မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်ထားသော စင်ကာပူနိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးသဘောတူ စာချုပ်ကို စက်တင်ဘာ ၂၄ ရက် ကချုပ်ဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြန်လည်ပြင်ဆင် ဖွဲ့စည်းလိုက်ပြီးနောက် ဥက္ကဌသစ်က ကော်မရှင်၏ အနာဂတ်တွင်အဓိက
လတ်တလောတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ဘယ်စီးပွားရေးကဏ္ဍကို မျက်စိကျနေလဲ၊ ဘယ်ကဏ္ဍက ရင်းနှီးမြှုပ်နှံသူများအတွက် လူကြိုက်များသောကဏ္ဍဖြစ်နေလဲ၊ အလားအနေဖြင့်လည်း ဘယ်ကဏ္ဍများက အားကောင်းလာနိုင်လဲ စသောမေးခွန်းများသည် စီးပွားရေးလုပ်ငန်းရှင်များ စိတ်ဝင်စားသော မေးခွန်းများဖြစ်နေသလို နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက်လည်း အရေးကြီးသော မေးခွန်းများပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင် တိုယိုတာမော်တော်ကားကုမ္ပဏီ ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ပြီးနောက်ပိုင်း သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသည့် ဂျပန်ကုမ္ပဏီ အများအပြားရှိလာကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E Mr Ichiro Maruyama က ပြောကြားခဲ့ပါတယ်။
ကမ္ဘာအဆင့်မီ မြန်မာကုမ္ပဏီဥပဒေကိုပြဋ္ဌာန်းပြီး မြန်မာနိုင်ငံအတွင်း လာရာက်ရင်းနှီးမြှုပ်နှံရန် ဥရောပ (EU) လုပ်ငန်းရှင်များကိုဇွန်လ၆
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ နှင့် ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များစိတ်ဝင်စားမည့် အမိန့်ကြော်ငြာစာတစ်စောင်ကို စီးပွားရေး
အွန်လိုင်းစနစ် MyCo ဖြင့် ပြန်လည်မှတ်ပုံတင်ရန် ကျန်ရှိသည့် ကုမ္ပဏီများသည် ယခုလ ၃၀ ရက် နောက်ဆုံးထားဆောင်ရွက်ရမည်ဖြစ်ပြီး ထိုနောက်ပိုင်းတွင် လုံးဝဆောင်ရွက်ပေးမည် မဟုတ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ပြည်ပလုပ်ငန်းရှင်များကို မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမယ့် အခွင့်အလမ်းတွေဆီသို့ ခေါ်ဆောင်ပေးမယ့် Invest Myanmar Summit 2019 အား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၈ နဲ့ ၂၉ ရက်နေ့များမှာ နေပြည်တော်၌ ကုန်သည်စက်မှုအသင်းချုပ်က ဦးဆောင်ပြီး ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ယခုလို ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေဆီ ခေါ်ဆောင်ပေးသွားမယ့် Invest Myanmar Summit 2019 ကို နိုင်ငံတကာသံရုံးများ၊ နိုင်ငံတကာ စက်မှုလက်မှုအသင်းအဖွဲ့များ၊ INGO အဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပ ဘဏ်အဖွဲ့အစည်းများနှင့် ကုမ္ပဏီများကို မိတ်ဆက်ပေးသည့် အခမ်းအနားအနေနဲ့ အသင်းချုပ်က “In inauguration of Invest Myanmar Summit 2019” ကို ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့ Pan Pacific Hotel မှာ “International Night” အဖြစ် နိုင်ငံတကာအဖွဲ့အစည်းများ စုံလင်စွာနဲ့ မိတ်ဆုံစားပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဟောင်ကောင် စီးပွားရေးလုပ်ငန်းရှင်များသည် မြန်မာနိုင်ငံ၌ အခြေခံအဆောက်အအုံ ဖွံဖြိုးတိုးတက်ရေးနှင့် ထောက်ပံ့ပို့ဆောင် ရေးလုပ်ငန်းများ (logistics support) တွင်ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ရရှိနိုင်ရန် စိတ်ဝင်စားလျက်ရှိသည်ဟု ဟောင်ကောင် ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုကောင်စီ (Hong Kong Trade Development Council) လက်ထောက်အမှုဆောင် ဒါရိုက်တာ မစ္စတာ စတီဖန်လီအန် (Mr. Shepen Liang) က ပြောပြချက်အရ သိရပါတယ်။ဟောင်ကောင်ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုကောင်စီ၏ ဦးဆောင်မှုဖြင့် ဟောင်ကောင်ကုမ္ပဏီ ၂၇ ခုက ကိုယ်စားလှယ် ၃၇ ဦးပါဝင်သည့် အဖွဲ့သည် နိုဝင်ဘာ ၂၅ ရက်မှ ၂၈ ရက်အထိ သက်ဆိုင်ရာ မြန်မာလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
''မြန်မာနိုင်ငံမှာ ဟောင်ကောင်စီးပွားရေးကုမ္ပဏီတွေအတွက် လုပ်သာကိုင်သာရှိတဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေ ရှာဖွေနေပါတယ်။ အထူးသဖြင့် စက်ရုံလုပ်ငန်းတွေရဲ့ စွမ်းဆောင်ရည် ထောက်ပံ့မြှင့်တင့်ပေးနိုင်မယ့် လုပ်ငန်းမျိုးကို တိုးချဲ့ဆောင်ရွက်ဖို့ စိတ်ဝင်စားကြပါတယ်''ဟု မစ္စတာစတီဖန်က ပြောခဲ့ပါတယ်။ဟောင်ကောင်လုပ်ငန်းရှင်များသည် အလုပ်သမားအများအပြားလိုအပ်သည့် အထည်ချုပ်လုပ်ငန်းများနှင့် ဖိနပ်ထုတ်လုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေးလိုပြီး အခြေခံအဆောက်အအုံနှင့် ထောက်ပံ့ဆက်သွယ်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်သည်ဟု ၄င်းက ပြောပါတယ်။ဟောင်ကောင်ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုကောင်စီ၏စာရင်းများအရ မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအနက် ရှစ်ခုမြောက် အကြီးဆုံးနိုင်ငံခြားသွင်းကုန် ဈေးကွက်ဖြစ်သည်ဟု သိရပါတယ်။
ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်တွင် ဟောင်ကောင်မှ မြန်မာနိုင်ငံသို့ တင်သွင်းခဲ့သည့် စီးပွားရေးကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း ၂၉ဝ ရှိခဲ့ပြီး မြန်မာနိုင်ငံမှ ဟောင်ကောင်သို့ တင်ပို့ခဲ့သည့် ကုန်သွယ်မှုပမာဏ ၈၉ ဒသမ ၉ သန်းရှိခဲ့သည်ဟု ဟောင်ကောင်ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုကောင်စီ၏ စာရင်းများတွင် ဖော်ပြထားခဲ့ပါတယ်။
လက်ရှိအချိန်ထိ ဟောင်ကောင်သည် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတွင် တရုတ်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံပြီးနောက် လေးခုမြောက် ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံဖြစ်သည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် စာရင်းများအရသိခဲ့ရပါတယ်။''မြန်မာနိုင်ငံက စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းတွေကို ဈေးကွက်အတွင်းသာမက ဟိုတယ်တွေအထိ အများဆုံးတင်သွင်းလျက်ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံက ကုန်ထုတ်စွမ်းအား ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်တဲ့အလျောက် ကျွန်တော်တို့ဆီမှာလည်း ကျွမ်းကျင်တဲ့ ပညာရှင်တွေ၊ စီမံကိန်းအင်ဂျင်နီယာတွေ၊ အတိုင်ပင်ခံလုပ်ငန်းတွေရှိပါတယ်။ ဒီလိုကျွမ်းကျင်ပညာရှင်တွေ နဲ့ကူညီပြီး မြန်မာ့ထုတ်ကုန်တွေကို နှစ်နိုင်ငံကုန်သွယ်သွားဖို့ ရှိပါတယ်''ဟု မစ္စတာ စတီဖန်ကပြောပါတယ်။
မြန်မာအစိုးရသည် ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်ကစတင်ပြီး ဟောင်ကောင်နိုင်ငံသား ခရီးသွားများကို ဗီဇာကင်းလွတ် ခွင့်ပေးခဲ့သည့်အတွက် ဟောင်ကောင်နိုင်ငံသားများ မြန်မာနိုင်ငံသို့ ပိုမိုစိတ်ဝင်တစား လာရောက်လည်ပတ်နိုင်ကြောင်း ၄င်းက ပြောသည်။''ဟောင်ကောင်ကုမ္ပဏီတွေက အာဆီယံနိုင်ငံအတွင်းက ဟိုတယ်လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားကြတာကို သတိထားမိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ သူတို့အတွက် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေ၊ စီမံကိန်းတွေရှိလာရင် လာရောက်ရင်းနှီးမြှုပ်နှံကြမှာပါ။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံက ဆွဲဆောင်မှုရှိပြီး စိတ်ဝင်စားဖို့ကောင်းတဲ့အတွက်ကြောင့်ပါ''ဟု ၄င်းက ပြောခဲ့ပါတယ်။
Source:Myanmar Time
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း ချင်းပြည်နယ်သည် ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံး ပြည်နယ်တစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။ ပြည်နယ်တိုးတက်ရေးကို စီးပွားရေးဖွံ့ဖြိုးမှုဖြင့် မောင်းနှင်ရန်မှာ အဓိကအရေးကြီးလျက်ရှိပါတယ်။သို့သော်ပထဝီအနေအထား စိန်ခေါ်မှုနှင့်အတူ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ လျှပ်စစ်ဓာတ်အား လုံလောက်စွာမရရှိခြင်းနှင့် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ အားနည်းခြင်းတို့က ပြည်နယ်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကစိန်ခေါ်မှုများ ဖြစ်လျက်ရှိခဲ့ပါတယ်။