Knowledge

ဂျပန်နိုင်ငံမှ ထိပ်တန်းအိုင်တီနှင့် နည်းပညာကုမ္ပဏီ NEC ကော်ပိုရေးရှင်းသည် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်အပါအဝင် မြို့ကြီးများရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် စုစုပေါင်း ယန်း ၂ ဒသမ ၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၁ သန်းနီးပါး) တန်ကြေးရှိ လေကြောင်းထိန်းချုပ်ရေး ရေဒါ အပါအဝင် လေကြောင်းစောင့်ကြပ်ရေးစနစ်များ ပံ့ပိုးပေးရန် မြန်မာနိုင်ငံမှ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ကြောင်း ကြေညာခဲ့သည်။

 

မြန်မာနိုင်ငံရှိ လေဆိပ်များမှတစ်ဆင့် ခရီးသည်အရေအတွက်နှင့် ကုန်စည်ပမာဏ ဖြတ်သန်းသွားလာမှုမှာ စီးပွားရေးလုပ်ငန်းများတိုးချဲ့မှုနှင့် ဗီဇာလျှောက်ထားမှု ဖြေလျှော့မှုများပြုလုပ်ခြင်းကြောင့် ဂျပန်နိုင်ငံမှ ခရီးသည်များစွာအပါအဝင် ကမ္ဘာလှည့်ခရီးသွားများ အရေအတွက်များပြားလာခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်လေဆိပ်များ၌ စုစုပေါင်း ခရီးသွားအရေအတွက်မှာ ၆ ဒသမ ၅ သန်းခန့်သာရှိခဲ့သည်။ သို့သော်လည်း ၂၀၁၇ ခုနှစ်တွင် ခရီးသည်အရေအတွက်မှာ ၇ ဒသမ ၂၆ သန်းအထိ ရှိလာခဲ့သည်။ ရန်ကုန်လေဆိပ်မှာ ၂၀၁၃ ခုနှစ်တွင် ကုန်စည် ၂၄၀၀၀တန် ကိုင်တွယ်ဆောင်ရွက်ခဲ့သော်လည်း ပမာဏမှာ ၂၀၁၇ ခုနှစ်တွင် တန် ၅၅၀၀၀ အထိ နှစ်ဆကျော် များပြားလာခဲ့သည်။ အဆိုပါလေဆိပ်သုံးခုမှာ ရေဒါကိရိယာမရှိမှုနှင့် အိုမင်းနေသည့်စနစ်များကြောင့် လုံခြုံမှုနှင့် စွမ်းဆောင်နိုင်မှုတို့တွင် စိန်ခေါ်မှုများရင်ဆိုင်နေရသည်။ ထိုပြဿနာဖြေရှင်းရန် NEC ကော်ပိုရေးရှင်းက လေကြောင်းထိန်းချုပ်ရေး ရေဒါများ၊ သတင်းအချက်အလက်ပေးပို့ရေးစနစ်များကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က ထောက်ပံ့သည့် တရားဝင်ဖွံ့ဖြိုးရေးအကူအညီ (ODA) မှတစ်ဆင့် ပံ့ပိုးမည်ဖြစ်သည်။

 

၂၀၂၁ ခုနှစ်အကုန်တွင် NEC ကော်ပိုရေးရှင်းက မြန်မာနိုင်ငံ၏ လေကြောင်းထိန်းချုပ်ရေးလုပ်ငန်းများအန္တရာယ်ကင်းစေရန်နှင့် အကျိုးဖြစ်မြောက်မှု တိုးတက်လာစေရန် လေယာဉ်၏ အကွာအဝေးနှင့် တည်နေရာကို ရှာဖွေဖော်ထုတ်နိုင်သည့် လေဆိပ်စောင့်ကြပ်ရေးရေဒါ (ASR)၊ လေယာဉ်ထံမှမောင်းနှင်မှုဆိုင်ရာ အသေးစိတ်သတင်းအချက်အလက်များရရှိနိုင်သည့် ဆင့်ပွားစောင့်ကြပ်ရေးရေဒါ (SSR) နှင့် ရေဒါများမှရရှိသော သတင်းအချက်အလက်များ အသုံးပြုသည့် ဘက်စုံအာရုံခံ အချက်အလက်ပေးပို့ရေးစနစ် (MSDPS) တို့ တပ်ဆင်မည်ဖြစ်သည်။

 

Zawgyi ျဖင့္ဖက္ရႈ႕ရန္
>>>>>>>>>>

 

ျမန္မာႏိုင္ငံရွိ အဓိကေလဆိပ္ႀကီးမ်ား၌ ေခတ္မီေရဒါစနစ္မ်ား တပ္ဆင္ရန္ ဂ်ပန္ ကူညီ

 

ဂ်ပန္ႏိုင္ငံမွ ထိပ္တန္းအိုင္တီႏွင့္ နည္းပညာကုမၸဏီ NEC ေကာ္ပိုေရးရွင္းသည္ ရန္ကုန္၊ မႏၲေလးႏွင့္ ေနျပည္ေတာ္အပါအဝင္ ၿမိဳ႕ႀကီးမ်ားရွိ အျပည္ျပည္ဆိုင္ရာေလဆိပ္မ်ားတြင္ စုစုေပါင္း ယန္း ၂ ဒသမ ၃ ဘီလီယံ (အေမရိကန္ေဒၚလာ ၂၁ သန္းနီးပါး) တန္ေၾကးရွိ ေလေၾကာင္းထိန္းခ်ဳပ္ေရး ေရဒါ အပါအဝင္ ေလေၾကာင္းေစာင့္ၾကပ္ေရးစနစ္မ်ား ပံ့ပိုးေပးရန္ ျမန္မာႏိုင္ငံမွ ေလေၾကာင္း ပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနႏွင့္ သေဘာတူညီခ်က္တစ္ရပ္ လက္မွတ္ေရးထိုးလိုက္ေၾကာင္း ေၾကညာခဲ့သည္။

 

ျမန္မာႏိုင္ငံရွိ ေလဆိပ္မ်ားမွတစ္ဆင့္ ခရီးသည္အေရအတြက္ႏွင့္ ကုန္စည္ပမာဏ ျဖတ္သန္းသြားလာမႈမွာ စီးပြားေရးလုပ္ငန္းမ်ားတိုးခ်ဲ႕မႈႏွင့္ ဗီဇာေလွ်ာက္ထားမႈ ေျဖေလွ်ာ့မႈမ်ားျပဳလုပ္ျခင္းေၾကာင့္ ဂ်ပန္ႏိုင္ငံမွ ခရီးသည္မ်ားစြာအပါအဝင္ ကမာၻလွည့္ခရီးသြားမ်ား အေရအတြက္မ်ားျပားလာခဲ့သည္။ ၂၀၁၃ ခုႏွစ္တြင္ ရန္ကုန္၊ မႏၲေလးႏွင့္ ေနျပည္ေတာ္ေလဆိပ္မ်ား၌ စုစုေပါင္း ခရီးသြားအေရအတြက္မွာ ၆ ဒသမ ၅ သန္းခန႔္သာရွိခဲ့သည္။ သို႔ေသာ္လည္း ၂၀၁၇ ခုႏွစ္တြင္ ခရီးသည္အေရအတြက္မွာ ၇ ဒသမ ၂၆ သန္းအထိ ရွိလာခဲ့သည္။ ရန္ကုန္ေလဆိပ္မွာ ၂၀၁၃ ခုႏွစ္တြင္ ကုန္စည္ ၂၄၀၀၀တန္ ကိုင္တြယ္ေဆာင္႐ြက္ခဲ့ေသာ္လည္း ပမာဏမွာ ၂၀၁၇ ခုႏွစ္တြင္ တန္ ၅၅၀၀၀ အထိ ႏွစ္ဆေက်ာ္ မ်ားျပားလာခဲ့သည္။ အဆိုပါေလဆိပ္သုံးခုမွာ ေရဒါကိရိယာမရွိမႈႏွင့္ အိုမင္းေနသည့္စနစ္မ်ားေၾကာင့္ လုံၿခဳံမႈႏွင့္ စြမ္းေဆာင္ႏိုင္မႈတို႔တြင္ စိန္ေခၚမႈမ်ားရင္ဆိုင္ေနရသည္။ ထိုျပႆနာေျဖရွင္းရန္ NEC ေကာ္ပိုေရးရွင္းက ေလေၾကာင္းထိန္းခ်ဳပ္ေရး ေရဒါမ်ား၊ သတင္းအခ်က္အလက္ေပးပို႔ေရးစနစ္မ်ားကို ဂ်ပန္အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရး ေအဂ်င္စီ (JICA) က ေထာက္ပံ့သည့္ တရားဝင္ဖြံ႕ၿဖိဳးေရးအကူအညီ (ODA) မွတစ္ဆင့္ ပံ့ပိုးမည္ျဖစ္သည္။

 

၂၀၂၁ ခုႏွစ္အကုန္တြင္ NEC ေကာ္ပိုေရးရွင္းက ျမန္မာႏိုင္ငံ၏ ေလေၾကာင္းထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားအႏၲရာယ္ကင္းေစရန္ႏွင့္ အက်ိဳးျဖစ္ေျမာက္မႈ တိုးတက္လာေစရန္ ေလယာဥ္၏ အကြာအေဝးႏွင့္ တည္ေနရာကို ရွာေဖြေဖာ္ထုတ္ႏိုင္သည့္ ေလဆိပ္ေစာင့္ၾကပ္ေရးေရဒါ (ASR)၊ ေလယာဥ္ထံမွေမာင္းႏွင္မႈဆိုင္ရာ အေသးစိတ္သတင္းအခ်က္အလက္မ်ားရရွိႏိုင္သည့္ ဆင့္ပြားေစာင့္ၾကပ္ေရးေရဒါ (SSR) ႏွင့္ ေရဒါမ်ားမွရရွိေသာ သတင္းအခ်က္အလက္မ်ား အသုံးျပဳသည့္ ဘက္စုံအာ႐ုံခံ အခ်က္အလက္ေပးပို႔ေရးစနစ္ (MSDPS) တို႔ တပ္ဆင္မည္ျဖစ္သည္။

 

Myanmar Logistics Guide

Published in Transportation