Knowledge

Wednesday, 17 July 2019 04:41

Loikaw Airport

Loikaw Airport Information

Published in Airport Information

          ၂၀၁၇ ခုနှစ်အတွင်းက ထားဝယ် နှင့် လွိုင်ကော်မြို့များသို့ ပျံသန်းပြေးဆွဲမှုရပ်နားခဲ့သည့် အဲကမ္ဘေဇေ လေကြောင်းလိုင်း အနေဖြင့်လာမည့် နိုဝင်ဘာ ၁၉ ရက်မှစကာ အဆိုပါမြို့များသို့ ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

          “အဲဒီမြို့တွေကို ခရီးသွားရောက်နှုန်း ပိုရှိလာမယ်လို့ ယုံကြည်တဲ့အတွက် ပြန်ပြေးဆွဲဖို့ စီစဉ်ရတာပါ”ဟု အဆိုပါ လေကြောင်းလိုင်း တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။

 

          အဲကမ္ဘောဇ လေကြောင်းလိုင်းအနေဖြင့် နိုဝင်ဘာလ ၁၉ ရက်မှစကာ လွိုင်ကော်မြို့သို့ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနှင့် စနေနေ့များတွင် ပျံသန်းပြေးဆွဲမည်ဖြစ်ပြီး နိုဝင်ဘာလ ၂၀ ရက်တွင်မူ ထားဝယ်မြို့သို့ အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ စနေနေ့များတွင် ပျံသန်း ပြေးဆွဲမည်ဖြစ်ကြောင်း သိခဲ့ရပါတယ်။

 

          အဲကမ္ဘောဇ လေကြောင်းလိုင်းအနေဖြင့် လက်ရှိတွင် မန္တလေး၊ မြစ်ကြီးနား၊ ညောင်ဦး၊ ကလေး၊ ဟဲဟိုး၊ လားရှိုး၊ တာချီ လိတ်၊ မြိတ်၊ ကော့သောင်း၊ သံတွဲ၊ စစ်တွေ၊ နေပြည်တော် စသည့် ခရီးစဉ်များကို ပြေးဆွဲနေခဲ့ပါတယ်။

 

Source : 2W4W Drive

Published in Transportation