Knowledge

မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှု လမ်း ကြောင်းပေါ်ကို ရောက်နေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ် ပါတယ်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်နိုင်ဖို့ အတွက် ကုန်ထုတ်လုပ်မှုကဏ္ဍနဲ့ ဆက်နွယ်နေတဲ့ ပို့ကုန်သွင်းကုန်ကဏ္ဍဟာလည်း အရေးပါတဲ့ကဏ္ဍတစ်ရပ်မှာ ပါဝင်နေပါတယ်။ပို့ကုန်သွင်းကုန်လို့ ဆိုရာမှာလည်း သွင်း ကုန်ထက် ပို့ကုန်က ပိုမိုအရေးပါတယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ ပို့ကုန်ပမာဏ တစ်နေ့ ထက်တစ်နေ့ များပြားလာပြီး တစ်နေ့ ထက်တစ် နေ့ လွယ်ကူလျင်မြန်ချောမွေ့မှသာ နိုင်ငံရဲ့စီးပွား ရေး ယခုထက် ပိုမိုတိုးတက်လာမှာဖြစ်ပါတယ်။နိုင်ငံတော်အစိုးရအနေနဲ့လည်း ပို့ကုန်သုံးဆတိုးတက်တင်ပို့နိုင်ရေးအတွက်ကိုလည်း စီးပွား ရေးဦးတည်ချက်တွေ ချမှတ်ပြီး လုပ်ဆောင်နေတာ တွေ့ရပါတယ်။၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ပြည်ပ ပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံနဲ့ သွင်း ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၁၇ ဘီလီယံ ရရှိခဲ့တဲ့အတွက် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၂၉ ဒသမ ၂၁၂ ဘီလီယံရရှိခဲ့တာကို တွေ့ရပါတယ်။

Published in Export & Import

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်နိမိတ်တိုင်းတာသတ်မှတ်ပြီး နယ်စပ်ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးပြီးပါက မောတောင်ကုန်သွယ်ရေးစခန်းကို တရားဝင်အမြဲတမ်းကုန်သွယ်ရေးစခန်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

Published in Export & Import

မန္တလေးမြို့သည် ကုန်သွယ်မှုနှင့် သယ်ယူပို့ဆောင်ရေးတွင် အချက်အချာကျသည့်မြို့ဖြစ်သည့်အလျောက် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်း National Workshop by MKCF 3rd Bath Myanmar Team ဥက္ကဌ ဦးနေလင်းက ပြောသည်။

Published in Export & Import

          ပြည်တွင်း၌ ရွှေကို လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်းလမ်းခရီးများဖြင့် လွတ်လပ်စွာ သယ်ယူခွင့်ရရှိတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ သိရပါတယ်။

Published in Export & Import

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး အဓိကဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများမှာ-

Published in Port News

ကုန်သေတ္တာသယ်ယူပို့ဆောင်ပုံအဆင့်ဆင့်

 

Published in Port News

ထောက်ပံ့ပို့ဆောင်ဝန်ဆောင်မှုကို သုံးစွဲသူ(ဖောက်သည်) အပိုင်းမှ ကြည့်ပါက logistics လုပ်ငန်းဆောင်တာများ

Published in Port News

          ကွန်တိန်နာတင်ယာဉ်တွေကို သတ်မှတ်ချိန်အတွင်းမှာပဲ ပြေးဆွဲဖို့ ရန်ကုန်တိုင်းအစိုးရက ပြီးခဲ့တဲ့နှစ်က ညွှန်ကြားချက်ထုတ်ခဲ့ပေမယ့် အခုချိန်မှာတော့ အဲဒီညွှန်ကြားချက်တွေကို ဖြေလျော့ပေးလိုက်ပြီလို့ ရန်ကုန်တိုင်းလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။

 

          ဒီနေ့ရန်ကုန်တိုင်းလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်ဦးဝေဖြိုးဟန်ကကွန်တိန်နာယာဉ်တွေနဲ့ပတ်သက်ပြီး အစိုးရရဲ့ ညွှန်ကြားချက် က အသက်ဝင်နေပါသေးလားဆိုတာနဲ့ ဘာကြောင့်အသက်မဝင်တော့သလဲဆိုတာကို အများပြည်သူသိရှိအောင် ဖြေကြားပေးဖို့ တိုင်းအစိုးရရဲ့ အစီအမံကို မေးမြန်းခဲ့တာပါ။

 

          ယာဉ်ကြောကြပ်တည်းမှုကိုဖြေရှင်းဖို့ဆိုပြီး ကွန်တိန်နာယာဉ်တွေကို ည၉နာရီကနေ မနက်၆နာရီထိသာပြေးဆွဲဖို့ ရန်ကုန်တိုင်းအစိုးရက ၂၀၁၇ဒီဇင်ဘာလမှာ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။

 

          ဒါပေမယ့် ကုမ္ပဏီအသင်းအဖွဲ့တွေက တိုင်းအစိုးရကိုတင်ပြတာတွေရှိလို့ ကွန်တိန်နာယာဉ်ပြေးဆွဲမှုတွေကို ယာဉ်ကြောရှင်းလင်းတဲ့လမ်းကြောင်းတွေမှာနေ့ခင်းဖက်တွေမှာပါ အချိန်သတ်မှတ်မောင်းနှင်ခွင့်ပြုခဲ့တယ်လို့ ဒေါ်နီလာကျော်ကပြောပါတယ်။

 

          ကွန်တိန်နာယာဉ်တွေ၊ တွဲကားတွေဟာ လမ်းဘေးမှာ စည်းကမ်းမဲ့ ရပ်နားထားတာတွေ၊ လမ်းစည်းကမ်းကိုမလိုက်နာဘဲမောင်းနှင်တာတွေရှိနေတာကြောင့် ပြည်သူတွေစိတ်အနှောင့်အယှက်ဖြစ်ရတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်ကပြောပါတယ်။

 

          ရန်ကုန်တိုင်းလမ်းပန်းဆက်သွယ်ရေးဝန်ကြီးကတော့ သတ်မှတ်ထားတဲ့စည်းကမ်းအတိုင်း မလိုက်နာရင် မော်တော်ယာဉ်ဥပဒေအရအရေးယူဖို့ ကုန်သေတ္တာတင်ယာဉ်အသင်းနဲ့ ယာဉ်ထိန်းတပ်ဖွဲ့တို့ကပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြန်လည် ဖြေကြားခဲ့တာပါ။

 

          ဒါ့အပြင် ကုန်တင်ယာဉ်တွေနဲ့ ကွန်တိန်နာကားတွေရပ်နားမယ့် ကားဝင်းတစ်ခု တည်ဆောက်ဖို့စီစဉ်နေတယ်လို ရန်ကုန်တိုင်းလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ကပြောပါတယ်။

 

Source : 7 day daily

Published in Port News

လယ်ယာထွက် ကုန်/ သီးနှံ စတင်စိုက်ပျိုးရန် စီစဉ်သည့် အဆင့်မှ စပြီး ၊ နောက်ဆုံး အဆင့် ဖြစ်သော ဈေးကွက် မှ တစ်ဆင့် စားသုံးသူ လက်ဝယ်သို့ ရောက်ရှိအောင် ဆောင်ရွက်သည် အထိ လုပ်ငန်းစဉ် ကွင်းဆက်များ (Supply Chdin) တွင် ပါဝင်သော ပို့ဆောင်ရေးနှင့် ထောက်ပံ့ ဖြည့်ဆည်း စီမံ ဆောင်ရွက်မှု (Transport & Logistics) ကဏ္ဍ သည် လွန်စွာ အရေးပါသည့်ကဏ္ဍ တစ်ရပ် ဖြစ်ပါသည်။ အဆိုပါ ကဏ္ဍကို ကောင်းမွန်အောင်ဆောင်ရွက်နိုင်ခြင်းဖြင့် Logistics Cost ကုန်ကျစရိတ် သက်သာပြီး လယ်ယာ ထွက်ကုန်/ သီးနှံများ ဈေးနှုန်း၊ အရည်အသွေး စသည်တို့တွင် နိုင်ငံတွင်း သာမက၊ ဒေသတွင်း နိုင်ငံများ ဈေးကွက်တွင်ပါ ယှဉ်ပြိုင်နိုင်သည့် အခွင့်အခါ ကောင်းများ ရရှိလာနိုင်မည် ဖြစ်ပါသည်။

Published in Transportation

၁။ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားကို (၃၀-၁၀-၂၀၁၉) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး (၃၁-၁၀-၂၀၁၉) ရက်နေ့မှ စတင်၍ ကုန်တင်ယာဉ်များစတင်ဖြတ်သန်းခွင့်ပြုလျက်ရှိနေပြီဖြစ်ပါသည်။ မြန်မာ-ထိုင်း ကုန်သွယ်မှုဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ တင်သွင်းသည့် သွင်းကုန် ပစ္စည်းများကို ထိုင်းနိုင်ငံမှ ကုန်တင်ယာဉ်များဖြင့် သယ်ဆောင်၍ မြဝတီမြို့ရှိ သက်ဆိုင်ရာဂိုဒေါင် အသီးသီးသို့ သွားရောက်ပို့ဆောင်မှုများ၊ မြန်မာနိုင်ငံမှ တင်ပို့မည့်ပို့ကုန်များကိုသယ်ဆောင်ရန်အတွက် လာရောက်သယ်ဆောင်မှုများ ဆောင်ရွက်လျက်ရှိနေပါသည်။

Page 1 of 4