Knowledge

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သည် ဆိပ်ကမ်းလုပ်ငန်းစဉ်များကို ကွန်ပျူတာစနစ်သုံး ဆိပ်ကမ်းလုပ်ငန်း ဆိုင်ရာ အချက်အလက်များစနစ် (Port Electronic Data Interchange – Port EDI System) ကို ကျင့်သုံးမည်ဟု ဧပြီ ၃ဝ ရက်တွင် ကြေညာချက်အရ သိခဲ့ပါတယ်။

 

အဆိုပါစီမံကိန်းကို ဂျပန်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီ (JICA) ၏အထောက်အပံ့ အမေရိ ကန်ဒေါ်လာ ၁၄ သန်းကျော်ဖြင့် ၂ဝ၁၅ ခုနှစ်မှ စတင်ရေးဆွဲခဲ့ခြင်းဖြစ်ပါတယ်။

 

Port EDI စနစ်ကို အသုံးပြုခြင်းဖြင့် ဆိပ်ကမ်းလုပ်ငန်းစဉ်များကို လူအားဖြင့် စာရွက်စာတမ်းများနှင့် လုပ်ရသည့် ဆိပ်ကမ်းလုပ်ငန်းစဉ်များကို ကွန်ပျူတာများဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါတယ်။

 

စာရွက်စာတမ်းလုပ်ငန်းများ လျှော့ချနိုင်သဖြင့် ဆိပ်ကမ်းလုပ်ငန်းစဉ်များကို လျင်မြန်တိကျစွာ ဆောင်ရွက်နိုင်မည်ဟု Port EDI စနစ်၏ စီမံကိန်းဒါရိုက်တာ ဒေါက်တာမျိုးငြိမ်းအေးက ပြောပြ ချက်အရ သိခဲ့ရပါတယ်။

 

မြန်မာ့ကုန်သွယ်မှုများအနက် ရေကြောင်းကုန်သွယ်မှုသည် ကုန်သွယ်မှုစုစုပေါင်း၏ ၈၅ ရာခိုင် နှုန်းအထိ ရှိခဲ့ပါတယ်။

 

Port EDI စနစ်ဖြင့် ဆိပ်ကမ်းလုပ်ငန်းစဉ်ခြောက်ခုဖြစ်သော ဆိပ်ကမ်းကုန်တင်/ချ ရှင်းလင်းရေး လုပ်ငန်းစဉ်၊ သင်္ဘောကျောက်ချရပ်နားမှုဆိုင်ရာကိစ္စများ၊ ပြေစာထုတ်ပေးသည့်လုပ်ငန်းများ၊ အချက်အလက် ကိန်းဂ ဏန်းများ စီမံခန့်ခွဲမှု၊ သယ်ယူပို့ဆောင်ရေးကို စောင့်ကြည့်ကွပ်ကဲမှုနှင့် သင်္ဘောဆိပ် လည်ပတ်မှုဆိုင်ရာ လုပ်ငန်းစဉ်များကို ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်သည်။

 

ထိုစနစ်ပြောင်းလဲမှုကြောင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အခြားဌာနဆိုင်ရာများနှင့် ပုဂ္ဂလိက ကုမ္ပဏီများအကြား သတင်းအချက် အလက်လုပ်ငန်းများ ပိုမိုလျင်မြန်လာမည့်အပြင် နိုင်ငံတကာ ရေကြောင်းအဖွဲ့ချုပ်၏ သတ်မှတ်စံညွှန်း အတိုင်း ရေးဆွဲထားသည့်အတွက် အာဆီယံပြတင်း တစ်ပေါက်စနစ် (ASEAN Single Window) သို့ လိုက်ပါဆောင် ရွက်နိုင်မည်ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က ဆိုပါတယ်။

 

Source ; မြန်မာတိုင်းမ်

 

Readmore အေးရှားဝေါဆိပ်ကမ်း၌ ကုန်သေတ္တာသယ်ဆောင်သည့် စက်ယန္တရား ၁၄ စီး တပ်ဆင်အသုံးပြု

 

http://www.logisticsguide.com.mm/en/what-new/latest-updates/701-asia-world-port-terminal-boxes-carrying-machinery-used-to-install-14.html

 

 

30t1

Published in Latest News
Page 2 of 2