Tips

Wednesday, 27 July 2022 07:01

ကုန်စည်ဖြန့်ဖြူးမှုတွင် ဆောင်ရန် အချက် (၅) ချက်

ကုန်စည်ဖြန့်ဖြူးမှု (Distribution) သည် ကုန်ပစ္စည်းထုတ်လုပ်ရာဒေသမှ သုံးစွဲသူအသီးသီးထံသို့ အချိန်နှင့်တပြေးညီ ကုန်စည်စီးဆင်းနိုင်ရေးအတွက် ဆောင်ရွက်ပေးရသည့် လုပ်ငန်းပင်ဖြစ်သည်။ ကုန်စည်ဖြန့်ဖြူးမှုကို ဆောင်ရွက်ရာတွင် အောက်ပါအချက် (၃) ချက်ကို ဦးတည်အလေးထားဆောင်ရွက်ကြရသည် – (၁) ကုန်ပစ္စည်းထုတ်လုပ်ရာမှ သုံးစွဲသူများထံသို့ ကုန်ပစ္စည်းကိုရောက်ရှိအောင် မည်သို့ပို့ဆောင်ပေးမည်။ (၂) ကုန်စည်ပို့ဆောင်သည့်အခါ အသုံးစရိတ်ချွေတာနိုင်ရေးနှင့် အချိန်ကုန်သက်သာမှုရှိစေရေး မည်သို့ဆောင်ရွက်မည်။ (၃) ဈေးကွက်အတွင်း မိမိကုန်ပစ္စည်း၏ ယှဉ်ပြိုင်နိုင်စွမ်းကို မည်သို့တည်ဆောက်မည်။ အဆိုပါ ဦးတည်ချက်များနှင့်အညီ ကုန်စည်ဖြန့်ဖြူးမှုကို ဆောင်ရွက်ရာတွင် လုပ်ဆောင်သင့်သည့်အချက်များ (ဆောင်ရန်) ကို သိရှိထားရန်လိုအပ်မည်ဖြစ်သည်။ (၁) First and foremost priority (ပထမနှင့် အရေးပါဆုံးဦးစားပေး) ကုန်စည်ဖြန့်ဖြူးမှုတွင် ပထမနှင့်အရင်ဆုံး ဦးစားပေးဆောင်ရွက်ရမည့်ကိစ္စမှာ မိမိ၏ထုတ်ကုန်ပစ္စည်းကို မည်သည့်ကုန်စည်ဖြန့်ဖြူးရေးလမ်းကြောင်း (Distribution channel) ဖြင့် သုံးစွဲသူများထံ ပို့ဆောင်ပေးရမည်ကို စဉ်းစားဆုံးဖြတ်ရန်ဖြစ်သည်။ ကုန်စည်ဖြန့်ဖြူးမှုလမ်းကြောင်း ရွေးချယ်သည့်အခါ မိမိထုတ်ကုန်ပစ္စည်း၏ သဘောသဘာဝ၊ သက်တမ်း၊ တန်ဖိုး၊ ထုတ်လုပ်နိုင်မှုပမာဏ၊ ဈေးကွက်အရွယ်အစား၊ ဈေးကွက်မြှင့်တင်ရေးမူဝါဒနှင့် သုံးစွဲသူဝန်ဆောင်မှု စသည်တို့ကိုပါ ထည့်သွင်းတွက်ချက်ရမည်ဖြစ်သည်။. (၂) Reach (ပျံ့နှံ့မှု) သင့်ကုန်ပစ္စည်းကို ရည်ရွယ်ထားသည့်အတိုင်း ထိရောက်စွာပျံ့ှနှံ့မှု ရှိ၊ မရှိ လေ့လာဆန်းစစ်ပါ။ သင့်ကုန်ပစ္စည်းကို ပိုမိုတွင်ကျယ်စွာ ပျံ့နှံ့နိုင်ရေးအတွက် မည်သည့်နေရာဒေသများတွင် ပိုမိုအားဖြည့်ထောက်ကူပေးရမည်၊ အဆိုပါဒေသမှ မည်သည့်လုပ်ငန်းလက်တွဲဖက်ကို ပိုမိုအားဖြည့်ထောက်ကူရမည်ကို လေ့လာသုံးသပ်ပါ။ (၃) Cost (ကုန်ကျစရိတ်) ကုန်စည်ဖြန့်ဖြူးမှု အစီအစဉ်ချမှတ်စဉ်ကပင် မည်သည့်ကုန်စည်ဖြန့်ဖြူးမှုလမ်းကြောင်းသည် ကုန်ကျစရိတ်အသက်သာဆုံးဖြစ်မည်ကို စဉ်းစားသုံးသပ်ရမည်ဖြစ်သည်။တစ်ဆင့်ခံလမ်းကြောင်းများ (Indirect channel) အသုံးပြုမည်ဆိုပါက လက်ရှိကုန်စည်ဖြန့်ဖြူးနေသော လက်လီ၊ လက်ကားအရောင်းဆိုင်များစသည့် ကြားခံအဖွဲ့အစည်း၊ လုပ်ငန်းရှင်များနှင့် စီးပွားဖက်အဖြစ် လက်တွဲဆောင်ရွက်မည်လား၊ ကိုယ်ပိုင်ကြားခံအဖွဲ့အစည်း ကွန်ယက်ထူထောင်မည်လားဆိုသည်ကို ရွေးချယ်ပါ။ ကိုယ်ပိုင်ကွန်ယက်ထူထောင်မည်ဆိုပါက အမှာစာလုပ်ငန်း၊ ငွေတောင်းခံလွှာနှင့် သုံးစွဲသူဝန်ဆောင်မှုစသည်တို့ စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်မည်ကိုသတိပြုပါ။ (၄) Contribution (ဖြည့်တင်းခြင်း) သင့်ကုန်ပစ္စည်းအတွက် ဈေးကွက်သစ်တိုးချဲ့နိုင်ရန် အခွင့်အလမ်းရရှိစေမည့် လမ်းကြောင်းသစ်ကိုရှာဖွေပါ။ (၅) Support (အထောက်အကူပေးခြင်း) ကုန်စည်ဖြန့်ဖြူးမှု လမ်းကြောင်းတစ်ရပ်အတွက် အထောက်အကူများပေးအပ်ခြင်းသည် သင့်လုပ်ငန်းအောင်မြင်မှု၏ သော့ချက်ဖြစ်သည်ကို သတိပြုပါ။သုံးစွဲသူများ၏ မျှော်လင့်ချက်ကို ပံ့ပိုးပေးနိုင်မည့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် သုံးစွဲသူများ၊ ကြားခံအဖွဲ့အစည်း၊ လုပ်ငန်းရှင်များနှင့် ဆက်ဆံရေးကို အဆင်ပြေပြေဆောင်ရွက်ပေးနိုင်ရန် ဒေသခံမန်နေဂျာ (သို့မဟုတ်) ကိုယ်စားလှယ်တစ်ဦးကို တာဝန်ပေးပါ။ ကုန်စည်ဖြန့်ဖြူးမှုတွင် ရှောင်ရန် အချက် (၅) ချက်အကြောင်းဖတ်ရန် Source : Super Light Logistics Myanmar Logistics Guide

Wednesday, 27 July 2022 06:36

ကမ္ဘာ့ရေနံတင်သင်္ဘော စီးရေ သိသိသာသာ ကျဆင်း

ကမ္ဘာ့ရေနံတင်သင်္ဘော စီးရေ သိသိသာသာ ကျဆင်း

Monday, 25 July 2022 04:05

( ဇူလိုင် ၃၁-ဩဂုတ် ၆) (ဇူလိုင် ၂၄ -၃၀)အခွန်အရပ်ရပ် စည်းကြပ်ကောက်ခံရန် တွက်ချက်ရာ၌ အသုံးပြုမည့် ငွေလဲလှယ်နှုန်းများ

အခွန်အရပ်ရပ် စည်းကြပ်ကောက်ခံရန် တွက်ချက်ရာ၌ အသုံးပြုမည့် ငွေလဲလှယ်နှုန်းများ

Monday, 18 July 2022 05:40

(ဇူလိုင် ၂၄ -၃၀)( ဇူလိုင် ၁၇-၂၃) အခွန်အရပ်ရပ် စည်းကြပ်ကောက်ခံရန် တွက်ချက်ရာ၌ အသုံးပြုမည့် ငွေလဲလှယ်နှုန်းများ

အခွန်အရပ်ရပ် စည်းကြပ်ကောက်ခံရန် တွက်ချက်ရာ၌ အသုံးပြုမည့် ငွေလဲလှယ်နှုန်းများ

Saturday, 16 July 2022 05:15

တောင်ကိုရီးယားမှ HMM က ဒေါ်လာ ၁၁ ဘီလျံ ကြီးထွားရေးမဟာဗျူဟာ ကြေညာ

တောင်ကိုရီးယားမှ HMM က ဒေါ်လာ ၁၁ ဘီလျံ ကြီးထွားရေးမဟာဗျူဟာ ကြေညာ

Friday, 15 July 2022 05:59

သီရိလင်္ကာသမ္မတဟောင်း လိုက်ပါသည့် လေယာဉ် ကမ္ဘာ့ လူကြည့်အများဆုံး ဖြစ်ခဲ့

သီရိလင်္ကာသမ္မတဟောင်း လိုက်ပါသည့် လေယာဉ် ကမ္ဘာ့ လူကြည့်အများဆုံး ဖြစ်ခဲ့

Tuesday, 12 July 2022 12:39

Boeing 737-NG ပျံသန်းနေစဉ် တောင်ပံ ဝက်အူကျွတ်‌နေသည့် ဗီဒီယိုကို Air China ညတွင်းချင်း တုံ့ပြန်ဆောင်ရွက်

Boeing 737-NG ပျံသန်းနေစဉ် တောင်ပံ ဝက်အူကျွတ်‌နေသည့် ဗီဒီယိုကို Air China ညတွင်းချင်း တုံ့ပြန်ဆောင်ရွက်

Tuesday, 12 July 2022 04:35

ရေကြောင်း အချက်အချာဆိပ်ကမ်းမြို့များစစ်တမ်းတွင် စင်ကာပူ ပထမ ဆက်လက်ရရှိ

ရေကြောင်း အချက်အချာဆိပ်ကမ်းမြို့များစစ်တမ်းတွင် စင်ကာပူ ပထမ ဆက်လက်ရရှိ

Sunday, 10 July 2022 09:00

Singapore Airlines က SAF ဆီ စတင်သုံးစွဲ

Singapore Airlines က SAF ဆီ စတင်သုံးစွဲ