Knowledge

၁။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေမှ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် အောက်ပါပစ္စည်းများအား မြန်မာကျပ်ငွေဖြင့် ဝယ်ယူခြင်းတို့အတွက် အိတ်ဖွင့်တင်ဒါ ပေးသွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

Published in Tenders

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင် နိုင်ငံခြားသင်္ဘောကြီးများသို့ ရိက္ခာပေးသွင်းရန် အိတ်ဖွင့်တင်ဒါကြော်ငြာ

Published in Tenders

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊မြန်မာ့မီးရထားမှ အောက်ပါ လုပ်ငန်းများအား မြန်မာကျပ်ငွေဖြင့် ဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါ ခေါ်ယူထားကြောင်းသိရသည်။

 

 

စဉ် တင်ဒါအမှတ် လုပ်ငန်းအမျိုးအမည်
၁။ ၁၁/မမ/(CE)

နေပြည်တော်ဘူတာတည်ဆောက်ရေးစီမံကိန်း

စက်ခေါင်းသစ်စက်ရုံနေပြည်တော်တွင် (၆)ခန်းတွဲ(၄)ထပ် (၆)လုံးအားခြံစည်းရိုးကားရံခြင်းလုပ်ငန်း

၂။ ၁၂/မမ/(CE) နေပြည်တော်ဘူတာရှိ ဦးဆောင်ညွှန်ကြားရေးမှူးရုံးExternal Walling များ ဆေးသုတ်ခြင်းလုပ်ငန်း
၃။ ၁၃/မမ/(CE) တွဲစစ်ကျင်း အဆောက်အဦအမိုး (၁၅ဝပေ) တည်ဆောက်ခြင်းလုပ်ငန်း
၎။ ၁၄/မမ/(CE)

ကြံခင်း -ပခုက္ကူ ရထားလမ်းဖောက်လုပ်ရေးစီမံကိန်း

ကြံခင်း-ဘက်ရဲ ဘူတာကြား မိုင် (၃၇၉/ဝ-၁)တွင် (၅-ပေ)အမြင့် RC Retaining wall (၁ဝဝပေ)တည်ဆောက်ခြင်းနှင့် ပဲကြီး-ဥသျှစ်ပင်ဘူတာကြား မိုင် (၂ဝ၆/၁၄-၁၅)တွင် (၅ပေ) အမြင့် RC Retaining Wall (၅ဝပေ)တည်ဆောက်ခြင်း

၅။ ၁၅/မမ/(CE)

ရန်ကုန်-မန္တလေး ရထား-လမ်းအဆင့်မြင့်တင်ခြင်းစီမံကိန်း

ရန်ကုန်-တောင်ငူအပိုင်း(Phase-1)ရန်ကုန်-ပဲခူးလမ်းပိုင်း၊ကျောက်တန်း ဘူတာတွင် စီမံကိန်း ဝန်ထမ်းများ နေထိုင်ရန် (၄)ခန်းတွဲ (၁)လုံးဆောက်လုပ်ခြင်းလုပ်ငန်း

၆။ ၁၆/မမ/(CE) ရန်ကုန်-တောင်ငူအပိုင်း( Phase-1)ရန်ကုန်-ပဲခူးလမ်းပိုင်း၊ပဲနွယ်ကုန်းဘူတာတွင် စီမံကိန်း အင်ဂျင်နီယာအတွက် နေအိမ်(၁)လုံးဆောက်လုပ်ခြင်းလုပ်ငန်း
၇။ ၁၇/မမ/(CE) ရန်ကုန်-တောင်ငူအပိုင်း (Phase-1)ရန်ကုန်-တောင်ငူလမ်းပိုင်း၊ဘုရားကြီးဘူတာတွင် စီမံကိန်းအင်ဂျင်နီယာအတွက် နေအိမ်(၁)လုံးဆောက်လုပ်ခြင်းလုပ်ငန်း
၈။ ၁၈/မမ/(CE) ရန်ကုန်-တောင်ငူအပိုင်း (Phase-1)ရန်ကုန်-တောင်ငူလမ်းပိုင်း၊ပြွန်တန်ဆာဘူတာတွင် စီမံကိန်းဝန်ထမ်းများနေထိုင်ရန် (၄)ခန်းတွဲ(၁)လုံးဆောက်လုပ်ခြင်းလုပ်ငန်း
၉။ ၁၉/မမ/(CE) ရန်ကုန်-တောင်ငူအပိုင်း( Phase-1)ရန်ကုန်-ပဲခူးလမ်းပိုင်း၊ရွာသာကြီးတွင် စီမံကိန်းအင်ဂျင်နီယာရုံးဝင်းတွင် ဝန်ထမ်းအိမ်ရာ ရေရရှိရေးနှင့် အထွေထွေ လုပ်ငန်း
၁ဝ။ ၂ဝ/မမ/(CE) ရန်ကုန်-တောင်ငူအပိုင်း(Phase-1)၊ပဲခူး-တောင်ငူလမ်းပိုင်း၊တံတားအမှတ် (၁၁၅)ဘိုင်းဒါးတံတားအနီးတွင် (၂)ခန်းတွဲဝန်ထမ်းနေအိမ်(၃)လုံးဆောက်လုပ်ခြင်း လုပ်ငန်း
၁၁။ ၂၁/မမ/(CE) ရန်ကုန်-ပဲခူးလမ်းပိုင်းတွင် မလွှကုန်းဘူတာနှင့် လေးဒေါင့်ကန်ဘူတာကြားအုတ်ခြံ စည်းရိုးကာရံခြင်းလုပ်ငန်း
၁၂။ ၂၂/မမ/(CE) ညောင်လေးပင်-တောင်ငူလမ်းပိုင်းရှိ ဘူတာများတွင် အုတ်ခြံစည်းရိုး ကာရံခြင်းလုပ်ငန်း
၁၃။ ၂၃/မမ/(CE) ပဲခူး-ညောင်လေးပင်လမ်းပိုင်းရှိ ဘူတာများတွင် အုတ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်း
၁၄။ ၂၄/မမ/(CE)

မြစ်ငယ် ကုန်းတွင်းဆိပ်(Dry Port)တည်ဆောက်ရေးစီမံကိန်း

အမှတ်(၆)ရထားရဲတပ်ခွဲ ဝန်ထမ်းအိမ်ယာ(၆)ခန်းတွဲ(၄)ထပ်(၁)လုံးတည်ဆောက်ခြင်းလုပ်ငန်း(အမှတ်-၁)(ရေ/လျှပ်စစ်မီးနှင့် မိလ္လာအပါအဝင်)

၁၅။ ၂၅/မမ/(CE) အမှတ်(၆)ရထားရဲတပ်ခွဲ ဝန်ထမ်းအိမ်ယာ(၆)ခန်းတွဲ (၄)ထပ် (၁)လုံးတည်ဆောက်ခြင်းလုပ်ငန်း (အမှတ်-၂) (ရေ၊လျှပ်စစ်မီးနှင့် မိလ္လာအပါအဝင်)

 

 

တင်ဒါပိတ်မည့် နေ့ နှင့် အချိန်မှာ အမှတ်စဉ် (၁)မှ (၈)အထိသည် (၂၄.၄.၂ဝ၁၈)အင်္ဂါနေ့ ၁၄:၃ဝဖြစ်ပြီး အမှတ်စဉ် (၉)မှ (၁၅)သည် (၉.၅.၂ဝ၁၈)ဗုဒ္ဓဟူးနေ့ ၁၄း၃ဝဖြစ်သည်။

 

 

တင်ဒါပုံစံများကို အောက်ဖော်ပြပါဌာနတွင် (၉.၄.၂ဝ၁၈)ရက်နေ့မှ စ၍ ရုံးချိန်အတွင်းဝယ်ယူနိုင်ကြောင်း နှင့် အသေးစိတ်သိရှိလိုပါက ထောက်ပံ့ဌာန၊မြန်မာ့ မီးရထား၊ကုန်သည်လမ်းနှင့် ၅၁လမ်းထိပ်ဗိုလ်တထောင်မြို့နယ် ရန်ကုန်တွင်ဖြစ်ပြီး ဖုန်းနံပါတ်-၂၉၄၃၅၂ နှင့် ၂၉၁၉၉၄ သို့ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ကြောင်းသိရသည်။

 

Source:Myanmar Alinn

Published in Latest News