Tips

ကမ္ဘာ့အကြီးဆုံး ရို-ရိုသင်္ဘော တရုတ်နိုင်ငံရှိ သင်္ဘောကျင်းတွင် စတင်တည်ဆောက်

ကမ္ဘာ့အကြီးဆုံး ရို-ရိုသင်္ဘော တရုတ်နိုင်ငံရှိ သင်္ဘောကျင်းတွင် စတင်တည်ဆောက်

ကမ္ဘာ့အကြီးဆုံး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ရှေ့သို့ အရောက်ဆုံး roll-on/roll-off (ro-ro) သင်္ဘောတစ်စီးကို တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ ကျန်းစုပြည်နယ် ယံကျိုမြို့မှ သင်္ဘောကျင်းမှာ တည်ဆောက်ရေး စတင်ပါတယ်။

ကုန်စည်ဖြစ်တဲ့ မော်တော်ယာဉ်‌ေတွကုိ ဘီးလိမ့်တင် ဘီးလိမ့်ချပြီး roll-on/roll-off ကုန်အတင်အချပြုတဲ့ ro-ro သင်္ဘောများကို ဒီဇိုင်းထုတ်ခြင်း၊ တည်ဆောက်ခြင်း၊ ထုတ်လုပ်ခြင်း အဆင့်အတန်း အဆင့်အမြင့်အသစ်တစ်ခုသို့ ရောက်ရှိကြောင်း ပြသတဲ့ မှတ်တိုင်တစ်ခု စိုက်ထူလိုက်တာ ဖြစ်ပါတယ်လို့ တရုတ်သိပ္ပံမီဒီယာ stdaily.com မှာ ဖော်ပြထားပါတယ်။

ရို-ရိုသင်္ဘော အလျား ၂၃၈ မီတာ ရှိပြီး အကျယ် ၃၄ မီတာ ရှိပါတယ်။ ‌ရေစူး ၇.၂ မီတာ ရှိပါတယ်။
အမြန်ဆုံး အမြန်နှုန်း 20.8 knots (တစ်နာရီ ၃၈.၅၂ ကီလိုမီတာ) ဖြစ်ပြီး သယ်ဆောင်နိုင်တဲ့ ဝန်အလေးချိန် deadweight က ၁၇,၀၀၀ တန် ဖြစ်ပါတယ်။

မော်တော်ယာဉ်တွေ တင်ဆောင်ဖို့ ၇ ထပ် ရှိပြီး lane meter အလျား ၇,၈၀၀ မီတာ ရှိပါတယ်။
လက်ရှိကမ္ဘာ့အကြီးဆု‌ံး ရို-ရိုထက် မီတာ ၁,၁၀၀ ပိုများပါတယ်။

lane meter က ကုန်းပတ် အလျားကို မီတာနဲ့တွက်ချက်ရာ၌ အလျား ၁ မီတာ၊ အကျယ် ၂ မီတာ ကို lane meter ၁ မီတာ လို့ သတ်မှတ်ပါတယ်။ lane meter ၂ မီတာ ဆိုရင် အလျား ၂ မီတာ အကျယ် ၂ မီတာ ရှိပါတယ်။ lane meter ၃ မီတာ အလျား ၃ မီတာ အကျယ် ၃ မီတာ ရှိပါတယ်။ ယေဘုယျအားဖြင့် ပုံမှန်အရွယ်အစားရှိ အိမ်စီးကားတစ်စီးအတွက် lane meter ၆ မီတာ လိုအပ်ပါတယ်။

လက်ရှိကမ္ဘာ့အကြီးဆု‌ံး ရို-ရို က MV Tønsberg ဖြစ်ပြီး ကားသင်္ဘောတွေ ပြေးဆွဲတဲ့ Wilh. Wilhelmsen က ပိုင်ဆိုင်ပါတယ်။

 

 

Read times
Rate this item
(0 votes)