10 Digit ဖြင့် ကုန်စည်လိုင်း (၈,၇၇၄) လိုင်းအား သွင်းကုန်လိုင်စင် လျှောက်ထားရန် လိုသော ကုန်စည်စာရင်းအဖြစ် သတ်မှတ်ခဲ့ပြီး ကုန်စည်များစာရင်းကို အောက်တွင် ကြည့်ရှုနိုင်သည်။
ပို့ကုန်လိုင်စင် လျှောက်ရန် လိုသည့် ကုန်စည်လိုင်းများ
===================================
ပို့ကုန်လိုင်စင်လျှောက်ထားရန် လိုသော ကုန်စည်စာရင်းများအဖြစ် မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၂၂ အရ H.S Code 10 Digit ဖြင့် ကုန်စည်လိုင်း (၁,၅၅၆) လိုင်းအား သတ်မှတ် ထုတ်ပြန်ထားပြီး စာရင်းအသေးစိတ်ကို အောက်တွင် ကြည့်ရှုနိုင်သည်။
ယခင် ပြည်ပမှ တင်သွင်းသည့် ကုန်စည်လိုင်းများနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် ၂၀၂၂ ခုနှစ်၊ မေလ ၂ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၂/၂၀၂၂) ကို ယခု အမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုး ပယ်ဖျက်လိုက်ကြောင်း သိရသည်။
ယာဉ်လိုင်စင် ယာဉ်မောင်းလိုင်စင်မူရင်းတွေကို ပျောက်မှာစိုးလို့ ခိုးခံရမှာစိုးလို့ ရေစို ဆုတ်ပြဲ ပျက်စီးမှာစိုးလို့ဆိုပီး မိတ္ထူကူးကာ အစစ်ကိုအိမ်မှာသိမ်းထားပြီး မိတ္ထူကိုတော့ ယာဉ်လူနှင့်တပါတည်းယူဆောင်အသုံးပြုလို့မရဘူးလား။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လုပ်ငန်းလိုင်စင်နှင့်သယ် ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာနသည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းကို စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင် လျက်ရှိသောယာဉ်များအား ၂၀၁၆ ခုနှစ်၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများဥပဒေနှင့် ၂၀၁၈ ခုနှစ်၊ ကုန်းလမ်းသယ်ယူပို့ဆောင် ရေးလုပ်ငန်းများဆိုင်ရာ နည်းဥပဒေများအရ ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် (Domestic Oprator License) ထုတ်ပေးရာတွင် မှတ်ပုံတင်ခများကို ယာဉ် တစ်စီးချင်းနှင့် ယာဉ်အရေအတွက် အုပ်စုလိုက်အပေါ်အခြေခံ၍ ကောက်ခံလျက်ရှိရာမှ ၂၀၁၉ ခု နှစ်၊ အောက်တိုဘာလ (၂၉)ရက်တွင် ထုတ်ပြန်သည့် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများဆိုင်ရာ နည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေအရ ယာဉ်တစ်စီးချင်းနှုန်းထားအပေါ်သာ အခြေခံသည့် ငွေကောက်ခံမှုစနစ်ဖြင့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၃)ရက်မှစတင်၍ ပြောင်းလဲ ၊ကောက်ခံမည်ဖြစ်ပါကြောင်း ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရရှိသူ များနှင့် လုပ်ကိုင်မည့်သူများ ကြိုတင်သိရှိနိုင်ရန် အသိပေးကြေညာအပ်ပါသည်။
ကောက်ခံမည့်နှုန်းထားဇယား ပူးတွဲဖော်ပြအပ်ပါသည်။ အသေးစိတ်သိရှိလိုပါက www.motc.gov.mm (latest news ခေါင်းစဉ်ခွဲ) တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
---Zawgyi---
ပြည်တွင်းကုန်းလမ်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် (DOL) ထုတ်ပေး ရာတွင် မှတ်ပုံတင်ခများကို ယာဉ်တစ်စီးချင်းနှုန်းထားအပေါ်သာ အခြေခံသည့် ငွေကောက်ခံ သည့်စနစ်ဖြင့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၃)ရက်မှစ၍ ပြောင်းလဲပြင်ဆင်ကောက်ခံသွားမည်
Transportation Services သယ်ယူပို့ဆောင်ရေးလုပ်ငန်းပေါင်း ၇၉၀ ကိုရှာရန်နှိပ်ပါ
၂၀၂၀ ပြည့်နှစ်၊ဖေဖော်ဝါရီလအတွင်းအောက်ဖော်ပြပါ မြို့နယ်များသို့ နယ်လှည့်၍ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင်များ သက်တမ်းတိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးမည်ဖြစ်ပါ၍ ကြိုတင်သိရှိဆောင်ရွက် နိုင်ပါရန် အသိပေးကြေငြာအပ်ပါသည်။
>>>Zawgyi<<<
မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းလုပ်ငန်းများကို နယ်လှည့် ဆောင်ရွက်ပေးမည်
Myanmar Logistics Guide