Knowledge

ပို့ကုန်တိုးလာခြင်းနှင့်အတူ သွင်းကုန်လျော့ကျခြင်းကြောင့် ယခင်ဘဏ္ဍာနှစ် အလားတူကာလကထက် ကုန်သွယ်မှုလို ငွေပြသမှုပမာဏသည် အမေရိကန်ဒေါ်လာ သန်း ၁၃၅၀ ကျော်အထိလျော့ကျကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကုန်သွယ်မှုကိန်းဂဏန်းများအရ သိခဲ့ရပါတယ်။

Published in Export & Import

          ပြည်တွင်း၌ ရွှေကို လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်းလမ်းခရီးများဖြင့် လွတ်လပ်စွာ သယ်ယူခွင့်ရရှိတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ သိရပါတယ်။

Published in Export & Import

          ရန်ကုန်တိုင်းဒေသကြီးအတွင်း မောင်းနှင်ပြေးဆွဲနေတဲ့ ကုန်တင်ယာဉ်တွေ၊ တွဲကားများ၊ကွန်တိန်နာကားတွေ ပြေးဆွဲနေတာတွေကို အများပြည်သူလူထု အနှောင့်အယှက် မဖြစ်စေနိုင်မယ့် အချိန်ကာလတစ်ခု အမြန်ဆုံးသတ်ပေးရန်အစီအစဉ် ရှိမရှိ အင်းစိန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က မေးမြန်းခဲ့ပါတယ်လို့ သိရပါတယ်။

 

          ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေတဲ့ ကုန်တင်ယာဉ်တွေ၊ တွဲကားတွေ၊ ကွန်တင်နာကားတွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတ်မှတ်ချိန်တစ်ခု ထုတ်ပြန်ပြီး ပြေးဆွဲစေခဲ့ခြင်းနဲ့ ပတ်သက်ပြီးမူလထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်မှာ အသက်ဝင်နေပါသေးသလား၊အသက်ဝင်နေပါက အရေးယူဆောင်ရွက်မရပါသလဲ၊ အသက်ဝင်ခြင်းမရှိတော့ပြီဆိုပါက မည်သည့်အတွက်ကြောင့် အသက်မဝင်တော့သည်ကို အများပြည်သူသိရန်ဖြေ ကြားပေးဖို့ ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေး မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

 

          လျှပ်စစ်၊စက်မှုလက်မှု ၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ရန်ကုန်မြို့တော်အတွင်း ယာဉ်ကြောပိတ်ဆို့မှု့ လျှော့ချနိုင်ရေး နှင့် အများပြည်သူသွားလာအဆင်ပြေစေရေးအတွက် ကုန်သေတ္တာယာဉ်နဲ့ ကုန်တင်ယာဉ်တွေကို ၂၀၁၆ ခုနှစ်ဒီဇင်ဘာလ ၇ရက်နေ့ကစပြီး ယာဉ်+ ကုန်ကိုးတန်၊ ဝင်ရိုး နှစ်ချောင်း၊ခြောက်ဘီးအထက်ယာဉ်တွေကို ည ၂၁းဝဝ နာရီ နောက်တစ်နေ့ နံနက် ဝ၆းဝဝ နာရီအထိ မောင်းင်ခွင့်ပြုရန် ကုန်သေတ္တာတင်ယာဉ် နှင့် ကုန်တင်ယာဉ်များ စနစ်တကျသွားလာနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးက ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

 

          ကုန်သေတ္တာယာဉ်နဲ့ ကုန်တင်ယာဉ်ကြီးများ သွားလာနိုင်ရေးအတွက် လမ်းကြောင်းများ ထပ်မံရွေးချယ်ခဲ့ရာ ယာဉ်ကြောပိတ်ဆို့နည်းပါးတဲ့ လမ်းတွေဖြစ်တဲ့ မဟာဗန္ဓုလတံတား ၊ ရှုခင်းသာလမ်း ၊ရတနာလမ်း ၊ မောင်းမကန်လမ်း ၊ ပဲခူးမြစ်လမ်း အမှတ် (၂) သန်လျင်နေရာတွေကို သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

 

          ရွှေပြည်သာ၊လှိုင်သာယာကလာတဲ့ ကုန်သေတ္တာယာဉ်နဲ့ ကုန်တင်ယာဉ်ကြီးတွေအတွက် သုဓမ္မာလမ်း၊ ဗိုလ်ဗထူးလမ်း၊ ပြည်ထောင်စုလမ်း၊ အမှတ်(၂) လမ်း၊ မောင်းမကန်လမ်းတို့ကို နေ့အချိန် ၁းဝဝ နာရီ၃းဝဝ နာရီအတွင်း ဖြတ်သန်းမောင်းနှင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ခွင့်ပြုပေးခဲ့ပါတယ်လို့ ဝန်ကြီး ဒေါ်နီလာကျော်က ရှင်းပြခဲ့ပါတယ်။

 

          သူက “သတ်မှတ်ချိန်မဟုတ်ဘဲ မောင်းနှင်သွားလာပါက မော်တော်ယာဉ်ဥပဒေအရ ထိရောက်စွာအရေးယူဆောင်သူရွက်နေပါတယ်။ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးအတွက် ကုန်သေတ္တာယာဉ်အသင်းက တာဝန်သူတွေနဲ့ယာဉ်ထိန်းရဲတပ်ဖွဲ့ တို့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေပါတယ်။ယာဉ်စည်းကမ်းထိန်းသိမ်းရာထိရောက်စေရေးအတွက်မြို့နယ်အလိုက် မော်တော်ယာဉ်ပေါင်းစုံစည်းကမ်းထိန်း သိမ်းရေးကြီးကြပ်မှု ကော်မတီများဖွဲ့စည်းရန် စီစဉ်ဆောင်ရွက်နေပါတယ်”လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။

 

          မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ်များအသင်းရဲ့ တင်ပြချက်အရ ကုန်သေတ္တာယာဉ်နဲ့ ကုန်တင်ယာဉ်တွေကို ဘုရင့်နောင်လမ်း၊ကမ်းနားလမ်းတို့အဆင်ပြေချောမွေ့စွာသွားလာနိုင်ဖို့ ဘုရင့်နောင်လမ်းနဲ့ ပုလဲလမ်းဆုံကနေ မြို့တွင်းကုန်သေတ္တာယာဉ်ဝင်းတွေကို ည ၁၁းဝဝနာရီ အချိန်ကနေ ယာဉ်တန်းဖြင့် စတင်ထွက်ခွာပြီး ၁၂း၃၀ နာရီနောက်ဆုံးထား ထွက်ခွာရန်နဲ့ ကမ်းနားကွန်ကရစ်လမ်း၊ ဟုမ်းလမ်းထိပ်မှ မနက် ၁းဝဝ နာရီယာဉ်တန်းနဲ့ ထွက်ခွာပြီး မနက် ၂း၀၀ နာရီနောက်ဆုံးထွတ်ခွာရန် သတ်မှတ်ထားခဲ့ပါတယ်လို့လဲ သိရပါတယ်။

 

Source : KUMUDRA

Published in Containers

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့သည် သင်္ဘောများဆိပ်ကမ်းကပ်ခကို ကြိုတင်ငွေများပိုတောင်းထားပြီး ပြန်လည်ထုတ်ပေးရာတွင်လည်း

Published in Port News

ဆိပ်ကမ်းများ၌ကောက်ခံသည့် ကွန်တိန်နာ (ကုန်သေတ္တာ) ဝန်ဆောင်ခများကို ယခင်က အလုံးလိုက် ကောက်ခံရာ

Published in Port News

          ထိုင်းနိုင်ငံမှ ထားဝယ်ရေနက်ဆိပ်ကမ်းသို့ ဆက်သွယ်ထားသည့် နှစ်လမ်းသွားကားလမ်းကို နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ရေး နှစ်ဖက်ဆွေးနွေးချက်မှတ်တမ်း (ROT)ကို လမ်းဦးစီးဌာနနှင့် ထိုင်းနိုင်ငံအစိုးရကိုယ်စားပြု (NEDA)အဖွဲ့တို့ နိုဝင်ဘာ ၁ ရက်တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။


          အဆိုပါ ဆွေးနွေးချက်မှတ် တမ်းအရ NEDA (Neighbouring Countries Economic Development Cooperation Agency) ၏ ချေးငွေဖြင့် ဆောင်ရွက်မည့်လမ်းအဆင့်မြှင့်တင်ခြင်း စီမံကိန်းအတွက် ကုန်ကျ စရိတ်အတိအကျ ရရှိနိုင်ရန် သက်ဆိုင်ရာ ပညာရှင်များပါဝင် သောအဖွဲ့က ရှစ်လကြာလေ့လာရမည်ဖြစ်တယ်။

 

          ‘‘ချေးငွေမတိုင်ခင် အသေး စိတ် ဖြစ်နိုင်စွမ်းလေ့လာရေးအတွက် ကျန်ကျစရိတ်ကို သူတို့က အကူအညီပေးမှာမို့ လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်အတွက် လက်မှတ်ထိုးတာပါ’’ ဟု လမ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ယမန်နေ့တွင် ပြောခဲ့ပါတယ်။

 

          ထိုသို့ အသေးစိတ်ကုန်ကျ စရိတ်ရရှိမှသာ လမ်းအဆင့်မြှင့်တင်ရေးလုပ်ငန်းစီမံကိန်းကို စတင်အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

 

          ထိုင်းနိုင်ငံ နှင့် ထားဝယ်အထူးစီးပွားရေးဇုန်အကြား ဆက်သွယ်ထားသည့် အဆိုပါလမ်းကို အဆင့်မြှင့်တင်ရန် ထိုင်းအစိုးရ ကိုယ်စားပြု NEDA အဖွဲ့ထံမှ ဘတ်ငွေ ၄ ဒသမ ၅ ဘီလီယံ ချေးယူမည်ဖြစ်ပြီး မတ်လ ၂၆ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက အတည်ပြုခဲ့ပါတယ်။

 

          ထိုင်းနိုင်ငံနယ်စပ်မှ ထီးခီး− မေတ္တာ - ထားဝယ်ရေနက်ဆိပ်ကမ်းအထိဖောက်လုပ်ထားသည့် အဆိုပါကားလမ်းကို အဆင့်မြှင့်တင်ခြင်းဖြင့် ထိုင်းနိုင်ငံမှတစ်ဆင့် ထားဝယ်ရေနက်ဆိပ်ကမ်းသို့ ကုန်ကြမ်းများ အလွယ်တကူ ပို့ဆောင်နိုင်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက လွှတ်တော်၌ ရှင်းပြထားခဲ့ပါတယ်။

 

Source ; 7 day

Published in Port News

          ၂၀၁၈ ခုနှစ်အတွင်း ကားတင်သင်္ဘော ၃၉ စင်း ဆိုက်ကပ်ခဲ့ပြီးကားအစီးရေ ၂၇,၀၀၀ ကျော် ကမ်းချခဲ့ကြောင်း

Published in Port News

မြန်မာကုန်းလမ်းပို့ဆောင်ရေး သမိုင်းကြောင်း

Published in Transportation

၁။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် မော်တော်ယာဉ်အမျိုးအစား ပြောင်းလဲခြင်းနှင့်စပ်လျဉ်း၍ ယာဉ်အန္တရာယ်ကင်းရှင်းရေးကို မထိခိုက်စေရန် ယာဉ်၏ အတိုင်းအတာ ပြောင်းလဲခြင်းနှင့် တင်အားတိုးမြှင့် ခြင်းမရှိသော ယာဉ်ကိုယ်ထည်အား အပြန်အလှန် ပြောင်းလဲခြင်း များကို ခွင့်ပြုပေးလျက်ရှိပါတယ်။

Published in Transportation

မကွေး-ရန်ကုန်ခရီးစဉ်စတင်ပျံသန်းသည့် အထိမ်းအမှတ်အဖြစ် လေကြောင်းပြေးဆွဲမှုစတင်မည့် ဇွန် ၂၅ ရက် (အင်္ဂါနေ့) ၌ ခရီးစဉ် တစ်ကြောင်းစာအတွက် တစ်ဦးလျှင် ကျပ် ၆၀,ဝ၀ဝ နှုန်းဖြင့်လေယာဉ် လက်မှတ်ခများကို အထူးလျှော့ဈေးဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း နန်းထိုက်သူကုမ္ပဏီ၏ ဇွန် ၁၃ ရက် ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။

Published in Transportation