Knowledge

KBZ ဘဏ်အနေဖြင့် မြန်မာ့အဏ္ဏဝါစွမ်းအားရှင်ကုမ္ပဏီလီမီတက်နှင့် ပိုင်ရှင်ဦးကိုကိုထူးတို့ကို ကန်ဒေါ်လာ သန်း ၂၂၁ (မြန်မာကျပ်ငွေ ၃၂၆ ဘီလီယံ) ရလိုမှုဖြင့် တရားစွဲဆိုထားခဲ့ကြောင်း သိရသည်။ အဆိုပါပမာဏသည် မြန်မာပြည်တွင် အကြီးမားဆုံးသော ချေးငွေပမာဏလည်းဖြစ်လာဖွယ်ရှိသည်။ မြန်မာ့အဏ္ဏဝါစွမ်းအားရှင် ကုမ္ပဏီလီမီတက်သည် အလုံမြို့ရှိမြန်မာ့စက်မှုဆိပ်ကမ်းတွင် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသော ကုမ္ပဏီဖြစ်ပြီး အဆိုပါဆိပ်ကမ်းသည်လည်း ကုန်တင်၊ ကုန်ချနှင့် သဘောၤဝင်သဘောၤထွက် အလွန်ပင်များပြားသော ဆိပ်ကမ်း တစ်ခုဖြစ်သည်။ ဦးကိုကိုထူးသည် မြန်မာ့အဏ္ဏဝါစွမ်းအားရှင်ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာဖြစ်ပြီး သူနှင့်သူ၏ မိသားစုတို့သည် မြန်မာ့အဏ္ဏဝါစွမ်းအားရှင်ကုမ္ပ၏ အစုရှယ်ရာ ၁၀၀ ရာခိုင်နှုန်းလုံးကိုပိုင်ဆိုင်ခြင်းဖြစ်သည်ဟု DICA ၏ဖော်ပြမှုအရသိရသည်။

 

ယခုလို ရန်ကုန်တိုင်းဒေသကြီးအထက်တရားရုံးတွင် တရားစွဲဆိုမှုကို KBZ ဘဏ်အနေဖြင့် ၂၀၁၉ခုနှစ် ဒီဇင်ဘာလ တွင်စတင်ခဲ့ပြီး ၂၀၂၀ခုနှစ်ဇန်နဝါရီလ ၁၃ ရက်နေ့တွင်စတင်ကြားနာခဲ့သည်။ အဆိုပါကြားနာမှုတွင် KBZ ဘဏ်မှ ရှေ့နေ့များက ဦးကိုကိုထူးအနေဖြင့် ၂၀၁၉ခုနှစ်အောက်တိုဘာလ ၁၉ ရက်နေ့အထိတွင် KBZ ဘဏ်သို့ အကြွေး မြန်မာကျပ်ငွေ ၆၃ ဘီလီယံ ပေးချေရန်ရှိကြောင်း ပြောဆိုခဲ့ကြသည်။ သီးခြားကြားနာမှုဖြစ်သော မြန်မာ့အဏ္ဏဝါ စွမ်းအားရှင်ကုမ္ပအတွက်တွင်မူ ၂၀၁၈ခုနှစ်နိုဝင်ဘာလအတွက် မြန်မာကျပ်ငွေ ၂၆၂.၈ဘီလီယံအကြွေးပေးရန်ရှိ ကြောင်းပြောဆိုခဲ့ကြသည်။

 

KBZ ဘဏ်ဘက်မှ ရှေ့နေများ၏ပြောဆိုမှုအရ ဦးကိုကိုထူးနှင့် မြန်မာ့အဏ္ဏဝါစွမ်းအားရှင်ကုမ္ပဏီတို့သည် ၂၀၁၀ခု နှစ်တွင် မြန်မာကျပ်ငွေ ၇.၂ဘီလီယံနှင့် မြန်မာကျပ်ငွေ ၁၄၀ဘီလီယံ အသီးသီးထုတ်ယူခဲ့ကြကြောင်း၊ အတိုးနှုန်းကို လည်း ၂၀၁၇ခုနှစ်တွင်ထပ်မံလျှော့ချပေးခဲ့ကြောင်း သိရသည်။ တရားစွဲဆိုမှုအတွက် ၂၀၁၈ခုနှစ်ဇွန်လတွင် ပြင်ဆင် ထားခဲ့ခြင်းဖြစ်သော်လည်း ဦးကိုကိုထူး၏ပြန်လည်ပေးဆပ်ပါမည်ဟူသောကတိအရ ရွှေ့ဆိုင်းပေးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

 

မြန်မာ့အဏ္ဏဝါစွမ်းအားရှင်ကုမ္ပဏီအနေဖြင့် အလုံမြို့ရှိမြန်မာ့စက်မှုဆိပ်ကမ်းကို အိန္ဒိယပိုင် Adani သို့ ၂၀၁၈ခုနှစ် တွင်ရောင်းချရန်ပြင်ဆင်ခဲ့ဖူးပြီး နောက်ဆုံးမိနစ်တွင်မှပျက်ပြယ်ခဲ့ခြင်းဖြစ်သည်။ Adani သည် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကောက်မရှင်၏ခွင့်ပြုချက်ဖြင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတွင် ကန်ဒေါ်လာ သန်း ၂၉၀တန် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်မှုအတွက် ၂၀၁၉ခုနှစ် ဧပြီတွင်လုပ်ကိုင်ခွင့်ရရှိခဲ့သော ကုမ္ပဏီလည်းဖြစ်သည်။

 

၂၀၂၀ခုနှစ် ဇန်နဝါရီလ ၁၃ရက်နေ့ကြားနာမှုတွင် ဦးကိုကိုထူးလာရောက်ခဲ့ခြင်းမရှိပဲ နောက်ထပ်ကြားနာမှုကို ဖေဖေါ် ဝါရီလ ၃ ရက်နေ့နှင့် ၁၀ ရက်နေ့တို့တွင်ပြုလုပ်သွားမည်ဖြစ်သည်။

 

>>>Zawgyi<<<

 

ျမန္မာျပည္၏အႀကီးမားဆံုးေသာ ေခ်းေငြပမာဏျဖင့္ ရန္ကုန္ဆိပ္ကမ္း operator ကို တရားစဲြဆိုလိုက္တဲ့ KBZ


KBZ ဘဏ္အေနျဖင့္ ျမန္မာ့အဏၰဝါစြမ္းအားရွင္ကုမၸဏီလီမီတက္ႏွင့္ ပိုင္ရွင္ဦးကိုကိုထူးတို႔ကို ကန္ေဒၚလာ သန္း ၂၂၁ (ျမန္မာက်ပ္ေငြ ၃၂၆ ဘီလီယံ) ရလိုမႈျဖင့္ တရားစဲြဆိုထားခဲ့ေၾကာင္း သိရသည္။ အဆိုပါပမာဏသည္ ျမန္မာျပည္တြင္ အႀကီးမားဆံုးေသာ ေခ်းေငြပမာဏလည္းျဖစ္လာဖြယ္ရွိသည္။ ျမန္မာ့အဏၰဝါစြမ္းအားရွင္ ကုမၸဏီလီမီတက္သည္ အလံုၿမိဳ႕ရွိျမန္မာ့စက္မႈဆိပ္ကမ္းတြင္ လုပ္ငန္းလုပ္ကိုင္ေဆာင္ရြက္ေနေသာ ကုမၸဏီျဖစ္ၿပီး အဆိုပါဆိပ္ကမ္းသည္လည္း ကုန္တင္၊ ကုန္ခ်ႏွင့္ သေဘာၤ၀င္သေဘာၤထြက္ အလြန္ပင္မ်ားျပားေသာ ဆိပ္ကမ္း တစ္ခုျဖစ္သည္။ဦးကိုကိုထူးသည္ ျမန္မာ့အဏၰဝါစြမ္းအားရွင္ကုမၸဏီ၏ မန္ေနဂ်င္းဒါ႐ိုက္တာျဖစ္ၿပီး သူႏွင့္သူ၏ မိသားစုတို႔သည္ ျမန္မာ့အဏၰဝါစြမ္းအားရွင္ကုမၸ၏ အစုရွယ္ရာ ၁၀၀ ရာခိုင္ႏႈန္းလံုးကိုပိုင္ဆိုင္ျခင္းျဖစ္သည္ဟု DICA ၏ေဖာ္ျပမႈအရသိရသည္။

 

ယခုလို ရန္ကုန္တိုင္းေဒသႀကီးအထက္တရားရံုးတြင္ တရားစဲြဆိုမႈကို KBZ ဘဏ္အေနျဖင့္ ၂၀၁၉ခုႏွစ္ ဒီဇင္ဘာလ တြင္စတင္ခဲ့ၿပီး ၂၀၂၀ခုႏွစ္ဇန္နဝါရီလ ၁၃ ရက္ေန႔တြင္စတင္ၾကားနာခဲ့သည္။ အဆိုပါၾကားနာမႈတြင္ KBZ ဘဏ္မွ ေရွ႕ေန႔မ်ားက ဦးကိုကိုထူးအေနျဖင့္ ၂၀၁၉ခုႏွစ္ေအာက္တိုဘာလ ၁၉ ရက္ေန႔အထိတြင္ KBZ ဘဏ္သို႔ အေႂကြး ျမန္မာက်ပ္ေငြ ၆၃ ဘီလီယံ ေပးေခ်ရန္ရွိေၾကာင္း ေျပာဆိုခဲ့ၾကသည္။ သီးျခားၾကားနာမႈျဖစ္ေသာ ျမန္မာ့အဏၰဝါ စြမ္းအားရွင္ကုမၸအတြက္တြင္မူ ၂၀၁၈ခုႏွစ္ႏို၀င္ဘာလအတြက္ ျမန္မာက်ပ္ေငြ ၂၆၂.၈ဘီလီယံအေႂကြးေပးရန္ရွိ ေၾကာင္းေျပာဆိုခဲ့ၾကသည္။

 

KBZ ဘဏ္ဘက္မွ ေရွ႕ေနမ်ား၏ေျပာဆိုမႈအရ ဦးကိုကိုထူးႏွင့္ ျမန္မာ့အဏၰဝါစြမ္းအားရွင္ကုမၸဏီတို႔သည္ ၂၀၁၀ခု ႏွစ္တြင္ ျမန္မာက်ပ္ေငြ ၇.၂ဘီလီယံႏွင့္ ျမန္မာက်ပ္ေငြ ၁၄၀ဘီလီယံ အသီးသီးထုတ္ယူခဲ့ၾကေၾကာင္း၊ အတိုးႏႈန္းကို လည္း ၂၀၁၇ခုႏွစ္တြင္ထပ္မံေလွ်ာ့ခ်ေပးခဲ့ေၾကာင္း သိရသည္။ တရားစဲြဆိုမႈအတြက္ ၂၀၁၈ခုႏွစ္ဇြန္လတြင္ ျပင္ဆင္ ထားခဲ့ျခင္းျဖစ္ေသာ္လည္း ဦးကိုကိုထူး၏ျပန္လည္ေပးဆပ္ပါမည္ဟူေသာကတိအရ ေရႊ႕ဆိုင္းေပးခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

 

ျမန္မာ့အဏၰဝါစြမ္းအားရွင္ကုမၸဏီအေနျဖင့္ အလံုၿမိဳ႕ရွိျမန္မာ့စက္မႈဆိပ္ကမ္းကို အိႏိၵယပိုင္ Adani သို႔ ၂၀၁၈ခုႏွစ္ တြင္ေရာင္းခ်ရန္ျပင္ဆင္ခဲ့ဖူးၿပီး ေနာက္ဆံုးမိနစ္တြင္မွပ်က္ျပယ္ခဲ့ျခင္းျဖစ္သည္။ Adani သည္ ျမန္မာ့ရင္းႏွီးႁမွဳပ္ႏွံမႈ ေကာက္မရွင္၏ခြင့္ျပဳခ်က္ျဖင့္ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္းတြင္ ကန္ေဒၚလာ သန္း ၂၉၀တန္ ဖြံ႕ၿဖိဳးတိုးတက္ေရး လုပ္ေဆာင္မႈအတြက္ ၂၀၁၉ခုႏွစ္ ဧၿပီတြင္လုပ္ကိုင္ခြင့္ရရွိခဲ့ေသာ ကုမၸဏီလည္းျဖစ္သည္။

 

၂၀၂၀ခုႏွစ္ ဇန္နဝါရီလ ၁၃ရက္ေန႔ၾကားနာမႈတြင္ ဦးကိုကိုထူးလာေရာက္ခဲ့ျခင္းမရွိပဲ ေနာက္ထပ္ၾကားနာမႈကို ေဖေဖၚ ဝါရီလ ၃ ရက္ေန႔ႏွင့္ ၁၀ ရက္ေန႔တို႔တြင္ျပဳလုပ္သြားမည္ျဖစ္သည္။

 

source - frontiermyanmar.net

 

Myanmar Logistics Guide

Published in Port News