Sunday, 25 December 2022 13:39
Latsco Shipping ဂျပန်ကွန်တိန်နာသင်္ဘော အသစ် ၂ စီးဖြင့် ကွန်တိန်နာသင်္ဘောကဏ္ဍထဲ စတင်ဝင်ရောက်
TO GET INSTANT UPDATE Join Telegram Channel https://t.me/Guid4U
ဂရိကုမ္ပဏီ Latsco Shipping သည် ဂျပန်မှာ တည်ဆောက်သည့် 2,000 teu ကွန်တိန်နာသင်္ဘော ၂စင်းဖြင့် ကွန်တိန်နာ သင်္ဘော ကဏ္ဍသို့ စတင်ဝင်ရောက်ပါသည်။
.
ဂရိနိုင်ငံ အေသင်မြို့အခြေစိုက် Latsco Shipping Limited သည် ရေနံထုတ်ကုန်တင် သင်္ဘော ၁၆ စီး၊ ဓာတ်ငွေ့တင် သင်္ဘော ၉ စီးနှင့် ဧရာမရေနံစိမ်းတင်သင်္ဘော VLCC (Very Large Crude Carrier) ၄ စီး စုစုပေါင်း သင်္ဘော ၂၉ စီးဖြင့် ပြေးဆွဲနေခဲ့ရာမှ ကွန်တိန်နာသင်္ဘော အမျိုးအစားကို စတင်ပြေးဆွဲခြင်းဖြင့် ကွန်တိန်နာသင်္ဘောကဏ္ဍသို့ ဝင်ရောက်လိုက်ပါသည်။
.
ဂျပန်နိုင်ငံ Imabari Shipbuilding သင်္ဘောကျင်းတွင် ၂၀၂၂ ခုနှစ်မှာ တည်ဆောက်ပြီးစီးသည့် Marla Tiger နှင့် Marla Bull အမည်ရှိ ကွန်တိန်နာသင်္ဘော ၂ စီးဖြင့် ကွန်တိန်နာ သင်္ဘော ကဏ္ဍသို့ စတင် ဝင်ရောက်လိုက်ခြင်း ဖြစ်ပါသည်။
.
အဆိုပါ ကွန်တိန်နာသင်္ဘော ၂ စီးကို မူလက ဂျပန်နိုင်ငံမှ ကွန်တိန်နာသင်္ဘော အငှားလုပ်ငန်း ဖြစ်ပြီး Imabari Shipbuilding ၏ လက်အောက်ခံ လုပ်ငန်းလည်းဖြစ်သည့် Shoei Kisen Kaisha, Ltd. မှ မှာကြားထားခြင်း ဖြစ်ပါသည်။ ၎င်းကွန်တိန်နာသင်္ဘော ၂ စီး တည်ဆောက်ဆဲ ကာလ ၂၀၂၂ ဇူလိုင်လတွင် အရောင်းအဝယ် ဖြစ်ခဲ့ရာ၌ Latsco Shipping က ဝယ်ယူခဲ့ခြင်း ဖြစ်ပါသည်။
Source Splash247
TO GET INSTANT UPDATE Join Telegram Channel https://t.me/Guid4U