Tips

Monday, 20 April 2020 13:59

ဧရာ၀တီဘဏ်မှ ပုံမှန်ဖွင့် နှင့် ခေတ္တပိတ်ထားမည့်ဘဏ်ခွဲများစာရင်း ထုတ်ပြန်ကြေညာ

မြန်မာနိုင်ငံတ၀ှမ်း အမြို့မြို့အနယ်နယ်ရှိဧရာ၀တီဘဏ်မှ ခေတ္တပိတ်ထားမည့်ဘဏ်ခွဲများနှင့် ယင်းဘဏ်ခွဲများအတွက် အစားထိုး ဆက်သွယ်ဆောင်ရွက် နိုင်မည့် ဖွင့်လှစ်သည့် ဘဏ်ခွဲများစာရင်း ထုတ်ပြန်ကြေညာပါသည်။ Covid-19 ကပ်ရောဂါကာလအတွင်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်းနှင့်အတူ ငွေကြေးကဏ္ဍ ဝန်ဆောင်မှုပေးလျက်ရှိသော ဧရာဝတီဘဏ်ခွဲများအား မြို့နယ် ရပ်ကွက်အလိုက် နီးစပ်ရာ နေရာများတွင် ဆက်လက် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ ဧရာဝတီဘဏ်ခွဲ စုစုပေါင်း (၂၆၁) ခုအနက် နီးစပ်ရာ မြို့နယ် ရပ်ကွက်အလိုက် လက်ရှိတွင် ဖော်ပြပါ ဘဏ်ခွဲ (၁၅၈) ခုတို့တွင် ပြန်လည်ဖွင့်လှစ်ကာ ဝန်ဆောင်မှုများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်ရှိသောဘဏ်ခွဲများ ဖွင့်လှစ်မည့် နေရက်များကို ထပ်မံ‌ကြေညာသွားမည်ဖြစ်ပါသည်။ ၎င်းဘဏ်ခွဲ (၁၅၈) ခုတွင် ဘဏ်ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများကို အဆင်ပြေစွာ ဆောင်ရွက်နိုင်မည့် အပြင် မိတ်ဆွေတို့ရဲ့ ကျန်းမာရေးအတွက် လုံခြုံစိတ်ချစေရန် ကြိုတင် ကာကွယ်မှုများ ပြုလုပ်ထားပါသည်။ မိတ်ဆွေတို့အနေဖြင့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို AYA mBanking ဖြင့် အိမ်ကနေပဲ အဆင်ပြေစွာလုပ်ဆောင်နိုင်ပြီး မဖြစ်မနေ ဘဏ်သို့လာရမည်ဆိုပါက အောက်ပါ ဘဏ်ခွဲများသာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ မဖြစ်မနေ ပိတ်ထားရသော ဘဏ်ခွဲများမှ ဝန်ဆောင်မှုရယူနိုင်ရန်အတွက်လည်း သက်ဆိုင်ရာဘဏ်ခွဲတာဝန်ခံများနှင့် Contact Centre (၀၁-၂၃၁ -၇၇၇၇) အားလည်း ၂၄ နာရီပတ်လုံး ဆောင်ရွက်မှုပေးနိုင်ရန် စီစဉ် ဆောင်ရွက်ထားပါကြောင်း အသိပေးအပ်ပါသည်။ စိတ်ချယုံကြည် ဧရာဝတီ - Your Trusted Partner ပုံမှန်အတိုင်း ဖွင့်လှစ်ထားမည့် ဘဏ်ခွဲများစာရင်း

Friday, 16 August 2019 04:42

Dr. Myo Nyein Aye နှင့် Logistics ဆိုင်ရာ ရောက်တတ်ရာရာ Interview

မေး ။ ။ မြန်မာနိုင်ငံရဲ့ လက်ရှိ Logistics ကဏ္ဍနဲ့ ပတ်သက်တဲ့ အခြေအနေကို ဘယ်လို ပြောနိုင်မလဲ ခင်ဗျ။

Saturday, 12 January 2019 04:40

နိုင်ငံတကာသုံး အကြွေးဝယ်ကဒ်စနစ်

ငွေကြေးဆိုင်ရာလုပ်ငန်းများတွင် နည်းပညာအသုံးပြုမှု မြန်မာပြည်တွင်ပိုမိုများလာသည်နှင့်အမျှ နိုင်ငံတကာသုံးVISA ၊ Master ၊ Union Pay တို့ နှင့် MPU ပြည်တွင်းဘဏ်များပူးပေါင်းကာထုတ်လုပ်သည့် အကြွေးဝယ်ကဒ်သုံးစွဲသူလည်း ပိုများလာသည်။