Tips

စင်ကာပူ အသိအမှတ်ပြု ကိုဗစ်ကာကွယ်ရေးထိုးဆေး (၇) မျိုး

စင်ကာပူက အသိအမှတ်ပြု ကိုဗစ်ကာကွယ်ရေးထိုးဆေး အမျိုးအမည်များ တိုးချဲ့ သတ်မှတ်လိုက်သည်။

ဩဂုတ်လ ၁၀ ရက်မှစ၍ စင်ကာပူ ကျန်းမာရေး ဝန်ကြီးဌာနမှ ကိုဗစ်ကာကွယ်ရေးထိုးဆေး ထိုးပြီးသူဟု သတ်မှတ်ရန်အတွက်
AstraZeneca
Covishield
Johnson & Johnson
Moderna
Pfizer-BioNTech/Comirnaty
Sinopharm နှင့်
Sinovac
ထိုးဆေးအမျိုးအမည်များ အကျုံးဝင်ကြောင်း ကြေညာထားသည်။ ဆေးအပြည့် နှစ်ကြိမ်ထိုးပြီးသည့်နောက် နှစ်ပတ်အကြာတွင် ဆေးထိုးခံထားသူသည် ဆေးထိုးပြီးသူဖြစ်ကြောင်း အသိအမှတ်ပြုပေးမည် ဖြစ်သည်။

စင်ကာပူ၏ အမျိုးသား ကာကွယ်ရေးဆေးထိုးအစီအစဉ်တွင် ထိရောက်မှု မြင့်မားသော mRNA အမျိုးအစား ကာကွယ်ရေး ထိုးဆေးများ ဖြစ်ကြသည့် Moderna နှင့် Pfizer-BioNTech/Comirnaty တို့ကိုသာ အသုံးပြုသည်။ ဆေးထိုးပြီးသူ လူဉီးရေသည် ၇၀ % ဝန်းကျင်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

Read times
Rate this item
(1 Vote)