ကမ္ဘာပေါ်တွင် နိုင်ငံတိုင်းသည် နိုင်ငံရေးဆိုင်ရာ အကျပ်အတည်းများ၊ စီးပွားရေးဆိုင်ရာ အကျပ်အတည်းများ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာအကြပ်အတည်း၊ စားနပ်ရိက္ခာဆိုင်ရာ အကျပ်အတည်း၊ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အကျပ်အတည်း၊ ဘဏ္ဍာ ရေးဆိုင်ရာ အကျပ်အတည်း၊ ကျန်းမာရေးဆိုင်ရာ အကျပ်အတည်း၊ လုပ်သားဆိုင်ရာအကျပ်အတည်း စသည်ဖြင့် အကျပ်အတည်းများသည် ပုံစံအမျိုးမျိုးဖြင့်ရှိနေခဲ့ကြပါတယ်။
မြန်မာ-တရုတ် နယ်စပ်ရှိ ကျင်စန်းကျော့ဂိတ် ပြန်လည်ဖွင့်လှစ်ရေး အစိုးရချင်း ဆွေးနွေးဆောင်ရွက်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောသည်။စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာနလေးခုက ဆွေးနွေးပြီး ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်မည်ဟု ၎င်းကဆိုသည်။တရားဝင်ဖွင့်လှစ်ထားသည့် နယ်စပ်ဂိတ်မဟုတ်၍ ဒီဇင်ဘာ ၂၇ ရက်တွင် ပိတ်ခဲ့ပြီးနောက် သစ်သီးတင်ကားများ မူဆယ်မြို့၌ ပိတ်မိနေပြီး ကားတစ်စီးလျှင် ပျမ်းမျှသစ်သီးသုံးတန်ခန့် (တန်ဖိုးကျပ် ၁၁ သိန်းခန့်) ဆုံးရှုံးမှုများကို သစ်သီးစိုက်ပျိုးတင်ပို့သည့် တောင်သူများ ကြုံတွေ့နေရသည်။တရုတ်နိုင်ငံသို့ ဖရဲ၊ သခွား သစ်သီးများ ပျက်စီးဆုံးရှုံးမှုမရှိဘဲ အချိန်မီတင်ပို့နိုင်ရန် မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေးစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ကိုယ်စားလှယ်များက စီးပွားကူးသန်းဝန်ကြီးဌာနနှင့် ဇန်နဝါရီ ၃ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ အစိုးရချင်း ပူးပေါင်းဆောင်ရွက်နေသာကုလားတန်မြစ်ကြောင်း ဘက်စုံပို့ဆောင်ရေးစီမံကိန်းသည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံကြား သွားလာဆက်သွယ်မှု ကောင်းမွန်စေပြီး နှစ်နိုင်ငံကုန်သွယ်ရေးကို မြှင့်တင်နိုင်ရန် မျှော်လင့်ထားခဲ့ကြပါတယ်။
မြန်မာ-တရုတ်နယ်စပ်မြို့မူဆယ်တွင် လူအနည်းငယ်ကသာ ဘီလျံနှင့်ချီသော ထိုစီမံကိန်း နှင့် ပထဝီနိုင်ငံရေးကို စိတ်ဝင်စားကြပါတယ်။ မူဆယ်မြို့သည် နှစ်နိုင်ငံကြား အဓိကကုန်သွယ်ရာမြို့ဖြစ်ပြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်းလမ်းကုန်သွယ်မှုအားလုံး၏ ၇၀ ရာခိုင်နှုန်းခန့်မှာ မူဆယ်၌ကုန်သွယ်ခြင်းဖြစ်ကာ ကန်ဒေါ်လာ ၅ ဒသမ ၈၃ ဘီလျံဖိုးအထိရှိပါတယ်။
၂၀၁၈-၁၉ ဘဏ္ဍာနှစ် ကုန်သွယ်မှုကန်ဒေါ်လာ ၂ ဘီလီယံကျော် ရောက်ရှိလာခဲ့တယ်လို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိရပါတယ်။
အခုနှစ်စက်တင်ဘာမှစတင်ပြီး ဘဏ္ဍာနှစ်သစ်အဖြစ်ပြောင်းလဲခဲ့ပြီး လက်ရှိအောက်တိုဘာ ၂၆ ရက်နေ့အထိ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ကန်ဒေါ်လာ ၁၆၉၉ သန်းနဲ့ နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၄၇၉ သန်း အထိကုန်သွယ်ထားခဲ့ပါတယ်။
ပို့ကုန်အပိုင်းမှာ လယ်ယာထွက်ကုန်တင်ပို့မှု ကန်ဒေါ်လာ၁၆၇ သန်း၊ ရေထွက်နဲ့တိရိစ္ဆာန်ထွက်ကုန်မှ ကန်ဒေါ်လာ၉၈ သန်း၊ သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှု ကန်ဒေါ်လာ ၈၂ သန်း၊ သစ်တောထွက်ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၁၅ သန်း၊ စက်မှုကုန်ချောတင်ပို့မှုမှ ကန်ဒေါ်လာ ၄၈၇ သန်းနဲ့ အခြားအမယ်တင်ပို့မှုက ကန်ဒေါ်လာ ၉၆ သန်းရှိပါတယ်။
သွင်းကုန်အပိုင်းမှာ ရင်းနှီးမြုပ်နှံမှု ကုန်ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာ ၄၀၆ သန်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း တင်သွင်းမှုမှ ကန်ဒေါ်လာ ၅၂၃ သန်းနဲ့ လူသုံးကုန်ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာ ၃၀၀ သန်းဝန်းကျင်ရှိနေပါတယ်။
ကာလတူကုန်သွယ်မှုနှိုင်းယှဉ်ရင် ယခင်ကာလတူကုန်သွယ်မှုထက် ကန်ဒေါ်လာ ၃၈၉ သန်းပို့မိုကုန်သွယ်ထားနိုင်တယ်လို့ သိရပါတယ်။
Source:Strategy First Journal
ဥရောပသမဂ္ဂ (အီးယူ) က မြန်မာနိုင်ငံသို့ ပေးအပ်ထားသော ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး (GSP/ EBA)အစီအစဉ်ကို မရုပ်သိမ်းရန်အတွက် ပြည် တွင်းစီးပွားရေးအသင်းများက တောင်းဆိုလိုက်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းချုပ် (UMFCCI) ထံမှ သိရသည်။
အောက်တိုဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့ရှိ UMFCCI ၌ ဥရောပသမဂ္ဂ၏ မစ်ရှင်အဖွဲ့ခေါင်းဆောင် DG Trade မှMs.Helena Koeninq၊ မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်ကြီး H.E.Mr. Kristian Schmidt တို့နှင့် ကုန်ည်စက်မှုအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ဖိနပ်ချုပ်လုပ်ငန်းရှင်များအစုအဖွဲ့တို့ တွေ့ဆုံဆွေးနွေးကြစဉ် လုပ်ငန်းရှင်များက တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
ယင်းတွေ့ဆုံဆွေးနွေးမှုသည် အီးယူက မြန်မာနိုင်ငံ၏ လုပ်ငန်းရှင်များက တင်ပြလာသည့်အခြေအနေများ၊ သဘောထားများကို လာရောက်ဆွေးနွေးခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးကပြောကြားသည်။
“ဒီဘက်ကတော့ တောင်းဆိုတာပေါ့။ အခုဆွေးနွေးပွဲကနေ သူတို့သဘောထားတွေ ဘာတွေက သိရဦးမှာမဟုတ်ဘူးလေ။ သူတို့ကလည်း အဖွဲ့အစည်းနဲ့လုပ်ရတာဆိုတော့”ဟု ၎င်းကပြောဆိုသည်။ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် အီးယူ၏ ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး (GSP/EBA) အစီအစဉ် ရုပ်သိမ်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများနှင့် အခက်အခဲများ၊ GSP ရရှိထားခြင်းကြောင့် ဈေးကွက်ပိုမိုရရှိနေမှု၊ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိနေမှုများနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်မှုအပေါ် အကျိုးပြုနေသည့်အခြေအနေများကိုဆွေးနွေးခဲ့ကြကြောင်း အဆိုပါတွေ့ဆုံဆွေးနွေးပွဲ၌ပါဝင်သည့် အသင်းများထံမှ သိရသည်။
“ဆန်စပါးက ကျွန်တော်တို့ဆီကနေ အီးယူကိုသွားတာက တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် ပမာဏနည်းတာရယ်၊ တခြားအခြေအနေတွေကြောင့် ဆန်စပါးကဏ္ဍအတွက်ကတော့ အလားအလာကောင်း မယ့်အခြေအနေတော့ရှိတယ်” ဟု မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ရုံးအဖွဲ့မှူး ဦးမြင့်လွင်က ပြောကြားသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲများကြောင့် စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားပြီး အီးယူက ၂၀၁၃ ခုနှစ်မှစတင်ကာ GSP ခွင့်ပြုပေးခဲ့ပြီး မြန်မာမှ အီးယူနိုင်ငံများသို့တင်ပို့သည့် ပို့ကုန်များကို အခွန်ကင်းလွတ်ခွင့်ပြုထားခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှ အီးယူနိုင်ငံများသို့ တင်ပို့မှုအများဆုံးပို့ကုန်ကဏ္ဍမှာ အထည်ချုပ်ပို့ကုန်များ (CMP) ဖြစ်ပြီး ပြည်ပတင်ပို့မှု၏ ၇၅ ရာခိုင်နှုန်းမှာ အီးယူနိုင်ငံများသို့ တင်ပို့လျက်ရှိသည်။လတ်တလောတွင် ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်လျက်ရှိသည့် ဘင်္ဂလီအရေးကြောင့် အဆိုပါကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး (GSP) ကို ပြန်လည်ရုပ်သိမ်းရန် စီစဉ်နေခြင်းဖြစ်သည်။
Source :
ရေကြောင်းကုန်သွယ်ရေးတွင် ကုန်သေတ္တာများက ကုန်သွယ်မှု၌ အဓိကကျဆဲဖြစ်သည်။ပို့ကုန်ပမာဏတိုးတက် လာခြင်းကြောင့် ၂၀၁၈ - ၁၉ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၃ဘီလီယံကျော်ရရှိမည်ဟု ခန့်မှန်းခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိခဲ့ရပါတယ်။
မြန်မာနိုင်ငံမှ ပို့ကုန်ကန်ဒေါ်လာ ၁၅ ဘီလီယံခွဲနှင့် သွင်းကုန်ပမာဏကန်ဒေါ်လာ၁၆ဘီလီယံရရှိမည်ဟုစီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ခန့်မှန်းထားခဲ့ပါတယ်။
မြန်မာနိုင်ငံ၏ပို့ကုန်ကဏ္ဍသည် တစ်နှစ်ထက်တစ်နှစ်တိုးမြင့်လာခဲ့ပြီး ကုန်သွယ်မှုလိုငွေပမာဏလျော့နည်းလာမည်ဟု ဦးရန်င်ထွန်း ပြောပြချက်အရ သိခဲ့ရပါတယ်။
၂၀၁၈ ဧပြီမှ စက်တင်ဘာ ခြောက်လအတွင်း မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍတွင် တိုးတက်မှုအများဆုံးက အထည်ချုပ်ကဏ္ဍဖြစ်နေခဲ့ပါတယ်။ ပို့ကုန်ပမာဏ တိုးတက်လာသော အထည်ချုပ်ကဏ္ဍအတွက် ခြိမ်းခြောက်မှုများကို စီးပွာရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြင်ဆင်ထားသည်ဟု တာဝန်ရှိသူအချို့က ပြောခဲ့ပါတယ်။
၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင်လည်း ပို့ကုန်ကဏ္ဍ၌ ပြည်ပချုပ်ထည်တင်ပို့မှုက အလားအလာအကောင်းဆုံး ဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင် အချို့ကခန့်မှန်းထားခဲ့ပါတယ်။ ၂၀၁၈ ဧပြီမှ စက်တင်ဘာအတွင်း ချုပ်ထည်ပြည်ပ တင်ပို့မှုက မြန်မာနိုင်ငံ ပို့ကုန်ပမာဏ စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်း ကျော်ရှိနေခဲ့ပါတယ်။
ယခုဘဏ္ဍာနှစ်အတွင်း ပို့ ကုန်ကဏ္ဍတွင် ဆန်စပါး၊ ပဲမျိုးစုံ အပါအဝင် လယ်ယာထွက်ကုန်တင်ပို့မှု ပုံမှန်အခြေအနေတွင်ရှိနိုင်သည်ဟု စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားချက်အရ သိခဲ့ရပါတယ်။
Source : 7 Day Daily
ကုန်သွယ်မှုလိုငွေ လျော့ကျနိုင်ရေးအတွက် အရက်၊ ဘီယာ စတဲ့ သွင်းကုန်ပစ္စည်းတွေကို ထိန်းချုပ်နိုင်ဖို့ ဆောင်ရွက်သွားမယ်။
ကုန်သွယ်မှုလို ငွေ လျော့ကျနိုင်ရေးအတွက် အချို့မလို အပ်တဲ့ ဇိမ်ခံပစ္စည်းနဲ့ စားသောက်ကုန် ပစ္စည်းတွေဖြစ်တဲ့ အရက်၊ ဘီယာ စတဲ့ သွင်းကုန်ပစ္စည်းတွေကို ထိန်းချုပ်နိုင်ဖို့ ဆောင် ရွက်သွားမယ်လို့ စီးပွားရေးနှင့် ကူး သန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါ တယ်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်းက “ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု လုပ် ငန်းတွေ ဖိတ်ခေါ်နေချိန်မှာ ရင်းနှီးမြှုပ်နှံမှု နဲ့ သက်ဆိုင်တဲ့ ကုန်ပစ္စည်းတွေ တင် သွင်းတာတို့ ၊ ထုတ်လုပ်မှုလုပ်မယ့် ကုန်ပစ္စည်း တွေ တင်သွင်းတာတို့ဆိုတဲ့နေရာ မှာ သွင်း ကုန် တိုးမြင့် လာတဲ့အတွက်ကို ကျွန်တော် တို့ တားလို့မရဘူး၊ ဘယ်လိုဟာ မျိုးတွေမှာ တားဖို့ စဉ်းစားသလဲဆိုတော့ တိုင်းပြည် အတွက် တချို့သော မလိုတဲ့ဇိမ်ခံ ပစ္စည်း တွေ တချို့မလိုအပ်သော စားသောက် ကုန်လိုဟာမျိုးတွေ ဥပမာ မနေ့က ဆိုရင် အရက်ဘီယာလိုဟာမျိုး ဒီလိုဟာမျိုးတွေကို ထိန်းချုပ်နိုင်ဖို့ အတွက် ကျွန်တော် တို့ စဉ်းစားတယ်” လို့ အောက်တိုဘာလ ၁၈ ရက်နေ့မှာ ပြောပါတယ်။
သူကဆက်ပြီး “ဒီကုန်သွယ်မှုလိုငွေ လျှော့ချနိုင်ဖို့က အဓိက ပို့ကုန်တိုးမြှင့်နိုင် ဖို့ ကအရေးကြီးတယ်၊ ပို့ကုန်တိုးမြှင့်နိုင်ရင် သွင်းကုန် တင်သွင်းမှုဘယ်လောက်ပဲ များ များ ကျွန်တော်တို့ ပို့ ကုန်တိုးမြှင့်လာရင် သွင်းကုန်နဲ့ပို့ကုန်က ညီမျှသွားမှာပဲ၊ နိုင်ငံ အတွက် လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကုန်ပစ္စည်းတွေလုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းတွေ ဒီလိုတင်သွင်းတဲ့အပေါ်မှာ ထိန်းချုပ်ဖို့ မရှိဘူး၊ လူသုံးကုန်ပစ္စည်းနဲ့ ပတ်သက်ပြီး လိုအပ် တဲ့ ဥစ္စာကိုတော့ ကျွန် တော်တို့ ထိန်းချုပ်ပြီး ဆောင်ရွက်နေ တယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အရင်က ကုန်သွယ်မှုလို ငွေမရှိခဲ့ပေမဲ့ ၂၀၁၂ခုနှစ် နောက် ပိုင်းမှာ ကုန်သွယ်မှုလိုငွေဖြစ် လာတဲ့ အနေ အထားဖြစ်ပါတယ်။ ကုန်သွယ်မှုလိုငွေ အများဆုံးက ၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ်မှာ ကုန်သွယ်မှုလိုငွေအများဆုံးဖြစ်ပြီး ကုန် သွယ်မှု လိုငွေ ၅.၄၁ ဘီလျံ အထိရှိပါတယ်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ရဲ့ ကုန်သွယ်မှု လိုငွေ ကတော့ ၅.၂၁ ဘီလျံအထိရှိပြီး ပြန် ကျ သွား ပါတယ်။ ၂၀၁၈ ခုနှစ် (ဧပြီလမှ စက်တင်ဘာလအထိ) ကာလမှာတော့ မနှစ်က ကာလတူထက် ကုန်သွယ်မှုလို ငွေက ကျပ် သန်း ၅ဝဝ ခန့်လျော့သွားပြီး ကုန်သွယ်မှုလိုငွေ ၁.၃ ဘီလျံခန့်ရှိခဲ့တာ ဖြစ်ပါတယ်။
ကုန်သွယ်မှုလိုငွေ လျှော့ချနိုင်ရေး အတွက် တစ်ဖက်မှာလည်း ပို့ကုန်တိုးမြှင့် ဆောင် ရွက်နိုင်ဖို့ တိရစ္ဆာန်ထွက်ပစ္စည်း တင်ပို့ရေးကဏ္ဍ၊ သတ္တုတွင်းထွက်ပစ္စည်း တင်ပို့ရေးကဏ္ဍ တွေမှာ ကုန်သွယ်မှုပမာဏ ပိုမိုတိုးမြှင့်ဆောင်ရွက်ခဲ့ပြီး ကုန်သွယ်မှုပမာဏတိုးမြှင့်ရေးအတွက် ဆောင် ရွက် ရမယ့်ကိစ္စရပ်တွေမှာ ကုန်သွယ်မှု စေ့စပ် ညှိနှိုင်းရေးကလည်း အရေးကြီးတဲ့ ကဏ္ဍမှာ ပါဝင်တယ်လို့ သိရပါတယ်။
၂၀၁၈ ခုနှစ် ဧပြီလ မှ စက်တင်ဘာ လ အထိ(ခြောက်လ) ကာလတိုအတွင်း ကုန်သွယ် မှုမှာ ပို့ကုန်ဟာ အမေရိ ကန်ဒေါ်လာ ၈.၅၁၂ ဘီလျံဖြစ်ပြီး သွင်းကုန်က ဒေါ် လာ ၉.၈၃၄ ဘီလျံဖြစ်တဲ့အတွက် ကုန်သွယ်မှု ပမာဏဟာ ဒေါ်လာ ၁၈့၃၄၇ ဘီလျံရ ရှိခဲ့ ပြီးဖြစ်တယ်လို့ သိရပါတယ်။ သည်နှစ် ကုန်သွယ်မှုပမာဏမှာ ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုက ၂၇ ရာခိုင်နှုန်း ဖြစ် ပြီး နယ်စပ်ကုန်သွယ်မှုက ၂၃ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။
“ကုန်သွယ်မှုလိုငွေလျော့ကျအောင် ပို့ကုန် ပမာဏသုံးဆ တိုးမြှင့်ရန် ဆောင် ရွက်ရည်မှန်းထားပါတယ်၊ ကုန်သွယ်မှု လို ငွေ လျှော့ချနိုင်ရေးအတွက် အဓိက အခြေ အနေကလဲပို့ကုန် တိုးမြှင့်ဆောင်ရွက် ခြင်း က ကုန်သွယ်မှုလိုငွေလျှော့ချနိုင်ဖို့ အတွက် အဓိက အကြောင်းအရာ တစ်ခုဖြစ် ပါတယ်”လို့ ဦးရန်နိုင်ထွန်းကပြောပါတယ်။
ပြီးခဲ့တဲ့မီနီဘတ်ဂျက် ခြောက်လတာ ကာလမှာ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ဖက် နိုင်ငံ၁၈၄ နိုင်ငံရှိပြီး သည်ကုန်သွယ်ဖက် နိုင်ငံတွေထဲမှ အများဆုံး ကုန်သွယ်ဖက် ၁ဝနိုင်ငံကတော့ တရုတ်၊ ထိုင်း၊ စင်ကာပူ၊ ဂျပန်၊ အိန္ဒိယ၊မလေးရှား၊အင်ဒိုနီးရှား၊ အမေရိကန်၊ဗီယက်နမ်နဲ့ တောင်ကိုရီးယား တို့ ဖြစ်တယ်လို့ သိရပါတယ်။
credit: The Voice
၂ဝ၁၈ (ဧပြီမှ စက်တင်ဘာ) ကြားကာလ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် အမေရိကန် ဒေါ်လာ ၁၈ ဘီလျံကျော်ရှိခဲ့သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အချက်အလက်များတွင် ဖော်ပြထားသည်။
ထိုပမာဏသည် ယခင်ဘဏ္ဍာနှစ် ကာလတူ ခြောက်လတာ ကုန်သွယ်မှုပမာဏထက် အမေရိကန်ဒေါ်လာ နှစ်ဘီလျံကျော် မြင့်တက်ခဲ့ခြင်းဖြစ်သည်။
ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၅ ဘီလျံကျော်ဖြစ်ပြီး သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၉ ဒသမ ၈ ဘီလျံကျော် ဖြစ်သည်။ ထို့အတွက် ကုန်သွယ်မှုလိုငွေအဖြစ် အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံရှိခဲ့သည်။ ကုန်သွယ်မှုလိုငွေသည် ပြီးခဲ့သည့်နှစ် ကာလတူထက် အမေရိကန်ဒေါ်လာ သန်း ၅ဝဝ လျော့ကျခဲ့သည်။
ကုန်သွယ်မှုကိုကြည့်လျှင် ပို့ကုန်ကဏ္ဍတွင် စက်မှုကုန်ချောပစ္စည်းအုပ်စုသည် အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ဘီလျံကျော်ဖြင့် အများဆုံးရရှိခဲ့ပြီး တိရိစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်းအုပ်စုများသည် ကာလတူထက် ပို့ကုန်ဝင်ငွေ ပိုမိုရရှိခဲ့သည်။ လယ်ယာထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းနှင့် အခြားပစ္စည်းများသည် ကာလတူထက် ပို့ကုန်ဝင်ငွေလျော့နည်းခဲ့သည်။
စက်မှုကုန်ချောပစ္စည်းအုပ်စုတွင် ပါဝင်သော CMP လက်ခစားစနစ်ဖြင့် အထည်ချုပ်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ နှစ်ဘီလျံကျော်ဖြင့် အများဆုံး ပို့ကုန်ဖြစ်ခဲ့ပြီး ၄င်းနောက်တွင် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံဖြင့် ဒုတိယအများဆုံးပို့ကုန် ဖြစ်ခဲ့သည်။ တိရိစ္ဆာန်ထွက်ပစ္စည်းအုပ်စုတွင် ပါဝင်သော ကျွဲ၊ နွားတင်ပို့မှုသည် အမေရိကန်ဒေါ်လာ သန်း ၁၆ဝ ကျော်ရရှိခဲ့သည်။
သွင်းကုန်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများသည် ကာလတူထက် ပိုမိုတင်သွင်းမှုရှိခဲ့သည်။
''ကုန်သွယ်မှုလိုငွေ ဘာလို့ရှိနေလဲဆိုတော့ နိုင်ငံဟာ တည်ဆောက်နေဆဲကာလဖြစ်တယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် လိုအပ်တဲ့ ကုန်စည်ပစ္စည်း ဝင်လာတယ်၊ ရည်ရွယ်ချက်ကတော့ ပို့ကုန် ပိုမိုတင်ဖို့ပဲ၊ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှုပစ္စည်းတွေ ပိုဝင်လာမယ်ဆိုရင် လိုငွေက ရှိနေဦးမှာပဲ'' ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ၊ အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်းက ပြောသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပြည်တွင်းလုပ်ငန်းများအတွက်ရည်ရွယ်၍ ရွှေ၊ လက်ဝတ်ရတနာ၊ ရွှေဖြင့်ပြုလုပ်သော အနုပညာပစ္စည်း၊ အသုံးအဆောင်ပစ္စည်းများကို တင်ပို့/တင်သွင်း ခွင့်ပြုခြင်း၊ လက်လီ/လက်ကားရောင်းချမှုလုပ်ငန်းတွင် နိုင်ငံခြားသားများအား ရာနှုန်းပြည့်ခွင့်ပြုခြင်းတို့ကို ၂ဝ၁၈ အတွင်း ခွင့်ပြုခဲ့သည်။
credit : myanmar time
ကုန်သွယ်ရေး နှင့် ပတ်သက်သော အကောက်ခွန်လုပ်ငန်းများကို ကမ္ဘာ့ဘဏ်၏နည်းပညာအကူအညီဖြင့် နိုင်ငံတကာစံချိန်စံညွှန်း