ယခုနှစ် ဆန်းပိုင်း၊ဇန်နဝါရီလ တစ်ရက်နေ့ကပင် ဆာလဖါဒိုင် အောက်ဆိုဒ်ဓာတ်ငွေ့လျော့ချရေးအတွက် ၊Global Sulphur Cap စတင်အသက်ဝင်ခဲ့ပါတယ်။ECA ဧရိယာများမှအပ၊သင်္ဘောများတွင်၊ဆာလဖါ 0.5% (m/m ) အောက်ပါဝင်သောလောင်စာဆီကို
အိန္ဒိယနိုင်ငံက ဆောင်ရွက်နေသည့် ကုလားတန်ဘက်စုံ သုံးစီမံကိန်း၏ ပလက်ဝနှင့် စစ်တွေဆိပ်ကမ်းများ လုပ်ဆောင်ခွင့်ရကုမ္ပဏီများကို လာမည့် ဒီဇင်ဘာတွင် ထုတ်ပြန်ကြေညာမည်ဟု အိန္ဒိယပြည်တွင်းရေကြောင်းအာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မေလ ၁၅ရက်က ဂရိနိုင်ငံ Atlas Maritime ကပိုင်တဲ့ Aframax အရွယ်အစားLady M (DWT 115,400) ရေနံတင်သင်္ဘောဟာ gasoline ၉၀၀၀၀ တန် တင်ဆောင်ပြီး ရုရှားက အမေရိကန်နိုင်ငံ Houston အသွားလမ်းခရီး မြောက်အတ္တလန်တစ် သမုဒ္ဒရာထဲမှာ အင်ဂျင်ခန်းမှာ မီးလောင်လို့ ဆက်မသွားနိုင်တော့ပါဘူး။ သင်္ဘောပိုင်ရှင်က သင်္ဘောဆယ်တဲ့အဖွဲ့ကို ငှားရမ်းပြီး ဆွဲသင်္ဘော tug Hellas နဲ့ ရေမိုင် ၂၀၀ အကွာမှာရှိတဲ့ ကနေရီကျွန်း Las Palmas ဆိပ်ကမ်းကိုဆွဲယူ သွားပါတယ်။ သင်္ဘောပိုင်ရှင်က သင်္ဘောဆွဲခ အတွက် General Average ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံ တောင်ပိုင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန်တွင် ပထမဦးစားပေး စီမံကိန်းသုံးခုအနက် ဂျပန်က ဆိပ်ကမ်းတည်ဆောက်မည်ဟု ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီထံမှ သတင်းရရှိခဲ့ပါတယ်။
အာရှတံခါးပေါက်ဖြစ်လာနိုင်မည့် ဆိပ်ကမ်းတစ်ခုကို ရန်ကုန်မြစ်ဝတွင် တည်ဆောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်သွားမည့် Yangon Project Bank အကြောင်းရှင်းလင်းသည့် အခမ်းအနားက သိရပါတယ်။
ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့ ကျောက်တန်းမြို့နယ် သီလဝါဆိပ်ကမ်း၌ နိုင်ငံတကာ အဆင့်မီ အထွေထွေ ကုန်စည်နှင့် ကုန်သေတ္တာတင်/ချ ဆိပ်ကမ်းသစ် (TMIT) ဖွင့်လှစ်ခြင်းနှင့် ကုန်သေတ္တာဖြင့်မဟုတ်သော စိုက်ပျိုးရေးထွက် ကောက်ပဲ သီးနှံ ကုန်စည်များ သင်္ဘောအစင်းလိုက် ကုန်စည်တင်/ချ ဆိပ်ကမ်းသစ် (IBTT) ၏ အကြို ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဆိပ်ကမ်းနေရာများ၌ ကျင်းပခဲ့ပါတယ်။
Port နှင့် Harbour ဝေါဟာရနှစ်ခုကို မြန်မာပြန်ဆိုရာတွင် အလွယ်တကူဆိပ်ကမ်းဟု ရေးသားလေ့ရှိကြသည်။ ဥပမာအားဖြင့် Pearl Authority ကို ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ ဟုလည်းကောင်း ခေါ်ဆိုခြင်းမျိုးဖြစ်သည်။ အမှန်တကယ်အားဖြင့် Port နှင့် Harbour စကားလုံးနှစ်ခုမှာ ရောထွေးနေလျက်ရှိသဖြင့် ဆိပ်ကမ်းဟု မြန်မာမှုပြုခြင်းဖြစ်သည်။ ထိုနည်းတူ Terminal ဟူသော ဝေါဟာရမှာလည်း သုံးနှုန်းသည့် နေရာသဘာဝအရ ရောထွေးနေလျက်ရှိသည်။
1 . သက်ဆိုင်ရာအစိုးရများအနေဖြင့် မိမိအချုပ်အခြာ အာဏာသက်ရောက်ရာ ဆိပ်ကမ်း နှင့် ဆိပ်ကမ်း ဝန်ဆောင်မှုများအတွက်
ကုန်စည်ပို့ဆောင်မှု နည်းလမ်းများတွင် ဈေးနှုန်းအချိုသာဆုံး၊ စရိတ်ကုန်ကျမှု အနည်းဆုံးဖြင့် သယ်ယူ ပို့ဆောင်နိုင်သည့် နည်းလမ်းမှာ ရေကြောင်းဖြင့် သယ်ယူပို့ဆောင်သည့်စနစ် ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေတွင် ရေကြောင်းလမ်းဖြင့် ကုန်စည်သယ်ပို့မှုမှာ စုစုပေါင်း ကုန်စည်သယ်ပို့သည့် ပမာဏ၏ ၆% ခန့်သာ ရှိကြောင်း ၂၀၁၄ ခုနှစ် စာရင်းဇယားများအရ သိရှိရပါသည်။ထိုသို့ အသုံးပြုမှု အလွန်နည်းပါးရသည့် အကြောင်းတရားများတွင် ရေလမ်းကြောင်း အကန့်အသတ်ရှိသည့် အကြောင်းတရားများအပြင်၊ ကောင်းမွန်သည့် Logistics ဝန်ဆောင်မှု ပေးနိုင်သည့် မြစ်တွင်း ဆိပ်ကမ်းတံတားများ စီမံ တည်ဆောက်နိုင်မှု မရှိခြင်းသည်လည်း တစ်ချက် အပါအဝင်ဖြစ်ပါသည်။
ပြည်ပမှ ပင်လယ်ရေကြောင်းဖြင့် ဝင်ရောက်လာသည့် သွင်းကုန် ကုန်သေတ္တာ ကုန်စည် များအား ပြည်တွင်း သယ်ယူပို့ဆောင်မှု ဆောင်ရွက်ရာတွင် ပင်လယ်ကူး သင်္ဘောကြီးများ ဆိုက်ကပ်သည့် ဆိပ်ကမ်းတံတားများ နှင့် ပြည်တွင်း ရေလမ်းကြောင်း အသုံးပြုပြီး သယ်ဆောင်မည့် တွဲ သင်္ဘောများ ဆိုက်ကပ်မည့် မြစ်တွင်း ဆိပ်ကမ်းတံတားများ အကြား ဆက်စပ်သည့် Logistics လုပ်ငန်းစဉ်များကို ထောက်ပံ့ဝန်ဆောင်မှု ပေးမည့် ဆိပ်ကမ်း တံတားနှင့် ဆက်စပ် အဆောက်အဦများ တည်ဆောက်ပြီး ဆက်စပ် ဝန်ဆောင်မှုလုပ်ငန်း များကိုပါ တစ်ပါတည်း ဆောင်ရွက် ဝန်ဆောင်မှုပေးနိုင်ပါက ကုန်စည်သယ်ယူပို့ဆောင်ခကုန်ကျစရိတ် သက်သာစေနိုင်သည့် အပြင်လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နှိင်သော ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းများများစွာ တိုးတက်ဖွံ့ဖြိုးလာနိုင်မည် ဖြစ်ပါသည်။
လက်ရှိအနေအထားတွင် ကုန်စည်များကို မန္တလေးမြို့သို့ ပို့ဆောင်ရန်အတွက်) ကုန်သေတ္တာဖြင့် ကုန်စည်တင်သွင်းလာသူ အနေဖြင့် ဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းများမှာ ပထမဦးစွာ တင်သွင်းလာသည့် ကုန်ပစ္စည်းပါ ကုန်သေတ္တာအား ဆိပ်ကမ်းတံတားဝင်း အတွင်းမှ မော်တော်ယာဉ်ဖြင့် ထုတ်ယူခြင်း၊ ရန်ကုန်မြို့၏ ကြပ်တည်းသော လမ်းများမှ ကုန်သေတ္တာတင် မော်တော်ယာဉ်ကို ခက်ခဲစွာ မောင်းနှင်ရခြင်း၊ ရန်ကုန်မြို့မှ မန္တလေးမြို့သို့ သယ်ဆောင်ရာတွင် အလေးချိန် ကန့်သတ်ချက် နှင့် အခြား အကန့်အသတ်များကြောင့် ကုန်သေတ္တာအတွင်းမှ ကုန်စည်များကို ပုံမှန် ကုန်တင်ကားပေါ်သို့ ပြောင်းလဲ တင်ဆောင်ရခြင်း၊ ကုန်တင်ကားဖြင့် ရန်ကုန်မြို့မှ မန္တလေးမြို့သို့ သယ်ဆောင်ခြင်း စသည်တို့ကို ဆောင်ရွက်ရပါသည်။
ထိုသို့ဆောင်ရွက်သည့် လုပ်ငန်းစဉ်များတွင် ကုန်စည် ရွေ့ပြောင်းမှုကို အကြိမ်ကြိမ် ဆောင်ရွက်ရခြင်းအတွက် ကုန်ကျစရိတ် များစွာ ကျသင့်သည့်အပြင်၊ ရန်ကုန်မြို့မှ မန္တလေးမြို့ကုန်သယ်ဆောင်ခမှ ကုန်သေတ္တာ တစ်လုံးစာ ကုန်စည် အတွက် ကျပ်ငွေ (၁၂) သိန်း ခန့် ကုန်ကျကြောင်း လေ့လာတွေ့ရှိရပါသည်။
၂၀၁၅)
အဆိုပါ ကုန်သေတ္တာ ထုတ်ယူမှု လုပ်ငန်းစဉ်များကို ကုန်သေတ္တာတင် မော်တော်ယာဉ်ဖြင့် ဆောင်ရွက်မည့်အစား ဆိပ်ကမ်းမှ ရေဘက် ကုန်ထုတ်အနေဖြင့် တွဲ သင်္ဘော (Burge) ပေါ်သို့ ချပြီး ရန်ကုန်မြစ် အတွင်းရှိ နိုင်ငံ တကာ ကုန်စည် တင်ပို့မှု လုပ်ငန်း ဆောင်ရွက်နိုင်သည့် မြစ်တွင်း ဆိပ်ကမ်း တံတား (International River Terminal) သို့ ဆိုက်ကပ်၍ လိုအပ်သည့် စာရွက်စာတမ်းကိစ္စများ ဆောင်ရွက်စေပြီး၊ မြစ်ကြောင်းလမ်းအတိုင်း မန္တလေးမြို့သို့ တွဲရေယာဉ်နှင့်ပင် ဆက်လက် တင်ပို့နိုင်မည် ဆိုပါက ကုန်သေတ္တာတစ်လုံးလျှင် သယ်ယူပို့ဆောင်ခအတွက် ကျပ်ငွေ (၄) သိန်းခန့်သာ ကုန်ကျကြောင်း လေ့လာတွက်ချက်မှုအရ သိရှိရပါသည်။ (အညွှန်း။ ၂၀၁၅ ခုနှစ် JICA မှ ကုန်သေတ္တာ ၄၈ TEU တင်ဆောင်သည့် Barge တွဲရေယာဉ်ဖြင့် Pilot Project သယ်ဆောင် တွက်ချက်ခဲ့သည့် အချက်အလက်များအရ
ထိုသို့ ဈေးနှုန်းချိုသာသည့် ရေကြောင်းကုန်စည်မှု ဆောင်ရွက်နိုင်ရေးအတွက် ဦးစွာ လိုအပ်သည့် အခြေခံ အဆောက်အဦမှာ ရန်ကုန်မြစ်အတွင်း အပြည်ပြည်ဆိုင်ရာ မြစ်တွင်း ဆိပ်ကမ်းတံတား (International River Terminal) တည်ဆောက်ရမည်ဖြစ်ပြီး၊ လိုအပ်သည့်ဆက်စပ် လုပ်ငန်းများအတွက် ဝန်ဆောင်မှု ပေးနိုင်သည့် အနေအထားကို စီမံ တည်ဆောက်ရန် လိုအပ်မည် ဖြစ်ပါသည်။
ရန်ကုန်မြစ်အတွင်း တည်ဆောက်မည့် အပြည်ပြည်ဆိုင်ရာ မြစ်တွင်းဆိပ်ကမ်းတံတား (Internationd River Termind) နှင့် ပတ်သက်ပြီး စဉ်းစားမှု ပုံစံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် ။အပြည်ပြည်ဆိုင်ရာ မြစ်တွင်း ဆိပ်ကမ်းတံတား တည်ဆောက်လုပ်ငန်း ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ပို့ဆောင်ရေး ကဏ္ဍတွင် အရေးပါသည့် ရေကြောင်း ကုန်စည် ပို့ဆောင် ထောက်ပံ့ ဖြည့်ဆည်းစီမံဆောင်ရွက်မှု (Water Way Transport Logistics) လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် ဆိပ်ကမ်းတံတား စီမံတည်ဆောက်ရာတွင် လိုအပ်သော ဆိပ်ခံတံတားတည်ဆောက်ခြင်း၊ ဆက်စပ် ဆိပ်ကမ်းအထောက်အကူပြု အဆောက်အအုံများ တည်ဆောက်ခြင်း၊ လိုအပ်သော ဝန်ချီစက်များနှင့် အခြား စက်ပစ္စည်းများ ဝယ်ယူ တပ်ဆင်ခြင်း တို့ကို ဆောက်ရွက် အကောင်အထည်ဖော်သွားရမည် ဖြစ်ပါသည်။
တည်ဆောက်အကောင်အထည်ဖော်မည့် အပြည်ပြည်ဆိုင်ရာ မြစ်တွင်း ဆိပ်ကမ်းတံတားနှင့် ဆက်စပ်အဆောက်အဦများ တည်ဆောက်သွားမည့် စိတ်ကူးပုံစံမှာ အောက်ပါ အတိုင်းဖြစ်ပါသည် -တည်ဆောက်၊ ဝယ်ယူ၊ တပ်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက အပြည်ပြည် ဆိုင်ရာ မြစ်တွင်းဆိပ်ကမ်းတံတားမှ ပြည်တွင်းသွား ကုန်တွဲရေယာဉ်များ ဆိုက်ကပ် ကုန်တင်/ချဆောင်ရွက်ပေးခြင်း၊ ပင်လယ်ကူး သင်္ဘောကြီးများမှ တစ်ဆင့်ခံ လွှဲပြောင်း တင်ဆောင်လာသည့် ကုန်သေတ္တာ တွဲ ရေယာဉ်များအား ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခြင်း၊ ကုန်သေတ္တာ သိုလှောင်ဖြန့်ဖြူးခြင်း၊ မိုးလုံလေလုံ ကုန်သိုလှောင်ရုံများ ကို အသုံးပြုပြီး လယ်ယာ ထွက်ကုန် ပစ္စည်းများ သိုလှောင်ဖြန့်ဖြူးရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ One-StopServices ကဲ့သို့သော ခေတ်ကာလနှင့်အညီ ဆိပ်ကမ်း သုံးစွဲသူများ၏ အခြား လိုအပ်ချက် များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း စသည့် အရည်အသွေး မြင့်မားသော ဆိပ်ကမ်း ဝန်ဆောင်မှု များကို ထိရောက်စွာ ဆောင်ရွက် ပေးသွားနိုင်မည် ဖြစ်ပါသည်။
Source : ဒေါက်တာမျိုးငြိမ်းအေး (ပို့ဆောင်ရေး)
ကုန်လုပ်ငန်းဌာန အဓိကတာဝန်မှာ မြန်မာနိုင်ငံ ဆိပ်ကမ်းများသို့ ဆိုက်ရောက်လာသော သင်္ဘောများ၏ သွင်းကုန်/ပို့ကုန်နှင့် တစ်ဆင့်လွှဲပြောင်းကုန်များကို တင်/ချ ရှင်းလင်းခြင်း ဖြစ်သည်။ မြန်မာ့ဆိပ်ကမ်း အတွင်းသို့ ၀င်ရောက်လာသော င်္ဘောများနှင့် ကမ်းရိုးတန်းသွား သင်္ဘောများအား သင့်လျော်သော ဆိပ်ကမ်းတံတားများ၌ စီစဉ်နေရာချထားခြင်း၊ သွင်းကုန်များကို သင်္ဘောပေါ်မှ ချပေးခြင်း၊ ခေတ္တထိန်းသိမ်းပေးခြင်းနှင့် ကုန်ပိုင်ရှင် များထံသို့ ထုတ်ပေးခြင်း၊ ဆိပ်ကမ်းသုံးစွဲသူများထံမှ ဆိပ်ကမ်းအခွန်အခများ ကောက်ခံခြင်း၊ ပို့ကုန်များအား သင်္ဘော၏ သိုလှောင်ရေး စိမံချက်နှင့်အညီ တင်ဆောင်ပေးခြင်းနှင့် ခွင့်ပြုချက်ကာလ ကျော်လွန်သော သွင်းကုန်များကို လေလံစာရင်းသွင်း၍ လေလံတင်ရောင်းချခြင်းများ ဆောင်ရွက်ပါသည်။