Knowledge

၂၀၁၈-၁၉ ဘဏ္ဍာနှစ်သစ် အောက်တိုဘာလ ၁ ရက်နေ့မှ မတ်လ ၁၅ ရက်နေ့အထိ ခြောက်လတာကာလတွင် ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုသည် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံအထိရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရပါတယ်။

Published in Investment

          ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလကုန်အထိ ပထမခြောက်လအတွင်း နိုင်ငံခြားသားဝင်ရောက် ရင်းနှီးမြှုပ်နှံမှုကို အမေရိကန်ဒေါ်လာ သုံးဘီလီယံ မျှော်မှန်းထားသော်လည်း နှစ်ဘီလီယံနီးပါးသာရှိခဲ့ပါတယ်။

 

ထုတ်ပြန်

 

          ယင်းကာလအတွင်း ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာအားဖြင့် စင်ကာပူနိုင်ငံမှ သန်း ၇၀ဝ ကျော်၊ တရုတ်နိုင်ငံမှ သန်း ၃၀ဝ၊ ယူကေနိုင်ငံမှ ၁၇၄ သန်း၊ ဂျပန်နိုင်ငံမှ ၁၃၄ သန်း အနည်းအများအလိုက် ဝင်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားခဲ့ပါတယ်။

 

          ကဏ္ဍအလိုက်ကြည့်လျှင် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အမေရိကန် ဒေါ်လာသန်း ၇၀ဝ ကျော်ဖြင့် အများဆုံး၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၃၁၄ သန်းကျော်၊ အိမ်ရာတည်ဆောက်ရေးကဏ္ဍတွင် သန်း ၃၀ဝနီးပါးဖြင့် ဝင်ရောက်ခဲ့ကြပါတယ်။စွမ်းအားကဏ္ဍတွင် အမေရိကန်ဒေါ်လာ သန်း ၁၀ဝ နီးပါး၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်၊ မွေးမြူရေးနှင့်ငါးလုပ်ငန်းတွင် အမေရိကန်ဒေါ်လာ ၃၂ သန်းကျော်၊ စက်မှုအိမ်ရာကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၃၄ သန်းကျော်၊ ဟိုတယ် နှင့် ခရီးသွားကဏ္ဍတွင် အမေရိကန်ဒေါ်လာ ကိုးသန်းကျော်၊သတ္တုတူးဖော်ရေးလုပ်ငန်းတွင် အမေရိကန်ဒေါ်လာ ခြောက်သန်းကျော်၊ အခြားဝန်ဆောင်မှုကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၂၇၇ သန်းကျော်ဖြင့် အသီးသီးဝင်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။

 

          ထိုကာလအတွင်း ရေနံ နှင့် ဓာတ်ငွေ့ကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍတို့တွင် နိုင်ငံခြားသား ဝင်ရောက် ရင်းနှီးမြှုပ်နှံခြင်းမရှိခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။ပြည်တွင်းသို့ နိုင်ငံခြားသားဝင်ရောက် ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ကိုးဘီလီယံကျော်၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ခြောက်ဘီလီယံကျော်၊၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ခြောက်ဘီလီယံနီးပါးဖြင့် အသီးသီးဝင်ရောက်ခဲ့ကြပါတယ်။

 

          ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလကုန်အထိ ပထမခြောက်လအတွင်း ပြည်တွင်း၌ နိုင်ငံခြားသားဝင်ရောက် ရင်းနှီးမြှုပ်နှံမှုကို အမေရိကန်ဒေါ်လာ သုံးဘီလီယံ မျှော်မှန်းထားသော်လည်း စုစုပေါင်းဝင်ရောက်ခဲ့မှုမှာ နှစ်ဘီလီယံနီးပါးသာရှိခဲ့ကြပါတယ်။ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏကို အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ မျှော်မှန်းထားကြောင်း သိခဲ့ရပါတယ်။

 

Source : myanmar time

Published in Investment

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ခြောက်လနီးပါးအတွင်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၅ ဒသမ ၅ ဘီလျံကျော်ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၈၆ သန်းနီးပါး ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

 

ခြောက်လနီးပါးအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန်တင်ပိုမှုတန်ဖိုး ဒေါ်လာ ၇၃၇၂ ဒသမ ၂၇၇ သန်းရရှိထားပြီး သွင်းကုန် တင်သွင်းမှုတန်ဖိုးမှာ ဒေါ်လာ ၈၁၄၃ ဒသမ ၂၈၀ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၅၅၁၅ ဒသမ ၅၅၇ သန်း ရရှိခဲ့ပါတယ်။၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ခြောက်လနီးပါးကာလအတွင်း ပို့ကုန်တန်ဖိုး ဒေါ်လာ ၆၆၇၅ ဒသမ ၀၈၄ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၈၆၅၄ ဒသမ ၅၆၇ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၅၃၂၉ ဒသမ ၆၅၁ သန်း ရရှိခဲ့ပါတယ်။

 

အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ကြည့်ပါက လက်ရှိဘဏ္ဍာနှစ် ခြောက်လနီးပါးအတွင်း မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၈၆ သန်းနီးပါး ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနမှ သိရပါတယ်။

 

လက်ရှိဘဏ္ဍာနှစ်တွင် ပြည်ပကုန်သွယ်မှု စုစုပေါင်းပမာဏ ဒေါ်လာ ၃၁ ဘီလျံကျော် ရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၅၀၀ ဝန်းကျင်အထိ လျော့ကျအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန် အစည်းအဝေး ပထမနေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောကြားချက်အရ သိခဲ့ရပါတယ်။

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၃ ဘီလျံရရှိရန်နှင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၈ ဘီလျံ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၁ ဘီလျံရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောကြားချက်အရ သိရပါတယ်။

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မတ် ၁ ရက်အထိ ငါးလကျော်အတွင်း စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၅ ဘီလျံနီးပါးအထိ ကုန်သွယ်မှု ပြုလုပ်ထားပြီး ကျန်ရှိနေသည့် ဘဏ္ဍာနှစ်ကာလခုနစ်လတွင် ကုန်သွယ်မှုလျာထားချက် အမေရိကန်ဒေါ်လာ ၃၁ ဘီလျံပြည့်မီရန် အမေရိကန်ဒေါ်လာ ၁၆ သန်းကျော် လိုအပ်နေသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရပါတယ်။

 

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍ၌ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၉ ဘီလျံကျော်ရရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၅ ဒသမ ၂၁၂ ဘီလျံကျော်အထိရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စာရင်းများအရ သိရပါတယ်။

 

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စုစုပေါင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၃ ဘီလျံကျော် ရရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ ၃ ဒသမ ၈၃၆ ဘီလျံကျော်အထိ ရှိခဲ့ပါတယ်။၂၀၁၈ ခုနှစ် ကြားကာလခြောက်လတွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၈ ဘီလျံကျော် အထိရရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေ ဒေါ်လာ တစ်ဘီလျံကျော်အထိ ဖြစ်ပေါ်ခဲ့ပါတယ်။

 

Source : Eleven

 

Myanmar Logistics Guide

Published in Export & Import

         ၂ဝ၁၈ (ဧပြီမှ စက်တင်ဘာ) ကြားကာလ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် အမေရိကန် ဒေါ်လာ ၁၈ ဘီလျံကျော်ရှိခဲ့သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အချက်အလက်များတွင် ဖော်ပြထားသည်။

 

         ထိုပမာဏသည် ယခင်ဘဏ္ဍာနှစ် ကာလတူ ခြောက်လတာ ကုန်သွယ်မှုပမာဏထက် အမေရိကန်ဒေါ်လာ နှစ်ဘီလျံကျော် မြင့်တက်ခဲ့ခြင်းဖြစ်သည်။

 

         ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၅ ဘီလျံကျော်ဖြစ်ပြီး သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၉ ဒသမ ၈ ဘီလျံကျော် ဖြစ်သည်။ ထို့အတွက် ကုန်သွယ်မှုလိုငွေအဖြစ် အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံရှိခဲ့သည်။ ကုန်သွယ်မှုလိုငွေသည် ပြီးခဲ့သည့်နှစ် ကာလတူထက် အမေရိကန်ဒေါ်လာ သန်း ၅ဝဝ လျော့ကျခဲ့သည်။

 

         ကုန်သွယ်မှုကိုကြည့်လျှင် ပို့ကုန်ကဏ္ဍတွင် စက်မှုကုန်ချောပစ္စည်းအုပ်စုသည် အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ဘီလျံကျော်ဖြင့် အများဆုံးရရှိခဲ့ပြီး တိရိစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်းအုပ်စုများသည် ကာလတူထက် ပို့ကုန်ဝင်ငွေ ပိုမိုရရှိခဲ့သည်။ လယ်ယာထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းနှင့် အခြားပစ္စည်းများသည် ကာလတူထက် ပို့ကုန်ဝင်ငွေလျော့နည်းခဲ့သည်။

 

         စက်မှုကုန်ချောပစ္စည်းအုပ်စုတွင် ပါဝင်သော CMP လက်ခစားစနစ်ဖြင့် အထည်ချုပ်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ နှစ်ဘီလျံကျော်ဖြင့် အများဆုံး ပို့ကုန်ဖြစ်ခဲ့ပြီး ၄င်းနောက်တွင် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံဖြင့် ဒုတိယအများဆုံးပို့ကုန် ဖြစ်ခဲ့သည်။ တိရိစ္ဆာန်ထွက်ပစ္စည်းအုပ်စုတွင် ပါဝင်သော ကျွဲ၊ နွားတင်ပို့မှုသည် အမေရိကန်ဒေါ်လာ သန်း ၁၆ဝ ကျော်ရရှိခဲ့သည်။

 

         သွင်းကုန်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများသည် ကာလတူထက် ပိုမိုတင်သွင်းမှုရှိခဲ့သည်။

 

         ''ကုန်သွယ်မှုလိုငွေ ဘာလို့ရှိနေလဲဆိုတော့ နိုင်ငံဟာ တည်ဆောက်နေဆဲကာလဖြစ်တယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် လိုအပ်တဲ့ ကုန်စည်ပစ္စည်း ဝင်လာတယ်၊ ရည်ရွယ်ချက်ကတော့ ပို့ကုန် ပိုမိုတင်ဖို့ပဲ၊ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှုပစ္စည်းတွေ ပိုဝင်လာမယ်ဆိုရင် လိုငွေက ရှိနေဦးမှာပဲ'' ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ၊ အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်းက ပြောသည်။

 

         စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပြည်တွင်းလုပ်ငန်းများအတွက်ရည်ရွယ်၍ ရွှေ၊ လက်ဝတ်ရတနာ၊ ရွှေဖြင့်ပြုလုပ်သော အနုပညာပစ္စည်း၊ အသုံးအဆောင်ပစ္စည်းများကို တင်ပို့/တင်သွင်း ခွင့်ပြုခြင်း၊ လက်လီ/လက်ကားရောင်းချမှုလုပ်ငန်းတွင် နိုင်ငံခြားသားများအား ရာနှုန်းပြည့်ခွင့်ပြုခြင်းတို့ကို ၂ဝ၁၈ အတွင်း ခွင့်ပြုခဲ့သည်။

 

credit : myanmar time

Published in Export & Import

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလကုန်အထိ ခြောက်လအတွင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက ကုန်သွယ်လုပ်ငန်းခွန် ကျပ်ဘီလျံ ၉၂၀ ကျော်နှင့် ဝင်ငွေခွန် ကျပ် ၉၅၁ ဘီလျံကျော် ကောက်ခံရရှိထားကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရပါတယ်။

Published in Local Industry

၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်ကို လာမည့်အောက်တိုဘာလတွင်းမှ စတင်ခဲ့ပြီး လက်ရှိကြားကာလ ခြောက်လ အတွင်းတွင်

Published in Latest News