Knowledge

မြန်မာ-–ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ရှစ်လအတွင်း ဒေါ်လာ ၁၃ သန်းကျော်ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုပမာဏ ငါးဆ ကျော်လျော့ကျခဲ့ကြောင်း သိရပါတယ်။

Published in Export & Import

မြန်မာ-ထိုင်းနိုင်ငံတို့ကြား နှစ်နိုင်ငံ ကုန်သွယ်ရေးကို ၂ဝ၂၂ ခုနှစ်တွင် လက်ရှိ အခြေအနေများထက် နှစ်ဆမြှင့်တင်နိုင်ရန် ရည်ရွယ်ဆောင်ရွက်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရပါတယ်။

Published in Export & Import

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်နိမိတ်တိုင်းတာသတ်မှတ်ပြီး နယ်စပ်ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးပြီးပါက မောတောင်ကုန်သွယ်ရေးစခန်းကို တရားဝင်အမြဲတမ်းကုန်သွယ်ရေးစခန်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

Published in Export & Import

     စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ- အိန္ဒိယနယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်သည့် တမူးကုန် သွယ်ရေးစခန်း၏ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ကုန်သွယ်မှုလျာထားချက် ပို့ကုန်ဒေါ်လာ ၆ သန်း၊ သွင်းကုန်ဒေါ်လာ သုည ဒသမ ၅ သန်း၊ ကုန်သွယ်မှုပမာဏဒေါ်လာ ၆ ဒသမ ၅ သန်းပေါ်တွင် ယာယီကုန်သွယ်မှုအမှန် စာရင်းအရ ပို့ကုန်ဒေါ်လာ ၁၀ ဒသမ ၆၇၅ သန်း၊ သွင်းကုန်ဒေါ်လာ သုညဒသမ ၁၀၂ သန်း၊ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၀ ဒသမ ၇၇၇ သန်းဆောင်ရွက်နိုင်ခဲ့ပြီး ကုန်သွယ်မှုလျာထားချက် အပေါ် ၁၆၅ ဒသမ ၈၀ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း တမူးကုန်သွယ်ရေး စခန်းမှသိရပါတယ်။

 

     အနီးစပ်ဆုံးကာလဖြစ်သည့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလနှင့်နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် ဒေါ်လာ သုည ဒသမ ၈၈၁ သန်း၊ သွင်းကုန်ပိုင်း တွင် ဒေါ်လာ သုည ဒသမ ဝ၀၂ သန်း ပိုမို တင်ပို့/တင်သွင်းနိုင်ခဲ့ပြီး ကုန်သွယ်မှုပမာဏ အနေဖြင့် ဒေါ်လာ သုည ဒသမ ၈၈၃ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယခင်နှစ် ကာလတူဖြစ်သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလနှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်း၌ ဒေါ်လာ ၇ ဒသမ ၆၄၅ သန်း ပိုမိုတင်ပို့သည်ကို တွေ့ရှိရပြီး သွင်းကုန်ပိုင်းတွင် ဒေါ်လာ သုည ဒသမ ၂၀၅ သန်း လျော့နည်းတင်သွင်းနိုင်ခဲ့ရာ ကုန်သွယ်မှုပမာဏ အနေဖြင့် ဒေါ်လာ ၇ ဒသမ ၄၄၀ သန်း ပိုမိုခဲ့ပါတယ်။

 

     ပို့ကုန်ပိုင်းတွင် တမူးကုန်သွယ်ရေးစခန်း၏ အဓိကပို့ကုန်ဖြစ်သော ကွမ်းသီး၊ ပန်းသီး၊ ကွမ်းသီးအစို၊ ကုလားပဲ၊ ကြက်သွန်ဖြူ၊ ငါးလေး ခြောက်၊ စားတော်ပဲ၊ စီးကရက်၊ ပဲပုပ်စေ့၊ ငရုတ်ကောင်း၊ ဘိလပ်မြေ၊ ဘိလပ်မြေအုတ်၊ သွပ်လိပ်နှင့် နန်းဖာလုံကုန်စုံတို့ကို ပိုမိုတင်ပို့နိုင်ခဲ့ပြီး သွင်းကုန်ပိုင်းအနေဖြင့် ဂျုံမှုန့်နှင့် မော်တော်ဆိုင်ကယ်တို့ လျော့နည်းတင်သွင်းခဲ့ကြောင်း တွေ့ရပါတယ်။

 

     ကုန်သွယ်မှုပမာဏပိုမိုရခြင်းမှာ ပို့ကုန်ပိုင်းတွင် ကွမ်းသီး၊ ပန်းသီး၊ အုန်းသီး၊ ပဲပုပ်စေ့၊ ကြက်သွန်ဖြူ၊ ဘိလပ်မြေနှင့် ဘိလပ်မြေအုတ် တို့ကို ပိုမိုတင်ပို့နိုင်ခဲ့ပြီး သွင်းကုန်ပိုင်း၌ ချည်၊ ချင်းခြောက်နှင့်ဆံပင်တို့ကို ပိုမိုတင်သွင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိခဲ့ရပါတယ်။

 

Source : Myanmar Time

 

Myanmar Logistics Guide

Published in Export & Import

          တလတာအတွင်း တာချီလိတ်ကုန်သွယ်ရေးစခန်းမှ တပတ်တာပို့ကုန်သတင်း

Published in Export & Import

( ၁ ) စခန်းအမည် 

ပို့ကုန်/သွင်းကုန်ရုံး (မြစ်ကြီးနားမြို့)

Published in Trade Centre

မြန်မာ-–အိန္ဒိယနယ်စပ် စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် တမူးမြို့တွင် တိုင်းဒေသကြီးအစိုးရခွင့်ပြုချက်ဖြင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် ပြည်သူများပူးပေါင်းကာ မြို့အင်္ဂါရပ်နှင့် အညီ ခရီးသွားပြည်သူများ စိတ်ချမ်းသာမှုကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ အဝေးပြေးယာဉ်ကြီးယာဉ်ငယ် ပင်မယာဉ်ရပ်နားစခန်းအတွက် ကိုယ့်အားကိုယ်ကိုး အဆင့်မြင့်အဆောက်အအုံသစ်တစ်ခု တည်ဆောက်လျက်ရှိကြောင်း တမူးမြို့နယ် စည်ပင်သာယာရေးကော်မတီမှ သိရပါတယ်။

 

ယာဉ်ကြောပိတ်ဆို့

 

"ကျွန်တော်တို့ တမူးမြို့မှာ အဝေးပြေးပင်မယာဉ်ရပ်နားစခန်း မရှိသေးတဲ့အတွက် အဝေးပြေးကားဂိတ်တွေက မြို့ထဲလမ်းမတွေအပေါ်မှာ ရပ်ချင်သလိုရပ်ပြီး ကုန်ပစ္စည်းအတင်အချပြုလုပ်နေကြတဲ့အတွက် ယာဉ်ကြောပိတ်ဆို့မှုတွေလည်း နေ့စဉ်နဲ့အမျှ ဖြစ်ပေါ်နေတယ်။ အဲဒါကြောင့် အဝေးပြေးပင်မယာဉ်ရပ်နားစခန်းတစ်ခုကို သက်ဆိုင်ရာအဖွဲ့ အစည်းတွေနဲ့ ပြည်သူတွေပူးပေါင်းပြီး ကိုယ့်အားကိုယ်ကိုးစနစ်နဲ့ တည်ဆောက်ခဲ့တာဖြစ်ပါတယ်" ဟု တမူးမြို့နယ် စည်ပင်သာယာရေး ကော်မတီအတွင်းရေးမှူး ဦးမျိုးမင်းထွန်းက ပြောဆိုခဲ့ပါတယ်။

 

တမူးမြို့ အဝေးပြေးပင်မယာဉ်ရပ်နားစခန်းကို ၂၀၁၈ ခုနှစ် ဇွန်လမှစတင်၍ အဆင့်မြင့်တည်ဆောက်ရေးလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါ တည်ဆောက်မှု ရာခိုင်နှုန်း ၆၀ ပြီးစီးနေပြီဖြစ်ရာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း ပြီးစီးရန် ခန့်မှန်းထားကြောင်း၊ ခရီးသည်များ တည်းခိုနိုင်ရေး ဟိုတယ်တစ်လုံး တည်ဆောက်ရန်အတွက်လည်း တိုင်းဒေသကြီးတွင် တင်ဒါစနစ်ဖြင့် ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်မည်လဲ ဖြစ်ပါတယ်။

 

Source : Myanmar Time

 

Myanmar Logistics Guide

 

 

Published in Local Industry

          တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် ခေတ်သစ်ပိုးလမ်းမစီမံကိန်းတွင် ပါဝင်နေသော မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းအကျိုးရှိ

Published in Local Industry