Knowledge

မြန်မာနိုင်ငံတွင် စီးပွားရေး ပိတ်ဆို့မှုဒဏ် ခံနေရသော ၎င်းတို့၏ လုပ်လက်စ ဆိပ်ကမ်းစီမံကိန်းကို မြန်မာပိုင် Solar Energy ကုမ္ပဏီသို့ အမေရိကန်‌ဒေါ်လာ သန်း (၃၀) ဖြင့် အရှုံးခံ၍ ရောင်းချလိုက်ပြီ ဖြစ်ကြောင်း India's Adani Ports and Special Economic Zone (  APSEZ ) က ပြောသည်။

 

Adani Group ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတကာနှင့် အမေရိကန်၏ ပိတ်ဆို့ အရေးယူမှုများကြောင့် ယင်းစီမံကိန်းကို ၂၀၂၂ ခုနှစ် မေလကထဲက ရောင်းချကြောင်း ကြေညာခဲ့သော်လည်း လုပ်ငန်းပြီးစီးမှု အပါအဝင် အချို့သော အခြေအနေများကြောင့် ရောင်းဝယ်ရေး သဘောတူညီချက် နှောင့်နှေးခဲ့ရကြောင်း သိရသည်။

 

Adani Ports သည် ၂၀၂၂ ခုနှစ် မတ်လမှ ဇွန်လအတွင်း စီမံကိန်းကို အပြီးသတ် ရောင်းချနိုင်ရန် ရည်ရွယ်ထားသော်လည်း အကြောင်းအမျိုးမျိုးသော နှောင့်နှေးမှုများကြောင့် ကုမ္ပဏီသည် ဝယ်ယူသူ Solar Energy နှင့် ရောင်းချသည့် စျေးနှုန်းကို ဒေါ်လာသန်း (၃၀) သို့ ပြန်လည် ညှိနှိုင်းရခဲ့သည်ဟု ကုမ္ပဏီက ဆိုသည်။

 

United

Advertisement

Click Here >>> United

 

လူနည်းစု အစုရှယ်ယာရှင်များထံမှ သွင်းအားစုများသည် ကုမ္ပဏီ၏ စီမံကိန်းမှထွက်ရန် ဆုံးဖြတ်ရာတွင် အဓိက မောင်းနှင်အားဖြစ်ကြောင်း Adani Ports က ယခင်က ပြောကြားခဲ့ပြီး ၎င်းသည် ဒဏ်ခတ်ပိတ်ဆို့ထားသော အဖွဲ့အစည်းနှင့် ချိတ်ဆက်မည် မဟုတ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလမှ စာရွက်စာတမ်းများအရ မြေငှားရမ်းခအတွက် ဒေါ်လာသန်း (၉၀) ကြိုတင်ပေးချေမှု အပါအဝင် စီမံကိန်းအတွက် ကုမ္ပဏီမှ ဒေါ်လာ (၁၂၇) သန်း ရင်းနှီးမြှုပ်နှံခဲ့ကြောင်း Adani Group က ထုတ်ဖော် ပြသခဲ့သည်။ 

 

သို့ရာတွင် အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးကမူ Adani Ports သည် ယင်း၏ လုပ်ငန်းလည်ပတ်မှု မရှိသေးသည့် Greenfield စီမံကိန်းတွင် ဒေါ်လာ (၁၉၅) သန်းထိ ရင်းနှီးမြှုပ်နှံထားခဲ့သည်ဟု မှတ်ချက်ပြုသည်။

 

ယခုကဲ့သို့ ဆိပ်ကမ်းစီမံကိန်းကို ရောင်းချပြီးကြောင်း ကြေညာပြီးသည့်နောက်တွင်  Adani Group ၏ ရှယ်ယာသည် ၁.၂ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

Published in Port News

မြန်မာသင်္ဘောသားများ Crew Changeကိစ္စနဲ့ ပတ်သက်သော ညှိနှိုင်း အစည်းအဝေးကို ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ကျင်းပခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု

ဦးစီးဌာန၊ မြန်မာအမျိုးသားလေကြောင်း၊ MSESF၊ MSF၊ IFOMS၊ MMWF၊ MMTUFစသော သင်္ဘောသားဆိုင်ရာ အဖွဲ့အစည်းများနှင့် ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ မှ  တာဝန်ရှိသူများမှ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

Published in Port News

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြို့သာအနီးရှိ ဧရာဝတီမြစ်ဆိပ်ကမ်း၌ မြို့သာစက်မှု ဥယျာဉ် စီမံကိန်းနှင့်အတူ ယခုအခါ ယင်းစီမံကိန်း လုပ်ငန်းတစ်ခုဖြစ်သည့် ဆီမီးခုံ နိုင်ငံတကာအဆင့်မီ သင်္ဘောဆိပ်ကမ်း မှာ တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

Published in Port News

မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသီလဝါ (MITT) ၏ ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများအကြောင်း ရှင်းလင်းပွဲတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသီလဝါ၏ Marketing Manager ဦးသန်းထွန်းက "စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမယ်လို့ မျှော်မှန်းထားတာရှိတော့ ကျွန်တော်တို့ဆိပ်ကမ်းချဲ့ထွင်ဖို့ Phase 2 အပိုင်းကို မကြာမီ ရင်းနှီးမြှုပ်နှံဖို့ရှိကြောင်း၊ သီလဝါမှ ရွာသာကြီး-မန္တလေးအထိ ရထားနဲ့ကုန်စည်ပို့ဆောင်ရေးကဏ္ဍကိုပါ သြဂုတ်တွင်စတင်နိုင်မည်ဖြစ်ကြောင်း” ၎င်းက ပြောခဲ့ပါတယ်။

Published in Port News

ကိုယ်စားလှယ်လုပ်ငန်းဌာန၏ လုပ်ငန်းတာဝန်များ

Published in Port News

          ကုန်လုပ်ငန်းဌာန အဓိကတာဝန်မှာ မြန်မာနိုင်ငံ ဆိပ်ကမ်းများသို့ ဆိုက်ရောက်လာသော သင်္ဘောများ၏ သွင်းကုန်/ပို့ကုန်နှင့် တစ်ဆင့်လွှဲပြောင်းကုန်များကို တင်/ချ ရှင်းလင်းခြင်း ဖြစ်သည်။ မြန်မာ့ဆိပ်ကမ်း အတွင်းသို့ ၀င်ရောက်လာသော င်္ဘောများနှင့် ကမ်းရိုးတန်းသွား သင်္ဘောများအား သင့်လျော်သော ဆိပ်ကမ်းတံတားများ၌ စီစဉ်နေရာချထားခြင်း၊ သွင်းကုန်များကို သင်္ဘောပေါ်မှ ချပေးခြင်း၊ ခေတ္တထိန်းသိမ်းပေးခြင်းနှင့် ကုန်ပိုင်ရှင် များထံသို့ ထုတ်ပေးခြင်း၊ ဆိပ်ကမ်းသုံးစွဲသူများထံမှ ဆိပ်ကမ်းအခွန်အခများ ကောက်ခံခြင်း၊ ပို့ကုန်များအား သင်္ဘော၏ သိုလှောင်ရေး စိမံချက်နှင့်အညီ တင်ဆောင်ပေးခြင်းနှင့် ခွင့်ပြုချက်ကာလ ကျော်လွန်သော သွင်းကုန်များကို လေလံစာရင်းသွင်း၍ လေလံတင်ရောင်းချခြင်းများ ဆောင်ရွက်ပါသည်။

Published in Port News

          ရန်ကုန်ဆိပ်ကမ်းတွင် အသုံးပြုမည့် ဆိပ်ကမ်းသုံးတွန်း/ဆွဲရေယာဉ် မာန်အောင် ၄ ကို အစိုးရနှင့်ရေယာဉ်တည်ဆောက်ရေး ပူးပေါင်းလုပ်ကိုင်နေသည့် Myanma Shipyards – AMECC JV Co., Ltd. က မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ နိုဝင်ဘာလ ၆ ရက်က လွှဲပြောင်းပေးခဲ့ပါတယ်။


          အလျား ၃၂ မီတာ၊ မြင်းကောင်ရေ ၃၀၀၀ ကျော်ရှိ ဆိပ်ကမ်းသုံး တွန်း/ဆွဲ ရေယာဉ်မာန်အောင် ၄ ကို အဆိုပါကုမ္ပဏီ က ဆင်မလိုက်သင်္ဘောကျင်းတွင် ၂ နှစ် ကျော်ကြာတည်ဆောက်ခဲ့ပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ သိမ်ဖြူသင်္ဘောကျင်းဝင်း၌ လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။


          “ယနေ့လွှဲပြောင်းပေးခဲ့တဲ့ မြစ်တွင်းသွား တွန်း/ဆွဲရေယာဉ်က လက်ရှိ ရန်ကုန်ဆိပ်ကမ်းမှာ အသုံးပြုနေတဲ့ တွန်းဆွဲရေယာဉ်တွေမှာ စွမ်းအားအကြီးဆုံးတွန်းဆွဲ ရေယာဉ်အနေနဲ့ ပါဝင်ပါတယ်” ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောခဲ့ပါတယ်။


          အဆိုပါရေယာဉ်သည် အလျား ၃၂ မီတာ၊ အနံ ၁၁ မီတာ၊ စောက် ၅ မီတာရှိ ပြီး တစ်နာရီ ရေမိုင်နှုန်း ၁၂ မိုင် မောင်းနှင်နိုင်သောကြောင့် စွမ်းအားကြီးမားသည့် တွန်းဆွဲရေယာဉ်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံမှ သိရပါတယ်။


          ယခုလက်ရှိ ရန်ကုန်အတွင်းဆိပ်ကမ်းတွင် နိုင်ငံတကာသင်္ဘောကြီးများ ရပ်နားနိုင်သည့် ဆိပ်ခံတံတား ၂၆ စင်းရှိပြီးသီလဝါဆိပ်ကမ်းဒေသတွင် ၁၂ စင်း ရှိပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တွင် လက်ရှိ တွန်း/ဆွဲရေယာဉ်များ ဖြစ်သည့်၁၀၀၀ 1000 BHP Tug ၃ စီး၊ ၁၅၀၀ 1500 BHP Tug ၁ စီး၊ 3000 BHP Tug ၁ စီးဖြင့် လှည့်ပတ်သုံးစွဲခဲ့ရကြောင်းမြန်မာ့ဆိပ်ကမ်း အာဏာပိုင်ထံမှ သိခဲ့ရခြင်း ဖြစ်ပါတယ်။

 

Source : the voice

Published in Port News

မြန်မာနိုင်ငံအတွင်းရှိသော ဆိပ်ကမ်း တစ်ခုချင်းစီ၏ တည်နေရာ ၊ ဆိုက်ကပ် နိုင်မည့် သင်္ဘောအရွယ်အစား ၊ ရေစူအနက် နှင့် ဆိပ်ကမ်းအကျယ်အဝန်း စတဲ့ အချက်အလတ်များကို တစ်နေရာထဲမှာ စုံလင်စွာ ဖော်ပြပေးလိုက်ပါတယ်။

Published in Port Information

မြန်မာ့သင်္ဘောကျင်းမှ ပထမဆုံးတည်ဆောက်သည့် ဧရာဝတီမြစ်ဝှမ်း တစ်လျှောက်ဘက်စုံသုံးရေယာဉ်ကို ဇူလိုင်လတွင် စတင်အသုံးပြုမည်ဖြစ်ကြောင်း မြန်မာ့သင်္ဘောကျင်းမှ သိရပါတယ်။

Published in Transportation
Page 1 of 2